ရန်ကုန်ဖားကန့်က မြေစာပုံအောက်မှာ
^^^^^^^^^^^^^^^^^^
ညိုမြသွေး
ငါတို့လည်း ရန်ကုန်မှာနေရင်း
ရေမဆေးကျောက်ရှာသလို
နေ့စဉ်ရှာခဲ့ကြ။
သူများတကာစွန့်ပစ်လိုက်တဲ့ အရေးမပါတဲ့
စားကျက်မြေပေါ်အလုအယက်
ကြက်တွေ ယက်သလို
တနေကုန်အောင်ယက်ခဲ့ကြ
အဲဒါ သမ္မာအာဇီဝမြေစာပုံခေါ်ရမလား
ခိုးမစားပေမယ့်
လုပ်စားသူတွေကျ
မိုးကလည်းခေါင် ခွေးကလည်းဟောင်။
ဒီလိုနဲ့ ပြိုကျမြေစာပုံအောက်
ငါတို့ ဘယ်နှယောက် နစ်မြုပ်ခဲ့ပြီလဲ
အလောင်းတောင်ပြန်မရတဲ့ဘဝတွေ
ဘယ်လောက်များပြားခဲ့ပြီလဲ
စက်ယန္တယား အသစ်ကြီးတွေကဘယ်နှလောင်းရှာတွေ့ပါ့မလဲ
သံသယလည်းရှိ
မျှော်လင့်ချက်လည်းရှိတဲ့ ငါတို့အားလုံးဟာ
အာစေးတွေမိလို့။ ။
ညိုမြသွေး
29 May 2016
11:00 PM
poem#observation#shinlhu
No comments:
Post a Comment