Saturday, July 26, 2025

story

တခါတလေ မှန်တာလေးတော့ပြောပါရစေ
🍃🍃🚶🍃🍃🍃🍃🍃

မဟုတ်ကဟုတ်ကတွေ ပြောနေရတာ နည်းနည်း ပျင်းလာပြီ။
ဒီနေ့ဟုတ်တာ နည်းနည်းပြောကြည့်မယ်။
ကျုပ်တို့ မြန်မာနိုင်ငံကို တကယ်တိုးတက်စေချင်ရင်
နိုင်ငံရေးသမား အင်အားကို တဝက်ကျော်ကျော် ဖယ်ထုတ်ရမယ်။လက်နက်ကိုင်တပ်ဖွဲ့တွေ
(အစိုးရအပါအဝင်တိုင်းရင်းသား
လူမျိုးစု လက်နက်ကိုင်နဲ့ အခြားသောလက်နက်ကိုင်များ) ကို ၆၅ ရာခိုင်နှုန်းလောက် လျှော့ချပစ်ရမယ်။
ဒီနေရာမှာ အခြားအခြားသော
NGO-INGO နဲ့ ဘာသာရေးအဖွဲ့အစည်းများအကြောင်း မလိုအပ်လို့မပြောတော့ဘူး။
ကျန်တဲ့လူတွေပြောဖို့ချန်ထားလိုက်မယ်။တိုင်းပြည်မှာ လျှော့ချရမယ့်အုပ်စုတွေထဲမှာ
သဗ္ဗလုံးစုံ အကုန်လိုက်ပါနေတဲ့ သောက်ပြောကြီးတွေလည်း ကိုးဆယ်ရာခိုင်နှုန်းလောက်လျှော့ချမှအားလုံးအဆင်ပြေမယ်။
ခု စာတမ်းမှာ လက်နက်ကိုင်များအတွက် အရေးကြီးတဲ့သာဓကတခုပဲပြောမယ်။ပြီးခဲ့တဲ့နှစ်က ရှင်လူအင်တာဗျူးတခုကြည့်ဖူးတယ်။ ချင်းရွာတရွာက ကိုယ်ပိုင်သေနတ်ကိုင်ဆောင်သူတယောက်နဲ့
ဗျူးထားတာ။ 
(စကားပြန်ကတဆင့်
ပေါ့ဗျာ)
အမေးအဖြေပုံစံက
ဒီအတိုင်းပါ။
မေး။ ။ဆရာကြီးက ဒီသေနတ်ကိုပိုင်လာတာ.နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။
​ဖြေ။ ။အဖိုးလက်ထက်ကတည်းကပါ။
မေး။ ။ဒါဆို နှစ်ပေါင်း ၆၀လောက်ရှိပြီပေါ့။
ဖြေ။ ။ဟုတ်ပါတယ်။
မေး ။ ။ဒီသေနတ် ပစ်လို့ကောရသေးလား။
ဖြေ ။ ။မပစ်ကြည့်ရသေးလို့မသိပါဘူး။
မေး။ ။ဒီသေနတ်မှာ ကျည်ဆံဘယ်နှစ်တောင့်ရှိလဲ။
ဖြေ။ ။နှစ်တောင့်ရှိပါတယ်။
မေး။ ။ဒီကျည်ဆံတွေကောပစ်လို့ရပါ့အုံးမလား။
ဖြေ။ ။မပစ်ကြည့်လို့မသိရပါဘူး။ တဲ့။
နှစ်ပေါင်း ၆၀ လုံးလုံး သားစဥ်မြေးဆက် ဘိုးလက်ထက်ကစပြီး နေ့စဥ် ပြောင်းတိုက်ရ(သေနတ်လက်နက်မှန်ရင်အမြဲဂရုတစိုက်ထိမ်းသိမ်းရပါတယ်) လူရိုသေရှင်ရိုသေဖြစ်အောင် ရိုးရာအခမ်းအနားတွေလုပ်တိုင်း ဒါကြီးလွယ်လွယ်ပြီးဟန်ရေးပြရ(Parade)။ရွာထဲက
ဓားမလောက် ပဲခွပ်လောက်ပဲကိုင်နိုင်သူတွေက အဲ့သေနတ်ပြောင်းကို နှစ်ပေါင်း၆၀ လုံးလုံး စိုးရိမ်ပူပန်ခဲ့ကြရ။
ထပ်ပြောမယ်ဆို ဇာတ်လမ်းတွေကအများကြီး။သူခိုးဓားပြတစုက အဲ့သေနတ်ကိုခိုးယူပြီးဓားပြတိုက်ဖို့ကြံစည်တာတို့။သေနတ်မမြင်ဖူးတဲ့ရွာကလူတွေက တကူးတကအလည်လာပြီးသေနတ်ကိုခိုးချောင်ခိုးဝှက်ချောင်းကြည့်ခဲ့ရတာတို့။မိမကိုယ်မိမိသတ်သေချင်နေတဲ့ လူပျိုကြီးတယောက်ဟာသေနတ်ငှားမရတာနဲ့ သတ်မသေဖြစ်တဲ့အကြောင်းတို့။
အင်း..ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုပါပဲ။
မောတယ်ဗျာ ရှင်လူ အရင်ကလိုပဲmessengerထဲက စမီးလေးဒေနဲ့ ချလပ်ချလပ်လုပ်နေတာပဲကောင်းတယ်။အလွန်ဆုံးနှာဘူးအဖိုးကြီး။ဂက်စ်ကုန်ခါနီးမီးထတောက်နေတာ ဆိုတဲ့အပြောလောက်ပဲခံရမှာ။
ဘသူမှ ၆၆-ဃ နဲ့မစွဲရက်ကြဘူး။လူကြီးကိုလူကြီးမှန်းသိပြီးခွင့်လွှတ်ကြတယ်။
story#observation #shinlhu


No comments:

Post a Comment