ဖင်လန်ဇာတ်ညွှန်းစကန်းဒကော်ပီ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
❀ ရှင်လူ့အိမ်ရှေ့ ကွန်ကရစ်လမ်းကိုခွပြီး
``ရင်တွင်းမေတ္တာ´´နာရေးကူညီမှုက
မဏ္ဍပ်ထိုးထားတယ်။ ရှင်လူ့ အိမ်ရှေ့ တံခါးပေါက်အပေါ်မှာ led မီးတလုံး
ချိတ်ဆွဲထားပြီး သုတ ၆ လမ်းထဲက
ယောက်ျား မိန်းမတစုရော မျက်နှာစိမ်းဧည့်
သည်များပါ ဝင်လိုက်ထွက်လိုက်။တဖက်နှစ်ထပ်
သီးသန့်ဆောင်ထဲကမာမာအေးရဲ့ငိုညည်းသံက ပြတ်တောင်း ပြတ်တောင်း ကြားနေရတယ်။
မဏ္ဍပ်ထဲမှာထောင်ထားတဲ့သစ်သား
သင်ပုန်းပေါ်မှာ ရေးထားတာက...
``ဇော်မင်းဦး´´၄၅ နှစ်။၁၆ ရက်၁၀လ ၂၀၁၇
တနင်္လာနေ့တွင်ကွယ်လွန်သည်။
တနင်္လာနေ့ က ရှင်လူကြီး Bella ရုံးမှာ
လက်ဆောင်ပစ္စည်းတွေသွားထုတ်နေလို့
မနက်၁၀နာရီလောက်မှအိမ်ပြန်ရောက်တယ်။
တနင်္ဂနွေညနေ၄နာရီခွဲရှင်လူအလုပ်သွားမယ်
လုပ်တုန်းကတောင် ဇော်မင်းဦး စကားပြောနေသံတွေ ကြားနေသေးတယ်။
မနက်ခင်း၇နာရီကျော်လောက်မှာ
အကောင်းသားကနေလဲသွားပြီးရုတ်တရက်
ဖြစ်သွားတာ။ စံပြဆေးရုံပို့တော့
ဦးခေါင်းကို ဓာတ်မှန်ဆိုလား စကင်ဆိုလား
ရိုက်ဖို့ တွန်းလှည်းရှာတဲ့လူက ရှာလို့မရ။
လှည်းရှာနေတုန်းမှာပဲ ခေါင်းစိုက်သွားတယ်
ကြားတာပဲ။
ပြီးခဲ့တဲ့ လတွေအတွင်း ဇော်မင်းဦးနဲ့ ရှင်လူတို့ ရန်ပွဲတွေ တဂျိန်းဂျိန်း။ (၁၇၉) ခြံဝင်းတခုထဲအတူနေကြပြီးတယောက်နဲ့
တယောက်ဘာ့ကြောင့်အမုန်းပွားနေကြသလဲ ၊မမေးကြနဲ့တော့ ခု သေသူကသေပြီ။
ဘာမှမပြောနိုင်တော့ ။ ရှင်လူပြောရင်
တဖက်သတ်ကိုယ်ကောင်းတာပေါ်လွင်
အောင် ပြောမှာပဲ။ အမှန်ဆုံးအဖြေကတေ့
နှစ်ယောက်လုံးမကောင်းတာပဲ။ရှင်လူ့မှာ
ခု ထိ အရိုးစွဲနေတဲ့အကျင့်တခုရှိတယ်။
အသက်သာ ၆၄ နှစ်ရောက်လာတယ်၊ ဒီအကျင့်ကပြင်မရ။အရာရာမှာ သည်းခံ
တတ်အောင်ကျင့်တယ်။ရတယ်။ ဘယ်နေရာမှာရသလဲ ဆိုတော့ တဘက်က
မတော်တဆမှားလို့ကတော့ရှင်လူ့လည်ပင်းတက်နင်းသွားပစေ၊ ပြုံးနေလိုက်မယ်
နင်းမိတဲ့လူအားတုံ့အားနာဖြစ်မစိုးလို့ သူ့ကိုတောင် ပြန်နှစ်သိမ့်လိုက်အုံးမယ်။ ဒါမျိုးကဖြစ်တတ်ပါတယ် တို့ဘာတို့။ တမင်လာစော်ကား လို့ကတော့
တကြိမ် စောင့်ကြည့်မယ်၊မတော်တဆလား
တမင်လား။ နှစ်ကြိမ် စောင့်ကြည့်မယ် ၊သေချာအောင်။သုံးကြိမ်တော့မရတော့ဘူး။
ထိပ်တိုက်တွေ့ပြီ။ သူများစော်ကားတာကို
ငုံ့ခံတယ်ဆိုတာသောက်ဂုဏ်သိက္ခာတပြားသားမှမရှိတဲ့ကောင်မျိုးမှ ငုံ့ခံတာ။အဲ့ ကြောင့် ဒီကောင်ဇော်မင်းဦးနဲ့ ရှင်လူတို့
အပြန်အလှန်အော်ကြီးဟစ်ကျယ်
ဆဲဆိိုုကြိမ်းမောင်းကြတာကိုယ်ထိလက်ရောက်
