ဠင်းတဘောဂဗေဒ
$$$$$$
ညိုမြသွေး
မုန်တိုင်းက လက်သမားဆရာ အတွက်
မယားငယ် ကို သယ်ဆောင်လာသလိုမျိုး
မဆလနှောင်းပိုင်းသတင်းဆောင်းပါးတပုဒ်ခေါင်းစဉ်က ``ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင်နိုင်သေးသပ´´တဲ့
အိန္ဒိယမှာရေဘေးသင့်လို့ မြန်မာ့ဆန် ဈေးကောင်းရမယ်ဆိုပဲ...
ရောင်းလိုအားနဲ့ဝယ်လိုအား
ဘောဂဗေဒကျမ်းအစောင်စောင်မဖတ်ဖူးခဲ့ပေမယ့်
မသာအိမ်မှာဖဲရိုက်စားတဲ့လင်မယားအတွက်ကတော့
အရပ်ထဲမှာ ဘယ်အိမ် ဘယ်လမ်းက ဘယ်သူအသက်ငင်နေပြီ ..ဆိုတဲ့သတင်းဟာ
ဝန်ရိုးစွန်းရေခဲတောင်တွေ အရည်ပျော်တဲ့သတင်းထက်
အများကြီး...အများကြီး..ပဓာနကျတယ်။
ညိုမြသွေး
Sat,30 Apr 2016
poem#observation#shinlhu
No comments:
Post a Comment