စိတ်မေး စိတ်ဖြေ စာမေးပွဲ(၂)
\_(ツ)_/¯¯\_༼ •́ ͜ʖ •̀ ༽_/¯¯\_( ͡° ͜ʖ ͡°)_/¯
အိတ်ကပ်ထဲမှာတကမ္ဘာ လုံးထည့် ပြီး သြကာသ လောကထဲ လမ်းလျောက်နေရသလို ။
ကြည့်ပါဦး ၊ဟောဒီ အိတ်ကပ်ထဲမှာ အစုံပါတယ် စူပါ
မတ်ကက် ကြီးတွေ ၊ကုမ္ပဏ်ီ အရောင်းဆိုင်တွေ ၊ ကျောက်မျက်ရတ
နာ ဆိုင် ကြီးတွေကအစ ။
Website တခုထဲ ဝင်
ကြည့်နေရင်း Hi,Shin! Please let us know how we can help you.
(ဟိုင်း ရှင်! သင့် ကို ဘယ်လို ကူညီနိုင်မလဲ ကျွန်ုပ်တို့ သိပရစေ။)
တဲ့။
အမ် ..ကျောက်မျက်ရတ
နာဆိုင်Website တခုထဲ မျက်စိလည် ရောက်သွားရင်း စိန်ခြယ်နီလာ လက်စွပ် တကွင်း မြင်လို့ သဘောကျ မိသွားတယ်။ စိန်ပွင့်ကလေးတွေရံ ခြယ်ထားတဲ့ ခို ပြာရောင် နီလာလက်စွပ် ကြီးက
အရမ်း တောက်ပနေတော့ Like
လုပ်မိသွား တာကိုး။ ကြိုက်လို့ သာ Like လိုက်တာ စိတ်ထဲက လိုချင်သလား ဆိုတော့ No ပါ။
ခုလို ကာလဆိုး ကြီးထဲ နီလာလက်စွပ် ကြီး ဝတ် ချင်တဲ့စိတ်လည်းမရှိပါ ။ ဒါ ကြီး မြင် ပြီး လုယက်
သတ် ဖြတ်တာလည်းမခံနိုင် သလို ဒါ ကြီးအထင် ကြီး ပြီး ပိုက်ဆံ လာချေးသူများရဲ့ အမုန်းကိုလည်းမခံလိုပါ။
ဒီလိုနဲ့  ဖုန်းလေးပိတ် ပြီး
အိပ်ယာ ဝင်ခဲ့ပါတယ်။ ဒါပေမယ့်
ခေါင်းထဲ တွေးလက်စတွေ ကြောင့် အတော်နဲ့  အိပ်မပျော်ပါ။
တစုံတခုကို ကြိုက်နှစ်သက်တာ လောဘ ဖြစ်သလား ဆက်စဉ်းစားနေမိပါတယ်။အဘိဓ မ္မာ ပဌာန်းထဲက အဟိတ်ကိရိယာစိတ်အကြောင်း ဆက်တွေးမိ ပြန်တယ်။ဘုရား ရဟန္တာများဟာ
ဘာပဲ ပြု ပြု သံသရာမလည်တော့တဲ့အတွက် အကျိုး ဝိပါက် မလာတော့ ပါ တဲ့။ ပြုံးတာ ရယ်တာတောင် ဟသိတုပ္ပာဒ် ဆိုတဲ့ စိတ်နဲ့  ပြုံးရယ်သတဲ့။ မိမိက စာပေဗဟု
သုတ လိုက်စားပေမယ့် တရားကိုတော့ ဖြစ်မြောက်အောင် မကျင့်ဘူးပါ။ ဒါကြောင့် တရားသမားအရိယာတယောက်မဟုတ် ပါ။
ဖတ်ဖူး မှတ်ဖူးတာတွေနဲ့  အတွေးသံသရာ လည်နေ ခြင်းသာ။
ခုနေ နန်းမွေစံ ကို ကြိုက်သလား မေးရင် ကြိုက်တယ်ဖြေမိမယ်ထင်ပါတယ်။ ကြိုက်တာနဲ့ လိုချင် တာ မတူဘူးထင်ပါတယ်။
မလိုချင်ရင် လောဘတဏှာ မ ဖြစ်ဘူး ထင်တာပဲ။ နန်းမွေစံကို
မ ကြိုက်လို့ လည်း အ ပြစ် ဖြစ်မယ်မထင်ပါ ။ အဲ...ဒီကောင်မ အရှက်မဲ့ လွန်းတယ် ဆို ပြီး ဒေါသဝင်လာမှ အကုသိုလ် ဖြစ်မယ်ထင်တာပဲ။ ကဲ ဘာပဲ ဖြစ် ဖြစ် အိပ်ပျက်ခံ တွေးထားရတာတွေ အလကား မ ဖြစ်အောင် ချရေးလိုက်တယ်၊ တကယ်ရေးမယ်ဆို ညက အိပ်မပျော်တိုင်း တွေးမိထားတာတွေ အများချည်း။ ပင်ပန်းလို့ ဆက်မရေးတော့ဘူး။
အတွေးကတော့ မ ပြတ်သေးဘူး။ "စင်ပေါ်က လှမ်း ကြည့်တဲ့ ခါ ခေါင်းကို ငုံ့ ထား ၊ ကြည့်မိလို့  ကြိုက်မိရင်ဗျာ တာဝန်မယူ"
ဆိုသလို ပုထုဇဉ် များ ဟာ ကြည့်မိတိုင်း ကြိုက်ရမယ် ၊ မ ကြိုက်တိုင်း မုန်းရမယ် ဆို ဒီကမ္ဘာ ကြီး
ဘယ် မှာ ငြိမ်းချမ်းနိုင်တော့မလဲ။
အဲ....ကြိုက်တိုင်း လိုချင်လို့ မရဘူး ၊နင်မ ကြိုက်တိုင်း မုန်း ခွင့်မရှိဘူး ဆိုတဲ့ တရားဥပဒေတွေ ထွန်းကားလာရင်တော့
ငြိမ်းချမ်း လာမှာ ဧကန်။
story#observation#shinlhu
No comments:
Post a Comment