ရန်ကုန်ဖားကန့်က မြေစာပုံအောက်မှာ
^^^^^^^^^^^^^^^^^^
ညိုမြသွေး
ငါတို့လည်း ရန်ကုန်မှာနေရင်း
ရေမဆေးကျောက်ရှာသလို
နေ့စဉ်ရှာခဲ့ကြ။
သူများတကာစွန့်ပစ်လိုက်တဲ့ အရေးမပါတဲ့
စားကျက်မြေပေါ်အလုအယက်
ကြက်တွေ ယက်သလို
တနေကုန်အောင်ယက်ခဲ့ကြ
အဲဒါ သမ္မာအာဇီဝမြေစာပုံခေါ်ရမလား
ခိုးမစားပေမယ့်
လုပ်စားသူတွေကျ
မိုးကလည်းခေါင် ခွေးကလည်းဟောင်။
ဒီလိုနဲ့ ပြိုကျမြေစာပုံအောက်
ငါတို့ ဘယ်နှယောက် နစ်မြုပ်ခဲ့ပြီလဲ
အလောင်းတောင်ပြန်မရတဲ့ဘဝတွေ
ဘယ်လောက်များပြားခဲ့ပြီလဲ
စက်ယန္တယား အသစ်ကြီးတွေကဘယ်နှလောင်းရှာတွေ့ပါ့မလဲ
သံသယလည်းရှိ
မျှော်လင့်ချက်လည်းရှိတဲ့ ငါတို့အားလုံးဟာ
အာစေးတွေမိလို့။ ။
ညိုမြသွေး
29 May 2016
11:00 PM
poem#observation#shinlhu
Tuesday, May 31, 2016
Sunday, May 22, 2016
အာဟာရ မဟာဂန္ဓာရီခရီးသည် (၁) @@ @@@@@@@@@@@@@ အမှန်တော့
အာဟာရ မဟာဂန္ဓာရီခရီးသည် (၁)
@@
@@@@@@@@@@@@@
အမှန်တော့ ငရဲနဲ့ရှင်လူ (၁) (၂) (၃)စသဖြင့်ခေါင်းစဉ်တပ်ဖို့ပါပဲ။အဲဒီ ငရဲဆိုတဲ့ ရဲလင်းကျော်အကြောင်းကလည်းရေးစရာတွေကများပြီး အလျဉ်မီအောင်မရေးနိုင်။ ဒီကြားထဲက ရှင်လူ့ခမျာ ပတ်သက်ရာအသိုင်းအဝိုင်းတွေအကြား အစာအာဟာရကိစ္စတွေကနေ့စဉ်လိုအပ်ချက်ထက် 9မကအောင်ကျော်လွန်နေလေတော့ သြဝါဒပါတိမောက်မှာ
မြတ်စွာဘုရား ရှင်က စားသုံးဖွယ်ပမာဏကိုသိရာ၏..လို့ဆုံးမထားတာကို သတိမမူသလိုများဖြစ်နေပြီလား သံသယပွားမိပေါ့။ မနေ့က မိတ်ဆွေ ကဗျာဆရာ အယ်ဒီတာတွေနဲ့ ရက်လည်တခုမှာဆုံမိရင်း ဘီယာဆိုင်ရောက်သွားကြသေးတယ်။
ကျဲကျဲတောက်နေပူရှိန်အောက်မှာ အယ်နီညိုကိုတော်လှန်ဖို့ Tuborg ဟော်လန်ဘီယာသောက်ရင်း ကဗျာခင်း စာခင်း ခံတွင်းရှင်းခဲ့ကြတယ်ဆိုပါတော့ဗျာ။ရှင်လူလည်း
ဒီလို အရက် ဘီယာကိစ္စတွေသိတ်ပြီးအသေးမစိပ်ချင်တော့ပါဘူး။ရှင်လူ့မှာမိတ်ဆွေတွေကများလေတော့ ဓမ္မလိုင်းဘက်ကလူတွေက ရှင်လူ့ကို အဝါကတ်ထောင်ပြနေတာကို လည်း မမြင်ချင်ယောင်ဆောင်နေရတဲ့ဒုက္ခကလည်းမသေးဘူးဗျ။
အဲဒါ ဒီနေ့ ညနေ ၄နာရီကျော်ကျော်လောက်မှာ ထုံးစံအတိုင်းခံတွင်းပျက်နေတဲ့ ငရဲတယောက် စက်ဘီးလေးနဲ့ ရှင်လူ့အိမ်ရောက်လာပြန်ရောခင်ဗျ။ ငရဲကထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်နှာကြီးနဲ့ အဘရေ နဂါးနီ မှာ ထမင်းကြော်ဖြစ်ဖြစ် တခုခုသွားစားရအောင်တဲ့။ ကဲ ဒါလည်းနေ့စဉ်ကိစ္စလိုဖြစ်နေလို့ ရှင်လူနိဒါန်းတွေသိပ်မပျိုးနေတော့ဘူး။လုပ်လက်စ အလုပ်တွေပစ်ချ လက်ခြေဆေးကျောပြီး စက်ဘီးတစီးစီနဲ့ နန္ဒဝန်ဈေးဘက်ထွက်ခဲ့ကြပေါ့။ ဈေးရှေ့ ရောက်တော့ လမ်းဘေးခေါက်ဆွဲဆိုင် နဂါးနီက ခုမှ ဆိုက္ကားပေါ်က ဒယ်အိုးတို့ မီးဖိုတို့ ချနေတုန်း။ နှစ်ယောက်သားအလိုက်တသိနဲ့ပဲ စက်ဘီးကိုဆက်နင်းခဲ့ကြပြီး ရှင်လူက ဘယ်သွားကြမလဲမေးတော့ ငရဲက အင်းဝက ရခိုင်အစားအစာဆိုင်ပဲသွားမယ်တဲ့။ ဒီလိုနဲ့ ရှင်လူလည်း အဲဒီနေရာမှာ အဲဒီဆိုင်ရှိနေမှန်းတောင်မသိတဲ့တောင်ဥက္ကလာပ ၆ ရပ်ကွက် အင်းဝလမ်းထိပ်``ကျောက်ဖြူ´´ရခိုင်ရိုးရာ အစားအစာဆိုင်ကိုရောက်ခဲ့တယ်။
