Monday, July 14, 2025

story

လွမ်းလည်းလွမ်းတဲ့ရှင်လူ
🌸🌷🍀🌹🌻🌺🍁🌷

ဒီနေ့မနက် ဘော်ဒါတွေ ဖုန်းဆက်လို့ နန္ဒဝန်စျေးနားက 
"တီးဘုရင်"မှာဆုံကြ။
ဘာရယ်မဟုတ် ပုရွက်ဆိတ်တန်းကြီး ခေါင်းချင်းဆိုင်ရင်း
သတင်းပို့ကြသလိုပေါ့။ပုရွက်ဆိတ်တွေကတော့ ဘာပြောကြတယ်မသိ။
ရှင်လူတို့ကတော့ စာပေ အနုပညာနဲ့နိုင်ငံရေး သတင်းပလင်းတွေ ဖလှယ်ကြပေါ့။ ဒါလေးတွေက အမှတ်တရ လို့လည်းပြောလို့ရတယ်။
တချိန်က(လွန်ခဲ့တဲ့နှစ်ပေါင်း၄၀)ဒီဆိုင်နေရာမှာ(စစ်ပြန်)ကဖွင့်ထားတဲ့ "နန္ဒဝန်ဥယျာဥ်"ဆိုတဲ့ ဓနိမိုးလက်ဖက်ရည်ဆိုင်ကြီးရှိခဲ့တယ်။နွေလယ်နေ၊ဒတ္ထ၊နှင်းခါးမိုး၊ဇေယျာမှိုင်း၊ခင်မင်း(မူးသာ)တခါတလေ တာရာမင်းဝေလည်းပါတတ်တယ်။
ခုတော့ စေတရယ် နေလအောင်ရယ် လက်ျာဝင်းရယ်
ရှင်လူရယ်ပေါ့။တချိန်က ခင်မင်း(မူးသာ)နဲ့ဇေယျာမှိုင်း၊တာရာမင်းဝေတို့ ခု မရှိကြတော့ဘူး။ဓနိမိုး နန္ဒဝန်ဥယျာဥ်
ဆိုတာလည်း ခုတော့ ခေတ်မီ
"တီးဘုရင်"အဖြစ်ပြောင်းခဲ့ပြီ။
ဒါပမယ့်"နန္ဒဝန်ဥယျာဥ်"ဆိုတာ
တာဝတိံသာနတ်ပြည်က ဥယျာဥ်နာမည်လေ။ခင်မင်းတို့ ဇေယျာမှိုင်းတို့ တာရာမင်းဝေတို့ 
ခုဘယ်ဆိုင်မှာထိုင်နေကြမလဲ။
လွမ်းဆွတ်ရင်းသိချင်နေမိတာ...
story#observation #shinlhu

No comments:

Post a Comment