Tuesday, May 10, 2016

ထောင်​​ချောက်​များ $$$$$$$$$ ညိုမြ​သွေး ကမ္ဘာ​မြေကို တက်​တူးထိုးသူ​တွေက ငါတို့နဖူးကို ဒုက္ခအဆစ်​​ပေးခဲ့... ငါက​လေထီးခုန်​​​ရမယ့်​အလှည့်​ပါ ​လေယာဉ်​ကိုပြန်​​ပေးအဆွဲမခံရ​အောင်​ ​စောင့်​​ရှောက်​​ပေး​တော်​မူပါ... စိတ်​​ရော

ထောင်​​ချောက်​များ
$$$$$$$$$
ညိုမြ​သွေး
ကမ္ဘာ​မြေကို တက်​တူးထိုးသူ​တွေက
ငါတို့နဖူးကို ဒုက္ခအဆစ်​​ပေးခဲ့...
ငါက​လေထီးခုန်​​​ရမယ့်​အလှည့်​ပါ
လေယာဉ်​ကိုပြန်​​ပေးအဆွဲမခံရ​အောင်
စောင့်​​ရှောက်​​ပေး​တော်​မူပါ...
စိတ်​​ရော ရုပ်​ပါ လွတ်​​မြောက်​လိုရဲ့
စိတ်​က​လေထဲအ​ရောက်
ရုပ်​ကို​သေနတ်​​ပြောင်း​အောက်​မှာ
ငါ ..မထားခဲ့နိုင်​ပါ
ဘာမဟုတ်​တဲ့ပန်း​တွေ အစွမ်းကုန်​ပွင့်​​နေ​တော့ ပန်းခြံကအမှိုက်​​တွေပွလို့
မြေပြင်​အ​ခြေအ​နေ အချက်​ပြပါ
နေရာမှားဆင်းမိပြီးရင်​​တော့
ပြန်​လမ်းဆိုတာ ....
ဘယ်​အဘိဓာန်​မှာမှ မရှိနိုင်​ပါ။
ညိုမြ​သွေး
5,May 2016
poem#observation#shinlhu

No comments:

Post a Comment