စဉ်းစားကာနေရ အုံးမယ်
👺😈😂👽😭😎
ညနေ ၄ နာရီခွဲလောက်မှာ ဖွေးဖွေးသိမ့် အဖေ မောင်ဝင်း ဖုန်းဆက်တယ်
"ရှင်လူ ရေ ၊ရှင်လူ့့အတွက် ပါတီကပေးတဲ့ ဆန်နှစ် ပြည်၊ ကြက်ဥ တကတ် နဲ့ ဆီတပုလင်း သိမ်းထားပေး တယ်"တဲ့
"ဟေ ဘယ်ပါတီ လဲ"
"ပြည်သူ့ပါတီ တဲ့"
"သြေ် သိ ပြီ ၊နေအုံး စားသင့်မစားသင့်
ငါ စဉ်းစား အုံးမယ်"
"ရှင်လူကလည်း ကိုယ့်တွက်ရတာပဲ၊စားပေါ့ "တဲ့။
နိုဝင်္ဘာ ရွေးကောက်ပွဲ နီးလာတော့ ဖေ့စဖုတ်ပေါ်မှာ ပွက်လောညံနေတယ်။
နဂိုရ် က ကိုကို ကြီးတို့ ပါတီ ဆိုတော့
၈ လေးလုံးသံယောဇဉ် ကြောင့် စိတ်ဝင်တစား လေ့လာ မိတယ်။ သတင်းတွေုက
မှန်လား မှားလား သိတ်မဝေခွဲနိုင်ပေမယ့်
ပြည်သူ့ပါတီ ကတချို့ Campaign လုပ်တာတွေ က သိတ်ဘဝင်မကျစရာ။
(ချွင်းချက်။ ။သဘောတရားဆရာ ကြီးတွေကို မဖတ်မိတာလည်း ဖြစ်နိုင်ပါတယ်)
ဒီ ကြားထဲ ပြည်သူ့ ပါတီတံဆိပ်နဲ့ တယောက်က Messenger ထဲကနေ ပြီး ရှင်လူ့ဆီကို Vedio Clip တခု ပို့လာတယ်။
ဖွင့် ကြည့် လိုက်တော့ စွပ်ကျယ် လက်တိုနဲ့ ဇိုးသမားပုံတယောက်က လက်ချာတွေပေးနေတာပဲ။"ခင်ဗျားတို့ အဲဒီ ကျပ်မ ပြည့်တဲ့ ပါတီကိုမဲပေးနေလို့ကတော့ လာဘ်ပိတ်နေအုံးမှာ ဘာညာ နဲ့"အတင်း အဖျင်းတွေ ဒလဟော။ အင်း ကိုကို ကြီးတို့ ပါတီတွင်း သဘောတရားရေး သင်တန်းတွေ မပေးနိုင်ဘူး ထင်ပ။အဲ့ အခွေကို ကြည့်
ပြီး ပါတီ ကို အထင်ကြီးရမယ့်အစား
စိတ်ကုန်သွားတယ်။ဒါမျိုးတယောက်တလေ လောက်ပဲဆိုရင်တော့ တော်ပါသေးရဲ့ပေါ့။ ဒါနဲ့ ရှင်လူလည်း သူ့ကို အောက်က
Reply ပြန်ပေးလိုက်တယ်။
မင်းတော်တယ်၊ ကမ္ဘာပေါ် မှာ ကျပ်အ ပြည့်ဆုံးပါတီကို ပြော ပြပါ၊
ဘီအိုင်အေ ဝင်လာတုန်းကတောင် ဓားပြတွေ ပါလာသေးတယ်
သံဃာထဲမှာလည်း အလဇ္ဇီ၊ဒုသီလ တွေ ပါတာပဲ။
အပဲ့အရွဲ့ အနာအဆာတွေထဲက
နည်းနည်း အသုံး ဖြစ်မယ့်ဟာကိုရွေးရတာ။ မ ဆ လ ခေတ်က
သာယာဝတီ ပန်းကန်ရွေးသလိုပေါ့ကွာ
ကိုယ့် ပါတီက လက်ရှိတွေထက် ပိုကောင်းအောင် ဘာတွေ လုပ် ပြမယ် ဆိုတဲ့ မူဝါဒကို ပြောပါ။
သူများအပုပ်ချတာကတော့ အရပ်ထဲက သာမာန် လူစားတွေက ပိုကျွမ်းပါတယ်
၈၈ သံယောဇဉ် စကားပြောရရင် ကိုကို ကြီးတို့ လုပ်တဲ့ မီးဒုတ်သတင်းစာ နဲ့အိုးဝေမှာ စာရေးခဲ့ဖူးတယ်။အဲ့ ဒီ ၈၈ သံယောဇဉ်ကို ပြတ်အောင်မလုပ် ကြပါနဲ့။
ရှင်လူ လည်း အဲ့လို ပြန်ရေးလိုက်ရော။
ဒီနေ့ထိသူ့ဘက်က ဘာမှ တုန့်ပြန်မလာတော့ဘူး။ ဒါလောက်ဆို လိမ္မာတယ် ပြောရမယ်။
အထက်က မောင်ဝင်းဖုန်းဆက်တဲ့ လူထု
(Covid-19 ဒဏ်ခံရတဲ့)ကို ရိက္ခာဝေတာကတော့ တနည်းအားဖြင့် တွေး ကြည့်ရင်
ဖက်ဆစ် နဲ့ စစ်အာဏာရှင်တို့ ကို တော်လှန် ဆန့်ကျင်ခဲ့တဲ့ အသီးအပွင့် လို့ပဲ မှတ်ရမယ်။(ဒီမိုကရေစီ အသီးအပွင့် လို့ မပြောသေးဘူးနော်)
