Saturday, November 18, 2023

story

ဒူးတင်ပေါင်တင်ရပ်ကွက်သတင်း
(^_^) (^_^) (^_^) (^_^) (^_^) (^_^) 
``ကျွန်တော်တို့ ထင်ရာစိုင်းတိုင်းဒေသကြီး
မဟုတ်တရုတ်မြို့နယ် ဒူးတင်ပေါင်တင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
သစ်အဖြစ် ဦးရှင်လူကို အများဆန္ဒနဲ့အညီ
ရွေးချယ်တင်မြှောက်လိုက်ပါတယ်ခင်ဗျာ။´´
ဖြောင်း ..ဖြောင်း...ဖြောင်း...ဖြောင်း....
ရပ်ကွက်သူရပ်ကွက်သားတို့ရဲ့ လက်ခုပ်သံ
အဆုံးမှာရှင်လူကဝမ်းသာပီတိမျက်နှာကြီးကို မျက်နှာပိုးသတ်လိုက်ရင်း စတိတ်ပေါ်
တက်လာပြီးပိတ်သတ်ကြီးကို သုံးကြိမ်
တိုင်ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။
``အဟမ်း အဟမ်း ..ကတောက်..ကတောက်´´
ဦးစွာပဋ္ဌမ ရှင်လူက လည်ချောင်းဟန့်လိုက်ရင်း မိုက်ကို လက်ညိုးလေးနဲ့တောက်ကာစမ်းသပ်လိုက်ပါတယ်။
``ကျနော်တို့ ..အင်း ပေါ့လေ၊အဲ...
ရေခံမြေခံကောင်းလှတဲ့ ဟောဒီ ဒူးတင်ပေါင်တင်ရပ်ကွက်သားများက ..အဲ
ကျနော့ကို ယုံကြည်စွာ..အဲ.. ..တညီတညွတ်တည်း
မဲပေးရွေးချယ်ပြီးရပ်ကွက်ရဲ့..အဲ..ပေါ့လေ တာဝန်အဝဝကို အပ်နှင်းလိုက်တဲ့အတွက်
ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း ဦးစွာပဋ္ဌမ
ကျေးဇူးတင်စကားကို ပြောကြားပရစေ..´´
``အသံ သြဇာကတော့ တွံတေးသိန်းတန်
အတိုင်းပဲ´´
``ဦးနေဝင်းလေပေါက်ပါကွာ´´
``ဟ..တအဲအဲ နဲ့ မကြားဖူးလား´´
``ပေါ့လေ..ပေါ့လေနဲ့ပါကွ..´´
``ကျေးဇူးပြုပြီး ပေါ့လေ စကားမပြောကြ
ပါနဲ့ဗျာ..အဲ..ကျနော်က ခုအရေးကြီးတဲ့
အကြောင်းတွေ ပြောတော့မှာမို့ပါ။
အကြောင်းက ဒီလိုပါ ..အဲ..ပေါ့လေ..
ကျနော် ဟာ ဒီ  ဒူးတင်ပေါင်တင် ရပ်ကွက်မှာပဲ နှစ်ပေါင်းသုံးဆယ်ကျော်နေထိုင်လာခဲ့သူမို့
ဒီရပ်ကွက်ဟာ ကျနော့ဇာတိဆိုလဲ..အဲ..
ပေါ့လေ..မမှားပါဘူး။ဒါကြောင့် ရပ်ကွက်
အထာတွေ ကျနော်မသိတာမရှိပါဘူး။
အဲတော့ရပ်ကွက်ကြီးဖွံ့ဖြိုးတိုးတက်လာ
အောင်ဘာတွေလုပ်ရမယ်ဆိုတာ ကျနော်
ကောင်းကောင်းကြီး နားလည်ပါတယ်။
ဒီတော့ဦးစွာကျနော်ပြောလိုတာကလူသွားလမ်းပေါ်မှာ
ခြင်းလုံးခတ်ကစားတတ်ကြတဲ့..အဲ..အရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့တကွ
ဆွမ်းလောင်းသင်းက လူကြီးမင်းများ။
ရှင်လူ့စကားကြောင့်ပိတ်သတ်ကြီးလှုပ်လှုပ်ရွရွဖြစ်သွား
ပြီးနောက်ဆုံးတန်းကအုပ်ချုပ်ရေးမှူးဟောင်းနဲ့လူတချို့ထပြန်သွားကြပါတယ်။ဒီလိုနဲ့ရှင်လူလည်းပြောစရာရှိတာတွေဆက်ပြောရင်း
``နောက်တခုက လမ်းပေါ်မှာ ခုံတွေချပြီး
စျေးရောင်းထီးကြီးဖွင့် စျေးရောင်းသူများ´´
``မသာ..စလာပြီ´´လူအုပ်ညာဘက်ထောင့်ကရေရွတ်သံတသံထွက်လာပြီး မဲမဲဝဝ မိန်းမကြီးနဲ့အတူအမျိုးသမီးသုံးယောက်
လောက် ထထွက်သွားကြပြန်ပါတယ်။
``ပြီးတော့..လမ်းပေါ်မှာခိုစာခွေးစာကြွေးတဲ့ကိစ္စ၊ အဲဒါ လမ်းသွားလမ်းလာတွေကို စိတ်
အနှောင့်အယှက်ဖြစ်စေပြီး၊စားကြွင်း
စားကျန်တွေကြောင့် ကြွက်တွေယင်တွေ
တလောင်းလောင်း..ကွန်ကရစ်
လမ်းကိုကြွက်တွေဖောက်.....အဲ...´´
အလယ်တန်းက တတန်းလုံးနီးပါး ထပြန်ကြပါတယ်။
``နောက် ..လမ်းပေါ်မှာဝိုင်းအုံပြီး  ဘင်ဂိုကတ်မဲဖောက်တဲ့ ကိစ္စ...အဲ..ပေါ့လေ´´
ရှေ့တန်းကအတော်များများထပြန်သွားကြ
ပြန်ပါတယ်။ 
ခွပ် ...ကလောက် ကလောက် ဂွပ်♪ ♬ 
(ရှင်လူ ရင်ပူ အာခြောက်တာနဲ့ ရေသန့်ပုလင်းယူ ဖန်ခွက်ထဲလောင်းထည့်
ပြီး ကမန်းကတမ်း မော့ချလိုက်သံပါ)
``အင်း..အဲ..နောက်တခုကတော့..အဲ..
ပေါ့လေ..လမ်းပိတ် ကြိုးတားပြီး ပိုက်ကျော်ခြင်းခတ်ကြတဲ့ လူမငယ့်တငယ်
များ´´
``ဒုန်း´´
(ရေသန့်ပုလင်းတခု စတင်းကိုလာမှန်တဲ့
အသံ)
``နောက် တစ်လုံးနှစ်လုံးသုံးလုံး ချဲဒိုင်များက
ဥပဒေ အပိုင်းလေးကိုအသုံးချပြီးMicrဝfinanceတွေလို
ရုတ်ရုတ်သည်းသည်းရဲတင်းနေတဲ့..ကိစ္စ´´
တံခါးဝက မတ်တပ်ရပ်နားထောင်နေတဲ့
ချဲဒိုင်က ရှင်လူ့ကို ခါးထောက်မျက်စောင်းထိုးပြီးချာခနဲလှည့်ထွက်သွားပြန်ပါတယ်။
``အဲ ..ပေါ့လေ..နောက်တခုက ..လော်ဥပဒေကို မလိုက်နာပဲ တလမ်းဝင်တလမ်းထွက် လူအုပ်ကြီးတရုန်းရုန်းနဲ့ ကာယကံ ဝစီကံ
မနောကံ ကံသုံးပါးလုံးနဲ့ ဆူပူသောင်းကျန်းနေကြ...အဲ..အဲ...
ဗျို့ ဦးဆံပု တို့အဖွဲ့ ဘယ်သွားကြမလို့လဲ၊
နေ..နေကြအုံးလေ..´´
ရှင်လူ စင်ပေါ်က မိုက်နဲ့လှမ်းတားတာတောင်မရ။ ရှင်လူ့မိတ်ဆွေ ဓမ္မာရုံဥက္ကဋ္ဌ နဲ့အဖွဲ့က
ရှင်လူ့ကို စိတ်ပျက်လက်ပျက် မျှော်လင့်ချက်မဲ့မျက်လုံးများနဲ့စိုက်ကြည့်ကာ ကျောခိုင်းထွက်ခွာသွားကြပြန်တယ်။
လမ်းပေါ်ပိတ်ရပ်ထားတဲ့ကားများ၊ဆိုက္ကား
များ စတဲ့ ပြောစရာစကားတွေကရှင်လူ့မှာ
အများကြီးကျန်နေသေးပေမယ့်၊တရပ်ကွက်လုံးကစိတ်မဝင်စားလို့မတက်ကြတဲ့ အုပ်ချုပ်ရေးမှုးသစ် ရွေးချယ် ပွဲကြီးကို
တခုခုမျှော်ကိုးပြီးတက်ရောက်လာကြသူ
ပိတ်သတ်တွေ တယောက်မှ မကျန်တဲ့ခါ
တယောက်ထဲကျန်ခဲ့တဲ့ ဒူးတင်ပေါင်တင်
ရပ်ကွက် အုပ်မှူးသစ်ရှင်လူလည်း စတင်းထဲအသင့်ထည့်ထားတဲ့ ပုလင်းနှစ်လုံးထဲက ဝီစကီပုလင်းကိုသာ
ကောက်ဖွင့်လိုက်ရပါကြောင်း....
(ဂယ်ကြီးမထင်ကြနဲ့ ရှင်လူမနေ့ညက
အိပ်မက်ကိုပြန်ရေးထားဒါ)

