"အိုအေစစ်က ရေတပေါက်"
🌵🌷🌸📱💮😌🙄🌼🍁
ပြီးခဲ့တဲ့ သီတင်းကျွတ်လ
ပြည့်ကျော် (၁)ရက်နေ့ မှာဖွေးဖွေးသိမ့်တယောက် ၈ နှစ်ပြည့်ခဲ့ပါ ပြီ။
ကုန်ခဲ့တဲ့ နှစ်တွေအတွင်း ဘာမဆို သူလုပ်ချင်တာ ပဲ အလေးထား ပြီး ဖွေးနေပုံထိုင်ပုံကအကြောတင်း ခေါင်းမာတယ်လို့ ဆိုရမယ်။ သူ ဖုန်းပွတ်နေတာဖြစ်စေ တခုခု လုပ်နေတာ ဖြစ်စေ တစိုက်မတ်မတ် လုပ်နေတတ်ပြီး တခါတခါ ခေါ်မ ကြား အော်မ ကြား ဘသူ့ မှ ဂရုမစိုက်သလိုအထာမျိုး ပေမယ့် ရှင်လူကတော့ဖွေးကို အာရုံစူးစိုက်မှု Concentrate အားကောင်းတယ် ၊ ဒါ ပညာပါရမီအတွက်ကောင်းတယ် လို့ ပဲ တွေးမိပါတယ်။ဒါပေမယ့် သူ့ အိမ်က လူ ကြီးတွေက တော့ ပမာမခန့်လုပ်တယ် ထင် ပြီး တခါ တခါ ဆူတာ ငေါက်တာတွင်မက ရိုက်ပုတ်တဲ့အခါတွေလည်း ရှိတတ်တယ်။ ဖွေးကလည်းဖွေးပဲ အဝတ်အစားဝတ်တာကအစ လူ ကြီးရွေးပေးတာ မ ကြိုက်ဘဲ သူ့ စိတ် ကြိုက်ရွေးဝတ်ရမှ ကြေနပ်တာပါ။ ဒီလိုနဲ့ ဖွေးအရိုက်ခံရလုနီးပါးအခြေအနေမျိုးမှာ အနားမှာ ရှင်လူရှိနေရင်
"ကလေးကို မရိုက် ကြပါနဲ့ ဟာ ၊ငါ့ သမီးလေးက ကြီးရင် လိမ္မာလာမှာပါ "လို့ ကြားဝင်ကာကွယ်ရပါတယ်။
ဒီမနက်တော့ ဖွေးတို့ အခန်း မှာ ရှင်လူ ကြီး Break
fast ဝင်စားနေတုန်း အတူစားနေတဲ့ သူ့ ဖွားလေး အပျို ကြီးမယုဘေးမှာထိုင်ရင်း ဖွေးက မယုရဲ့ပါးစပ်ကို တစ်သျှူးနဲ့သုတ်ပေးလိုက် ရေ နွေးငှဲ့ ပေးလိုက်နဲ့  အလုပ်ရှုပ်နေပါတယ်။အဲဒါကို မြင်တော့ ရှင်လူက ထရံကာထားတဲ့ သုံးထပ် ပြား ကြီးကို ခေါင်းနဲ့ဆောင့်လိုက် ပြီး "ဟီး ငါ့ကျလုပ်မပေးဘူး"လို့ အော်လိုက်တော့ဖွေးက ပြုံး ပြီး ကြည့်နေပါတယ်။ခဏနေတော့ ဖန်ခွက်ယူ ရေ နွေးထည့် ပြီး ရှင်လူ့ ရှေ့ လာချပါတယ်။ပြီးတော့ရှင်လူ့ ရှေ့ က ပဲ ပြုတ် ဆီဆမ်းထားတဲ့ပန်းကန်ကို သမသွားအောင် ဇွန်းနဲ့ မွှေပေးပါတယ်။ ရှင်လူ့  အဖို့ တော့ ဒီ မနက်စာဟာ တကယ် နတ်သုဒ္ဓါလိုအရသာရှိသွား တာပါပဲ။
ဒီလိုနဲ့  မွန်းလွဲ ၃ နာရီလောက် တဖက်ခန်းက ဖွေး ကော်
ဖီဖျော်နေသံ ကြားတာနဲ့ "ဖွေးဖွေး
ရေ ရှင်လူ့ အတွက်ပါ ကော်ဖီတခွက် ဖျော်ပေးပါ"လို့ လှမ်းအော်မဆုံးခင် အိမ်ရှေ့ မှာ ဒေါ်နွဲ့ တို့ 
နဲ့စကားထိုင်ပြောနေတဲ့ သူ့ အမေ ငမိုးရိပ်ကို ကော်ဖီတခွက် သွားပေးလိုက် ပြီး ရှင်လူ့ ဆီကို
နောက်တခွက် လာပေးလေရဲ့ ။
အမ်...ရှင်လူမခိုင်းခင်ကတည်းက ရှင်လူ့ အတွက် ကော်ဖီကို သူဖျော် ပြီးနေ ပြီပဲ....
story#observation#shinlhu
No comments:
Post a Comment