ဘာရယ်မဟုတ်
စာခြောက်ရုပ်
😌🤔👺🤗🙄
အပိုင်း(၅)
ဘာရယ်မဟုတ် အရင်လို ဖလန်းဖလန်း မဟုတ်တော့ပေမယ့်
လမ်းလျှောက် နိုင်သေးတယ်။ စကားပြောနိုင်သေးတယ်။ အစာလည်း စားနိုင်သေးတယ်။
အမှန်တော့ လူ့ဘဝဆိုတာ လမ်းလျှောက်နိုင် စကားပြောနိုင် အစာစားနိုင်ရုံနဲ့တော့ မ ပြည့်စုံ သေးဘူး။
ကလေးဘဝ အစကတည်းကိုက အခြေခံ သင် ကြားခဲ့ရတဲ့ လမ်းလျှောက် စကားပြော အစာစားအလေ့အကျင့်တွေက တရိစ္ဆာန်တွေလည်း အတူတူပါပဲ။စကားပြောတာကလွဲလို့ပေါ့လေ။ ရှင်လူ ကြီးက ဘဝကို အဲလို
ယုတ္တိကျကျ ခွဲ ခြမ်းစိတ် ဖြာ ပြီး နေလာခဲ့တာ အခု အသက်၆၉ နှစ်ထဲဝင်ခါမှ အခန်းထဲ ထိုင်နေရတဲ့ လူအို လူနာ
ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုနဲ့ကြုံနေရတယ်။ကိုယ့်အဝတ်ကိုယ်လျှော်ရတာ ၊စားပြီးပန်းကန်ဆေးရတာကအစ မောပန်းနွမ်းနယ် လာ ပြီဆိုတော့
ဘဝ= ဒုက္ခ ဆိုတဲ့ အဓိပ္ပာယ်ထွက်လာတယ်။
အလုပ်ကလည်း သ င်္ကြန်မတိုင်ခင်ကတည်းက
medical leave ယူထားတာ ဆိုတော့ နှစ်လနီးပါး ဖြစ်နေ ပြီ။ ပြန်ဆင်းချင်လှ ပြီ။
ရှင်လူ့ ရောဂါတွေက များတော့ ရှင်လူ့ကိုနှိပ်စက်နေတဲ့ရောဂါ က ဘာရောဂါမှန်းလည်းမသိတော့။
အစာအိမ် ၊ေ သွးတိုး ၊ရင် ကြပ် ၊လိပ်ခေါင်း စုံနေတာပဲ။
ဒီတော့ ဆေးထိုးလည်းခဏပဲ။ နောက်နေ့ ကတုန်ကယင်နဲ့ မောလွယ်နေပေမယ့် အခန်းထဲ ထိုင်နေရတော့လည်း အဆင်မပြေပြန်။မိုးတိတ်တဲ့အခါ တိုင်းဝေဒနာကိုအာရုံပြောင်းဖို့ လမ်းထွက်လျှောက်ရတာလည်း ရပ်ကွက်ထဲ ခရုပတ်
စက်ဝိုင်းတွေ အထပ်ထပ်။
အဲဒါ မနေ့က ဆေးခန်းသွားတော့ အကြောဆေးသွင်းပေးလိုက်တာ တနေ့လုံးနေလို့ကောင်းတယ်။ ဟော ... ဒီမနက် ကျ အားအင်ကုန်ခန်းနေ ပြန်ရော။
ဒါနဲ့ ဆေးခန်းကဆရာဝန်လေး နဲ့တိုင်ပင် ပြီး ပုလင်းချိတ် ဖြစ်တယ်။ ဆရာဝန်လေးက သူ့ဆေးခန်းနေရာ ကျဉ်းလို့အိမ်လိုက်ချိတ်ပေးတယ်။
သူဝယ်ခိုင်းတဲ့ အားဆေးကို
