
စိတ်မေးစိတ်ဖြေ စာမေးပွဲ(၅)
💮🍂🍁🌼🌻🌷🌵
မနေ့ က ကြည်ဇော်အေး
နာရေးပို့ ပြီး အိမ်ပြန်အရောက်
နားနေတုန်း မင်းမင်းဆီက ဖုန်းဝင်လာတယ်။
"ရှင်လူ ဘယ်ရောက်နေလဲ" ဆိုလို့
"အိမ်မှာပဲ ရှိတယ်"
ပြန်ဖြေလိုက်တော့
"ဒါဆို စောင့်နေ ၊ကျနော်တို့  လာခဲ့မယ်" တဲ့။ ဒီလိုနဲ့ စောင့် နေလိုက်တာ မ ကြာခင်မှာ
မင်းမင်းနဲ့  မူဆတ်ချီ တို့ နှစ်ယောက်သား ရောက်လာ ကြတယ်။
မူဆတ်ချီဆိုတာ နာမည်ရင်းမဟုတ်ပါဘူး ၊ဒီစာရေးရာမှာ ကာယကံရှင်ရဲ့ နာမည်ထည့်ရေးရင် ကြိုက်မ ကြိုက်မ သိတာနဲ့ ဂျပန်ဂန္ထဝင် ဆာမူရိုင်း ကြီး နာမည် ကိုသုံးလိုက်ရတာပါ။ မူဆတ်ချီဟာ စတင်ခင်မင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစ ပြီး ရှင်လူ့ အပေါ်ဦး
ကြီး ဘ ကြီးသဖွယ် သက္ကစ္စ ဂါရဝ
ထားပါတယ်။ ပြီး ခဲ့တဲ့ ကိုဗစ် လှိုင်းအတွင်းကလည်း ဆန်ချော ၊နေ
ကြာဆီ ၊ကော်ဖီမစ် အထုပ် ကြီးတွေအပါအဝင် မုန့်နဲ့ ဆေးဝါးတွေမကျန် ဟိုပုန်းမျောက်အရက်ပုလင်းတွေအစ စားပွဲတလုံး စာ အ
ပြည့် ဂါဖူးခဲ့ပါတယ်။ ခုလည်း လာမယ် လာမယ် ဆို ပြီး ဖုန်း အခါခါ
ဆက်ထားတာကြောင့် အရင်လိုပဲ
စားရေ ရိက္ခာစုံနဲ့ ဂါဖို့ လို့ ထင်ထားပါတယ်။ တကယ်တမ်း သူတို့ ရောက်လာတော့ လက်ထဲမှာ အိတ်မဲ ကြီးတလုံး ကိုင်လာပါတယ်။
သူကမ်းပေးတဲ့ အိတ်မဲ ကြီး အသာ လှပ် ကြည့်လိုက်တော့
Export Mandalay Rum
လေးထောင့်ပုလင်း ကြီး ဖြစ်နေပါတယ်။
"လက်ဖက်ရည်ဆိုင်သွားမလား ၊ဘီယာဆိုင်သွားမလား "လို့ ရှင်လူ့ ကို မေးလာပါတယ်။ အမှန်တော့ ညနေ အလုပ်သွားချိန်နီးနေပါ ပြီ။ ဒါပေမယ့် ဂါ ပြီး စကားစ
မြည်လေးဘာလေးတော့ ခနတ
ဖြုတ်တော့ ပြောအုံးမှဆို ပြီး ဘီယာဆိုင်ကိုပဲရွေးလိုက်ပါတယ်။
အိမ်နဲ့မဝေးတဲ့" ကောင်းထူး"ကိုပဲ
ရွေးထိုင်လိုက် ကြပါတယ်။ဆိုင်ထဲထိုင် ကြအ ပြီးမှာ
"အဘ ဘာသောက်မလဲ"ဆိုတာနဲ့ 
"ဘီယာလောက်ပဲ ကောင်းပါတယ်" လို့ 
ဒီလိုနဲ့ သူတို့ Tiger
နှစ်ပုလင်းမှာ ပြီး ဖန်ခွက်ရှည်ကလေးတွေထဲ ငှည့်ထည့် ပြီး
"Cheers" လိုက် ကြပါတယ်။
"အဘ ဘာစားမလဲ တခုခု စား "ဆိုတော့
"မစားတော့ပါဘူး ၊အလုပ်ရာက်ရင် ဟိုကဘော်ဒါ ကြီးနဲ့ 
ညစာစားမှာမို့ ပါ။
ဒီလိုနဲ့  သူတို့ မှာထားတဲ့  ဝက်သား အခြောက်ကြော် ၊ရုံးပတီသီးအကင်နဲ့ မြည်းနေတုန်း
မူဆတ်ချီရဲ့ ပါရမီ ဖြည့်ဖက်က
ဖုန်းဆက် ပြီး လိုက်လာပါတယ်။
"သမီး မတွေ့ တာတောင် ကြာသွား ပြီ"ဆိုတော့ ခေါင်းညိတ် ပြီး ပြုံးနေပါတယ်။ ခနနေတော့ ကလးမက "ခန"လို့ ဆို ပြီး
တဖက်က စတိုးဆိုင်ထဲ ဝင်သွားပါတယ်။ ပြန်ထွက်လာတော့ သူ့ အတွက် အချိုရည် တဘူးနဲ့  အားလုံးအတွက် အာလူးကြော်တထုပ် ဝယ်ခဲ့ပါတယ်။
"သူက ထိုင်းကိုသွားတော့မှာ"မင်းမင်းရဲ့ စကားကြောင့်
ရှင်လူ စိတ်ဝင်စားသွားပြီး
"ဟုတ်လား"လို့ ထောက်လိုက်တော့
"သွားလိုက် လာလိုက်
နေမှာပါ ၊ဟိုမှာ Gallery သွားဖွင့် မလို့ ၊ ရေဆေးကားတွေချည်းယူသွားမယ်"
မူဆတ်ချီ အလုပ်ကို ရှင်လူ သဘောကျ သွားတယ်။ဘာပဲ ပြောပြော ပြည်တွင်း အနုပညာကို ပြည်ပထိအောင်
ချဲ့ ထွင် ဖြန့်ဖြူးတဲ့အလုပ်ဟာ Soft Power ကို ဖြန့်ကျက်တာပဲမဟုတ်လား။ ဘီယာတဖန်ခွက်ကုန်တော့ "အဘ ကို ခွင့် ပြု ကြအုံး ၊အလုပ်ဝင်ရအုံးမယ်"ဆို ပြီး ကားဂိတ်ရှိရာထွက်လာခဲ့တယ်။
မနက်က ကြည်ဇော်အေး နာရေးပို့ ရင်း ရေဝေးမှာဆုံတော့ သူငယ်ချင်း နွေလယ်နေ ပြောတဲ့စကားတွေ နားထဲ ထပ်ခါထပ်ခါ ပြန် ကြားနေမိတယ်။
"တနေ့  တနာရီ ခြား
တရားထိုင် ဖြစ်တယ်၊ ညနေကျရင်တော့ ရမ် သုံးပက်လောက်တော့
သောက် ဖြစ်သေးတယ်"တဲ့။
story#observation#shinlhu