စားပွဲမှာထိုင်မိကြတော့ Menu ကိုဖတ်ပြီး ငရဲက မြန်မာထမင်းသုတ်ပဲမှာတယ်..အသီးအရွက်ရှောင်ပေါ့။ရှင်လူကတော့ ဘာမှမမှာတတ်လို့ နန်းပြားသုတ်ပဲမှာလိုက်တယ်။နန်းပြားသုတ်လာချတော့ ငရဲက အဘငါးပေါင်းကြော်ထည့်ခိုင်းလေဆိုတာနဲ့ စားပွဲထိုး ရခိုင်မလေးကို ငါးပေါင်းကြော်ထပ်ထည့်ခိုင်းရတယ်။ဆိုင်မှန်ပုံးထဲမှာက ပင်လယ်စာလည်းအစုံပဲ။ကဏန်းတို့ ပုစွန်တို့လည်းတွေ့ရတယ်။ ပုစွန်တုပ်ကြီးတွေကို မီးသွေးဖိုနဲ့ထိုင်ကင်နေတာလည်းတွေ့ရတယ်။
ရှင်လူကတော့ ဘာမှမစားသေးခင် ထုံးစံအတိုင်းဖုန်းနဲ့ ဓာတ်ပုံတွေလိုက်ရိုက်ပေါ့။
နှစ်ယောက်သား ကိုယ့်စားစရာကိုယ်စားလို့ပြီးကြတော့ ငရဲက အဘ ငှက်ပျောပေါင်းစားပါလားတဲ့၊ ကဲ မထူးပြီ ရခိုင်ရိုးရာငှက်ပျောပေါင်းမြည်းကြည့်ဖို့ မှာခွင့်ပြုလိုက်တယ်။ငှက်ပျောပေါင်းကထူးခြားတယ်။အုန်းသီးအုန်းနို့နဲ့ပေါင်းထားတာ။ငရဲက မုန့်လုပ်ဆောင်းမှာစားတယ်။သူ့မုန့်လုပ်ဆောင်းကိုခပ်ပြီး ရှင်လူနည်းနည်းမြည်းကြည့်လိုက်တယ်။မဆိုးပါဘူး။ရှင်လူ့ငှက်ပျောပေါင်းသူ့ဘက်တိုးပေးလိုက်တော့ အဘပဲစား ကျနော်မကြိုက်လို့တဲ့။ ရှင်လူဒါတွေအသေးစိတ်ရေးပြနေတာ
အဓိက အချက် နှစ်ချက်ရှိပါတယ်။ တချို့ အထူးအဆန်းစားချင်တဲ့ မိတ်ဆွေတွေလည်းစားချင်တဲ့အခါသွားစားနိုင်အောင်လမ်းညွှန်ပေးလိုတဲ့ဆန္ဒရယ်၊ နောက်တခုက အသက် ၆၃ နှစ်အရွယ်မှာ အုပ်ထိမ်းသူမရှိ လူတကာနဲ့ တွေ့ကရာတွေကို လိုက်လံ စားသောက်နေတဲ့ ရှင်လူတယောက် ရောဂါတွေဘာတွေရပြီးရှောသွားရင်လည်း နောက်လူတွေဆင်ခြင်တွေးဆနိုင်ဖို့ပါပဲ ။သူများကြွေးသမျှလိုက်လံမျိုဆို့နေတဲ့ အလုပ်ဟာ ကြွားဝါဂုဏ်ယူစရာမဟုတ်တာ လူတိုင်းသိပါတယ်။ ဒါနဲ့ မနက်ဖြန်မနက် လမ်း
လျှောက်ကအပြန် ရှင်လူတို့Maze Walker Team က အကိုကြီးဦးမောင်မောင်စိန်က ဖိတ်ထားပြီးသား ။ ကွယ်လွန်သွားတဲ့သူ့ဇနီးသည်ကိုရည်စူးပြီး တလတကြိမ် ဘုန်းကြီးကျောင်းကို ဆွမ်းကပ်နေကျ၊ သူ့သမီးအငယ် (ဖြူလုံးတို့အမေ)ရဲ့ လက်ရာ မုန့်ဟင်းခါး။
နောက် တခု ခြေရင်းခန်းကဖွေးဖွေးသိမ့်ရဲ့ ဦးငယ်
သက်နိုင်ထွန်း (ခ)သားသားရဲ့ မွေးနေ့ နန်းကြီးသုတ်။ဒီနေ့တနေ့လုံး သားသားရဲ့ အမေနဲ့ အမတွေနဲ့ အပေါင်းပါတွေက မနက်စောစောကတည်းက ကြက်သားကိုင်ကြ ချက်ကြ ပြုတ်ကြ။ အင်းခုလတ်တလော ကတော့ မနေ့ကTuborg ဘီယာသတင်းနဲ့ ကျောက်ဖြူရခိုင်ရိုးရာ ပင်လယ်စာဆိုင်သတင်းကပုံနှစ်မျိုး နှစ်ရက်စာရောတင်လိုက်မယ် ဘော်ဒါတို့...
story#observation#shinlhu

ပန်းခရေ.. ******* တခါတုန်းက နယ်မြို့လေးတမြို့မှာ(ပန်းခရေကဗျာမိသားစု)ဆိုတဲ့ အဖွဲ့လေးတဖွဲ့ရှိခဲ့တယ်၊ တနေ့မှာအဲဒီကဗျာဆရာ
ပန်းခရေ..
