"အတောင်ပံ သာလျှင်ဝန်ရှိ
သော ငှက်ပမာ"
ဒီစကားလုံးတွေကို တွေ့့တာ ဓမ္မပဒထဲလား ဘာလား
မမှတ်မိတော့။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ ကမ္မဌာန်းတရား အားထုတ်သူတို့အတွက် ရည်ညွှန်းထားမှန်းတော့
သိသာပါတယ်။
ကမ္မဌာန်းအားထုတ်သူတို့ ကို နှောင့်ယှက်တဲ့ အ ပြစ် (၁၀) မျိုးရှိပါတယ်။ အဲ
ဒါကို ပလိဗောဓ (၁၀)ပါးလို့ ခေါ်ပါတယ်။ ပလိဗောဓ(၁၀)ပါးဆိုတာကတော့
(၁)အာဝါသ ပလိဗောဓ=အိမ် ကျောင်း အိပ်ရာ နေရာ အရာမ်။
(၂)ကုလ ပလိဗောဓ=အိမ်စေ ကျွန် အလုပ်အကျွေး၊
ဆွေမျိုးဉာတိ၊ပ စ္စည်းလေးပါး
ဒကာ ဒကာမ။
(၃)လာဘပလိဗောဓ=ပ စ္စည်းလေးရပ်၊လာဘ်သ ပ္ပကာ၊ဥ စ္စာစည်းစိမ်။
(၄)ဂဏ ပလိဗောဓ=မိတ်ဆွေ အပေါင်းအဖော်၊ဂိုဏ်း သံဃာတော် အသင်းအပင်း၊ပါတီဝင်အုပ်စု။
(၅)ကမ္မပလိဗောဓ=ပြုလုပ်စရာတန်းလန်းဖြစ်သော
အလုပ်ကိစ္စများ။
(၆)အဒ္ဓါန ပလိဗောဓ=ခရီးသွားစရာနှင့် ခရီးသွား ခြင်းများ။
(၇)ဉာတိ ပလိဗောဓ=သာဿနာ့ဆွေမျိုး ၊အိမ်၏ဆွေမျိုးများ။
အာဗာဓ ပလိဗောဓ=မကျန်းမမာ အနာရောဂါများ။
(၉)ဂန္ထပလိဗောဓ=သင် ကြားပို့ချမှုနှင့် ရေးပြုဆဲ ကျမ်းဂန်စာပေများ။
(၁၀)ဣဒ္ဓိ ပလိဗောဓ=ဝိပဿနာကို နှောင့်ယှက်ဖျက်ဆီးတတ်သော ပုထုဇဉ်၏ ဈာန်အဘိညာဉ်တန်ခိုးစုများ။
အထက်ပါ"အတောင်ပံ သာလျှင်ဝန်ရှိသော ငှက်ပ
မာ" စကားအရ ဘဝရှင်သန်မှုအတွက် အပို ဝန်လေးစေတဲ့ ပလိဗောဓ(၁၀)ပါးကင်းစင်မှုကို တင်စားပုံရပါတယ်။
တရားဆိုတာ ကိုယ်တိုင် ကြုံတွေ့လာရမှလည်း နားလည် တတ်ပါတယ်။ရှင်လူ ကြီး ကျန်းမာရေး မကောင်း ဖြစ်နေတဲ့အခါ အတွေးအ မြင်တွေ အတော်ပြောင်း လဲကုန်ပါတယ်။ အဲတော့
မိမိ အဝတ်အစားနဲ့ အသုံးဆောင် အတော်များများဟာ
အပို ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာပါတယ်။အထူးသ ဖြင့်
ဆေးကြော တိုက်ချွတ်ရမယ့်အိုးခွက်ပန်းကန် အကုန်လုံးကတော့ ဇနီးသည်ကွယ်လွန်းစ ၊လွန်ခဲ့တဲ့ ၁၂ နှစ်ကပင် စွန့်ခဲ့ ပြီးပါ ပြီ။ပန်းကန်စင်ပေါ်တင်ထားလည်း ဖုန်တက် ညစ်ပေနေတာသာအဖတ်တင်ပါမယ်။ အိမ်ထောင်ပရိဘောဂ စားပွဲကုလားထိုင်စသည်တို့လည်း လိုသူတွေ