story#observation#shinlhu

Sunday, October 29, 2023

story

"ပျော့တော့ပျော့တယ်၊ မာမာပဲ"
😌🤔👺🤗🙄😌🤔👺🤗🙄
           ဘာရယ်မဟုတ် တွေးမိတာလေးတခုပါ။" အသက်ကို မေ့ထားတယ်" လို့ တချို့မိတ်ဆွေများ ပြောလေ့ရှိတယ်။ ဟုတ်ကဲ့ အသက်က မေ့ထားလို့ရပါတယ် ၊ မေ့ထားလို့မရတာက ကျန်းမာရေးပါ။ ရှင်လူကြီး ပြီးခဲ့တဲ့ အသက်တာ၆၄,၆၅,၆၆,၆၇ လောက်ထိ စက်ဘီးတစီးနဲ့ ဖလန်း ဖလန်းနေခဲ့တာပါ။ အဲ့လို နေနေတဲ့ ကောင်ဟာ ၆၈,နဲ့ ၆၉ ထဲအဝင် နှစ်များမှာတော့ ကျန်းမာရေး ပြဿနာတွေဝင်လာပြီး ရှော့ခ်တွေရပါတော့တယ်။ တသက်လုံး စိတ်မြန်လက်မြန် ကောင်မို့ ဖုန်းပွတ်ရင်း လှေခါးပေါ်ကအဆင်း ကျွမ်းပြန်ကျတာ တို့ မတ်တပ်နဲ့ ဘောင်းဘီစွပ်လိုက်တာ တပေါက်ထဲဝင်ပြီး ပစ်လဲတာတို့ ကြုံလာတော့ သိတ်အဆင်မပြေတော့ပါဘူး။မျက်စိတွေ ၊ နားတွေကအစ ခြေတွေ လက်တွေကလည်း လိုသလိုအသုံးချလို့မရတာတွေ များလာတော့ အသက်ကိုတည် ဗျာဓိနဲ့ပေါင်းပြီး ဖလန်း ဖလန်းကို ပြန်နှုတ်ရပေါ့။ အလကားနေရင်းတောင် မောမော နေလို့ ဆေးခန်းသွားတော့လည်း အဆုတ်လေပြွန် လေးတွေ ကျဉ်းသတဲ့။ ဆေးထိုး၊ သောက် ဆေးယူပြီးပြန်လာပေါ့။ နောက် မကြာမကြာ ဆေးခန်းပြန်သွားပေါ့။ တသက်လုံး စီးကရက် အပါအဝင် နီကိုတင် မီးခိုး အမျိုးမျိုး ရှူခဲ့တဲ့ကောင် ခံပေါ့။ ခုတောင် စီးကရက်ဖြတ်ထားပေမယ့် နိုင်တီတူး ဆေးနဲ့ ကွမ်းယာက မပြတ်ဝါးနေတုန်း။ဒီနေ့ တနေကုန် ဖုန်းပွတ်ရတာ အာရုံကြောတွေ တင်းလာတာကြောင့် လမ်းထိပ်ထွက်ပြီး အုတ်ခုံမှာ ထိုင်နားနေမိတယ်။ မိမိ ထိုင်ပြီးမကြာခင် တဖက်က အုတ်ခုံမှာ အပ္ပနားတို့နှစ်ယောက် ဝင်နားကြတယ်။ သူတို့မှာ ပိန်လိန်နေတဲ့ စတီး ရေပုံးတလုံး ဂေါ်ပြားတချောင်းနဲ့ ပေါက်တူး တလက် ပါလာပုံထောက်တော့ မိလ္လာကျင်းတွေဖော် တဲ့ လူတွေမှန်း သိနိုင်တာပေါ့။ အင်း နေကပူသနဲ့ ၊သူတို့ကတော့ မောတယ် ပန်းတယ်ဆိုတာ မျက်နှာမှာ တစက်ကလေးမပေါ်လွင်။ တူးမယ် ဖော်မယ်ဆိုတဲ့ မာန်တွေ ကအပြည့်။ရှင်လူ ကြီး ခုနေ သူတို့လို ပေါက်တူးနဲ့ နောက်ဖေးလမ်းကြားမြေ ပျော့ပျော့ ကို တချက်နှစ်ချက်လောက် ပေါက်လိုက်ရင် မောလို့ ဆုံးမှာမဟုတ်။ စိတ်ထဲ အားငယ်မိသား။ ခဏနားပြီး သူတို့ ဖောက်သည်ရှာဖို့ ထွက်အသွား ရှင်လူလည်း ထပြန်လာခဲ့တယ်။ 
            အခန်းပြန်ရောက်တော့ 
ပါဝါ အကြောင်းခေါင်းထဲကမထွက်တာနဲ့ ဂူဂယ်ခေါက်ပြီး ရှာလိုက်တာ ပါမောက္ခ ဒေါက်တာ သောင်းဌေး (စာရင်းအင်းပညာ)ရဲ့
ပါဝါအမာ (Hard Power) နှင့် ပါဝါအပျော့ (Soft Power)ဆောင်းပါးကို ဖတ်မိပါတယ်။
ဒီဆရာကြီးဆောင်းပါးဖတ်မိမှ မိမိမှာ ပါဝါအမာ(Hard Power) အားနည်းလာပြီး
(Soft Power) တွေ ရှိနေသေးတာ သတိထားမိလာပါတယ်။
           ဆရာကြီးဆောင်းပါးထဲက ပါဝါရဲ့ ဖွင့်ဆိုချက်ကို သူ့ဆောင်းပါးပါ စာပိုဒ်များအတိုင်း အောက်မှာ ပြပေးထားပါတယ်။
             #ပါဝါ (Power) ဆိုသည့် အင်္ဂလိပ်စကားလုံးနှင့် မြန်မာစကားလုံး၊ စကားရပ်တူညီနေသည့် သဘောတရား အနေအထားကို လေ့လာခြင်းအားဖြင့် အဆိုပါစကားလုံးမှာ မွေးစားထားသည့်စကားလုံး တစ်နည်းအားဖြင့် တိုက်ရိုက်ရယူထားသည့် စကားလုံး၊ စကားရပ်ဖြစ်ပါသည်။ အဓိပ္ပာယ်ကို သိမြင်နိုင်စေရန် မြန်မာမှုပြုစုထားရှိသည့် စကားလုံး၊ စကားရပ်များမှာ အင်အား၊ တတ်နိုင်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ စွမ်းရည်၊ အစွမ်းသတ္တိစသည်တို့ ဖြစ်ကြပါသည်။ နိုင်ငံခြားသား ပညာရှင် Joseph S.Nye,Jr. က စစ်မက်ရေးရာများနှင့် ဆက်စပ်ကာ အဓိပ္ပာယ်ဖော်ပြထားသည်မှာ Power is "the ability to effect the outcomes you want and, if necessary, to change the behavior of others to make this happen",(Reference: pp-v and 1). အကြမ်းအားဖြင့် မြန်မာဘာသာပြန်ဆိုရမည်ဆိုပါက ပါဝါဆိုသည်မှာ "မိမိအလိုရှိသည့် ရလဒ်ထွက်ပေါ်လာစေရန် ဆောင်ရွက်နိုင်သည့် အရည်အချင်း၊ အကယ်၍ လိုအပ်ပါက အခြားသူများ၏ အပြုအမူအလေ့အထကို ပြောင်းလဲစေခြင်းဖြင့် မိမိအလိုရှိသည့် သို့မဟုတ် မိမိဖြစ်လိုသည့် ဖြစ်ရပ်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခြင်း" ဖြစ်ပါသည်။#
             ဆောင်းပါးမှာ ပါဝါကို
အဲ့လိုရှင်းပြထားပြီး ၊ပါဝါနှစ်မျိုးရှိပုံကိုလည်း ဒီလို ရှင်းပြထား ပြန်ပါတယ်။
              #ပထမဦးစွာ ပါဝါအမာနှင့် ပါဝါအပျော့တို့၏ အဓိပ္ပာယ်နှင့် သဘောတရားကို ဆွေးနွေးတင်ပြပါမည်။ နိုင်ငံတကာရှိ ပညာရှင်ကြီးများသည် ပါဝါအမာနှင့် ပါဝါအပျော့ကို တင်ပြဆွေးနွေးကြရာတွင် ပါဝါ၏သဘောတရားကို တင်ပြဆွေးနွေးပြီးမှသာလျှင် အမာနှင့်အပျော့သဘောတရားကို တွဲလျက်ဆွေးနွေး တင်ပြလေ့ရှိကြပါသည်။ စာရေးသူအနေဖြင့်မူ ယနေ့ခေတ်လူငယ်အများသိရှိ နားလည်ထားကြသည့် ကွန်ပျူတာဖွဲ့စည်း တည်ဆောက်ပုံသဘောတရားကို အခြေခံပြီး အမာထည်ပစ္စည်း (Hardware) နှင့် အပျော့ထည်ပစ္စည်း  (Software) က စတင်၍ လူအများအလွယ်တကူ သိမြင်နားလည်နိုင်စေရန် ရှင်းလင်း တင်ပြပါမည်။

အမာထည်ပစ္စည်း (Hardware) ဆိုသည်မှာ (Tangible) ဟု ခေါ်ဆိုသည့် လူ၏လက်ဖြင့် ထိတွေ့နိုင်၊ ကိုင်တွယ်ရရှိနိုင်သည့် ပစ္စည်း သို့မဟုတ် လူက လက်ဖြင့်ကိုင်တွယ်လိုလျှင် ကိုင်တွယ်ရနိုင်သည့် ပစ္စည်းကို ခေါ်ဆိုပါသည်။ အရာဝတ္ထုပစ္စည်းများသည် အများအားဖြင့် ကိုင်တွယ်ရနိုင်သည့် ပစ္စည်းများ ဖြစ်ကြပါသည်။ အပျော့ထည်ပစ္စည်း (Software) ဆိုသည်မှာ (Intangible) ဟုခေါ်ဆိုသည့် လူ၏လက်ဖြင့် ကိုင်တွယ်လိုပါက ထိတွေ့ကိုင်တွယ်ရန် မရနိုင်သည့်အရာများ၊ ပစ္စည်းများဖြစ်ကြပါသည်။ သို့သော်လည်း မျက်စိဖြင့်မြင်နိုင်၊ နားဖြင့်ကြားနိုင်၊ နှာခေါင်းဖြင့် အနံ့ရရှိနိုင်၊ အသားအရေကို လာရောက်ထိတွေ့ပါက သိရှိနိုင်၊ စိတ်ဖြင့် ခံစားသိရှိစေနိုင်သည့် အရာများဖြစ်ကြပါသည်။ ဥပမာအားဖြင့် တီဗွီဖန်သားပြင်ပေါ်ရှိ အရုပ်များ၊ အသံ၊ အနံ့၊ လေ၊ အာရုံ စသည်တို့ ဖြစ်ကြသည်။ အမာထည်ပစ္စည်းနှင့် အပျော့ထည်ပစ္စည်းကို သိမြင်နားလည်စေသည်ဆိုပါက အမာနှင့်အပျော့သဘောတရားကို စာဖတ်သူများ သိမြင်နားလည်မည်ဟု ယုံကြည်ပါသည်။ #
            ဆောင်းပါးရဲ့ ဆိုလိုရင်းကို ရှင်လူနားလည်သလို အကျဉ်းချုပ်ရရင် Hard Power ပါဝါ အမာ က ရုပ်ပိုင်းကြံ့ခိုင်မှု
အခြေ ခံပြီး Soft Power က
စိတ်ပိုင်း အခြေ ခံတဲ့ ဘာသာ
စာပေ ယဉ်ကျေးမှု အနုသုခုမပညာရပ်များမှာ အခြေ ခံတယ်လို့ သုံးသပ်မိပါတယ်။
            စာလည်းရှည်သွားပြီမို့
လိုရင်း ပြောရရင် Hard Power ကုန်နေတဲ့ ရှင်လူကြီး
မှာ Soft Power ဆိုတဲ့ စာပေ အနုပညာ စွမ်းအားတွေတော့ ရှိနေပါသေးတယ်လေ။
            အင်း...တွေ့မယ် ၊စာမဖတ် ပေမဖတ်၊ မတွေးတတ် မဆင်ခြင်တတ်ပဲ online ပေါ်မှာ
ပေါက်ကရ ုငြင်းခုန်နေ တဲ့ကောင်တွေ။
story#observation#shinlhu