*******
တခါတုန်းက နယ်မြို့လေးတမြို့မှာ(ပန်းခရေကဗျာမိသားစု)ဆိုတဲ့ အဖွဲ့လေးတဖွဲ့ရှိခဲ့တယ်၊
တနေ့မှာအဲဒီကဗျာဆရာ ပေါက်စလေးတွေ
ဟာ မြို့လယ် ဈေးပိုင်းအရပ် ဘုန်းကြီး
ကျောင်း ပဝါရနာပွဲမှာ ဇာတ်ကဖို့ ဇာတ်တိုက်ခဲ့ကြတယ်။ အဲဒီမှာ ကဗျာလွတ်အက ကရမယ့် ကဗျာဆရာလေးဟာ မကတတ်လေတော့ ကတတ်တဲ့ကဗျာဆရာလေးက လက်အနေအထားကို မုန့်လေပွေ ဖုတ်သလို ကရတယ်ဆိုပြီးသင်ပေးခဲ့တယ် ၊အလက ကျောင်းကလေးရဲ့ စာရေးခုံလေးတွေကို
လက်ဖနောင့်နဲ့ ခေါက်ရင်း တိုးဗေတိုးဗေ. .
တိုးဗေတိုးဗေ ....ကဗျာလွတ် ဗုံသံလေးဟာ
လေထဲမှာ လွင့်ပျံနေခဲ့တာ ... ၄၇ နှစ်တောင်ကြာခဲ့ပါပကော...

သန့်စင်ခန်း ®®®®® ညိုမြသွေး ဆိုပြီးတဲ့သီချင်းစာသားတွေကိုမေ့ပစ် ချစ်သူ့ မျက်နှာကိုလည်းမေ့ပစ် တနေ့ပြီးတနေ့ ဗာဟီရကိစ္စတွေကို Refrash
သန့်စင်ခန်း
®®®®®
ညိုမြသွေး
ဆိုပြီးတဲ့သီချင်းစာသားတွေကိုမေ့ပစ်
ချစ်သူ့ မျက်နှာကိုလည်းမေ့ပစ်
တနေ့ပြီးတနေ့ ဗာဟီရကိစ္စတွေကို
Refrash ပြန်လုပ်ရင်း မောပန်းခဲ့သမျှ
လူ့ဘဝဆိုတာ Shut down ချထားဖို့လည်းလိုတာပဲ။

ကိုတီကောင်၏နေ့စဉ်မှတ်တမ်း <><><><><><> ညိုမြသွေး လိပ်ကလည်း သူ့အခွံနဲ့သူ ဖြူကောင်ကလည်း သူ့ဆူးတွေနဲ့သူ လောကဓံကို
ကိုတီကောင်၏နေ့စဉ်မှတ်တမ်း
<><><><><><>
ညိုမြသွေး
လိပ်ကလည်း သူ့အခွံနဲ့သူ
ဖြူကောင်ကလည်း သူ့ဆူးတွေနဲ့သူ
လောကဓံကို ကြံဖန်ကြောက်
ဗျူဟာမြောက် လက်နက်ကိရိယာတွေပိုင်ထားတာတောင်
ကြောင်တောင်တောင် ကြောက်စိတ်ပွား
အဖျားကြီးဖျားနေကြ။
သတ္တဝါဆိုတာ သဗ္ဗေသတ္တာ ကမ္မသကာ
ကံပါတော့ ရှောင်မလွဲ အနိစ္စ ပဲလေ
မမြဲခြင်း သဘောတွေ။ ။
ညိုမြသွေး
12 May 2016
5:46 PM
poem#observation#shinlhu
<><><><><><>
ညိုမြသွေး
လိပ်ကလည်း သူ့အခွံနဲ့သူ
ဖြူကောင်ကလည်း သူ့ဆူးတွေနဲ့သူ
လောကဓံကို ကြံဖန်ကြောက်
ဗျူဟာမြောက် လက်နက်ကိရိယာတွေပိုင်ထားတာတောင်
ကြောင်တောင်တောင် ကြောက်စိတ်ပွား
အဖျားကြီးဖျားနေကြ။
သတ္တဝါဆိုတာ သဗ္ဗေသတ္တာ ကမ္မသကာ
ကံပါတော့ ရှောင်မလွဲ အနိစ္စ ပဲလေ
မမြဲခြင်း သဘောတွေ။ ။
ညိုမြသွေး
12 May 2016
5:46 PM
poem#observation#shinlhu
သန့်စင်ခန်း ®®®®® ညိုမြသွေး ဆိုပြီးတဲ့သီချင်းစာသားတွေကိုမေ့ပစ် ချစ်သူ့ မျက်နှာကိုလည်းမေ့ပစ် တနေ့ပြီးတနေ့ ဗာဟီရကိစ္စတွေကို Refrash
သန့်စင်ခန်း
®®®®®
ညိုမြသွေး
ဆိုပြီးတဲ့သီချင်းစာသားတွေကိုမေ့ပစ်
ချစ်သူ့ မျက်နှာကိုလည်းမေ့ပစ်
တနေ့ပြီးတနေ့ ဗာဟီရကိစ္စတွေကို
Refrash ပြန်လုပ်ရင်း မောပန်းခဲ့သမျှ
လူ့ဘဝဆိုတာ Shut down ချထားဖို့လည်းလိုတာပဲ။
ညိုမြသွေး
poem#observation#shinlhu
®®®®®
ညိုမြသွေး
ဆိုပြီးတဲ့သီချင်းစာသားတွေကိုမေ့ပစ်
ချစ်သူ့ မျက်နှာကိုလည်းမေ့ပစ်
တနေ့ပြီးတနေ့ ဗာဟီရကိစ္စတွေကို
Refrash ပြန်လုပ်ရင်း မောပန်းခဲ့သမျှ
လူ့ဘဝဆိုတာ Shut down ချထားဖို့လည်းလိုတာပဲ။
ညိုမြသွေး
poem#observation#shinlhu
အလွဲများ ©€$@^ ညိုမြသွေး ပူအိုက်တာ စာမဖွဲ့ချင် ရေငတ်နေသူတွေအတွက် စိတ်ထဲမကောင်း လမ်းမပေါ်တဗြန်းဗြန်း ရေပေါတိုင်းဖျန်းနေကြ ဗွက်တွေတောင်ထလို့.... ညိုမြသွေး 14
အလွဲများ
©€$@^
ညိုမြသွေး
ပူအိုက်တာ စာမဖွဲ့ချင်
ရေငတ်နေသူတွေအတွက် စိတ်ထဲမကောင်း
လမ်းမပေါ်တဗြန်းဗြန်း
ရေပေါတိုင်းဖျန်းနေကြ
ဗွက်တွေတောင်ထလို့....