ဆေးဆိုင်မှာ ဆိုက္ကားနဲ့ သွားဝယ် ပြီး ဆရာဝန်လေးကိုပါ
ဆိုက္ကားနဲ့ အိမ်ပင့်လာခဲ့တယ်။ ဆေးပုလင်းချိတ် ပြီး ဆရာဝန်လေးက ကပ်ရက်အခန်းက ဖွေးဖွေးသိမ့် တီတီလေးကို ဆေးကုန်ရင် အပ် ဖြုတ်ဖို့သင်ပေးခဲ့တယ်။ဆေးက အနည်းဆုံး ၃ နာရီလောက်သွင်းရမတဲ့။ အ
ငြိမ်မနေတတ်တဲ့ရှင်လူ ကြီး
ဆေးသွင်း ပြီး၁ နာရီလောက် ကြာတော့ ဆီးအရမ်းသွားချင်လာတယ်။ဒါနဲ့ အိမ်ရှေ့က ရဲရင့်အောင်ကို ဖုန်းဆက်လှမ်းခေါ် ပြီး ဆီးပုံးယူခိုင်း၊ တံခါးပိတ်ခိုင်း ပြီး ဆီးသွားပေါ့။ ဒီလိုနဲ့ နောက်တခါ ဆီးတင်းလို့ဆီးသွားတဲ့အခါ လက်က ဆေးသွင်းပိုက် ပြုတ်ထွက် ပြီး သွေးတွေထွက်လာတယ်။ မွန်းလွဲ ၁ နာရီဆိုတော့ ဆေးခန်းကဆရာဝန်လေးလည်း ပြန်သွားလောက် ပြီ။ ပိုက် ပြန်တပ် ပြီး ဆက်သွင်းဖို့ ညနေလာထိုင်တဲ့ ဆရာဝန်နောက်တယောက်ပင့်ရမယ်။
လိုက်ကော လုပ်ပေးပါ့မလားမသိ။
ဒီလိုနဲ့ညနေ ၄ နာရီခွဲ ဆေးခန်းကိုသွားတော့
အလှည့်ကျထိုင်တဲ့ ဆရာဝန်လေး နောက်တယောက် ရောက်နေ ပြီ။ "ဘာ ဖြစ်တာလဲ"မေးလို့နေ့လယ်က အ
ဖြစ် ပြော ပြတော့ သူ ပြန်လုပ်ပေးမယ် ၊ခဏစောင့် အ ပြင်က လာပင့်လို့သွားလိုက်အုံးမယ် ဆို ပြီး ဆေးပုံးလေး ကိုင် ပြီး ပင့်သူနောက်
လိုက်သွားတယ်။ဆရာဝန်ထွက်သွား ပြီးမှ နောက်ထပ်လူနာတွေတယောက် ပြီးတယောက် ထပ်ရောက်လာတယ်။ ၂ နှစ်သား နဲ့ ၁၁ လသားအရွယ်လေးတွေလည်းပါတယ်။ တယောက်က ဝမ်းသွားလို့တယောက်က
ရင် ကြပ်ပြီးဖျားလို့။ဒီလိုနဲ့ဆရာဝန်လေး တခေါက်ပြန်ရောက်လာ ပြီး နောက်အိမ်ပင့်တယောက်နဲ့ပါသွား ပြန်တယ်။ စောင့်ရမှာပေါ့ မိမိဆေးသွင်းဖို့ဆက်လုပ်ပေးမယ် ပြောထားတာပဲ။ ဆေးက ပိုက်မ ပြုတ်ခင် သုံးပုံ တပုံလောက်သွင်းထားတာနဲ့တင် နေရထိုင်ရ အဆင်ပြေနေတယ်။ ဒီတော့ စိတ်ရှည်ရှည်နဲ့ထိုင်စောင့်ပေါ့။
ဆရာဝန်လေးက အိမ်ပင့်က
ပြန်လာ ပြီး မိမိမျက်နှာလှမ်း
