ငရဲနဲ့ရှင်လူ (၃)
~<~>~<~>
ရဲလင်းကျော်အကြောင်းတွေက ရေးစရာအများကြီးကျန်နေတယ်။ဒါကြောင့်
ငရဲနဲ့ရှင်လူ(၃)ဆိုပြီး ကြုံသလိုနံပတ်စဉ်ထိုး
လိုက်ပါတယ်။ သင်္ကြန်အလွန် နှစ်ဆန်း
(၁)ရက် ညနေ ၅ နာရီလောက် ရောက်လာပြီး အဘ မော်လမြိုင်ရွှေရင်အေး
ဆိုင်မှာ ကွေ့တီယိုသုတ်သွားစားရအောင်တဲ့။
ရှင်လူလည်းသိတ်မဆာတာနဲ့ ငါမဆာပါဘူးကွာ ဒီနေ့ ဟိုအိမ် ဒီအိမ်တွေကပို့တဲ့ မုန့်တွေ ငါကုန်အောင်တောင်မစားနိုင်ဘူး ဗိုက်ကြီးတောင်ကယ်နေပြီ ဆိုတော့ သူ
မျက်နှာမကောင်း။ လာပါအဘရာ မစားလည်းတခုခုသောက်ပေါ့ ဆိုပြန်တော့ တဂျီဂျီ မရမက ဆက်ခေါ်နေမှာကတကြောင်း
မိမိကိုယ်တိုင်လည်း ရာသီဥတုအပူဒဏ်ကြောင့်နုံးနေတာကတကြောင်းကြောင့် အေးကွာ ဒိန်ချဉ်လောက်တော့သောက်လို့ ဖြစ်ပါတယ်
ဆိုပြီး စက်ဘီးတစီးနဲ့ထလိုက်လာခဲ့တယ်။
ဆိုင်ရောက်တော့ အဘ ဘာသောက်မလဲ
ဖာလူဒါေ သာက္ပါလား တဲ့။ ဒိန်ချဉ်ပဲသောက်
ပါ့မယ်ကွာ ဆြိုပီး ဒိန်ချဉ်ပဲမှာလိုက်တယ်။
သူကတော့ ကွေ့တီယိုသုတ်ကို ကန်စွန်းရွက်မထည့်နဲ့ အသားပိုထည့်ဆိုပြီးမှာ
လိုက်တယ်။သူ့ကွေ့တီယို ရောက်လာတော့
အဘ စားကြည့်ပါလားဆိုတာနဲ့ နည်းနည်းမြည်းကြည့်လိုက်တယ်။သိတ်မကြိုက်လှ၊ ရှမ်းခေါက်ဆွဲနဲ့ခပ်ဆင်ဆင် ပဲပင်ပေါက်တွေထည့်သုတ်ထားတာ။နှစ်ယောက်သား စားကြသောက်ကြပြီးထမယ်ကြံတော့ အဘ လက်ဖက်ရည်ဆိုင်သွားရအောင်၊ကျနော်လက်ဖက်ရည်သောက်ချင်လို့ပါတဲ.။ ခုမှတော့မထူးပြီ။ နှစ်ယောက်သားစက်ဘီး
ကိုယ်စီနဲ့ ရပ်ကွက်ထဲ ဘုရားကျောင်းနားကဆိုင်သစ်ဆီထွက်လာခဲ့ကြ။လမ်းတဝက်ကျတော့ အဘ ကိုယ်တိုက်ဆပ်ပြာရှိလားတဲ့ ၊ရှိပါတယ်ဆိုတော့ အဘကိုကျနော်ဝယ်ကန်တော့မလို့တဲ့။ကဲ မထူးတော့ဘူး အိမ်ကဆပ်ပြာကလည်း အနံက ပျော့နေတော့ အနံ့ပြင်းပြင်းလိုချင်နေတာ။မေတ္တာတော်နားကကုန်စုံဆိုင်ဝငိပြီး Camel တတုံး Fuji ဆပ်ပြာခရင်တဘူး ဝင်ဝယ်လာခဲ့တယ်။ငါ
ဓာတ်ပုံရိုက်ပြီးfb တင်လိုက်မယ်ဆိုတော့
နေပါဦး ပစ္စည်းစုံမှတင်ပါ တဲ့။ဒါနဲ့ အဲဒီနေ့က
လက်ဖက်ရည် တခွက်စီသောက်ပြီးလမ်းခွဲခဲ့ကြတယ်။လမ်းမှာသူ့ကိုထပ်မှာလိုက်သေးတယ်။ မင်းငါ့ကိုပစ္စည်းတွေသိပ်ပေးမနေနဲ့ မင်းအတွက်လည်းငါဘာမှ လုပ်ပေးနိုင်တာမဟုတ်ဘူး ဆိုတော့ အဘပြောသလို ကျနော့ ဇောတွေကကျနော်ကုသိုလ်ရမှာပေါ့ တဲ့။
ဒီလိုနဲ့ ၂၂ ရက်ညနေမှာ ငရဲ အထုပ်ကြီးတထုပ်နဲ့ အိမ်ထဲဝင်လာပြန်တယ်။
Greentea silky Hair Coat ကအစ အစာကြေလေနိုင်ဆေးထုပ်များအထိ၊
Palmolive shampoo &conditioner.