ဟိုတခု ဒီတခု ပေးလိုက်တော့ အိမ်မှာ များများစားစားမကျန်။ သားသမီး မြေးများရှိရင်တော့ သူတို့ထိမ်းသိမ်းမပေါ့။ ခုဆို ရာသီဥတုက အပူလွန်ကဲလာတော့ အများအား ဖြင့် စွတ်ကျယ်နဲ့သာအနေများသမို့ အချို့အင်္ကျီတွေ အပို ဖြစ်နေ ပြီ။ တချို့ကို ပေးပစ်လိုက် ပြီ။ပေးစရာတွေ ကျန်နေသေး။ တကယ်တော့ တချိန်က အသားလေး ကြိုက်လို့၊ဒီဇိုင်းလေး ကြိုက်လို့ဆို ပြီး သိမ်းထားတာတွေဟာ ကြွက်ဒဏ် ၊ပိုးဟပ်ဒဏ် နဲ့ ပျက်စီးမယ့်ဒဏ်တွေက ကာကွယ် ထိမ်းသိမ်းဖို့ခွန်အားမိမိမှာမရှိတော့။စွတ်ကျယ်လေးတထည် ဆပ် ပြာဆီနဲ့စိမ် ပြီး ရေညှစ်ရတာတောင် မောနေတဲ့အခါမှာ မလျှော်ရသေးတဲ့ အဝတ်ပုံ ကြီး မြင်ရုံနဲ့ မောနေမိ ပြီ။ သူများ ကန်တော့ ထားတဲ့ စောင်တဘက် ကြီးနှစ်ထည် လုပ်ငန်းပါတနာ ကြီးတထည် ၊ေ ဖွးတထည် ပေးလိုက် ပြီ။ ဒါ ကြီးတွေ လျှော်ဖို့ ရေညှစ်ဖို့အားမရှိတော့။ တဘက်အသေးလေးတွေပဲ ချန် ပြီး အလျဉ်မီအောင်သုံးရတော့တယ်။
အင်း ကမ္မဌာန်းသမားမဟုတ်ဘဲနဲ့တောင် ပလိဗောဓတွေက ဒုက္ခပေးလှ ပြီ။ တချိန်က ဖတ်ချင်လို့သိမ်းထားတဲ့စာအုပ်တွေလည်း မဖတ်နိုင်တော့။ ခွဲထားတဲ့ မျက်စိက စာလုံးသေး မ မြင်တဲ့ ပြင် စာလုံး ကြီးတောင်ဖတ်ရင်းဝါးကုန် ပြီ။ဒါကြောင့် တပိဿာ ၈၀၀ ဆိုလား
ဖိုးလဝန်း စက်ဘီးနဲ့တင်ပြီးသွားရောင်းခိုင်းတာတင် တသောင်းဖိုးကျော်သွား ပြီ။ အိမ်မှာ တဝက်လောက် ကျန်နေသေးတယ်။ စာအုပ်ပုံရှင်းရင်း နိုင်ဝင်းဆွေရဲ့"နွေတည"လို ၊ရှင်ဥ က္ကဌရဲ့"ကပ္ပ ပြဿနာ"လို ဦးရွှေအောင်နဲ့ အရှင်ဇနကာဘိဝံသလို စာအုပ်တွေ ၊မိမိ အ မြတ်တနိုးဖတ် ပြီး သိမ်းထားတဲ့ "Pioneer of the Press" ,Nation Builder Alexander Hilminton လို စာအုပ်တွေအစ ၊တအုပ်စ နှစ်အုပ်စတော့ ညီကဗျာဆရာ တယောက်အတွက် ဖယ်ထား ပြီး ကျန်တာတွေ အကုန် ဘော်တယ်ဆိုင်ပို့ပေါ့။
ကဲ ကမ္မဌာန်း သမားမဟုတ်တဲ့ ဂီလာန အဖိုး ကြီးရှင်လူတောင်"တောင်ပံ ထက်ပိုလေးနေတဲ့ ဝန်"တွေကို
မနိုင်တော့လို့ စွန့်နေရတာ။
ဒါတောင်မှ သ င်္ကြန်တွင်း အိမ် ပြန်နားတော့ မနက်မနက်ဆို ဟိုက ဒီက ပို့တဲ့ မုန့် လုံးရေပေါ်၊ ပေါင်မုန့်အုန်းနို့ဆမ်း စတာတွေအတွက် ပန်းကန်ငှားထည့်ရ။
ရဲလင်းကျော်ပို့တဲ့ ပဲဟင်းနဲ့ပုစွန်ခြောက်ထောင်းကြော်အတွက် ချိုင့်ငှားရ ၊ဒေါ်လှသန်းပို့တဲ့ အမဲသားဟင်း ပလပ်စတစ်ဘူး ကြီးနဲ့ထည့် ပြီး ၊အိတ်နဲ့ထည့် ၊သံငုတ်မှာချိတ်(မြေ ကြွက် ရန်က ကြောက်ရသေး)ဒီမြေ ကြွက်တွေကလည်း အိုင်ကျ ူ မြင့်လာပုံရတယ်။တော်ရုံ အိုးခွက် အဖုန်းတွေဆို ဖွင့်တတ်လာတယ်။
ကဲ ... ဖြစ်နိုင်မယ်ဆို
ဗြဟ္မာတွေလို ပီတိသာစားနေချင်တော့တာပဲ။ ပြောမယ့်သာပြောရတာ ၃၁ ဘုံလုံး
ဒုက္ခသစွာက လွတ်တဲ့ဘုံ ရှာမရ။
No comments:
Post a Comment