ကြည့်လိုက်တော့ စောင့်နေတဲ့ လူနာတွေဘက်လက်ပြလိုက် ပြီး သူတို့အရင် ကြည့်ပေးလိုက်ပါ လို့ပြောလိုက်တယ် ။ ဟုတ်တယ်လေ ကိုယ်က သွင်းလက်စပုလင်း ဆက်သွင်းရုံ။ တချို့လူနာသစ်တွေက လတ်တလော ခံစားနေရတာ။ဒီလိုနဲ့
တယောက် ပြီးတယောက်။
၂ နှစ်သား ဝမ်းသွားတဲ့ကလေးက ဆေးခန်းထဲ လျှောက်ဆော့နေတယ်။ ၁၁ လသားကလေးကတော့ ပိန်ပိန်လှီလှီလေးနဲ့ ချောင်းဆိုးလိုက် ငိုလိုက် ဝေဒနာခံစားနေရတယ်။ အသက် ၁၆ နှစ်လောက်သာမှန်းရတဲ့ သူ့အမေက ကလေးကိုပွေ့ထားရင်း တင်ပါးကို
ခပ်ပြင်းပြင်း ပုတ်ပုတ်ပေးနေတယ်။ ငိုနေတဲ့ကလေးက
သူ့အမေ ပုတ်ပေးတဲ့အခါ မျက်နှာပေါ်က နာကျင်မှုတွေ
ပျောက် ပြီး လန်းဆန်းလာတယ်။မိခင်တယောက်ရဲ့သာမာန်လက်ဝါးတွေမှာ ထူးဆန်းတဲ့ တန်ခိုးစွမ်းအင်တွေကို တွေ့နေရတယ်။ အထဲကလူနာထွက်လာတော့ ကလေးအမေက"အဘ ဝင်လေ"တဲ့။ ဒါနဲ့ ခေါင်းဆတ် ပြီး
သူ့ကိုပဲ ဝင်ခိုင်းလိုက်တယ်။
၄ နာရီခွဲကတည်းက စောင့်နေတာ ၇ နာရီထိုး ပြီ။ ဒါပေမယ့် စောင့်နေတဲ့ လူနာအကုန် ပြီးအောင် ဦးစားပေးလိုက်တယ်။ အမှန်တော့ မိမိရဲ့အသက်ရှင်သန်နေမှုဟာ သူတပါး အပေါ်စာနာ နားလည်မှု၊ သက်ညှာ စောင့်ရှောက်မှု လုပ်နိုင်မှသာ လူ ဖြစ်
ကျိုးနပ်ပေလိမ့်မယ်။
ဒီလိုနဲ့လူနာကုန်တော့ ဆရာဝန်လေးက ဆေးခန်းကုတင်ပေါ်တက်ခိုင်း ပြီး လက်ခုံ အကြောကို အပ်သွင်းတယ်။ ဒီမှာ အဆင်သင့် လုပ်သွားပြီး အိမ်ရောက်တော့
ပိုက်နဲ့ဆက်လိုက်ရုံပေါ့ တဲ့။
အပ်ပေါ်က အသေအချာ ပလာစတာကပ် ၊ပတ်တီးပါစီးပေး ပြီးမှ နှစ်ဦးသားဆေးခန်းအ ပြင်ထွက်လာခဲ့ ကြ။
မိမိက အသင့်ထုတ်ထားတဲ့
တထောင်တန်လေးနဲ့ ဆိုက္ကားတစီးလှမ်းခေါ်လိုက် ပြီး
လမ်းဟိုဘက်ထိပ်သိတ်မဝေးပေမယ့် ဆရာဝန်ကို သိက္ခာရှိ ရှိ ပင့်ခဲ့တယ်။အခန်းရှေ့ရောက်တော့ ဆိုက္ကားဆရာကို ငွေ တထောင်ပေးရင်း "ဆရာ့ကို ခဏစောင့်ပေးပါ"ဆို ပြီး မှောင်နေတဲ့ အခန်းထဲဝင် မီးဖွင့်ပေါ့။ဆရာဝန်လေးက အရင်ဆုံး "ဆီးသွားချင်သွားထား ၊အားမနာနဲ့"ဆိုတာနဲ့ဆီးအရင်သွားထားလိုက်တယ်။ ဆရာဝန်က အခြေအနေ ခဏ
