Wednesday, July 30, 2025

story

 ရှင်​လူIdol
♥ ♥ ♥ 
ခုတ​လောရှင်​လူတ​ယောက်​စာ​ရေးချင်​စိတ်​​တွေ
ကုန်​​သလိုဖြစ်​​နေတယ်​။
ဒါနဲ့ အရက်​ပုလင်း​တွေဓာတ်​ပုံရိုက်​တင်​၊
အချစ်​အလွမ်းရိုမန်​တစ်​ကဗျာ​တွေ​ရေး
လို​ရေး၊ကိုယ့်အသက်​အရွယ်​မှကိုယ်​မ
​ထောက်၊ အရက်မူး အချစ်​မူး ရင်​ခုန်​သံ
တဒုန်းဒုန်းနဲ့ ဝုန်းဒိုင်းကြဲ​နေခဲ့တာကြာပြီ။
ဘာလို့စာမ​ရေးချင်​တာလဲလို့ ကိုယ့်ဘာသာ
ဆန်းစစ်​လိုက်​​တော့၊ရှင်​လူတို့နိုင်​ငံမှာ
လူမှု​ရေးအစ ဘာသာ​ရေးအလယ်​ နိုင်​ငံ​ရေးအဆုံး အကြမ်းအားဖြင့် ​ဝေဖန်​
သုံးသပ်​စရာ ကိစ္စ​တွေက တကယ်​ရှိ​နေတာ
နည်းနည်း​လေးရယ်​။ ​ဝေဖန်​သုံးသပ်​လိုက်​
မှ ပြဿနာ​တွေကပိုကြီးကုန်​တာများတယ်​။
အဲဒါ​ကြောင့်ရှင်​လူတို့လို သဘာကြီး ဝါကြီးတဲ့လူ​တွေအလကားအားအားယားယား ရှိ​နေရင်​ဖွန်​ပဲ​ကြောင်​​ကြောင်​၊အရက်​
်​မူးပြီးပဲရမ်းရမ်း အချစ်​ကဗျာ​လေး​တွေပဲ 
ဖွဲ့ဖွဲ့။ ​ပေါက်​ကရ​တွေ လိုက်​လုပ်​​နေတာကမှ
​နောင်​လာ​နောက်​သား​တွေအန္တရာယ်​ကင်းအုံးမယ်လို့ ရှင်​လူအ​တွေးဆန့်မိတယ်​။
ဥပမာလူကြီး​တွေက​အထိမ်းအမှတ်​​နေ့
တ​နေ့သတ်မှတ်တယ်​ဆိုပါစို့....
​တော်​လှန်​​ရေး​နေ့ဆိုပြီး၊အဲဒါတဖြည်းဖြည်း
နဲ့ ​နောက်​ပညာရှိလူကြီးမင်း တ​ယောက်​က
တပ်​မ​တော်​​နေ့လို့ ​ပြောင်း​ခေါ်ပြန်​​လေ​ရော။
အဲဒီအချိန်​က စပြီး မူလ ​တော်​လှန်​​ရေး
ဂိုဏ်းနဲ့ ​နောက်​​ပေါ် တပ်​မ​တော်​ဂိုဏ်း
နှစ်​ဂိုဏ်းကွဲတယ်​။ဒီ​တော့ သူတို့နဲ့ ဆက်​စပ်​
ရာသားစဉ်​​မြေးဆက်​​တွေပါနှစ်​ဂိုဏ်းကွဲက
​ရော။တ​မြေထဲ​နေတ​ရေထဲ​သောက်​
က​လေးလူငယ်​​တွေကအစဘုမသိဘမသိ
ဲ့ငြင်းကြခုံကြ ရန်​ဖြစ်​ကြနဲ့ဆယ်​စုနှစ်​​တွေနဲ့ချီ
ပြီးတရုတ်​သိုင်းဂိုဏ်း​တွေလိုဖိုက်​​နေလိုက်​
်​ကြတာမပြီးနိုင်​မစီးနိုင်​။တကယ်​​တော့ဒီကိစ္စရဲ့ဇာစ်​မြစ်​က LDC ဘဝကလွတ်​​မြောက်​ပြီး