Monday, September 18, 2023

story

ဘာသာစကားရွေးချယ်ပါ
🤒☠️🤗😌😎🚷
သက္ကရာဇ် 2000 ခုလောက်တုန်းက စစ်‌ကြောရေး စခန်းတခုရဲ့ သံမံတလင်းပေါ်မှာ
ထိပ်တုန်းခတ်၊ မျက်နှာကို အဝတ်စီး ပြီး စစ်
‌ကြောခံခဲ့ဖူးတယ်။ ကုလားထိုင်ပေါ်ထိုင်နေတဲ့
ဆရာမျိုး(တပ် ကြပ် ကြီး ထင်ပါတယ်)ဆိုသူက
"ခုနေ ခင်ဗျား ရပ်ကွက် လူကြီး ဖြစ်ရင် ဘာလုပ်မလဲ"
"ကျနော် ရပ်ကွက်လူ ကြီး မ ဖြစ်နိုင်ပါဘူး"
"မဟုတ်ဘူးလေ ၊ခင်ဗျားကို ရပ်ကွက်ကလူတွေက လူ ကြီး အ ဖြစ် လုပ်ခိုင်းရင်ပေါ့"
"သူတို့ခိုင်းလည်း ကျနော် မလုပ်ပါဘူး"
"အတင်း မ ဖြစ်မနေ လုပ်ရမယ်ဆိုရင်ရော"
"မလုပ်ပါဘူး၊ ကျနော့ ဘဝမှာ လူ ကြီးလုပ်ဖို့
တခါမှ စဉ်းစားမထားပါဘူး" သူလိုချင်တဲ့ အ‌ဖြေမရတော့ ဆရာမျိုး စိတ်သိတ်မရှည်ချင်တော့။
သူလိုချင်တဲ့ဆီရောက်အောင် သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်ပဲ မေးချလာတယ်။
"ခင်ဗျား လူ ကြီး ဖြစ်ရင်ကော လူတွေကို လွတ်လပ်ခွင့် ၊‌ပြောခွင့် ၊ဆိုခွင့် ပေးမှာလား "
"ဒါလည်း ကျနော်မသိဘူး၊ ကျနော် လူ ကြီး
လုပ်ဖို့မစဉ်းစားထားတဲ့အတွက် ၊သူတို့ကိုပေးဖို့ကိစ္စတွေလည်း ကြိုစဉ်းစားထားတာမရှိဘူး"
အဲ့ချိန်က အ ဗြင်းမခံရတာ အင်မတန် ကံ ကြီးတယ်ဆိုရမယ်။ ရှင်လူ့မှာ အားကိုးစရာ သီလပဲရှိတယ်။ သူတို့ ကို ဘာမှလိမ်ညာမုသားမ‌ပြော။ စိတ်ထဲက ခံယူထားတဲ့အတိုင်း ‌ပြောခဲ့ ခြင်းသာ။ စာရေး ကဗျာရေး ၊အနုပညာမှန်သမျှ ဟိုစပ်စပ် ဒီစပ်စပ် တွေ လုပ်နေပေမယ့် ဘဝမှာ
ရပ်ကွက်လူ ကြီး(အုပ် ကြီး)လုပ်ဖို့စိတ်ကူးတောင် မယဉ်ခဲ့ (အဲ့ဒါ ခုထိကောင်းတုန်း)။
ဒါပေမယ့်  အရပ်ကခန့်/ဆွဲခန့် လူ ကြီးမ
ဖြစ်ခဲ့ပေမယ့် ဝယဝုဒ္ဓိ ခေါ်ရမလားပဲ အသက်အရွယ် အရတော့ သေခါနီးလေ လူ ကြီးဖြစ်လေပါပဲ။ ခုလို အ‌ခြေအနေမျိုးရောက်မှ "အင်း
တသက်မှာ တခါလောက်တော့ လူ ကြီးစိတ်ကူးဝင် ကြည့်အုံးမှ လို့ တွေးမိပေါ့။ လူ ကြီးလုပ်မှတော့ဗျာ ရပ်ရွာ ဇနပုဒ် အုပ် ကြီးလောက်တော့
မမှန်းတော့ပါဘူး ။ မှန်းချင်းမှန်း သမတ ကြီးလောက်မှန်းတော့မပေါ့။ ကဲ နိုင်ငံတော် သမတ
ကြီး ရှင်လူ က ရဟန်း ရှင်လူ ပြည်သူတွေကို
မိန့်ခွန်း ‌ပြောရတော့မယ် ဆို (သူများရေးမခိုင်းဘူး ၊ကွကိုယ်ရေးမှာ၊တသက်လုံး ကဗျာရေး/စာရေး လုပ်လာတာ ဘဝ မှာ အံတိုနေ ပြီလေ၊ ရေးတတ်ပ)
မိန့်ခွန်းက ကျစ်ကျစ်လျစ်လျစ်နဲ့ လိုရင်းတိုရှင်း၊
တိုင်းပြည်အတွက် အကျိုးစီးပွား ကိုဆောင်ရမယ်။ဒီတော့
"အို ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ခင်ဗျာ၊
စကားလုံးတွေကို ကျည်ဆန် အ ဖြစ် ‌ပြောင်းလဲ
ထုတ်လုပ်မလား၊ ကျည်ဆန်တွေကို စကားလုံးတွေအ ဖြစ် ‌ပြောင်းလဲ ထုတ်လုပ်မလား၊ မိမိတို့ကိုယ်တိုင် ရွေးချယ် ကြရမှာ ဖြစ်ပါတယ်"။
ပြီးပါ ပြီ။ ။ဒါပဲ။
story#observation#shinlhu

Monday, July 17, 2023

story

ကြွေပြီ
💝💝💝
မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး မြတ်နိုးတော့ သဒ္ဓါ တဲ့။ ဂီတလုင်မောင်ကိုကို ရေးပြီး တင်တင်မြသီဆိုထားတဲ့ ``တကျော့နှစ်ကျော့ တေးကိုသီ´´ သီချင်းလေးကို ရှင်လူ စွဲလန်းမိတယ်။ သံစဉ်နဲ့စာသား ဟန်ထား
ကိုက်လို့ထင်ရဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် ဒီသီချင်းလေးကို ရှင်လူ
စွဲလန်းနှစ်သက်နေဆဲ။ 
ခုတလော ရှင်လူကြီး ဖွေးဖွေးသိမ့်အကြောင်းတွေ သိတ်မတင်
ချင်တော့။ ကိုယ်က သူ့ကို ချစ်တော့
ဘာမဆို အချစ်စွဲလေးနဲ့ ဓာတ်ပုံရိုက်
စာတွေရေးတင်နေတာ နည်းနည်း များလွန်းနေပြီလားလို့။ဖွေးမွေးတဲ့နေ့က
စပြီး ခု ၄ နှစ်ပြည့်ခါနီးထိ ဖွေးအကြောင်း
တွေက များလှပြီ။ အင်း ခက်တာက 
ဖွေးရဲ့ လုပ်ရပ်တွေက ရှင်လူရပ်ချင်တိုင်း
ရပ်မရအောင်ဖြစ်နေတယ်။မယုံနိုင်လောက်အောင်
သိနေတတ်နေတဲ့ဖွေးကိုတွေ့ပြန်
်တော့လည်းဒီအဖိုးကြီးရှင်လူကသယ်ရင်း
တွေကို ဖောက်သည်ချချင်ပြန်ရော။ကဲဗျာ
နောက်ရေးချင်မှရေးမယ် ခုတော့ဒီနေ့ဖွေးနဲ့
ရှင်လူ့ အကြောင်းလေးရေးလိုက်အုံးမှ။
ဒီနေ့ ရှင်လူကြီး နေမကောင်းချင်ဘူးဗျ။
တုပ်ကွေးများမိချင်နေသလားမပြောတတ်ဘူး။ချောင်း
တွေဆိုးပြီး နှာရည်က တောက်တောက်ယိုနေတယ်။ ဒါနဲ့ ညနေဘက် ဖွေးကို``သမီးလေးရှင်လူနေမကောင်းချင်ဘူး၊ ဒီညနေ ရေချိုးရမလား မချိုးရဘူးလား´´ဆိုတော့ ``ချိုးနဲ့´´တဲ့။
ပြောပြောဆိုဆိုနဲ့ ရှင်လူကြီးလည်း ရေတိုင်ကီမှာ ခြေလက် မျက်နှာ ဆေးကြောတာပေါ့လေ။ ခြေလက်ဆေးရင်း
စိတ်ထဲငြီးစီစီနေတာကြောင့် အနားမှာအဝတ်လျှော်နေတဲ့ ဖွေးအမေကို
``ငါရေချိုးချင်လာပြီဟာ၊ချိုးလိုက်မယ်´´ဆိုတော့ ဖွေးအမေက ``ဟုတ်တယ်ဦးလေး ..ချိုး ´´ဆိုတာနဲ့ 
ရှင်လူလည်းလန်းသွားအောင် အားရပါးရ
လောင်းချိုးပလိုက်တယ်။အဲဒါ ရေချိုးပြီး
အဝတ်လဲထွက်လာတော့ဖွေးတို့အိမ်ရှေ့မှာ ဖွေးနဲ့တန်းတိုးပါရော။ ``ရေမချိုးနဲ့ပြော
တာ ချိုးတယ်မဟုတ်လား ၊ ငါပိတ်ကန်လိုက်ရ´´ ဗုဒ္ဓေါ၊ ကိုယ့်အပြစ်နဲ့
ကိုယ်ငြိမ်နေလိုက်တော့``ဆေးသောက်မလား´´အမ်မာ...ကြီးကြီးကျယ်ကျယ် သူက
ရှင်လူ့ကို ဆေးသောက်မလား တဲ့။ဘာဆေးများတိုက်မလဲမသိဘူး။သိချင်
လာတာနဲ့``သောက်မယ်´´ပြောလိုက်
တော့ အတွင်းခန်း သူ့ဖွားလေး အပျိုကြီး
ခုတင်ပေါ်တက်သွားတယ်။ရှင်လူလည်း
ပြီးပြီးပျောက်ပျောက် သွားကစားနေတယ်
ထင်တာခဏနေတော့ဖွေးအခန်းထဲကထွက်လာပြီးသူ့ရဲ့ပလပ်စတစ်ခုံလေးဆွဲကာနောက်ဖေးမီးဖိုချောင်
ထဲဝင်သွားတယ်။
ရှင်လူလည်း သူဘာတွေလုပ်နေမှန်းမသိလို့ ဓာတ်တွေဘာတွေလိုက်မှာစိုးတာနဲ့ မီးဖို
ချောင်ထဲလိုက်သွားခဲ့တယ်။ ``သမီးလေး
ဘာတွေလုပ်နေတာလဲ။အဲ့ ချောင်ထဲမသွားနဲ့ ဓာတ်တွေဘာတွေလိုက်
နေမယ်´´ဆိုတော့ ဖွေးက ရှင်လူ့ကိုဘာမှပြန်မပြောပဲ ပလပ်စတစ်ခုံ
ပေါ်တက်ပြီး ထရံမှာထိုးထားတဲ့ကပ်ကျေးကို ဖြုတ်နေတယ်။သူ့အရပ်နဲ့မမီလို့ ခုံလာယူတာကိုး။ ကပ်ကျေးလည်းရရော
သူ့လက်ထဲကပလပ်စတစ်အထုပ်ကို ကပ်ကျေးနဲ့ညှပ်ဖွင့်ပြီး ရှင်လူ့ကိုလှမ်း
ပေးတယ်``ရော့ ..သောက်လိုက်´´တဲ့။
အထုပ်ကစာကိုဖတ်ကြည့်လိုက်တော့
``အောင်တမန် ကွမ်းရွက်အခိုးပွင့်ဆေး´´
တဲ့။အိုးဂေါ့...လာမယ့်သီတင်းကျွတ်လပြည့်ကျော်မှ
၄နှစ်ပြည့်မယ့်ဖွေးဖွေးသိမ့်က
ရှင်လူကြီးကို ပြုစုစောင့်ရှောက်နေလိုက်ပုံ
များ....။
ကြွေပြီ.  ... story#observation#shinlhu