ညိုမြသွေး
14 May 2016
7:40 PM
poem#observation#shinlhu
©€$@^
ညိုမြသွေး
ပူအိုက်တာ စာမဖွဲ့ချင်
ရေငတ်နေသူတွေအတွက် စိတ်ထဲမကောင်း
လမ်းမပေါ်တဗြန်းဗြန်း
ရေပေါတိုင်းဖျန်းနေကြ
ဗွက်တွေတောင်ထလို့....
ညိုမြသွေး
14 May 2016
7:40 PM
poem#observation#shinlhu
ဥပဒေ သမိုင်းအကျဉ်း $£€®$£€®£€ ညိုမြသွေး ဥပဒေကို နတ်ဘုရားတွေက
ဥပဒေ သမိုင်းအကျဉ်း
$£€®$£€®£€
ညိုမြသွေး
ဥပဒေကို နတ်ဘုရားတွေက လုပ်တယ်
ဥပဒေကို ဧကရာဇ်တွေက လုပ်တယ်
ဥပဒေကို ပင်လယ်ဓားပြတွေက လုပ်တယ်
ဥပဒေကို အလုပ်သမားတွေက လုပ်တယ်
ဥပဒေကို ကျည်ဆံတွေနဲ့ လုပ်တယ်
ဥပဒေကို ဘီလီယံ ငွေနဲ့ လုပ်တယ်
ဥပဒေကို တိရိစ္ဆာန်တွေနဲ့ စိတ်မမှန်သူတွေကလည်း လုပ်ခဲ့တာပဲ...
ဒါပေမယ့် ဥပဒေဟာ နှစ်ခုပဲ ရှိတယ်...
Jungle Law နဲ့ Human Right....
ညိုမြသွေး
13 May 2016
9:15 AM

Thursday, May 19, 2016
ငရဲနဲ့ရှင်လူ (၃) ~<~>~<~> ရဲလင်းကျော်အကြောင်းတွေက ရေးစရာအများကြီးကျန်နေတယ်။ဒါကြောင့် ငရဲနဲ့ရှင်လူ(၃)ဆိုပြီး
ငရဲနဲ့ရှင်လူ (၃)
~<~>~<~>
ရဲလင်းကျော်အကြောင်းတွေက ရေးစရာအများကြီးကျန်နေတယ်။ဒါကြောင့်
ငရဲနဲ့ရှင်လူ(၃)ဆိုပြီး ကြုံသလိုနံပတ်စဉ်ထိုး
လိုက်ပါတယ်။ သင်္ကြန်အလွန် နှစ်ဆန်း
(၁)ရက် ညနေ ၅ နာရီလောက် ရောက်လာပြီး အဘ မော်လမြိုင်ရွှေရင်အေး
ဆိုင်မှာ ကွေ့တီယိုသုတ်သွားစားရအောင်တဲ့။
ရှင်လူလည်းသိတ်မဆာတာနဲ့ ငါမဆာပါဘူးကွာ ဒီနေ့ ဟိုအိမ် ဒီအိမ်တွေကပို့တဲ့ မုန့်တွေ ငါကုန်အောင်တောင်မစားနိုင်ဘူး ဗိုက်ကြီးတောင်ကယ်နေပြီ ဆိုတော့ သူ
မျက်နှာမကောင်း။ လာပါအဘရာ မစားလည်းတခုခုသောက်ပေါ့ ဆိုပြန်တော့ တဂျီဂျီ မရမက ဆက်ခေါ်နေမှာကတကြောင်း
မိမိကိုယ်တိုင်လည်း ရာသီဥတုအပူဒဏ်ကြောင့်နုံးနေတာကတကြောင်းကြောင့် အေးကွာ ဒိန်ချဉ်လောက်တော့သောက်လို့ ဖြစ်ပါတယ်
ဆိုပြီး စက်ဘီးတစီးနဲ့ထလိုက်လာခဲ့တယ်။
ဆိုင်ရောက်တော့ အဘ ဘာသောက်မလဲ
ဖာလူဒါေ သာက္ပါလား တဲ့။ ဒိန်ချဉ်ပဲသောက်
ပါ့မယ်ကွာ ဆြိုပီး ဒိန်ချဉ်ပဲမှာလိုက်တယ်။
သူကတော့ ကွေ့တီယိုသုတ်ကို ကန်စွန်းရွက်မထည့်နဲ့ အသားပိုထည့်ဆိုပြီးမှာ
လိုက်တယ်။သူ့ကွေ့တီယို ရောက်လာတော့
အဘ စားကြည့်ပါလားဆိုတာနဲ့ နည်းနည်းမြည်းကြည့်လိုက်တယ်။သိတ်မကြိုက်လှ၊ ရှမ်းခေါက်ဆွဲနဲ့ခပ်ဆင်ဆင် ပဲပင်ပေါက်တွေထည့်သုတ်ထားတာ။နှစ်ယောက်သား စားကြသောက်ကြပြီးထမယ်ကြံတော့ အဘ လက်ဖက်ရည်ဆိုင်သွားရအောင်၊ကျနော်လက်ဖက်ရည်သောက်ချင်လို့ပါတဲ.။ ခုမှတော့မထူးပြီ။ နှစ်ယောက်သားစက်ဘီး
