Friday, January 27, 2017

မြင်​ကွင်းတဆုံး လမ်းမကြီး​ပေါ်မှာ ♥ ♥

မြင်​ကွင်းတဆုံး လမ်းမကြီး​ပေါ်မှာ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညိုမြ​သွေး
နှလုံးသား​ပေါ်ဖြတ်​ခုတ်​သွားတဲ့
့အမြန်​ရထားက
မျက်​​တောင်​တဖျပ်​ဖျပ်​ရပ်​ဝန်းမှာ
မုန်​တိုင်းမိုးသက်​​တွေ သွန်းပက်​ရွာ
့အ​မော​တွေကို ခရီး​ဆောင်​အိတ်​နဲ့
လွယ်​ရင်း
ဗာဟီရ ​တောင်​ထိပ်​ဆီ သွားရာအဆန်​ခရီး
အာ​ခေါင်​တခုလုံး ​ခြောက်​​​သွေ့ ကွဲအက်
ယာယီ ​ဖြေသိမ့်​ဆွတ်​ဖြ​န်းနွမ်း​ပြေစရာ
သံ​ယောဇဉ်​ တ​ပေါက်​​တ​လေ မပါခဲ့
တံလှပ်​နဲ့ထုဆစ်​ထားတဲ့
အာရုံမြင်​ အို​အေစစ်​​လေးတခု
ငါ့မျက်​စိ​တွေ လုံးဝ မှိတ်​မသွားခင်​​လေး
ညို​ယောင်​​ယောင်​ မိုးသားရိပ်​ထဲမှာ
တကယ်​က
အေးမြတဲ့ ​ရေစင်​ တစက်​မျှမပါ
ညိုမြ​သွေး
Mon,23 Jan
2017
poem#observation#shinlhu

No comments:

Post a Comment