Monday, June 19, 2023

story

ဒီနေ့ အိမ်ခန်းကို ရှင်းဖြစ်တယ်။
နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကိုယ်ပိုင် အိမ်တွင်းမှု လုပ်ငန်းလေးက ကိုဗစ် ပထမလှိုင်းမှာကတည်းက ရပ်ခဲ့ ပြီ။ ပန်းထိမ် ဆရာတွေကိုယ်တိုင် လုပ်ငန်းတွေရပ်ကုန်တော့ ပန်းထိမ်ကိုအမှီ
ပြု ရပ်တည်ရတဲ့ ပန်းထိမ်မီးဂေါက် ပြု ပြင်ရေး လုပ်ငန်းလည်း ရပ်ခဲ့ရပေါ့။
အလုပ်ရပ်တော့ အလုပ်အတွက် ဝယ်ယူထားရတဲ့ ကုန် ကြမ်းတွေ၊ ဘေးထွက် အမှိုက်သရိုက်တွေနဲ့ လက်နက်ကိရိယာ တွေက အိမ်ခန်းထဲမှာ စုပုံ ရှုပ်ပွနေခဲ့။ ဘဝရဲ့ အချိုးအကွေ့ရောက်နေမှတော့ လုပ်ငန်းဟောင်း ရဲ့ပုံရိပ်တွေအပေါ် သံယောဇဉ် ဖြတ်သင့်နေ ပြီ။
ညီလိုခင်တဲ့ဓမ္မ မိတ်ဆွေရဲ့ ဖေးမမှု ‌ကြောင့်
ခုလို ကိုဗစ်/ကိုညစ် ကပ်ဆိုး ကြီးအောက်မှာ
ကြံ့ ကြံ့ ခံ ရပ်တည်နေနိုင်ခဲ့ ပြီပဲ။ ဒါနဲ့ အခန်းရှင်းရင်း လက်နက်ကိရိယာတွေ ကို နီးစပ်ရာ
အသုံးတည့်မဲ့သူတွေကို ပေးတန်တာပေး၊ရောင်းတန်တာရောင်း ၊ကျန်တဲ့ အောက်‌ခြေသိမ်း
လက်နက်ကိရိယာ အကောင်းအပျက် အတိုအစ တွေကိုတော့ ဟို ခပ်ပိန်ပိန် ချိချိနဲ့
လှည်းကလေးတွန်း ပြီး တလမ်းဝင်တလမ်းထွက် ပစ္စည်းအဟောင်းတွေဝယ်တဲ့ သူ ကို ခေါ် ပြီး လှည်းတစီးတိုက်စာ အလကားပေးလိုက်တယ်။ သူ့မိသားစု ဝမ်းစာအတွက် အတန်အသင့်တော့ ဖူလုံကောင်းရဲ့။
အခန်းရှင်းလက်စနဲ့ စာအုပ်ပုံဘက်ရောက်တော့
မထင်မှတ်ပဲ ကိုယ်တိုင်မေ့နေတဲ့ စာအုပ်နှစ်အုပ်ကို ပြန်တွေ့တယ်။ကိုယ့်ကဗျာတွေ၊ ဝတ္ထ ုတိုတွေပါတဲ့ စာအုပ်အများစုဟာ လက်ထဲမှာ မရှိတတ်။တခါက "စံပါယ်ဖြူ မဂ္ဂဇင်း"မှာ ပါခဲ့တဲ့
"ပြူတင်းပေါက်ကလေးတခု"ဝတ္ထ ုတိုဆို
ပြန်ဖတ်ချင်လို့ ရှာတဲ့ခါ မဂ္ဂဇင်းထွက်တဲ့ လ‌တွေနှစ်တွေ မှတ်မထားမိတော့ စာ ကြည့်တိုက်တွေ လိုက်ရှာတောင် ဘယ်လိုရှာရမှန်း မသိနိုင်တော့။ ခုနောက်ပိုင်း ရေးဖြစ်တာလေး တွေတော့
shinlhu.blogspot.com နဲ့ Facebook ညို မြသွေး Page မှာ တင်ဖြစ်တော့ လောလောဆည် တော့ မပျောက်မပျက်
ရှိနေ ကြတယ်။ ခု ကိုယ့်ကဗျာတွေ ပြန်‌တွေ့တဲ့မန်းချောင်းလရောင် စာအုပ်တိုက်က "ခေတ်ပေါ်လား ခေတ် ပြိုင်လား မြန်မာကဗျာရဲ့ထိပ်တန်းလျှိ ု့ဝှက်ချက်"Poetry Life" စာအုပ်နဲ့
၂၀၁၁ ၊မေလ ထုတ် "မဟေသီ " ရုပ်စုံ မဂ္ဂဇင်း နှစ်အုပ်ထဲက အရင်ဆုံး မဟေသီပါ "သမုဒယ၏ဖန်ရှင်များ"ကဗျာကို ပြန်ရိုက်ပြီး
တင်လိုက်ပါတယ်။ခုလို အချိန်မျိုးမှာ မိမိကဗျာကို ‌ကြော်ငြာဝင်နေရင် ပုဂ်္ဂိ ုလ်ရေးထူထောင်သလို ဖြစ်မှာတော့စိုးမိပါတယ်။စိတ်မအား
လူမအား ဖြစ်နေသူများ စိတ်အနှောင့်အယှက်
 မ ဖြစ်စေလိုပါ။
မိမိအနေနဲ့ တော့ မိမိရဲ့ blog တွေ Page
တွေမှာ ပြန်တင်ပြီး သိမ်းခဲ့မှာပါ။
တကယ်လို့ ခင်မင်ရင်းစွဲရှိ ပြီး မိတ်ဆွေများ
ရှင်လူ ကြီး ပျောက်နေတယ်၊ ဘာတွေလုပ်နေလဲ သိချင်ရင်တော့ ဒီကဗျာဟောင်းလေးကို
ဝင်ဖတ် သွား ကြပေါ့ဗျာ။

သမုဒယ၏ ‌ဖန်ရှင်များ
🍂🍂🍂🍂🍂

အပေါစားဆံညှပ်ကလေးတချောင်းက
အမှတ်ရစရာ ဖြစ်နေလျှင်
သင်သည်..
တရားမရှိသူတယောက်
(သို့မဟုတ်)
အချစ် ကြီးသူတယောက် ဖြစ်လိမ့်မည်။

ဇီဝိတဒါန ဆေးမှတ်တမ်းက‌လေးတခုက
လွမ်းဆွတ်စရာ ဖြစ်နေလျှင်
သင်သည်..

ပညတ်အစုအပုံနဲ့
အဲဒီနေသားတကျ သင်္ခါရများ
မိန်းမအသုံးအဆောင် ပစ္စည်းများနဲ့
ယောဂီထမီ အဟောင်းကလေးကအစ
ရုပ်တရား..နာမ်တရား
ခန္ဓာငါးပါးပဲလေ
အ မြင်‌ပြောင်းလိုက်ရုံနဲ့
ဟန်ကျ ပန်ကျ ဖြစ်လာမလား။

အရှင်ဘုရား
ရွေးစရာမရှိတော့လို့
တရားကို ရွေးချယ် လိုက်ရပါတယ်။

သံသရာကို ဒီလို ဖြတ်လို့ရမယ်ဆိုရင်
ဒဏ်ရာ အနာဟူသမျှကိုလည်း
အချစ်နှင့်အတူ
တပါတည်း မြှ ုပ်နှံ လိုပါ၏။ ။

ဇေယျဝတီ -မင်းလွင်စိုး

အထူးမှတ်ချက်။ ။ဒီနေ့မှာပဲ မှော်ဘီ ကိုးလုံးကွင်းသုဿန် မှာ ဇနီးသည်ကို ‌မြေချခဲ့ရတဲ့ ညီငယ် ခင်မောင်ကြည် ရေ။မင်းလိုပဲ လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက အကို ကြီး လည်း ကြုံခဲ့ရပါတယ်။ စာနာပါတယ်ကွာ။ ဒီနေ့ ဗာဟိရတွေ‌ကြောင့် အကို ကြီး လိုက်မပို့ နိုင်တာခွင့်လွှတ်ပါကွာ။
story#observation#shinlhu