ကမ္ဘာ့အချမ်းသာဆုံးနိုင်​ငံတခုရယ်​လို့
ဖြစ်​​မြောက်​လာရ​အောင်​ဘာတခုမှအ
​ထောက်​အကူပြုတဲ့ကိစ္စမဟုတ်​။
အမှန်​​တော့အဲဒီလူကြီးဆိုတဲ့လူ​တွေနိုင်​ငံ
ံ​ရေး ဆိုတာကို​ကောင်း​ကောင်းနားမလည်​ပဲ
ဆင့်ဟိုဒင်းအနာလုပ်​ထားတဲ့ကိစ္စ။​နောက်​မျိုးဆက်​​တွေကပါ အဲဒီအနာကို ပလာစတာလိုက်​ကပ်​​နေကြရတာ။
ခုလည်းလာပြန်​ပြီတံတားသစ်​နာမည်​​ပေးဖို့
ကို ငြင်းကြခုန်​ကြဆန္ဒပြကြနဲ့လွှတ်​​တော်​ထဲ
မဲခွဲယူရတဲ့အထိဖြစ်​ကြသတဲ့။ရှင်​လူတို့
​တောင်​ဥက္ကလာ ​ဝေဇယန္တာလမ်းမှာ
``​အောင်​​ကျော်​တံတားဆိုတာရှိတယ်´´
နာမည်​ ကဘယ််​​လောက်​ခန့်လိုက်​သလဲ။
လွန်​ခဲ့တဲ့ နှစ်​နှစ်​ဆယ်​ဝန်းကျင်​ ဥက္ကလာ
​ဂေါက်​ကွင်းတည်​​ဆောက်​စ ကာလတုန်း
က မနက်​၅ နာရီ​လောက်​ဆိုရင် ရှင်​လူတို့
ကျန်းမာ​ရေး​လေ့ကျင့်ခန်းယူသူ​တွေ
တံတားနားမကပ်​ရဲ​တော့။သရဲ​ခြောက်​လို့မထင်​ပါနဲ့။သရဲထက်​ဆိုးပါတယ်​။​ဂေါက်​ကွင်း
တည်​​ဆောက်​​ရေးလုပ်​သားတန်းလျားမိသားစုများအတွက်​ ​ဂေါက်​ကွင်းထဲ အိမ်​သာ
လုပ်​​ပေးထားပုံမရပါ။ ဘာ​ကြောင့်ဆို​တော့
ပျိုပျို အိုအို ကြီးကြီးငယ်​ငယ်​ အကုန်​လုံး
တံတား​ဘောင်​​ပေါ်တန်းစီပြီး အီးထိုင်​ပါ
ကြတာ​ကြောင့်ရှင်​လူက​အောင်​​ကျော်​တံတားကို အီးတံတားလို့ကိုယ့်ဘာသာ
အမည်​​ပြောင်းခဲ့ရပါတယ်​။အဲဒီအ​တွေ့အ
ကြုံကရတဲ့ အ​တွေးအ​ခေါ်နဲ့ မိတ်​​ဆွေ
အင်​ဂျင်​နီယာတ​ယောက်​ကို အကြံ​ပေးခဲ့ဖူး
ပါတယ်​..ခင်​ဗျားတို့ ​နောက်​ဆို တံတား​တွေ
​ဆောက်​ဖို့ပုံဆွဲရင်​အိမ်​သာပါ​အောင်​ထည့်ဆွဲဗျာလို့။တကယ်​​တော့တံတားနာမည်​ထက်​တံတားရဲ့ဝန်​​ဆောင်​နိုင်​စွမ်းကပိုအ​ရေးကြီးတာပါ။အဲဒါကို ခု​ရှေ့မျိုးဆက်​​တွေက
ဆင့်ဟိုဒင်းအနာလုပ်​ခဲ့​တော့​နောက်​မျိုးဆက်​​တွေက ဆင့်ဟဝှါ ပလာစတာကပ်​ကြ
ပါအုံးမယ်​။လမ်းနာမည်​​တွေကလည်း
ခုတမျိုး ​တော်​ကြာတမျိုး။မဂိုလမ်းဆိုပြီး