ကိုယ်စီနဲ့ ရပ်ကွက်ထဲ ဘုရားကျောင်းနားကဆိုင်သစ်ဆီထွက်လာခဲ့ကြ။လမ်းတဝက်ကျတော့ အဘ ကိုယ်တိုက်ဆပ်ပြာရှိလားတဲ့ ၊ရှိပါတယ်ဆိုတော့ အဘကိုကျနော်ဝယ်ကန်တော့မလို့တဲ့။ကဲ မထူးတော့ဘူး အိမ်ကဆပ်ပြာကလည်း အနံက ပျော့နေတော့ အနံ့ပြင်းပြင်းလိုချင်နေတာ။မေတ္တာတော်နားကကုန်စုံဆိုင်ဝငိပြီး Camel တတုံး Fuji ဆပ်ပြာခရင်တဘူး ဝင်ဝယ်လာခဲ့တယ်။ငါ
ဓာတ်ပုံရိုက်ပြီးfb တင်လိုက်မယ်ဆိုတော့
နေပါဦး ပစ္စည်းစုံမှတင်ပါ တဲ့။ဒါနဲ့ အဲဒီနေ့က
လက်ဖက်ရည် တခွက်စီသောက်ပြီးလမ်းခွဲခဲ့ကြတယ်။လမ်းမှာသူ့ကိုထပ်မှာလိုက်သေးတယ်။ မင်းငါ့ကိုပစ္စည်းတွေသိပ်ပေးမနေနဲ့ မင်းအတွက်လည်းငါဘာမှ လုပ်ပေးနိုင်တာမဟုတ်ဘူး ဆိုတော့ အဘပြောသလို ကျနော့ ဇောတွေကကျနော်ကုသိုလ်ရမှာပေါ့ တဲ့။
ဒီလိုနဲ့ ၂၂ ရက်ညနေမှာ ငရဲ အထုပ်ကြီးတထုပ်နဲ့ အိမ်ထဲဝင်လာပြန်တယ်။
Greentea silky Hair Coat ကအစ အစာကြေလေနိုင်ဆေးထုပ်များအထိ၊
Palmolive shampoo &conditioner.
မျက်နှာကပ်ရတယ်ဆိုတဲ့ အထုပ်တွေကတမျိုး
ရွှေဝါဆပ်ပြာ နှစ်တောင့်။အဘ တရားနာရအောင်ဆိုပြီး Bluetooth Mini
Speaker ရယ် Mp3 ပါသုံးနိုင်တဲ့ Fm Radio တလုံးရယ်။သွားတိုက်ဆေးသွားပွတ်တံ ဝမ်းဆက်တစုံရယ် ။ဓားအပိုကတ်တွေပါတဲ့
Platinum Coat ဂျုတ်တစုံရယ်။မျက်နှာလိမ်းတဲ့ Pond Cream
ဗူးကနှစ်ခု ။ ရေးပြရတာ ရင်မောတယ်။
Notebook သုံးအုပ်နဲ့ ဘောပင်ကလက်တဆုပ်စာပါသေးတယ်။ဒါနဲ့ရှင်လူလည်းသူ့ကို ကြည့်ပြီး မင်းဟာတွေက မင်းလိုလူငယ်တယောက်အသုံးတည့်တာတွေပဲ ငါ့ပေးမယ့်အစား မင်းပဲသုံးပေါ့ဆိုတော့
ကျနော့မှာ အလကားအပိုဖြစ်နေလို့အဘကိုပေးတာပါတဲ့။ကဲ ဒါဆိုလဲ တချို့ ဟာတွေ ကိုတော့ ငါ့သားလိုသမီးလိုနေတဲ့သူတွေကိုပြန်ပေးပစ်မယ်ဆိုတော့ Bluetooth Speaker ကတော့မပေးပါနဲ့ အဘတရားနာစေချင်လို့ပါတဲ့ ။ဒုက္ခပဲ အဘကတရားနာဖို့ထက် အဒဲတို့ တေလာဆွစ်တို့နားထောင်ချင်တာ..အဲ တခုတော့ရှိတယ် ခုရက်ပိုင်း ရှင်လူ့အာရုံထဲမှာ ပဋ္ဌာန်းဒေသနာကိုဓာတ်ကျနေတယ်။
၂၄ ပစ္စည်းတောင် ၃ခေါက်လောက်ရွတ်ပြီးမှ
အိပ်ယာဝင်တာ။ပဋ္ဌာန်းနိဒ္ဒေသ ကောင်းကောင်းတော့ Mp3 နဲ့ နာရမယ်။
Notebook ၃ အုပ်ထဲက Leather သားရေ
အဖုံးနဲ့တအုပ်ကိုတော့ သယ်ရင်းနွေလယ်နေကိုပေးမယ့် ကွမ်ကြိုး