Thursday, June 1, 2023

story

ဘာရယ်မဟုတ်စာခြောက်ရုပ်
-----------------------
ဘာရယ်မဟုတ် ခုတလောစာမရေးဘဲဒီတိုင်းထိုင်နေတာကြာပြီ။ငယ်စဉ်ကလေးဘဝတုန်းကတော့ ဘာမှမလုပ်ဘဲ စားလိုက်အိပ်လိုက် အားအားရှိထိုင်နေလိုက်ဆိုအတော်ဇိမ်ကျမယ်ထင်ခဲ့မိတယ်။ တကယ်ကျတော့ ၆၉ နှစ်ရွယ်လူကြီးတယောက်အဖို့ အားအားလျားလျားငုတ်တုပ်ကြီးထိုင်နေရတာတကယ်မလွယ်လှ။ထိုင်လေ ညောင်းလေ အတွေးပွားလေနဲ့ Stress စိတ်ဖိစီးမှုတွေကအချိန်မပြတ်နှိပ်စက်လာတယ်။ ဪ..အားနေရင်တရားလေးဘာလေးမှတ်နေပါလားဆိုတော့လည်း တရားအလုပ်ကစံနစ်တကျလေ့ကျင့်သင်ကြားမထားရင်၅မိနစ်၁၀မိနစ်တောင်လုပ်ဖို့မလွယ်။သမာဓိလေးရဖို့တောင်မပျိုးနိုင်။
ဘဝမှာစာတွေစုံအောင်ဖတ်ပြီး စာနဲ့တင်တရားဆုံးနေတဲ့စရဏမဲ့အဖြစ်တွေကကိလေသာအပူနဲ့ပက်ပင်းတွေ့တော့တမြေ့မြေ့လောင်။ဒီကြားထဲတသက်က်လုံးပါလာတဲ့
အထုံဝါသနာတွေကအာရုံထဲထပ်တလဲလဲနှောင့်ယှက်။ဆရာတော်ကြီးတွေမိန့်ကြားခဲ့တဲ့ အသေမဦးခင်ညာဏ်ဦးအောင်လုပ်ကြဆိုတဲ့စကားနားထဲဝင်လာတယ်။
အင်း..ရှင်လူကြီး ၆၉နှစ်ဆိုတော့ လူ့သက်တမ်းအရအသေကဦးနေပြီ။ဒါဖြင့်ဘာလုပ်နေသလဲဆိုတော့ တရားကို အချိန်ပိုကျင့်နေတယ်ပဲပြောရတော့မှာပဲ။
Thursday,1 June
2023

Sunday, April 30, 2023

story

ကြောက်ထိုးဆရာကြီးရှင်လူ
$$$$$$$$$$$$$
ငါက ရောင်းရင်းတွေရဲ့နောက်ကျောကို
ဘယ်တော့မှ ဓားနဲ့မထိုးဘူး..
တက်တူးပဲထိုးတာ..
``ငကြောက်´´လို့...
တသံသရာလုံး မချမ်းသာမှာကြောက်ရ
နာမည်မကြီးမှာကြောက်ရ...
ရှေ့ကားကို မကျော်နိုင်မှာကြောက်ရ..
နောက်ကားကျော်တက်မှာကြောက်ရ...
သူများအလေးမပြုမှာကြောက်ရ...
ကိုယ်ကသူများကို အလေးပြုရမှာကြောက်ရ..
ရှင်လူ့ရောဂါကလည်း ကိုယ့်ရောင်းရင်းတွေဆို...
ငကြောက်တွေဖြစ်မှာကိုပဲ ကြောက်ရ...သူတို့ငကြောက်ဖြစ်သွားရင်..
သူတို့နောက်ကျောကို
ငကြောက်လို့ တက်တူးထိုးရမှာကိုပဲ 
ကြောက်နေတော့တာဗျ....


Wednesday, April 26, 2023

story

ပေါက်ပင်ဘာကြောင့်ကိုင်း
ကိုင်းချင်လို့ကိုင်း
🌱😁🤓😎😂😅🥸

"ရှင်လူ့စာတွေ ကနေ ဒဿနတွေရတယ်" တဲ့။ လက်ဖက်ရည်ဆိုင်ထိုင်ဘက်
‌မိတ်ဆွေတယောက်ရဲ့ မှတ်ချက်ကြောင့် ရှင်လူပြုံးမိတယ်။ အမှန်တော့ ရှင်လူက
ဒဿန ကိုအယုံအကြည်မဲ့သူ။ဘာကြောင့်အယုံအကြည်မဲ့ရသလဲ ဆိုတော့ သာဓကတခုအနေနဲ့ပြရရင် "အချိန်နဲ့ဒီရေသည် လူကိုမစောင့်"တဲ့။လူတွေကို အချိန်မဆိုင်းလုပ်ဆောင်ကြဖို့ နှိုးဆော်ထားတာ။ဒါပေမယ့်ဒီရေအတက်အကျ အချိန်ကိုတော့လူကစောင့်ရမယ့်သဘော။ဘာမဆို ကိုယ်လုပ်ချင်တိုင်းထလုပ်လို့မရတဲ့သဘော။တခါကနိုဘယ်လ်ဆုရစာရေးဆရာကြီးတယောက်ကပြောဖူးတယ်။"မနက်ဖြန်မှလုပ်ရမယ့်အလုပ်ကို ဒီနေ့မလုပ်ပါနဲ့"တဲ့။အမ်...သူ့ဟာကြီးက ဘယ့်နှာကြီးလဲ။တကယ်အလေးအနက်တွေးကြည့်တော့ မရင့်မှည့်သေးတဲ့စပါးတွေကို ရိတ်သိမ်းလို့မရသေးလို့ သဘောပေါက်ရတယ်။မွေးချိန်မစေ့သေးတဲ့ကလေးကို အချိန်စောင့်ရမယ်လို့သဘောပေါက်ရပြန်တယ်။
ဒဿနနယ်ပယ်မှာ ဒီလိုတခုနဲ့တခု Conflict ဖြစ်နေတာတွေအများအပြား။လူတယောက်ဟာ တခုခုကိုအသေဆုပ်လိုက်တာနဲ့ အစွန်းရောက်သွားတော့တာပဲ။အမှန်တော့လူဟာ ယောနိသောမနသိကာရဆိုတဲ့နှလုံးသွင်းမှန်ဖို့လိုတယ်။အသင့်အတင့်နှလုံးသွင်းတတ်မှလည်း Flexible ဖြစ်မယ်။ပြုလွယ်ပြင်လွယ် ဆွေးနွေးညှိနှိုင်းလွယ်မယ်။လူ့ဘောင်လောကနဲ့ သဟဇာတဖြစ်မယ်။ဒီနေရာမှာစကားစပ်လို့ ရှင်လူကြီးတို့လင်မယားအကြောင်းနည်းနည်းထည့်ပြောရအုံးမယ်။ရှင်လူကြီးအိမ်ထောင်ကျစကအသက်လည်း ၂၀ ကျော်ဆိုတော့ အချစ်ဒဿန ကလည်းအားကောင်းတဲ့အချိန်။တနေ့တော့ "မောင်ရှေ့ကိုတည့်တည့်လျှောက်ရင် မေလည်းနောက်ကလိုက်ကာလျှောက်မယ် မောင်ရေ" ဆိုတဲ့ သီချင်းစာသားလေးဇနီးသည်ကိုဆိုပြရင်း ရိုတာပေါ့ဗျာ။အဲ့ခါ ဇနီးသည်က "ဘာလို့နောက်ကလိုက်လျှောက်ရမှာလည်း ၊ကိုယ်လျှောက်ချင်သလိုလျှောက်မှာပေါ့"ဆိုတော့ မိန်းမကိုစိတ်ကောက်ပြီး ထမင်းနှစ်နပ်လောက်မစားပဲ Hunger Strike လုပ်ခဲ့သေးတယ်။ဒီနေ့ခေတ်စားနေတဲ့ Feminism ပြောရမလားပဲ။All genders having equal rights and opportunities. တဲ့။ကျားမမရွေးလွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့အခွင့်အရေးပဲ။
ဒါကိုရှင်လူကြီးက Heart ထိပြီးထမင်းနှစ်နပ်အငတ်ခံလိုက်တော့ အမျိုးသမီးအခွင့်အရေးကို ကိုယ့်အခွင့်အရေးလုပ်နိုင်တာကို ဂုဏ်ယူလိုက်သေး။
            တကယ်တော့ ပေါက်ပင်ဘာ‌ကြောင့်ကိုင်းရတယ် ကဗျာလိုပဲ....ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ၊ဗျိုင်းနားလို့ကိုင်းရတယ်၊ ဗျိုင်းဘာကြောင့်နားရတယ်၊ငါးပေါ်လို့ နားရတယ်၊ငါးဘာလို့ပေါ်ရတယ်၊ကျွဲလူးလို့ပေါ်ရတယ်၊ကျွဲဘာလို့လူးရတယ်၊ဖြုတ်ကိုက်လို့လူးရတယ်...တဲ့။ သူ့အကြောင်းပြချက်နဲ့သူဟုတ်နေကြတာ။နောက်မှာဆက်စပ်နေတဲ့အရာတွေ၊ဆင်ခြင်တွေးတောရမယ့်အရာတွေအများကြီးရှိတယ်။ဗျိုင်းနားငါးပေါ် ကျွဲလူး ဖြုတ်ကိုက် စတဲ့ သူ့ဆင်ခြေနဲ့သူမှန်နေတိုင်း ပဋိပက္ခတွေဖြစ်နေလို့ကတော့နောက်ဆက်တွဲ မိုးရွာ ဖားအော် မြွေကိုက်တွေကလည်းတရစပ်မပြီးနိုင်မစီးနိုင်
လိုက်နေမှာပဲ။
             လက်ဖက်ရည်ဆိုင်က
မိတ်ဆွေ စကားကြောင့် အတွေးတွေပွားပြီး ပေါက်ပင်ပါကိုင်းသွားလိုက်တာ မဆုံးနိုင်တော့။
             နိဂုံးစကားတခွန်းတော့ပြောချင်ပါတယ်"အယူမသည်းကြပါနဲ့"လို့။