ဝင်​သွားလိုက်​ပါတယ်​ဟိုဘက်​ထိပ်​လည်း​ရောက်​က​ရော ​ရွှေဘုံသာလမ်းဖြစ်​လို့။
ထမင်းဆာလို့ထမင်းဆိုင်​ဝင်​စားမိပါတယ်​
၇၅ကျပ်​တန်​ပိုက်​ဆံကတရားမဝင်​​တော့ဘူးဆိုလို့လက်​ပတ်​နာရီ​လေးအ​ပေါင်​ထားခဲ့ရပါတယ်။သုံး​နေရတဲ့​​ငွေစက္ကူ​​တွေကလည်းနှစ်ရာတန်ချင်းအတူတူ ကြီးတာကကြီး
​သေးတာက​​သေး၊ကျန်တဲ့အရွက်​တွေ
လည်းအားလုံးဒီအတိုင်း။နိုင်​ငံ​တော်​အလံဆိုလည်း ရှင်​လူ့တသက်​ အကြိမ်​ကြိမ်​
​ပြောင်းလွန်းလို့ဘယ်​ဟာအ​လေးပြုရမှန်း
​တောင်​မသိ​တော့ဘူး။အဲ​တော့ ရှင်​လူ
​တွေးမိတာက ငါတို့လို ပညာရှိ​တွေ နိုင်​ငံ​ရေး ဝင်​လုပ်​ရင်​ အလုပ်​မရှိငဥသန်းရှာ
တာတို့ ၊ဆင့်ဟိုဒင်းပလာစတာကပ်​တာတို့၊
ကိုယ်​​တွေလုပ်​ရုံတင်​မကသားစဉ်​​မြေးဆက်​
တိုင်​​အောင် ​သောက်လုပ်​​မရှုပ်ရှုပ်​​အောင်​
ဘိုးဘွားအ​မွေအနှစ်​ဆိုပြီးချစ်​မြတ်​နိုးခိုင်း
​သေး။ ဒီကြားထဲ အစဉ်​အလာအရ သရဏ
ဂုံတည်​ခဲ့ကြတဲ့ဘာသာဝင်​များကျ​တော့လည်းသရဏဂုံတပါးကသား​ဖောက်​သာသနာပြုအ​မွေကို​ပေးချင်​သတဲ့။ ကဲဗျာ ရှင်​လူ
ဘာလို့စာမ​ရေးချင်​ပဲ အရူးသိုင်း အမူးသိုင်း
က​နေ ဖွန်​​ကြောင်​နိဒါန်းပျိူး​နေရသလဲဆို
တာ ခင်​ဗျားတို့သ​ဘော​ပေါက်​​လောက်​ပါပြီ။
ကဲမိတ်​​ဆွေပညာရှိသူ​တော်​​ကောင်းကြီး
များခင်​ဗျာ။ခင်​ဗျားတို့တိုင်းပြည်​ကိုတကယ်​ချစ်​တယ်ဆိုရင်​​တောလုပ်​တောင်လုပ်​​
ဆင့်ဟိုဒင်းပလာစတာကပ်တဲ့အလုပ်​​တွေ
ဆက်မလုပ်ကြပဲ ရှင်လူနဲ့အတူ ​​နေညိုချိန်​
တိမ်​​တောက်​တဲ့ခါ ဝီစကီ​လေးတမြမြ..
အချစ်​ကဗျာ​လေး​တွေရွတ်​ဆိုရင်း...
fb ထဲကစမီး​လေး​တွေနဲ့ချက်​​နေကြရင်​
ခင်​ဗျားတို့နိဗ္ဗာန်​မဂ်​ဖိုလ်​ မရ​တောင်​​နောင်
လာ​​နောက်​သား​တွေအတွက်​ ဗမာပြည်​/
မြန်​မာပြည်​ကြီးက​တော့ငြိမ်းချမ်း​သာယာပြီး
​ဘေးမသမ်းပဲ​အေးချမ်းမှာအမှန်​ပင်​။
story#observation #shinlhu


No comments:

Post a Comment