ပါးကွက်မလေးမောင့်ချစ်သူ😃😄😂😍🥰🤓😎🤩🥳မနက်စောစော ရပ်ကွက်ထမင်းကြော်ဆိုင်လေးမှာ ထမင်းကြော်ထိုင်စားရင်း
သူကိုတွေ့လိုက်ရတာဖြစ်ပါတယ်။ဒါနဲ့ ရှင်လူလည်း ဘေးလွယ်အိတ်ထဲကဖုန်းကိုအသာထုတ်ယူပြီး သူ့ပုံလေးတွေရိုက်ယူလိုက်တယ်။သူအထိတ်တလန့်ဖြစ်ပြီးထွက်များပြေးမလားထင်မိပေမယ့် သူမကတော့ အေးအေးဆေးဆေး ပါပဲ။
ဒီနားမှာလူတွေနဲ့အတော်ယဥ်ပါးနေပုံရရဲ့။
ရှင်လူစားနေတဲ့ထမင်ကြော်ဆိုင်ကလေးနောက်မှာရပ်ကွက်
မီးသတ်ရေကန်ကြီးရှိပါတယ်။အဲဒီ ရေကန်ကြီးမှာသူ့လို ကြေးငှက်သတ္တဝါတချို့ နေထိုင်ရှင်သန်နေကြတာပါပဲ။သူ့ကိုမြင်တော့ ရှင်လူငယ်ငယ်ကရွတ်ဖတ်နေကျကဗျာလေးတပိုဒ်ခေါင်းထဲပေါ်လာတယ်။သူက ပါးကွက်ဖြူဖြူလေးနဲ့ကိုး။
ပါးပြင်ကိုဘယ်ညာကွက်လို့
ရေကြက်မပါးဖြူဖြူ
ဟန်မူကကြော့ရှင်း....
ဆရာကြီးမင်းသုဝဏ်လက်ရာလို့ထင်ပါတယ်။တစ်တီတူးတို့ စနိုက်တို့ဆိုရင် ဆပ်စလူးခါနေတတ်တယ်၊သူ့လိုမငြိမ်။ရေကြက်
မလေးပဲထင်ပါတယ်။ရှင်လူကသူအေးအေးဆေးဆေးအစာကောက်နေတာကြည့်ပြီးသဘောကျနေမိပါတယ်။ရှင်လူ့ပတ်ဝန်းကျင်မှာ ဂေဟစံနစ်တွေမပျက်သေး။ဒီကမ္ဘာကြီးပေါ်မှာတော့ ဂါဇာ၊ယူကရိန်းအစ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ဘေးကပ်ရောဂါဘေးတွေကြောင့်ဂေဟစံနစ်တွေအတော်များများပျက်စီးခဲ့ပြီ။ကျေးဇူးတင်ပါတယ် ပါးဖြူမကလေးရယ်။
story#observation #shinlhu
No comments:
Post a Comment