story#observation#shinlhu

Sunday, March 5, 2023

story

"Human resources -လူသားအရင်းအ မြစ် က သြဠာရိကလား-သုခုမလား"
🤐🌷💮🌵🍂👺🙄

             ပြီးခဲ့တဲ့တပေါင်းလ ပြည့်နေ့ ဟာ ဖွေးဖွေးသိမ့်အမေ
ငမိုးရိပ်နဲ့ သူ့တီတီလေးမခိုင်တို့
အမွှာညီအမရဲ့မွေးနေ့ ဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ တပို့တွဲလထဲမှာပဲ ဖွေးတို့ အိမ်‌ခန်း‌ပြောင်းထားတာဆိုတော့ အိမ်တက်ပရိတ်လည်း မရွတ်ရ‌သေးတာ‌ကြောင့် အရာရာ အဆင်မ‌ပြေတဲ့ ကြားကပဲ အကျဉ်းရုံးပြီး မွေးနေ့ နဲ့ အိမ်တက် ပရိတ်ရွတ်ပွဲကို ဘုန်း ကြီးသုံးပါးပင့် ပြီး လုပ်ဖြစ်ခဲ့ပါတယ်။
ဧည့်ပရိတ်သတ်တွေကိုလည်း တကူးတက ဖိတ်ကြားမနေပဲ ကြုံကြိုက်လို့ ဝင်လာတဲ့ လူတွေကိုပဲ ဧည့်ခံခဲ့ပါတယ်။ ဒါ‌တောင် အ မြဲတမ်းဧည့်မ ပြတ်တတ်တဲ့အိမ် ဆိုတော့ ကြက်သားပလာတာ ‌ကြွေးတာမူလမှန်းထားချက်နဲ့မလောက်လို့ ပလာတာတွေ ထပ်ဝယ်ရသေးတယ်။ မောင်ဝင်းချက်ထားတဲ့ ကြက်ပဲ ဟင်းက အလျံပါယ်မို့ တော်သေးရဲ့။ ဒီပွဲမှာ လာသမျှဧည့်သည်တွေ ကြား ရေပန်းစားသွားသူကတော့ ချောစုရတီစံ (ခေါ်)ဖွေးဖွေးသိမ့်ပါပဲ။သူ့အမေနဲ့ တီတီလေးတို့  ဒိုင်ခံ ပြင်ပေးတဲ့ မုန့်ပွဲတွေကိုဧည့်ခန်းထဲက စားပွဲ နှစ်လုံးဆီမလစ်လပ်ရအောင် ဧည့်ခံပွဲထိုးပေးရသူက ဖွေးပါ။သူပွဲထိုးပေးနေတာကို ကြည့်ကောင်းကောင်းနဲ့ ရှင်လူ ကြီး ထိုင် ကြည့်နေမိပါတယ်။ဖျတ်ဖျတ်လပ်လပ်နဲ့  အချိုပွဲပါမကျန် ဂရုတစိုက်ပါပဲ။"‌မြေးလေးကတော်လိုက်တာ"ဆိုတဲ့ အသံတွေပဲ့တင်ထပ်လို့ပေါ့။ ဖွေးက စားပြီးပန်းကန်လွတ်သိမ်းရင်း နှိုက်စားထားလို့ ဖရိုဖရဲ ဖြစ်နေတဲ့ဖရဲသီးစိတ်ပန်းကန်လေးကို လက်ငါးချောင်းနဲ့ ဖွဖွလေးထိရင်း အ မြင်လှအောင် ပြင်သွားပုံက တကယ့်သုခုမပါပဲ။ ဖွေးက ပန်းချီဆွဲတာ၊
လက်မှု အလုပ်ကလေးတွေလုပ်ရာမှာလည်းဝါသနာပါသလို တခါတခါ လက်သီးနှစ်လုံးတင်းတက်းဆုပ် ၊ခုန်ပေါက်သိုင်းကွက်နင်း
ပြီး ရှင်လူ့ကိုလည်း တိုက်ခိုက်တတ်ပါသေးတယ်။သူကသဏ္ဍာန်လုပ်ပေမယ့် တခါတခါ အရှိန်လွန်ထိခိုက်မစိုးလို့ ရှင်လူ ကြီး အ မြဲသတိထားနေရပါတယ်။လူသားအရင်းအ မြစ်တွေကတော့ ဖွံ့  ဖြိုးနေစ မြဲပါ။ သြဠာရိက(အ ကြမ်း)လား၊
သုခုမ (အနု)လားဆိုတာကတော့
သူတို့ ခေတ်လမ်းပေါ်မှာကျလာမယ့်အရာတွေဟာ နှင်းမှုန်လွလွလား၊မိုးသီးလျှပ်စီး မုန်တိုင်းလားဆိုတဲ့အပေါ်မူတည်ပါလိမ့်မယ်။
နှင်းဆမ်းသောလမ်းကလေး ဖြစ်ကြပါစေ။

Tuesday, January 24, 2023

story

လိပ်​ပြာငယ်​ရှင်​လူ
♡ ♡ ♡ ♡ ♡ ♡ 
ရှင်​လူစာ​ရေးတဲ့အခါ တခါတခါ ကြမ်းတမ်းတဲ့အ​ရေးအသားတချို့ပါတတ်​ပါတယ်​။ရှင်​လူ့စာ​တွေကိုဖတ်​​လေ့ရှိသူ​တွေထဲမှာ အမျိုးသမီးမိတ်​​ဆွေ ​တွေလည်း အတန်​သင့်​ပါ​နေကြပါတယ်​။ တကယ်​​တော့
ဖရုဿဝါစာဆိုတာ ဒုစရိုက်​ဆယ်​ပါးထဲမှာ
ဝစီဒုစရိုက်​တပါးဖြစ်​ပါတယ်​။အမှန်​​တော့
ရှင်​လူဆိုတဲ့ လူဟာ ​လောဘ ​ဒေါသ ​မောဟ
ကိ​လေသာ အလယ်​အလတ်​စားထဲက​လို့
ပြောရမလားပဲ။တချို့ဟာ​တွေမ​ကောင်းမှန်းသိသိချည်းနဲ့ ခုထိလုပ်​​နေမိတုန်းပါပဲ။
ဆေးလိပ်​၊ကွမ်းနဲ့ အရက်​မှာ​ဆေးလိပ်​နဲ့ကွမ်း
ကိုစွဲ​နေပြီးအရက်​ကို​တော့​ဆေးအဖြစ်​တခါတရံသုံးပါတယ်။ လွန်ခဲ့တဲ့၈နှစ်​​လောက်က
တီဘီေ​ဆး ၆ လ​​သောက်​ရတာ​တောင်
ေ​ဆးလိပ်​တရက်မှမပြတ်ခဲ့ပါ။ အထူးသဖြင့်
စာ​ရေးတဲ့အခါတခါတခါကြမ်းသွားတာကလည်း စရိုက်​မ​ကောင်းတာပါ။ဒီကြားထဲ 
ဗန်း​မော်​ဆရာ​တော်​တို့စ​လေဦးပုညတို့​ရေးတဲ့စာ​တွေကဗျာ​တွေကလည်းဖတ်​ဖူးထား​လေ​တော့မြန်​မာစာ​ပေသမိုင်း​နောက်​ခံအားကိုးနဲ့ မိုက်​တာလည်းပါပါတယ်​။ဗန်း​မော်
ဆရာ​တော်​နဲ့မယ်​ကင်းအပြန်​အလှန်​စာချိုး
ကြတာလည်းလူသိအ​တော်​များပါတယ်​။
ဝေ့ကာဝိုက်​ကာမဟုတ်​၊ ​ပေါ်​ပေါ်ကြီး​တွေပါ။
စ​လေဦးပုညရဲ့ နှဲသမားပတ်​တိုက်​ဆို ရီလည်းရီရ ညစ်​လည်းညစ်​ပတ်​ပါတယ်​။
ပတ်​ပျိုး​တွေထဲမှာလည်း``ဖြိုးဖြိုး​ရွှေရင်​´´ဆိုတဲ့ပတ်​ပျိုးတခုရှိပါတယ်​။အဲဒီပတ်​ပျိုးက
တော့မြန်မာ့အနုပညာအတွက်​ဂုဏ်​ယူထိုက်​ပါတယ်။ဟဝှါကြီးထွား​နေတာကိုတင်​စားထားပုံကလှလိုက်​တာ။ရှေးတုန်းကဆရာသိန်း​ရေးခဲ့တဲ မြန်မာစကားပုံစာ အုပ်​တအုပ်
ဆိုလည်းအ​တော်​စုံပါတယ်​။ကြာပြီဆို​တော့
စာအုပ်​နံမည်​​တောင်​အတိအကျမမှတ်​မိ
တော့ပါ။နောက်​ပြီး ​မြောင်းမြ သခင်​တင်
ရေးတဲ့ မြန်​မာ့ ဟာသရသကဗျာများ(​ရှေ့က
မြန်​မာပါမပါမမှတ်​မိ​တော့)မှာလည်းအ
တော်​စုံပါတယ်​။မြန်​မာစာ​ပေ​လောကမှာ
ဟိုတုန်းက``အဟိ´´တို့``​သောကြာ´´တို့ဆိုတဲ့ဟာသစာ​စောင်​​တွေလည်းထုတ်​ခဲ့ကြပါတယ်။ ``​သောကြာ´´က​တော့ခုထိ ဆက်​ထုတ်​​နေတာ​တွေ့ရပါတယ်​။အဲ့စာ
စောင်​​တွေမှာ ရေး​​နေတဲ့စာ​ရေးဆရာ​​တွေ
ထဲမှာဗိုလ်​ကိုးလံဆိုတဲ့စာ​ရေးဆရာတ
ယောက်ရှိပါတယ်​။သူ့က​လောင်​နံမည်
ကြည့်​ပြီးအရပ်​ကြီးကလန်​ကလားလို့ထင်​စရာပါ။ဗိုလ်​ကိုးလံဟာတကယ်​လည်းတပ်​မ
တော်​သားစာေ​ရးဆရာတ​ယောက်ပါ။သူနဲ့
ရေး​ဖော်​တ​ယောက်​က​တော့လူကိုမမြင်​ဖူးခဲ့ပဲ တ​နေ့မှာ ဗိုလ်​ကိုးလံအိမ်​​ရောက်​သွားမှပဲ
အဓိပ္ပါယ်​မှန်​ကိုသိခဲ့ရ​ကြောင်းပြန်​​ရေးပြပါတယ်​။ဗိုလ်​ကိုးလံအိမ်​မှာ​မွေးထားတဲ့
က​လေး​တွေက ဘုစုခရု ​တွေ တပြုံကြီးဆိုပဲ။
ရှင်​လူဒီစာကို​ရေးရတာမ​နေ့ကရှင်​လူ​ရေး
တင်​ခဲတဲ့ ``​သွေးနဲ့ချက်​လုပ်​ထားတဲ့ ဝိုင်​အရက်​´´ကဗျာထဲမှာ``ကိုယ်​က​တော့
ချစ်​သူရဲ့ဆီးစပ်​က စံပါယ်​တင်​မှည့်​​လေးပဲ
ဖြစ်​ချင်​​တော့´´ဆိုတဲ့အပိုဒ်​တပိုဒ်​ပါသွားပါတယ်​။ကိုယ့်​ကိုယ်​ကိုယ်​​ကျောက်​တိုင်​စိုက်
ထူချင်တဲ့လူ​တွေကိုစိတ်ချဉ်ေ​​ပါက်ပြီး​ဆဲမိတာပါ။စံပါယ်​တင်​မှည့်​ဆိုတာယဉ်​ပါတယ်
ဗျာ။`` ဖြိုးဖြိုး​ရွှေရင်​´´ပတ်​ပျိုးလိုပဲ သ​ဘောထား​ပေးတယ်​ဆိုရင်​ မlike ရဲ​သေးတဲ့ နှမများ အမများနဲ့ သမီး​တွေ
တူမ​တွေ like ​ပေးသွားအူး​နော်​။ကွကိုယ်
လိပ်​ပြာမလုံလို့ပါ....


