ဝန်ကြီးနဲ့အတူ ရက်လည်သွားခြင်း
♪ ♪ ♪ ♪ ♬ ♬ ♬ ♪ ♬ ♬
Wed,25 Jan 2017
ဒီနေ့ ရှင်လူ တို့ Maze Walker Team က
ကိုကြီး ဦးသန်းထွန်းရဲ့ဇနီး ဒေါ်လှလှဝင်း
ရက်လည်ဆွမ်းကြွေးပေါ့။ ကျန်ကိုကြီးတွေ
အကြောင်းကြောင်းကြောင့်မလိုက်နိုင်ကြ။
ကိုကြီးဦးမောင်မောင်စိန်က နေမကောင်း
ဖြစ်နေတယ်။ဒါနဲ့ ရှင်လူရယ် ကိုကြီး
ဦးသန်းးတင်(ဝန်ကြီးဟောင်း)ရယ် နှစ်ယောက်ပဲ သွားခဲ့ကြရတယ်။ ကိုကြီး
ဦးသန်တင် (ဝန်ုကြီးဟောင်း)ဆိုလို့
မဆလ ဝန်ကြီးဟောင်းနဲ့မမှားစေလိုပါ။
ဒီဝန်ကြီးက တချိန် သင်္ကြန်သံချပ် တခေတ်
ကောင်းစဉ်က အရမ်းအောင်မြင်ခဲ့ပြီး
ပြိုင်ပွဲတိုင်းလိုလို ဆုတွေတသီကြီး ဆွတ်ခူးခဲ့တဲ့ ``ခြင်းကြားဒုတ်ထောက်´´
သံချပ်အဖွဲ့ နဲ့ နောက်အမည်ပြောင်း
``ပေါက္ခရဝဿ´´အဖွဲ့တွေမှာရှင်ဘုရင်လုပ်ပြီးသံချပ်တိုင်ခဲတဲ့ ကိုမြင့်လွင်(ကျောင်း
ဆရာ)နဲ့အတူ အမတ် စစ်သူကြီး စသဖြင့်
သရုပ်ဆောင်ခဲ့ကြတဲ့ ကိုမြတ်ဆိုင်၊ဖိုးကွမ်း
တို့နဲ့အတူ ဝန်ကြီးနေရာကပါဝင်ခဲ့သူပါ။
သူ့မှာ ကားဆိုလို့တစီးတလေတောင်မရှိ
ရှာတဲ့ဝန်ကြီးဟောင်းမို့ ရှင်လူနဲ့အတူ
မဉ္ဇူလမ်းသို့ ကိုယ်ပိုင်ခြေထောက်ဖြင့်
ချီတက်ခဲ့ကြောင်းပါ....
story#observation#shinlhu
No comments:
Post a Comment