" စိတ်မေးစိတ်ဖြေ
စာမေးပွဲ (၉)
📱🤐👺😌💮🙄😁🌼🍁🍂
ဒီ မနက်ခင်း မီးကအစောကြီးပျက်၊ အခန်းထဲထိုင်ရတာလည်းညောင်းညာတော့ ၉ နာရီလောက် မှာ စက်ဘီးလေးထုတ်ပြီး အပြင်ထွက်လာခဲ့တယ် ။ စက်ဘီးနင်းရင်း ဘယ်သွားရကောင်းမလဲတွေးလိုက်တော့ အရင်က ရှင်လူတို့
Maze Walker Team က
မနက်ခင်း လမ်းလျှောက်ဘက်
ကို ကြီး ဦးသန်းတင်ကို သတိရမိတယ်။ Maze Walker တွေလည်း သိတ်များများစားစား မကျန်တော့။ ကိုကြီး ဦးမောင်မောင်စိန်ဆုံးပြီး နောက် ကိုကြီး ဦးမောင်မောင်(မြတ်ဆုဝေ)ဆုံးတယ်။ဒါ လတ်တလော သုံးလေးနှစ်အတွင်းမှာ။ အရင့်အရင်နှစ်တွေကကွယ်လွန်သွားသူတွေလည်းမနည်းလှ။ ခုတော့ သတင်းအဆက်အသွယ်ပြတ်နေတဲ့ ကိုကြီး ဦးသန်းအောင်(ဓါတ်ပုံသတင်းထောက်မှအပ)ကိုကြီးထွန်းထွန်းဦးရယ် ကိုကြီးသန်းထွန်းရယ် ရှင်လူရယ် ကိုကြီးဦးသန်းတင်ရယ်၊ဒါလောက်ပဲကျန်တော့တယ်။ အဲဒါရှင်လူ ကုမ္ပဏီ အလုပ်ဝင်ကတည်းက Maze Walker တွေနဲ့ လမ်းမလျှောက်ဖြစ်တော့တာ နှစ်နဲ့ချီကြာခဲ့ပြီ။ ပါရမီ မဉ္ဇူလမ်းမှာနေတဲ့ ကိုကြီးဦးသန်းထွန်းကတော့ တလောက ရှင်လူနေမကောင်းတာသိပြီး ဆေးဖိုး ခေါ်ပေးလို့ တခေါက်တွေ့ ခွင့်ရလိုက်တယ်။နောက်ပိုင်းတော့ fb ပေါ်တွေ့ တွေ့ နေရလို့ မာကြောင်း သာကြောင်းသိပြီးဝမ်းသာရသေး။ ခုကိုကြီးဦးသန်းတင်ကတော့ တလောကတွေ့ ချင်လို့ စက်ဘီးနဲ့ပတ်ပြီး အရင်ထိုင်နေကျ သဒ္ဒါလမ်းနဲ့ စာဂလမ်းထောင့် လက်ဖက်ရည်ဆိုင်မှာသွားရှာတာ နှစ်ခေါက်လုံးမတွေ့ ။
ဒါကြောင့် ဒီနေ့လည်း လက်ဖက်ရည်ရည်ဆိုင်မှာမတွေ့ ပြန်တော့
မကျန်းမမာများဖြစ်နေသလားတွေးမိပြီး သူ့ အိမ်ရှိရာဘက်လှည့်လာမိတယ်။ သူ့ခြံရှေ့ ရောက်တော့ အဆင်သင့်ပါပဲ ခြံထဲကလုံခြုံရေး အယ်လ်ဇေးရှင်းက ထိုးဟောင်တော့ ကိုကြီးထွက်လာတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဗြဟ္မစိုရ်လမ်းကလက်ဖက်ရည်ဆိုင်ရောက်လာရတယ်။သူ ဆိုင်ပြောင်းထိုင်နေလို့ အရင်ခေါက်တွေကမတွေ့တာကိုး။သူ့ အကြောင်း "ဝန်ုကြီးနဲ့အတူ နာရေးသွားခြင်း"ဆိုပြီးရှင်လူရေးတင်ဖူးတယ်။အမှန်တော့ သူက စက်မှု(၁)က အငြိမ်းစားပါ။ဒါပေမယ့် ဟိုးယခင် ရန်ကုန်သင်္ကြန်ခေတ်ကောင်းတုန်းက
"ခြင်းကြားဒုတ်ထောက်"ဆိုတဲ့
သံချပ်အဖွဲ့မှာ ရှင်ဘုရင်(ကိုမြင့်လွင်)တို့ အမတ် ကိုဖိုးကွမ်းတို့နဲ့အ
တူ ဝန်ုကြီးနေရာကပါဝင်သံချပ်ထိုး ဖျော်ဖြေခဲ့ဖူးလို့ ရှင်လူကသူ့ ကို ဝန်ုကြီးလို့ ခေါင်းစဉ်တပ်တာပါ။ အင်းရှင်လူ့ မိတ်ဆွေ သင်္ကြန်မင်းသား သံချပ်သမားတွေလည်းကုန်သလောက်ရှိပါပြီ။"မောင်မောင်ဆိုလေထီးရိုးရှည်"အဖွဲ့ကကိုနေဝင်းတို့ ၊"ခြင်းကြားဒုတ်ထောက်"ကိုမြင့်လွင်တို့ ။
ရှားရှားပါးပါး ဒီဝန်ကြီးတပါးသာမိတ်ဆွေထဲ ကျန်ပါတော့တယ်။တခြား လူချင်းမရင်းနှီးခဲ့ဖူးတဲ့သင်္ကြန်မင်းသားတွေ ဘယ်လောက်များ ကျန်နေသေးလဲမသိရ။
လွမ်းပ......
syory#observation#shinlhu
No comments:
Post a Comment