Friday, January 20, 2023

story

❀တိမ်​တိုက်​​ပေါ်​လှေ​လှော်​တဲ့ရှင်​လူ...
♪ ♬ ♪ ♬ ♪ ♬ ♪ ♪ ♬ ♪ ♬ 
Sat,21 Jan 2017
မ​နေ့ည​နေကdreambed​ပေါ်အိပ်​​ပျော်​​နေတုန်း လက်ျာဝင်းဆီကဖုန်းဝင်​လာတယ်​။
မနက်​ဖြန်​ Alha Thit Art Gallery မှာ 
ကိုစိုး​နိုင်ပန်းချီပြပွဲ ဖွင့်ပွဲ ဖိတ်ခိုင်းလို့  တဲ့။
အိမ်အလုပ်ကလည်း ဖုတ်လှိုက်​ ဖုတ်​လှိုက်
်ဖြစ်​​နေေ​​​​​​လ​​တော့အလွယ်​တကူလိုက်​မယ်
ပြောလိုက်​တယ်​။ဒီလိုနဲ့ဒီမနက်​ကိုစိုးနိုင်​အိမ်​ရှိရာ​မြောက်​ဒဂုံမှာစုရပ်​လုပ်​ကြပြီး၉နာရီ​လောက်​ Ahla Thit Art Gallery ရှိရာ 
တက္ကသိုလ်​ရိပ်​သာလမ်းဘက်​ကားတစီးနဲ့ထွက်​လာခဲ့ကြတယ်​။ရောက်​​တော့ ပြခန်းထဲမှာMRTV4ကအဖွဲ့သား​တွေကလည်း ကင်​မရာ​တွေတပြင်​ပြင်​လုပ်​​နေကြပြီ
၊ မကြာခင်​မှာ ပန်းချီဆရာ ကြီး ​မောင်​ဒီ
ရောက်​လာတာလည်း​တွေ့ရတယ်​။တင်​ထားတဲ့ကား​လေး​တွေလိုက်​ကြည့်​၊အာရုံငြိ
တဲ့ကားနားမှာ ခင်​ရာမင်​ရာ​တွေနဲ့ ဓာတ်​ပုံ​လေးဘာ​လေးရိုက်​​ပေါ့။
ခဏ​နေ​တော့တ​ယောက်​ကလာ​ပြောတယ်​၊foreignerနဲ့အင်​တာဗျူးရိုက်​ဖို့တဲ့။လက္ခံပြီးထလိုက်​မယ်အလုပ် ဖုန်းတလုံးနဲ့အလုပ်
ရှုပ်​​နေတဲ့ကဗျာဆရာ ​စေတ(ကိုမြင့်​​မော်​)
ကို​တွေ့လိုက်​တာ​ကြောင့်​စိတ်​​ပြောင်းသွား
ပြီး။ အင်း ကိုမြင့်​​မော်​​ခေါ်သွား သူနဲ့ပိုသင့်​​တော်​တယ်​...(ဟဲဟဲ..ဟိုကပြန်
ေ​ပြာရင်​နားမလည်​မယ့်​အတူတူ)ကိုမြင့်
မော်​က ဘာသာပြန်​စာအုပ်​​တွေ ​ရေး​နေသူ
ဆို​တော့နားမလည်​​တောင်​ခန့်​မှန်းသိနဲ့ 
ရွှီးနိုင်​​လောက်​တယ်​ ​ပေါ့​။ဒီလိုနဲ့ foreigner
အမျိုးသား​လေးနဲ့ ကိုမြင့်​​မော်​ ကင်​မရာ​ရှေ့
ယက်​ကန်​ ယက်​ကန်​ ​ရောက်​သွားတယ်​။
ဒီလို​ပြောလို့တမျိုးမထင်​ပါနဲ့။ကိုမြင့်​​မော်​က
ဘယ်​သွားသွား ​ကျောပိုးအိတ်​၊​ဘေးလွယ်
အိတ်​၊လက်​ဆွဲအိတ်​​တွေအစုံသယ်​လာတတ်​သူမို့ အထုပ်​အပိုး​တွေဖယ်​ရပြုရနဲ့
ယက်​ကန်​ ယက်​ကန်​ဖြစ်​တာပါ။ သူတို့
အင်​တာဗျူး​နေ​တော့မှပဲ​အေး​အေး​ဆေး
ဆေး ပန်းချီကား​တွေကြည့်​​နေတဲ့ မဒမ်​ကို
ရှင်​လူက နှုတ်​ခွန်းဆက်​လိုက်​ပါတယ်​။
where are you from? ​ပေါ့။သူမက သွက်
သွက်​ လက်​လက်​ပဲ..French..လို့ပြန်​​ဖြေပါ
တယ်​။ ဒီ​နေရာမှာဘိုလိုဆက်​​ရေးရင်
စပလင်​​တွေမှားမစိုးလို့။ ဘာသာပြန်​ပြီးပဲ
ဖော်​ပြလိုက်​ပါတယ်။
အိုး ဖရန့် ၊ငါသိတာေ​ပါ့ ၊မင်းတို့ ဆီက အနု
ပညာရှင်ေ​တွ ငါအများကြီး​လေ့လာခဲ့တာပဲ၊
great!ဆိုလိုက်​​တော့ သူ့မျက်​နှာမှာ​ပျော်​ရွှင်
ရင်းနှီးတဲ့အရိပ်​တချို့ဖြတ်​​ပြေးသွားတယ်​။
မင်း ဒီပန်းချီကား​တွေ ဘယ်​လိုထင်​လဲ
ဆို​တော့။သူကထင်​မြင်​ချက်​​တွေကို တသီ
ကြီး​ပြောချလိုက်​ပါတယ်​။ဟဲဟဲ ခင်​ဗျားတို့
ရှင်​လူကြီးတလုံးမှ နားမလည်​ပါဘူး။
ခေါင်းတညိတ်​ညိတ်​နဲ့verygoodလိုက်​တာ
ပေါ့ဗျာ။ယူကပန်းချီဆရာလား..တဲ့။
သူ့အ​မေးကို ​ခေါင်းခါလိုက်​ပြီး ၊ငါက
ကဗျာ​ရေးသူပါ ပန်းချီဆရာ နဲ့အနုပညာသူငယ်​ချင်း​တွေပါလို့​ပြောပြရပါတယ်။
ဒီအချိန်​မှာဗျူးပြီးလို့ထွက်​လာတဲ့အမျိုးသားကိုလှမ်း​ခေါ်
ပြီးမိတ်​ဆက်​​ပေးပါတယ် ။သူက ကဗျာဆရာပါ ဆို​တော့
အမျိုးသား​လေး က ဝမ်း​မြောက်​ဝမ်းသာနဲ့ ရှင်​လူ့ကိုလက်​ကမ်း​ပေးရင်းလက်​ဆွဲနှုတ်​ဆက်ပါ​တော့တယ်​။ ရှင်​လူက ဟန်​မပျက်​သူ့လက်​ကိုဆုပ်​ကိုင်​ရင်း
လှုပ်​ရမ်းလိုက်​ရ​ပေမယ့်​ စိတ်​ထဲက​တော့
မြန်​မာကဗျာဆရာ​တွေလက်​ကအ​တော်
ကြမ်းတယ်​ထင်​သွားရင်​ဒုက္ခပါပဲလို့​တွေးမိပါတယ်​။
နေ့စဉ်​ တံစည်းတိုက်​ လွှတိုက်​ တူထု​နေရ​တော့လက်​​တွေကအသားမာတက်​လို့။ 
အဲ့လိုနဲ့ အလ္လာပ သလ္လာပ ​ပြောပြီး ပြခန်း
က ကိုနန်းနွယ်​ရဲ့ ပါရမီဖြည့်​ဖက်​က​လေး
ဒိုင်​ခံ​ဖျော်​ထားတဲ့ ​ကော်​ဖီတခွက်​​ကောက်
သောက်​​နေတုန်း ခုန ဖရန့်​ မဒမ်​​လေးက
I find! I find! ​​အော်​ရင်း ​ဝမ်းသာတဲ့အသံနဲ့ 
ရှင်လူ့လက်ကိုဆွဲပြီး ပန်းချီကားတချပ်ေ​​​​​ရှ့
ကိုဆွဲ​​ခေါ်သွားပါတယ်​။ US ​ဒေါ်လာ 400
တန်​ကားတချပ်​ကိုဝယ်​ယူသွားပါတယ်​။
အဲဒါ ကိုစိုးနိုင်​ရယ်​ ရှင်​လူရယ်​ မဒမ်​ရယ်
တွဲပြီးပန်းချီကား​ရှေ့မှာဓာတ်​ပုံလည်းရိုက်​လိုက်​ပါ​သေးတယ်​။ ပြီး​တော့ ကိုစိုးနိုင်​ကို
လှမ်းပြီး ရှင်​လူ့ဘက်​ငဲ့ပြရင်း nice friend
လို့​ပြောလိုက်​ပါတယ်​။ ဟဲဟဲ US 400 တန်
ကားတကား ကူညီ​ရောင်းခဲ့တဲ့ ကိစိုးနိုင်​ရဲ့
nice friend ကြီးရှင်​လူ့ ခမျာ ခုတ​လော
လုပ်​ငန်းကိုင်​ငန်းအဆင်​မ​ပြေလို့ အိမ်​လခ
၃လစာအ​ကြွေးတင်​​နေတာ US ​ဒေါ်လာနဲ့တွက်​မယ်​ဆို ​ဒေါ်လာ US 180
ကျော်​မယ်​ထင်​ပဗျာ....


poem

လမ်း​ဘေး​ဈေး
✏ ✏ ✏ ✏ ✏ 
က​လေးတွဲ​လောင်းနဲ့
ငါး​ခြောက်​သည်​ရဲ့
မျက်​လုံးထဲမှာ
အ​ကြောက်​တရား​တွေ
ဘယ်​သူထည့်

