ဥက္ကလာထိပ်ခေါင် ရဲရင့်အောင် ပါတဲ့...😀😬😁😂😅😆😇😉🙃☺😌😎
ရှင်လူကြီး အသက်၇၀ ကျော်လာပြီဆိုတော့ မိမိမျက်စိရှေ့ အရွယ်ရောက်လာတဲ့ ကလေးလူငယ်တွေ များလှပြီ။ ဒီ ဖိုးလဝန်းခေါ်(ရဲရင့်အောင်)က ရှင်လူ့အခန်းနဲ့ မျက်နှာချင်းဆိုင်အိမ်ကပါ။သူငယ်စဥ် ကလေးဘဝကတည်းက သူ့ဓပုံတွေလည်းအတန်သင့် ရှင်လူရိုက်တင်ခဲ့ဖူးရဲ့။တခါဆို ယဥ်ကျေးလိမ္မာသင်တန်းမှာ သူ့သူငယ်ချင်းမိလ္လာတွင်းထဲချော်ကျလို့ သူ့အကူအညီနဲ့ကယ်တင်နိုင်တာကြောင့် သင်တန်းကသူ့ကို ဆုငွေချီးမြှင့်တဲ့အကြောင်းရှင်လူ ဗွီဒီယိုရိုက်ပြီး fbမှာအင်တာဗျူးတင်ခဲ့ဖူးတယ်။ဇကတော့မသေးဘူး။ရှင်လူမေးသမျှ အချက်အလက်နဲ့ မတွန့်မဆုတ် သူပြန်ဖြေနိုင်ခဲ့တယ်။သူက လူမှန်းသိစအရွယ်ကတည်းက အလှူခံဆိုင်းလှည့်သံကြားရင် မရိုးမရွ ဖြစ်တတ်သူ။
ကထိန်ရာသီနီးလို့ နံကရိုင်းမယ်တော်သီချင်းနဲ့ ကျွဲရိုင်းအကအဖွဲ့ရောက်လာရင် သူ့စိတ်တွေမထိန်းနိုင်တော့။ဝါးခြမ်းကို ကြိုးနဲ့ကွေး ပုဆိုးကြီးခြုံလို့ နံကရိုင်းကျွဲအက ကလေပေါ့။နည်းနည်းအရွယ်ရောက်လာတော့ အိမ်နားက"ရှန်းရှန်းတောက်"ရှမ်းအိုးစည်အဖွဲ့နဲ့လိုက်ပြီးဓားသိုင်းကလေရဲ့။အိမ်ကမိဘတွေ ဘယ်လိုတားတား မရ ။ခုမှသူ့ပညာရေးက ခုနှစ်တန်းလားရှစ်တန်းလားမသိ။သဘာက နတ်ဆရာဖြစ်နေပြီ။ငယ်စဥ်ကတ ည်းက ပညာထူးချွန်ဆုတွေဘာတွေလည်းရနေကျမို့ သူ့ကိုကျောင်းပညာရေးထူးချွန်မယ်ပဲထင်ခဲ့တာ။မိဘအသိုင်းအဝိုင်းတွေဘယ်လိုပဲတားတား သူ့ဖြစ်တည်မှုကတားမရခဲ့။ခုလည်း သူ့အိမ်မှာလုပ်မယ့်"ဒေဝဒါန ဗလိနတ်စာပူဇော်ပွဲ"တဲ့။ရှင်လူ့ကို Messenger ကဖိတ်စာပို့လာတယ်။ သူ့အိမ်က ကျဥ်းတော့အထဲတောင်ဝင်မရ။ဒါနဲ့ အဝကပဲ ဗွီဒီရိုက်ပြီး ပြန်ခဲ့တယ်။ဒီနေရာမှာ ထေရဝါဒ ဘာညာ ရှင်လူမဆွေးနွေး၊ သူ့အသိကိုယ့်အသိ တန်းမညှိ။လွတ်လပ်စွာကိုးကွယ်မှုနဲ့ လူရဲ့ဖြစ်တည်မှုကိုသာ အလေးထားတင်ပြလိုက်ပေရဲ့။
No comments:
Post a Comment