ကြည့် ပြီး ဆေးပိုက် ကို ပြန်ချိတ်ပေးတယ်။ ပြီးတော့
ဆေးကုန်ရင် ပိုက် ဖြုတ်ပုံ
ဖြုတ်နည်း ပြပေး ပြီးမှ ပြန်သွားတယ်။ခြေ ကြွခ ပေးတာလည်း မယူပါဘူး။
မိမိအခန်းထဲက ဆိုဖာ ကြီးပေါ်မှာ အရမ်းကျန်းမာချင်နေတဲ့ ရှင်လူ ကြီး ဆေးပိုက်တန်းလန်းနဲ့ တယောက်ထဲပေါ့။အပေါ်ကတစက်စက်ကျနေတဲ့ ဆေးရည်
ဝါဝါတွေကို ကြည့်ငေးရင်း
တနာရီခွဲ လောက်အ ကြာ
ဆေးကုန်မယ့်အချိန်ကို စောင့် နေမိတယ်။ ဒိအချိန်မှာပဲ
ဖွေးဖွေးသိမ့် ကြောင် ဂျ ူ ဂျ ူ ူးက အိမ်ရှေ့ပေါက်က တလှမ်းချင်း ဝင်လာခဲ့တယ်။ရှင်လူဆေးသွင်းနေတဲ့ ဆိုဖာနောက်မှီပေါ်တက် ပြီး ဆိုဖာ ကြီးကို အနံ့ခံနမ်းရှုံ့ရင်းဘေးကစားပွဲပေါ်တက်သွားတယ်။စားပွဲပေါ်က ဘူးတွေ၊
ပစ္စည်းတွေကို လိုက်နမ်းနေ
ပြန်တယ်။
ခဏ ကြာမှာ မထင်မှတ်ဘဲ ဒုန်းခနဲ အသံ နဲ့အတူ မိမိရင်ဘတ်ပေါ်တခုခုကျလာလို့ကြည့်လိုက်တော့ ကြောင်က တံခါးထောင့်က ကြွက်ကို တွေ့ပြီး စားပွဲပေါ်က မိမိရင်ဘတ်ပေါ််တဆင့်ထောက် ပြီးခုန်ဆင်းသွားတာ ။ အင်း နှလုံးရောဂါမရှိသေးတာတော့ ဟုတ်လောက်တယ်။ နှလုံးသမားဆို
သေသွားနိုင်တယ်။
တော်သေးရဲ့ဆေးပိုက်ကိုသာဝင်တိုက်သွားရင်
ဆေးတပုလင်းကို ဆရာဝန်
၃ ယောက်နဲ့ ၃ ခါ ပြန်ချိတ်ရမှာ။ ဆေးကုန်သွားတော့
မျက်စိတွေလည်း ကြည်လို့၊
လူလည်းလန်းနေတယ်။ဒါပေမယ့် တညပါပဲ ၊ နောက်နေ့မနက် အရင်အတိုင်း အားအင်ချိနဲ့တုန်ယင် မြဲ။
ဘာရယ်မဟုတ် ၊ စိတ်တွေ ပျံ့လွင့် နာကျင်နေလို့ သက်သာအောင် စိတ်ပြေလက်ပျောက် တွေ ရေးနေမိတာ။ ဒီတခါ ဖျားနာချိန် တရားမှတ်ရတာလည်း အကျင့်က မရှိတော့ သမာဓိကမတက်ဘူး။ စာရေးတာကျတော့ သမာဓိ ရလွယ်တယ်။
သမ္မာ သမာဓိ တော့ ဟုတ်မထင်ဘူး။ ဒဏ်ရာသက်သာအောင် မော်ဖင်းထိုးသလိုပေါ့။
story#observation#shinlhu
No comments:
Post a Comment