" စိတ်မေးစိတ်ဖြေ
စာမေးပွဲ (၁၀)
📱🤐👺😌💮🙄😁🌼🍁🍂
ရှင်လူကြီး ကွမ်းယာဝယ်ဖို့ထွက်လာတုန်း လူရှင်းတဲ့ လမ်းနံဘေးမှာ ကလေးနှစ်ယောက် သူတို့ရဲ့ ပလုံကောက် တဲ့လှည်းလေးရပ်ထားပြီး လမ်းပုခုံးမှာ မြေဖြူခဲတတောင့်စီနဲ့ပုံဆွဲနေတာတွေ့ရတယ်။၈ နှစ်၉ နှစ်အရွယ်လောက်ရှိကြမယ်ထင်တာပဲ။ သူတို့ဘာပုံရေးနေတာလဲ ငဲ့ကြည့်လိုက်တော့ နှုတ်ခမ်းမွေးကားကားနဲ့ ကြွက်ပုံ လေးနဲ့ ဒီဇိုင်းစာလုံးက ဇိုး တဲ့။
ဒီကောင်လေးနှစ်ယောက်လုံး ဇိုးပုံတပုံစီ ဆွဲနေပေမယ့်ပုံဒီဇိုင်းကအတူတူပါ။ လက်ရာလည်း သပ်ယပ်ပါတယ်။ အင်း... တခါတခါ ပလက်ဖောင်း တံတိုင်းအုတ်နံရံ ကြီးတွေမှာ တွေ့ရတတ်တဲ့
Graffiti Art ခေါ် စပရေးနဲ့
ရေးထားတဲ့ ဒီဇိုင်းတွေ သတိရမိပြီး သူတို့လည်း အနုပညာရှင် လောင်းလျာလေးတွေလို့ တွေးမိပါတယ်။ ပြီးမှ သူတို့ဆွဲထားတဲ့ ဇိုးအဓိပ္ပါယ်ကို ရှင်လူကြီး မသိသေးကြောင်း တွေးမိပါတယ်။ ရှင်လူတို့
အသက် ၂၀ ဝန်းကျင်တုန်းကလည်း အဲ့လိုဗန်းစကားတွေပေါ်ဖူးတယ်။ ဒါပေမယ့် ကိုယ်က အဲ့လောကနဲ့မကျွမ်းဝင်ခဲ့တော့ မမှတ်မိတော့ဘူး။ဒီကြွက်စုတ်ပုံက ဇိုးနဲ့ဘာဆိုင်သလဲ။ ရှင်လူ့ခေါင်းထဲ ဇိုးရောက်နေတာ တပတ်လောက်ရှိနေပြီ။ဒီနေ့မှfb ထဲမှာ အင်းစိန် အောင်စိုးရဲ့"မြန်မာပြည်က နွဲ့ ? ဇိုး များ"ဆိုတဲ့ ပို့စ်တခုဖတ်မိမှ ဇိုးဆိုတာ တကိုယ်လုံး တက်တူး ထိုးထားတဲ့ လူမိုက်များကိုဆိုလိုကြောင်းသိရတယ်။ဒါက ဇိုးရဲ့ ယျေဘုယျ လက္ခဏာကို ညွှန်းကြတာပါ။တကယ်တော့ ဒီနေ့ ကမ္ဘာကြီးမှာ အနုပညာရှင်များ တက်တူးဝါသနာရှင်များ နဲ့ အမျိုးသမီးတွေကအစ တက်တူးထိုးကြတာတွေ့ ရပါတယ်။ ရှေးမြန်မာကြီးတွေကတော့ ပေါင်မှာထိုးကွင်းမပါရင် ယောက်ျားမပြီသဘူးတောင်ဆို ကြသလို သီချင်းစာသားထဲမှာတောင် ထိုးကွင်းနဲ့အလှသားကွယ် ဆို ပြီးထည့်ဆိုကြပါတယ်။
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ၊ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး လို့လည်း စကားပုံရှိခဲ့လေတော့ ဆေးမင်ကြောင်၊ထိုးကွင်း၊
တက်တူး သမိုင်းဟာ ရှည်လျားလှပြီလို့ ဆိုနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်လေ ပလုံကောက်တဲ့ကလေးတွေရင်ထဲကိန်းနေတဲ့ အစွဲလေးတွေက Tattoo Art, Graffiti Art
သမားလေးတွေပဲ ဖြစ်လာကြပါစေတော့ လို့ ဆန္ဒပြုလိုက်မိပါတယ်။
story#observation#shinlhu
No comments:
Post a Comment