ဘောပင်နဲ့တွဲပေးလိုက်မယ်။ ဒါတောင် ငရဲ
က သူ့ဦးလေး ဦးအောင်အိမ်က တီဗွီ အသစ်လဲမလို့ အဲဒါ အဘကြည့်ရအောင်ကျနော်တောင်းထားတယ် အင်တင်နာ နှစ်လိုင်းပူးရင် သတင်းတွေဘာတွေ ကောင်းကောင်းကြည့်ရတာပေါ့တဲ့။ အဲဒါ
ရှင်လူက ဟေ့ကောင် နေဦး ငါမလိုချင်ဘူး
ခုချိန်ကစပြီး မင်း ငါ့ကို အပေးအကမ်းတွေ
ရပ်ထားဦး။ သူ့ တီဗွီကြီးက အဘ စားပွဲနုဲ့
ဆန့်ပါ့မလားတဲ့။ဘုရား ဘုရား မဆန့်ပါစေနဲ့
အိမ်ရှင် အဘွားကြီးက ဒီကောင် စပေါ်လည်း
တပြားမှမရှိ အိမ်လခကျတော့ ၂လ ၃ လ
အကြွေးတွေထပ်။ ငါကသူ့ကို စပေါ်ပြန်တင်နေရတယ် ဒီသောက်တီဗွီကြီးကျတော့ ဝယ်လာတယ်ဆိုပြီး အိမ်ပေါ်က ကန်ချခံရမှ ။
ကယ်တော်မူပါ့ ဘုရားသခင်...

Saturday, May 14, 2016
သမိုင်းအကျဉ်း ~~~~~~~~ ညိုမြသွေး ငှက်ဆိုးကတော့ ဥသြထက်စာရင် သူ့အသံ ပိုကောင်း
သမိုင်းအကျဉ်း
~~~~~~~~
ညိုမြသွေး
ငှက်ဆိုးကတော့ ဥသြထက်စာရင်
သူ့အသံ ပိုကောင်း ထင်တာပဲ...
ဒါပေမယ့် လောက က
Voting နဲ့ပဲ ဆုံးဖြတ်တယ်..
ဒါတောင် ငါတို့ ငှက်ဆိုးခေတ်တွေအများကြီးနေခဲ့ရ....
သေလိုက်ကြတာလည်း အလောင်း
တောင်တန်းကြီးတွေ အထပ်ထပ်....
ညိုမြသွေး
11 May 2016
11:39AM

ကိုယ်ပိုင်ပစ္စည်း ®®®®®®® ညိုမြသွေး ငါ.မျက်လုံးကိုကြည့်လိုင်စမ်း အရမ်းတောက်ပနေတဲ့ ကြယ်တလုံးကိုတွေ့မယ်... သတ္တိကိုတွေ့မယ်... ကြောက်ရွံ.မှိန်ဖျော့နေတဲ့ မီးခိုးတိမ်တိုက်ကိုတော့တွေ့မှာမဟုတ်ဘူး။ မျက်လုံးအဟောင်းတွေကို
ကိုယ်ပိုင်ပစ္စည်း
®®®®®®®
ညိုမြသွေး
ငါ.မျက်လုံးကိုကြည့်လိုင်စမ်း
အရမ်းတောက်ပနေတဲ့ ကြယ်တလုံးကိုတွေ့မယ်...
သတ္တိကိုတွေ့မယ်...
ကြောက်ရွံ.မှိန်ဖျော့နေတဲ့ မီးခိုးတိမ်တိုက်ကိုတော့တွေ့မှာမဟုတ်ဘူး။
မျက်လုံးအဟောင်းတွေကို ဒီလောက်ကောင်းလာအောင်
ငါဘယ်လောက်ပေးဆပ်ခဲ့ရတယ်ဆိုတာ
ဘုရားမှပဲသိတော့မယ်။
ညိုမြသွေး
7 May 2016
poem#observation#shinlhu
ှိ့

Tuesday, May 10, 2016
ဠင်းတဘောဂဗေဒ $$$$$$ ညိုမြသွေး မုန်တိုင်းက လက်သမားဆရာ အတွက် မယားငယ်
ဠင်းတဘောဂဗေဒ
$$$$$$
ညိုမြသွေး
မုန်တိုင်းက လက်သမားဆရာ အတွက်
မယားငယ် ကို သယ်ဆောင်လာသလိုမျိုး
မဆလနှောင်းပိုင်းသတင်းဆောင်းပါးတပုဒ်ခေါင်းစဉ်က ``ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင်နိုင်သေးသပ´´တဲ့
အိန္ဒိယမှာရေဘေးသင့်လို့ မြန်မာ့ဆန် ဈေးကောင်းရမယ်ဆိုပဲ...
