"
" စိတ်မေးစိတ်ဖြေ
စာမေးပွဲ (၈)
📱🤐👺😌💮🙄😁🌼🍁🍂
ဒီမနက် ဖွေးဖွေးသိမ့်က ရှင်လူကြီးကို "သစ်ခွ"ကတ္တီပါ ဖိနပ်တရံနဲ့ ကန်တော့ပါတယ်။ရိုးရာအစဉ်အလာ ဝါကျွတ်ကန်တော့ပန်း ပေါ့ဗျာ။ နှစ်ကာလတွေ ရှည်
လာတာနဲ့အမျှ ကိုယ်က ကန်တော့ရမယ့်သူတွေ တဖြည်းဖြည်းကုန်သွားပြီး ကိုယ်တိုင်က ကန်တော့ခံပုဂ္ဂိုလ်နေရာရောက်ရောက်လာတယ်။ရှင်လူ့လို ထိုင်ကားယား ထကားယား အပေအတေတယောက်အနေနဲ့ ကိုယ့်ကိုကန်တော့မယ့် ကလေးတွေရောက်လာရင် ကျောထဲကစိမ့်ပြီး ဖျားချင်သလိုလိုဖြစ်
လာတယ်။ ဖြစ်စရာအကြောင်းကလည်း ရှိပေသကိုး။ ဘုရားရှင်ပွင့်တော်မူစ အဇပါ
လညောင်ပင်ရင်းမှာ ထိုင်နေတော်မူတုန်း ရောက်လာတဲ့ပုဏ္ဏားအိုကြီးတစုက "အရှင်ဂေါတမက ကိုယ့်ထက်ကြီးတဲ့ သူတော်စင်ကြီးတွေကို ရှိခိုးဦးညွတ် အရိုအသေမပြုဘူးဆို၊ ကျင့်ဝတ်တွေကို ပယ်တယ်လို့ ပြောရမှာပေါ့၊ဟုတ်လား
"မေးကြတော့ ဗုဒ္ဓက" ကြီးတယ်ဆိုတာ တချို့ အသက်ကြီးလို့ လူကြီးဖြစ်နေကြတာ၊ အပြောအဆိုက ကလေးသာသာပဲ၊ အရိုအသေနဲ့ မထိုက်တန်ဘူး"လို့ပြန်ဖြေခဲ့သတဲ့။ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ဆိုတာ အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမားတဲ့ပုဂ္ဂိုလ်အနေနဲ့ ကန်တော့ကြတာကိုး။သူများကန်တော့ခံရပြီဆိုကတည်းက အကြီးအကဲဆိုတဲ့ဂုဏ်အင်္ဂါရှိမှလည်းတင့်တယ်ပေမပေါ့။လူကြီးဖြစ်ရတဲ့ဒုက္ခက အဲဒါပါပဲ။ ကန်တော့ခံရမှာကြောက်ပြီး လာကန်တော့ တော့လည်း ဝမ်းသာပီတိဖြစ်ရပြန်တယ်။ ငါ သူတို့အပေါ်မှာ ပိုမိုဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ သတိတရားတွေလည်း စိတ်ထဲလေးနက်လာရဲ့။ တခါတခါ
ငယ်ငယ်တုန်းက အမေငေါက်
တာပြန်သတိရမိတယ် "ဟိုကောင် ၊ကြီးပုံမပီ ကြီး နော် သတိထား အငယ်တွေအပေါ် ညှာရကောင်းမှန်းမသိဘူး"
ကျောထဲ စိမ့်စိမ့်လာတယ်။
story#observation #shinlhu
No comments:
Post a Comment