ဖြစ်လုလု အကြိမ်ကြိမ်။ဒီကောင်ကလည်း
အရက်မူးလာရင် ရိတတ်စောင်းတတ်တယ်။
ရှင်လူ့ကို စောင်းမြောင်းကြိမ်းမောင်းတာတို့၊
မခံချင်အောင်မထိတထိပြောတာတို့၊
ရှင်လူကဒဲ့သမားဆိုတော့မျက်နှာချင်းဆိုင်
မေးတဲ့ခါခင်ဗျားပြောတာမဟုတ်ဘူးဘာညာ
လုပ်ပြန်ရော။တခါတခါရှင်လူ ပေါက်ကွဲရင် ူသောက်ပြီးသားဝီစကီ ပုလင်းပြားတွေပုံပြီး နံရံကိုတလုံးခြင်းပစ်ခွဲမိတယ်။ ရှင်လူသောင်းကျန်းလိုက်တော့လည်းသူ
ငြိမ်သွားပြန်ရော။သူ့လိုရိတတ်စောင်းတတ်တယ်။ ရှင်လူက ၁၅နှစ်သားကတည်းက
ကဗျာရေးလာတာ။ဒါပေမယ့်အဲ့အတတ်
ပညာတွေကရှင်လူ့ကိုယ်ရေးကိုယ်တာ
သုံးဖို့ ဆည်းပူးထားတာမဟုတ်ဘူး။ သူ့ကို
အလင်္ကာနဲ့စောင်းမယ့်အစား လက်သီးချင်း
ပဲယှဉ်ထိုးလိုက်မယ်ဆိုတဲ့အတွေးပဲရှင်လူ့မှာ
ရှိတယ်။ တကယ်ထိုးဖြစ်ရင် ၆၄ နှစ်နဲ့ ၄၅နှစ်ကဝိတ်တန်းချင်းသားအဖလောက်ကွာနေတယ်။ခင်ဗျားတို့ဘယ်လိုထင်လဲ။
ရှင်လူ့သောက်ခွက်ကြီးဘာဖြစ်သွားမယ်
ထင်သလဲ။ဒီကောင်ခုလိုမသေခင်
်ပြီးခဲ့တဲဲ့့သုံးရက််လောက်ကပဲတပွဲကြုံလိုက်ရသေးတယ်။အဲ့လိုပဲ တယောက်နဲ့တယောက် အမြင်မတော် အကြားမတော်တာကစပြီး
ဖြစ်ကြတာ။ဒီကောင်ကရှင်လူလာနေတဲ့ဘက်ကို ကျောပေးပြီး ဖင်လှန်ပြတယ်လေ။
ရှင်လူလည်းအမှတ်မထင်ကြည့်မိလိုက်ရာက အမှတ်မထင် ဒေါသထွက်သွားတာ
တယောက်နဲ့တယောက်အော်ကြီး
ဟစ်ကျယ် ဆဲဆိုမိကုန်ရော။ ကဲ ..သူရော ကိုယ်ရော ခုချိန် အဲ့ဒီနေ့ကဒေါသတွေ
ဘယ်ရောက်ကုန်ပြီလဲ။သူက ခုလောက်ဆို
``ရင်တွင်းမေတ္တာ ´´နဲ့ စံပြဆေးရုံကနေပြီး
ရေဝေး ရေခဲတိုက်ရောက်နေပြီး ရှင်လူက
တောင်ဒဂုံဟားခါး ဂိုဒေါင်မှာ။
ဟိုနေ့က သူဖင်လှန်ပြလို့ရှင်လူဒေါသဖြစ်တဲ့
ကိစ္စကို ဗွီဒီယို ပြကွက်လိုပြန်တွေးရင်း
ဇာတ်ညွှန်းပြင်ရေးကြည့်မိတယ်။
##ရှင်လူ့ကိုဖင်လှန်ပြတဲ့ ဇော်မင်းဦးနေရာမှာ ဟို တင်ထွားစိန် ဆယ်လီ အဆိုတော် ကို လူစားလဲ ကြည့်
လိုက်တယ်##
ဒီဇာတ်ညွှန်းသစ်အရ ဒေါသခန်းကို ဘယ်လိုမှ ထည့်လို့မရတော့ဘူး။တကယ်တော့ ဒေါသဆိုတာလည်း ပညတ်ပဲ။ မမြဲဘူး။
ရှင်လူလည်းပညတ်ပဲ ၊မမြဲဘူး။ခုညစာစားတော့တောင် ထမင်းငုံ့ စားရင်း ခေါင်းမူးသွားတာ တော်တော်နဲ့မပြေဘူး။ရေနွေးကြမ်းလေး
ကောက်သောက်ပြီး ခဏလောက်ငြိမ်နေပြီးမှ ဆက်စားရတယ်။
သေမှာပဲ။ အဲ့ ဖင်လန်ကောင် ဇော်မင်းဦးမှမဟုတ်ဘူး။ရှင်လူဆိုတဲ့ကောင်လည်းသေမှာပဲ။ ဘာမှ မမြဲတဲ့ အတ္တတွေ
မာနတွေ ဒေါသတွေအစားတမလွန်ဟိုတယ် မှာ ငါတို့ ပြန်ဆုံကြရင် ရင်ခံပြီး ဖင်လှန်နေကြမယ့်အစား ဝီစကီပုလင်းလေးအလယ်မှာချလို့ ...
No comments:
Post a Comment