ရောင်းလိုအားနဲ့ဝယ်လိုအား
ဘောဂဗေဒကျမ်းအစောင်စောင်မဖတ်ဖူးခဲ့ပေမယ့်
မသာအိမ်မှာဖဲရိုက်စားတဲ့လင်မယားအတွက်ကတော့
အရပ်ထဲမှာ ဘယ်အိမ် ဘယ်လမ်းက ဘယ်သူအသက်ငင်နေပြီ ..ဆိုတဲ့သတင်းဟာ
ဝန်ရိုးစွန်းရေခဲတောင်တွေ အရည်ပျော်တဲ့သတင်းထက်
အများကြီး...အများကြီး..ပဓာနကျတယ်။
ညိုမြသွေး
Sat,30 Apr 2016

ထောင်ချောက်များ $$$$$$$$$ ညိုမြသွေး ကမ္ဘာမြေကို တက်တူးထိုးသူတွေက ငါတို့နဖူးကို ဒုက္ခအဆစ်ပေးခဲ့... ငါကလေထီးခုန်ရမယ့်အလှည့်ပါ လေယာဉ်ကိုပြန်ပေးအဆွဲမခံရအောင် စောင့်ရှောက်ပေးတော်မူပါ... စိတ်ရော
ထောင်ချောက်များ
$$$$$$$$$
ညိုမြသွေး
ကမ္ဘာမြေကို တက်တူးထိုးသူတွေက
ငါတို့နဖူးကို ဒုက္ခအဆစ်ပေးခဲ့...
ငါကလေထီးခုန်ရမယ့်အလှည့်ပါ
လေယာဉ်ကိုပြန်ပေးအဆွဲမခံရအောင်
စောင့်ရှောက်ပေးတော်မူပါ...
စိတ်ရော ရုပ်ပါ လွတ်မြောက်လိုရဲ့
စိတ်ကလေထဲအရောက်
ရုပ်ကိုသေနတ်ပြောင်းအောက်မှာ
ငါ ..မထားခဲ့နိုင်ပါ
ဘာမဟုတ်တဲ့ပန်းတွေ အစွမ်းကုန်ပွင့်နေတော့ ပန်းခြံကအမှိုက်တွေပွလို့
မြေပြင်အခြေအနေ အချက်ပြပါ
နေရာမှားဆင်းမိပြီးရင်တော့
ပြန်လမ်းဆိုတာ ....
ဘယ်အဘိဓာန်မှာမှ မရှိနိုင်ပါ။
ညိုမြသွေး
5,May 2016

Monday, May 9, 2016
ခင်ဗျားတို့ပြောပြောနေတဲ့ငြိမ်းချမ်းရေးကို ©©©©©©©© ကျနော်မသိလို့ ရှင်းပြနိုင်မလား ££££ ညိုမြသွေး ပေါင်မုန့်ဖုတ်သမားက သူ့ပေါင်မုန့်ကို ငြိမ်းချမ်းရေးလို့အော်ပြီး
ခင်ဗျားတို့ပြောပြောနေတဲ့ငြိမ်းချမ်းရေးကို
©©©©©©©©
ကျနော်မသိလို့ ရှင်းပြနိုင်မလား
££££
ညိုမြသွေး
ပေါင်မုန့်ဖုတ်သမားက သူ့ပေါင်မုန့်ကို
ငြိမ်းချမ်းရေးလို့အော်ပြီး မီးဖိုထဲ ထည့်လိုက်တယ်..
မြက်ရိတ်သမားက မြက်တွေကိုတံစဉ်နဲ့ရိတ်ပြီး
ငြိမ်းချမ်းရေးလို့ အော်ခဲ့တယ်..
ကုတို့သမ္ဗာန်သမားက လှော်တက်တွေကို
အားသွန်ဆွဲရင်း ငြိမ်းချမ်းရေးကိုရွတ်ခဲ့တယ်
ကျေးလက်စာသင်ကျောင်းကဆရာမလေးက
သင်ပုန်းပေါ်မှာမြေဖြူနဲ့ ငြိမ်းချမ်းရေးကိုရေးခဲ့တယ်..
ပန်းရံဆရာက အင်္ဂတေကို သံလျက်နဲ့ကော်ပြီး
ငြိမ်းချမ်းရေးကိုဖြည့်ခဲ့တယ်..
တက္ကစီ ဒရိုင်ဘာလေးက မီးပွိုင့်ကိုမော့ကြည့်ရင်း ငြိမ်းချမ်းရေးကို လေချွန်ခဲ့တယ်..
ကလေးမိခင်က ရင်ခွင်ပိုက်ကလေးကိုနို့တိုက်ရင်း ငြိမ်းချမ်းရေး ကိုညည်းခဲ့တယ်...
အမေအိုက ကြေးအမြောက်ဆန်ပန်းအိုးထဲ
အောင်သပြေပန်းတွေထည့်လို့ ငြိမ်းချမ်းရေးကိုဆုတောင်းခဲ့တယ်..
ဟိုး လမ်းထိပ်က ဒယီးဒယိုင် အရက်သမားကတောင် ငြိမ်းချမ်းရေးပန်းခင်းကိုဆိုလို့
၊ဝတ်ပြုကျောင်းပေါ်က လေးလံတဲ့ခေါင်းလောင်းကြီးကလည်း ငြိမ်းချမ်းရေးပဲ
ထပ်ခါ ထပ်ခါမြည်တယ်...
ပန်းခြံဝမှာ အလှပြထားတဲ့ စစ်ကျန်အမြောက်ကြီးကလည်း ငြိမ်းချမ်းရေးကို ထိုင်စောင့်လို့
ရက်ရက်စက်စက် လူတွေကိုသတ်နေတဲ့
စစ်ဘုရင်ကြီးကတောင် ငြိမ်းချမ်းရေးဆွေးနွေးဦးမတဲ့...
မှောင်ရီဖြိုးဖျ ကွင်းစပ်မှာ တလက်လက်မြူးနေကြတဲ့ ပိုးစုန်းကြူးလေးတွေနဲ့
သန်းခေါင်ကျော်လင်းအားကြီးမှာ ထထထိုးတတ်တဲ့ ငှက်ဆိုးကတောင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေလိုပါသတဲ့...