မျက်နှာကပ်ရတယ်ဆိုတဲ့ အထုပ်တွေကတမျိုး
ရွှေဝါဆပ်ပြာ နှစ်တောင့်။အဘ တရားနာရအောင်ဆိုပြီး Bluetooth Mini
Speaker ရယ် Mp3 ပါသုံးနိုင်တဲ့ Fm Radio တလုံးရယ်။သွားတိုက်ဆေးသွားပွတ်တံ ဝမ်းဆက်တစုံရယ် ။ဓားအပိုကတ်တွေပါတဲ့
Platinum Coat ဂျုတ်တစုံရယ်။မျက်နှာလိမ်းတဲ့ Pond Cream
ဗူးကနှစ်ခု ။ ရေးပြရတာ ရင်မောတယ်။
Notebook သုံးအုပ်နဲ့ ဘောပင်ကလက်တဆုပ်စာပါသေးတယ်။ဒါနဲ့ရှင်လူလည်းသူ့ကို ကြည့်ပြီး မင်းဟာတွေက မင်းလိုလူငယ်တယောက်အသုံးတည့်တာတွေပဲ ငါ့ပေးမယ့်အစား မင်းပဲသုံးပေါ့ဆိုတော့
ကျနော့မှာ အလကားအပိုဖြစ်နေလို့အဘကိုပေးတာပါတဲ့။ကဲ ဒါဆိုလဲ တချို့ ဟာတွေ ကိုတော့ ငါ့သားလိုသမီးလိုနေတဲ့သူတွေကိုပြန်ပေးပစ်မယ်ဆိုတော့ Bluetooth Speaker ကတော့မပေးပါနဲ့ အဘတရားနာစေချင်လို့ပါတဲ့ ။ဒုက္ခပဲ အဘကတရားနာဖို့ထက် အဒဲတို့ တေလာဆွစ်တို့နားထောင်ချင်တာ..အဲ တခုတော့ရှိတယ် ခုရက်ပိုင်း ရှင်လူ့အာရုံထဲမှာ ပဋ္ဌာန်းဒေသနာကိုဓာတ်ကျနေတယ်။
၂၄ ပစ္စည်းတောင် ၃ခေါက်လောက်ရွတ်ပြီးမှ
အိပ်ယာဝင်တာ။ပဋ္ဌာန်းနိဒ္ဒေသ ကောင်းကောင်းတော့ Mp3 နဲ့ နာရမယ်။
Notebook ၃ အုပ်ထဲက Leather သားရေ
အဖုံးနဲ့တအုပ်ကိုတော့ သယ်ရင်းနွေလယ်နေကိုပေးမယ့် ကွမ်ကြိုး
ဘောပင်နဲ့တွဲပေးလိုက်မယ်။ ဒါတောင် ငရဲ
က သူ့ဦးလေး ဦးအောင်အိမ်က တီဗွီ အသစ်လဲမလို့ အဲဒါ အဘကြည့်ရအောင်ကျနော်တောင်းထားတယ် အင်တင်နာ နှစ်လိုင်းပူးရင် သတင်းတွေဘာတွေ ကောင်းကောင်းကြည့်ရတာပေါ့တဲ့။ အဲဒါ
ရှင်လူက ဟေ့ကောင် နေဦး ငါမလိုချင်ဘူး
ခုချိန်ကစပြီး မင်း ငါ့ကို အပေးအကမ်းတွေ
ရပ်ထားဦး။ သူ့ တီဗွီကြီးက အဘ စားပွဲနုဲ့
ဆန့်ပါ့မလားတဲ့။ဘုရား ဘုရား မဆန့်ပါစေနဲ့
အိမ်ရှင် အဘွားကြီးက ဒီကောင် စပေါ်လည်း
တပြားမှမရှိ အိမ်လခကျတော့ ၂လ ၃ လ
အကြွေးတွေထပ်။ ငါကသူ့ကို စပေါ်ပြန်တင်နေရတယ် ဒီသောက်တီဗွီကြီးကျတော့ ဝယ်လာတယ်ဆိုပြီး အိမ်ပေါ်က ကန်ချခံရမှ ။
ကယ်တော်မူပါ့ ဘုရားသခင်...
story#observation#shinlhu
No comments:
Post a Comment