Monday, October 3, 2022

poem

"အစာမ‌ကြေ ချောင်းဆိုး ရင်ကြပ်
အဆုတ်ပွ"
🌵🌷🌸🌻🌼🍁🍂💮
😌👺🤐
မြစ်တခုကိုအရောင်ဆိုး ‌နေမယ့်အစား
မြစ်ရေသာ ဆင်းချိုးလိုက်ပါတော့
(တုပ်ကွေးမိထားသူများကို မဆိုလို)။
ငါးမျှား သွားဖို့ 
တီတော့ တူးတတ်ရမယ်
မရိုးသားရင်
ငါဖျင်းသလက် တကောင်တောင်
ရမှာမဟုတ်ဘူး
စွန်လွှတ်မယ်ဆို စွန်ပဲလွှတ်
ငှက်ပစ်မယ်ဆို ငှက်ပဲပစ်
စွန်ပစ် ပြီး ငှက်လွှတ်နေရင်
ချာလီချက်ပလင် ရယ်လိမ့်မယ်။
လေတ ဖြူးဖြူးထဲ
Mask တပ်ရင်း
အောက်ဆီဂျင်ကျနေတာတော့ 
ငါလည်းမတတ်နိုင်ဘူး
အမြဲတမ်း ငြူစူနေတဲ့ နှုတ်ခမ်း ကြီး တက်တူးသာထိုးထားလိုက်ပါတော့ 
---။
ညို မြသွေး
                       4/10/2022 
10 : 20 AM
poem#observation#shinlhu

No comments:

Post a Comment