ကဲ ကဲ ငြိမ်းချမ်းရေးကိစ္စဟာ
ကာစတမ်မာတွေဖက်က အမြဲမှန်သလား
ပရိုဒတ်ရှင်းလား ၊ မားကက်တင်းလား၊ဆားဗစ်ဆင်းလား...ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းစုကြီးလား ၊ ပန်းချီပြပွဲ တခုလား၊အပျင်းပြေအသင့်စားသုံးနိုင်တဲ့ သွားရည်စာလား..
ဒါမမဟုတ် အင်တာတိန်းမင့် သက်သက်လား.......
ညိုမြသွေး
5 May 2016
11:05 PM

Friday, May 6, 2016
ဖြတ်ထုံးများ <><><>< ညိုမြသွေး ရေသန့်ပုလင်းနဲ့ အရက်ပုလင်းမှားသောက်တဲ့အမှုမှာ သီလသမားဘက်ကနစ်နာသလို အရက်သမားဘက်ကလည်း နစ်နာခဲ့ရ... ပြဿနာတခုကို ဆုံးဖြတ်စီရင်တဲ့အခါ လူကြားကောင်းရုံဖြတ်ထုံးလောက်နဲ့တော့ တရားရုံးတခုဖြစ်မှာမဟုတ်ဘူး။ ညိုမြသေ
ဖြတ်ထုံးများ
<><><><
ညိုမြသွေး
ရေသန့်ပုလင်းနဲ့ အရက်ပုလင်းမှားသောက်တဲ့အမှုမှာ
သီလသမားဘက်ကနစ်နာသလို
အရက်သမားဘက်ကလည်း နစ်နာခဲ့ရ...
ပြဿနာတခုကို
ဆုံးဖြတ်စီရင်တဲ့အခါ
လူကြားကောင်းရုံဖြတ်ထုံးလောက်နဲ့တော့
တရားရုံးတခုဖြစ်မှာမဟုတ်ဘူး။
ညိုမြသွေး
21,Apr 2016

Wednesday, May 4, 2016
အလွန်ယားတဲ့ရာသီ !!!!!!!!!!!!!!! ညိုမြသွေး သတင်းတွေက လှိုင်းလုံးလို တဝုန်းဝုန်းဆောင့်တက်နေတယ် တော်လှန်ရေးတော့ တော်လှန်ရေးပဲ မြေရှင်ပဒေသရာဇ်ကိုလား ဖက်ဆစ်ကိုလား စစ်အာဏာရှင်ကိုလား ပေါင်မပြည့်
အလွန်ယားတဲ့ရာသီ
!!!!!!!!!!!!!!!
ညိုမြသွေး
သတင်းတွေက လှိုင်းလုံးလို
တဝုန်းဝုန်းဆောင့်တက်နေတယ်
တော်လှန်ရေးတော့ တော်လှန်ရေးပဲ
မြေရှင်ပဒေသရာဇ်ကိုလား
ဖက်ဆစ်ကိုလား
စစ်အာဏာရှင်ကိုလား
ပေါင်မပြည့် လမစေ့တဲ့အစိုးရကိုလား...
လက်ဖက်ရည်စားပွဲမှာ အတူထိုင်ဖြစ်တဲ့
ကလေးတွေပြလို့ ဇွန်သဉ္စာကိုကြည့်မိတယ်
ဘုရား ဘုရား တော်လှန်ရေးဟာ
စကားလုံးတွေ အခွေထစ်သွားပေါ့
ပုဒ်မအားလုံးပြင်ရမလား
ခြေဥ စိမ်းကိုပဲ ပြုပြင်သုံးမလား
အတွင်းခံဘောင်းဘီထဲ ဂျပိုးဝင်နေသလို
တော်လှန်ရေး ဟာ
ယားလည်းယား ကုတ်ရလည်းခက်
မက်ထရိုပိုလီတန်မြို့ကြီးသား စတိုင်နဲ့
မသိချင်ယောင်ဆောင်လိုက် ရမလား။
ညိုမြသွေး
11 Apr 2016
poem#observation#shinlhu
ိ
!!!!!!!!!!!!!!!
ညိုမြသွေး
သတင်းတွေက လှိုင်းလုံးလို
တဝုန်းဝုန်းဆောင့်တက်နေတယ်
တော်လှန်ရေးတော့ တော်လှန်ရေးပဲ
မြေရှင်ပဒေသရာဇ်ကိုလား
ဖက်ဆစ်ကိုလား
စစ်အာဏာရှင်ကိုလား
ပေါင်မပြည့် လမစေ့တဲ့အစိုးရကိုလား...
လက်ဖက်ရည်စားပွဲမှာ အတူထိုင်ဖြစ်တဲ့
ကလေးတွေပြလို့ ဇွန်သဉ္စာကိုကြည့်မိတယ်
ဘုရား ဘုရား တော်လှန်ရေးဟာ
စကားလုံးတွေ အခွေထစ်သွားပေါ့
ပုဒ်မအားလုံးပြင်ရမလား
ခြေဥ စိမ်းကိုပဲ ပြုပြင်သုံးမလား
အတွင်းခံဘောင်းဘီထဲ ဂျပိုးဝင်နေသလို
တော်လှန်ရေး ဟာ
ယားလည်းယား ကုတ်ရလည်းခက်
မက်ထရိုပိုလီတန်မြို့ကြီးသား စတိုင်နဲ့
မသိချင်ယောင်ဆောင်လိုက် ရမလား။
ညိုမြသွေး
11 Apr 2016
poem#observation#shinlhu
ိ
Subscribe to:
Posts (Atom)