Monday, May 9, 2016

ခင်​ဗျားတို့​ပြော​ပြော​နေတဲ့ငြိမ်းချမ်း​ရေးကို ©©©©©©©© ကျ​နော်​မသိလို့ ရှင်းပြနိုင်​မလား ££££ ညိုမြ​သွေး ပေါင်​မုန့်​ဖုတ်​သမားက သူ့​ပေါင်​မုန့်​ကို ငြိမ်းချမ်း​ရေးလို့​အော်​ပြီး

ခင်​ဗျားတို့​ပြော​ပြော​နေတဲ့ငြိမ်းချမ်း​ရေးကို
©©©©©©©©
ကျ​နော်​မသိလို့ ရှင်းပြနိုင်​မလား
££££
ညိုမြ​သွေး
ပေါင်​မုန့်​ဖုတ်​သမားက သူ့​ပေါင်​မုန့်​ကို
ငြိမ်းချမ်း​ရေးလို့​အော်​ပြီး မီးဖိုထဲ ထည့်​လိုက်​တယ်​..
မြက်​ရိတ်​သမားက မြက်​​တွေကိုတံစဉ်​နဲ့ရိတ်​ပြီး
ငြိမ်းချမ်း​ရေးလို့ ​အော်​ခဲ့တယ်​..
ကုတို့သမ္ဗာန်​သမားက ​လှော်​တက်​​တွေကို
အားသွန်​ဆွဲရင်း ငြိမ်းချမ်း​ရေးကိုရွတ်​ခဲ့တယ်
ကျေးလက်​စာသင်​​ကျောင်းကဆရာမ​လေးက
သင်​ပုန်း​ပေါ်မှာ​မြေဖြူနဲ့ ငြိမ်းချမ်း​ရေးကို​ရေးခဲ့တယ်​..
ပန်းရံဆရာက အင်္ဂ​တေကို သံလျက်​နဲ့​ကော်​ပြီး
ငြိမ်းချမ်း​ရေးကိုဖြည့်​ခဲ့တယ်​..
တက္ကစီ ဒရိုင်​ဘာ​လေးက မီးပွိုင့်​ကို​မော့ကြည့်​ရင်း ငြိမ်းချမ်း​ရေးကို ​လေချွန်​ခဲ့တယ်​..
က​လေးမိခင်​က ရင်​ခွင်​ပိုက်​က​လေးကိုနို့တိုက်​ရင်း ငြိမ်းချမ်း​ရေး ကိုညည်းခဲ့တယ်​...
အ​မေအိုက ​ကြေးအ​မြောက်​ဆန်​ပန်းအိုးထဲ
အောင်​သ​ပြေပန်း​တွေထည့်​လို့ ငြိမ်းချမ်း​ရေးကိုဆု​တောင်းခဲ့တယ်​..
ဟိုး လမ်းထိပ်​က ဒယီးဒယိုင်​ အရက်​သမားက​တောင်​ ငြိမ်းချမ်း​ရေးပန်းခင်းကိုဆိုလို့
၊ဝတ်​ပြု​ကျောင်း​ပေါ်က ​လေးလံတဲ့​ခေါင်း​လောင်းကြီးကလည်း ငြိမ်းချမ်း​ရေးပဲ
ထပ်​ခါ ထပ်​ခါမြည်​တယ်​...
ပန်းခြံဝမှာ အလှပြထားတဲ့ စစ်​ကျန်​အ​မြောက်​ကြီးကလည်း ငြိမ်းချမ်း​ရေးကို ထိုင်​​စောင့်​လို့
ရက်​ရက်​စက်​စက်​ လူ​တွေကိုသတ်​​နေတဲ့
စစ်​ဘုရင်​ကြီးက​တောင်​ ငြိမ်းချမ်း​ရေး​ဆွေး​နွေးဦးမတဲ့...
မှောင်ရီဖြိုးဖျ ကွင်းစပ်​မှာ တလက်​လက်​မြူး​နေကြတဲ့ ပိုးစုန်းကြူး​လေး​တွေနဲ့
သန်း​ခေါင်​​ကျော်​လင်းအားကြီးမှာ ထထထိုးတတ်​တဲ့ ငှက်​ဆိုးက​တောင်​ငြိမ်းချမ်းစွာ အတူယှဉ်​တွဲ​နေလိုပါသတဲ့...
ကဲ ကဲ ငြိမ်းချမ်း​ရေးကိစ္စဟာ
ကာစတမ်​မာ​တွေဖက်​က အမြဲမှန်​သလား
ပရိုဒတ်​ရှင်းလား ၊ မားကက်​တင်းလား၊ဆားဗစ်​ဆင်းလား...ကမ္ဘာ​ကျော်​စီးပွား​ရေးလုပ်​ငန်းစုကြီးလား ၊ ပန်းချီပြပွဲ တခုလား၊အပျင်း​ပြေအသင့်​စားသုံးနိုင်​တဲ့ သွားရည်​စာလား..
ဒါမမဟုတ်​ အင်​တာတိန်းမင့်​ သက်​သက်​လား.......
ညိုမြ​သွေး
5 May 2016
11:05 PM
poem#observation#shinlhu

No comments:

Post a Comment