ဘာကြောင့် အသီးအပွင့် လို့ ပြောရသလဲဆို ၁၉၄၀ ခုက ဖက်ဆစ်ဂျပန်တွေဟာ သံ ဖြူဇရပ်နဲ့ ထိုင်းနိုင်ငံထဲကို ၄၁၅
ကီလိုမီတာရှိတဲ့ မီးရထားလမ်းကိုဖောက်ခဲ့ပါတယ်။ ရှေးလူအများကတော့ ချွေးတပ်လို့ သိခဲ့ပါတယ်။ အဲဒီအခါက မြန်မာချွေးတပ်သားချည်း ၈၀၀၀၀(ရှစ်သောင်း)သေခဲ့ပါတယ်။လုပ်အားခ အထောက်အပံ့ကတော့ ဖက်ဆစ်ပဲဗျာ၊ မည်ကာမတ္တပေါ့။
ဆရာ လေထီးဦးအုန်းမောင်ရေးခဲ့တဲ့ "နှစ်ပေါင်း ငါးဆယ် ကြာသောအခါ"ထဲမှာလည်း ချွေးတပ်အကြောင်း ထည့်ရေးထားပါတယ်။ ရှင်လူ ပြောလိုတာက ဖက်ဆစ်နဲ့ စစ်အာဏာရှင် စံနစ်ဟာ လူတွေကို သေနတ်နဲ့ သိမ်းသွင်းခဲ့တာချည်းပါပဲ။အင်း လွတ်လပ်ရေး ရ ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲများမှာတော့ ကျွေးမွေး ပေးကမ်း ပြီးသိမ်းသွင်းတဲ့ စံနစ် ပါလာပါ ပြီ။
၁၉၆၀ရွေးကောက်ပွဲတုန်းက ဆို ဦးနု
တို့က သန့်ရှင်းဖဆပလပါ။ဦးကျော်ငြိမ်းနဲ့ဦးဗဆွေတို့ကတည်မြဲဖဆပလပါ။အိမ်စောင့်အစိုးရက စစ်တပ်ကိုကြားနေဖို့ပြောပေမဲ့ စစ်တပ်က တည်မြဲဘက်က လိုက်ပါတယ်။
အဲဒါကြောင့်ဦးကျော်ငြိမ်းက နိုင်ရင်လည်း နိုင်ရမယ်
ရှုံးရင်လည်း နိုင်ရမယ်လို့ ပြောခဲ့တာပါ။
နယ်တွေမှာ သေနတ်နဲ့တေ့ပြီး တည်မြဲထဲ ထည့်ခိုင်းတာတို့နိုင်မယ်မထင်တဲ့ မဲရုံ မီးနဲ့ရှို့တာတို့လုပ်ပါတယ်။
မြို့မှာတော့ ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက်လောက် မဏ္ဏာပ်ထိုးပြီး တည်မြဲက မနက်ထမင်း ညထမင်းကျွေးပါတယ်။
ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်လူတစ်ယောက် ငွေ၅ကျပ် ပုဆိုးတစ်ထည် မိန်းမဆိုရင် ထမိန်တစ်ထည်ပေးပြီးမဲထည့်ခိုင်းတယ်။
ဒီအပိုဒ်လေး ရေး ပြတာက ရွေးကောက်ပွဲနီးလာရင် ပေးကျွေး ပြီး စည်းရုံးသလို
လက်နက်နဲ့ သိမ်းသွင်းတဲ့ သာဓက တချို့လည်း ရှိနေကြောင်း ပြောချင်လို့ပါ။
ခုလို ခေတ်မီ လက်နက်ကိုင် ရောင်စုံ စစ်တပ် ကြီးတွေ ရှိနေတဲ့ အခါ ဆို လက်နက်နဲ့ သိမ်းသွင်းခံရမှာ ပို ပြီး စိုးရိမ်စရာပါ။
"ရှင်လူ ၊ဘယ်လိုလဲ၊ဘာလုပ်မှာလဲ"
မောင်ဝင်းဖုန်း ဆက် ချိန်အတွင်း အတွေးတွေက ပွားသွားတာပါ။ အချိန်တိုအတွင်း တွေးမိတာကတော့ နည်းနည်းပါ၊ နောက်မှ စဉ်းစား ပြီးဖြည့် ရေးထားလို့ များသွားတာပါ။
"အေးကွာ ငါတို့ စစ်အာဏာရှင်ကိုတော်လှန်လို့ ရခဲ့တဲ့အသီးအပွင့်ပဲ စားထိုက်ပါတယ်၊ ဆန်နဲ့ ကြက်ဥကိုတော့ မင်းယူလိုက်၊ငါ့မှာဆီ ကုန်နေ ပြီ၊ ဆီတော့ ငါယူမယ်"
(ပထမတင်တဲ့ Post အချက်အလက်တွေ
ထွေးသွားလို့ အသစ် ပြန်တင်တာပါ)
No comments:
Post a Comment