ညိုမြ​သွေး

poem#observation #shinlhu 

story

သက်ကြီး ဝါကြီး သဘာကြီးခေတ်၏ နိဂုံး
💻👿💻😖💻👿💻😖

ဖွေးဖွေးသိမ့်ကို မွေးကင်းစကနေပြီး ဒီနေ့အထိ ဘာလုပ်လုပ်
ဘာပြောပြော ရှင်လူကြီး သည်းခံပြီး အလိုလိုက်လာခဲ့တာ သူ့မိသားစု​တွေထက် ပိုခဲ့တယ်။ သူ့အမေငမိုးရိပ်က တခါတခါ စိတ်မရှည်လို့ ဖဲ့ချင်
လိမ်ဆွဲချင်တဲ့အခါတိုင်းလိုလို
ရှင်လူက ကြားဝင်အကာအကွယ်ပေးမြဲ။ဖွေးဖက်က "ကလေးပဲကွယ်"ဆိုပြီး ရှေ့နေလိုက်မြဲ။
ဒါပေမယ့် ဖွေး ငါးနှစ်ပြည့်ရင်တော့ အကျိုးသင့်အကြောင်းသင့်လေးတွေ ပြောပြပြီးဖွေးကို lesson ပေးဖို့ ရှင်လူကြီး စိတ်ကူးထားခဲ့တယ်။
ဒီလိုနဲ့ ၂၀၁၉ အောက်တိုဘာမှာ ဖွေး ငါးနှစ်ပြည့်ခဲ့တယ်။
ထက်မြက်ပြီး ညာဏ်ကောင်းတဲ့ကလေးမို့ အလွယ်တကူပဲ
စည်းရုံးနိုင်မယ်ထင်ခဲ့တယ်။
ဖွေးကို လက်ဖက်ရည်ဆိုင်ခေါ်၊
သူစားချင်တာကြွေးပြီး ကိုယ်ပြောချင်တာ စကားလမ်းကြောင်းရတယ်။
"သမီးက စင်ဒရဲလားတို့ စနိုးဝှိုက်တို့ ပုံပြင်ကာတွန်းတွေလည်းကြည့်ခဲ့ဖူးတာပဲ၊မင်းသမီးလေးတွေရဲ့မျက်နှာကလှပ ချစ်စရာကောင်းပြီး
စုန်းမတွေက အရုပ်ဆိုးပြီး မုန်းစရာကောင်းတာသမီးသိတာပဲ၊
ဒီတော့ သမီးက မင်းသမီးလေးဖြစ်ချင်တာလား စုန်းမဖြစ်ချင်တာလား"ဆိုတော့
"စုန်းမ"တဲ့ တုံးတိကြီးဖြေချလိုက်တယ်။ဗုဒ္ဓေါ...
"ဘာလို့ စုန်းမဖြစ်ချင်တာလဲ"ဆိုတော့
"မိုဟားနားလို "တဲ့။
တေပြီဆရာ...။TV ဇာတ်လမ်းတွဲတွေထဲက "ကဝေပျိုရဲ့အမုန်း"ဆိုတဲ့အိန္ဒြိယဇာတ်ကားကိုဖွေးသိတ်ကြိုက်တယ်။
အဲ့ ထဲက မိုဟားနားဆိုတဲ့ကဝေက သူ့ကျစ်ဆံမြီးနဲ့ခေါင်းဆတ်ပြီးရမ်းလိုက်ရင် တဖက်သားလည်ပင်းကို ဆင်နှာမောင်းနဲ့ပတ်သလို ပတ်နိုင်တယ်။
ဘုရား..ဘုရား  ဒီအိုင်တီခေတ်ကြီးထဲမှာ ရှင်လူတို့လို အသက်၆၇နှစ်အရွယ်ကြီးတွေက ၅နှစ်အရွယ်လေးတွေကိုအ
သိအမြင်အသာစီးရဖို့ မလွယ်လှပါလား။
ခဏခဏ ဆန္ဒပြနေတဲ့ ကျောင်းသားသမဂ္ဂများကို 
ရင်ဆိုင်နေကြရတဲ့ အစိုးရခမျာလည်း ရှင်လူ့လိုပဲနေရှာမှာ စာနာမိပါရဲ့...


Saturday, January 14, 2023

story

လိပ် Fund
                   🐢🐢🐢
         
     ရှင်လူ ကြီးက ဟိုအရင်ကဆိုရင်စာရေးပျင်းသူဆိုရမယ်။ အ‌ကြောင်းက နှစ်ပေါင်းများစွာ လုပ်လာတဲ့ ပန်းထိမ် မီဂေါက် ပြင်လုပ်ငန်းလေး က ဆီ အညစ်အ‌ကြေး ၊ငရဲမီး စတာတွေအ မြဲ ပေကျံ နေ ပြီး လက်တွေကလည်း တံစည်းတိုက် လွှတိုက် ထုရိုက် နေတာမို့ မာ ပြီး ကြမ်းထော် နေလေတော့ ဘောပင် ကိုင် ပြီး စာရေး ဖို့ က သိတ်စိတ်မပါ။ဒီ ကြားထဲ ဘာမဆို
ပွင့်ပွင့် လင်းလင်း တုတ်ထိုး အိုးပေါက် ‌ပြောတတ်တဲ့ အကျင့် ကြီးကလည်း စာပေလွတ်လပ်ခွင့် မရှိတဲ့ နှစ်ကာလများ နဲ့ သိတ်ပြီး ကီးမကိုက်လှ။ တခါတခါ မိတ်ဆွေစာရေးဆရာ ကဗျာဆရာများက ရေးဖို့  တိုက်တွန်းသူက တိုက်တွန်း စာမူတောင်းသူက တောင်း လို့သာ ကြိုး ကြားဆိုသလို ကဗျာလေး စာလေးရေး ဖြစ်ခဲ့ရတာ။
            ဒီလိုနဲ့ အင်တာနက် ဖုန်းခေတ်ရောက်လာတော့ ပုံမှန် ဂရုစိုက်ရမယ့် ဇနီးသည်ကလည်း ကွယ်လွန်ပြီး အထီးကျန် ဖြစ် ၊ဟော ခုတော့ အိမ်တွင်းလုပ်ငန်းလေးလည်းရပ်လိုက်ရတော့ ပျင်းပျင်းရှိတိုင်း ဖုန်းလေး ကောက်ပွတ် ပြီး စာရေးတဲ့အကျင့် ကလေး ဖြစ်လာတယ်။
           ငယ်ငယ်က စာရေးရင် ကြီးကြီးကျယ်ကျယ် လေလုံးမိုးလုံး ကြီးတွေ ရေးခဲ့ပေမယ့်
အခုလို အနယ်ထိုင်တဲ့အရွယ်ရောက်ချိန်မှာ
ကိုယ် မနိုင်တဲ့၊ မကျွမ်းကျင်တဲ့ ဘာသာရပ်တွေသိတ်မရေးပဲ သာမာန် နေ့စဉ် အတွေ့ အ ကြုံကလေးတွေ ကို ဟာသ အ မြင် သိင်္ဂါရ အခင်းအကျင်းလေးတွေနဲ့  နေ့စဉ်လို ရေး ဖြစ်နေခဲ့ပါတယ်။ ကွကိုယ် သရော် ပြီး နေထိုင်မကောင်း
ဖြစ်တာကအစ ချော်လဲတာအဆုံး လျောက်ရေးနေတာ၊ ကိုယ်ကတော့ အမှုမဲ့ အမှတ်မဲ့ ပေါ့။
ဒါပေမယ့် ကိုယ့်ကိုချစ်တဲ့ မိတ်ဟောင်းမိတ်သစ်တွေက အကုန်လုံး သောက ပွားကုန်တယ်။
တလောက ရေးခဲ့တဲ့ ခါးနာ ၊နှာခေါင်းသွေး ယို၊
လိပ်ခေါင်းသွေးဝမ်း နဲ့ မျက်စိ ပြဿနာတွေ ၊အခက်အခဲ ကြားက ‌ဖြေရှင်းရင်ဆိုင်ရ ပုံတွေဖတ် ပြီး ဂျာမနီရောက် မိတ်ဆွေ သူငယ်ချင်း ကိုအောင်သူက စိုးရိမ်တ ကြီး ငွေနှစ်သိန်း လှမ်းပို့လာတယ်။ကိုအောင်သူ ပို့ တဲ့ K pay တောင် သွားမထုတ်ရသေးဘူး မအူကုန်းလမ်းကျယ်မှာ နေတဲ့ သူငယ်ချင်း ကဗျာဆရာ နွေလယ်နေက Wave Money နဲ့ ငွေ သုံးသောင်းပို့ ပြန်တယ်။ တခါ အိမ်နားက သမီးတယောက်က ရှင်လူ့ Post ဖတ် ပြီး နှစ်သောင်း ပေးသွား ပြန်တယ်။
           အဲဒါ ရှင်လူ ကြီးဖုန်းထဲ K pay -account မရှိတော့ ဖွေးဖွေးသိမ့်အဖေ မောင်ဝင်း ဖုန်းထဲ လွှဲခိုင်း ပြီး ဟိုနေ့ က မျက်မှန်လုပ်တုန်းက မောင်ဝင်းဆီက ယူထားတဲ့ ပိုက်ဆံရော တ ခြား အ‌ကြွေးတွေရော ဆပ်လိုက်တော့
တသိန်းခွဲကျန်တယ်။ အဲဒါ မောင်ဝင်းကို "မင်းပဲသိမ်းထားလိုက်ကွာ ၊ငါ့ ကျန်းမာရေးအတွက်"လို့။ အဲ့ ရံပုံငွေကို "လိပ်ခေါင်း Fund"လို့ ခေါင်းစဉ်တပ် ထားလိုက်တယ်။ လမ်းထိပ်ကဆရာဝန်လေးနဲ့ ကုတော့ ရှင်လူက ‌ပြော ပြလိုက်တယ်"ဒီလိပ်က အသက် အတော် ကြီးနေ ပြီလို့ ၊ အရင် မိတ်ဆွေဆရာဝန်ကို ‌ပြော ပြတော့၊
ခွဲမနေနဲ့ လူတိုင်းလိုလို ရှိ ကြ‌တယ်  ‌ပြောတာ‌ကြောင့်ဆက်မွေးထားတာ"ဆိုတော့ ဆရာဝန်လေးက "အရင်က ဟုတ်တယ်၊ သေးသေးလေးကခွဲစရာမလိုဘူး၊ အခု နှစ်ဖု သုံးဖုဆို ခွဲမှ ဖြစ်မယ်၊အူကျဉ်းသွားမယ်"တဲ့ ၊ဗုေ ဒ္ဓါ.....။
            "အခု စံ ပြဆေးရုံမှာ ခွဲလို့ ရတယ်"တဲ့။ "ဒါဆို ခန့် မှန်း‌ခြေ ငွေဘယ်လောက် လောက် လိုမလဲ ဆရာ" ဆိုတော့။ သွေး စစ်တာနဲ့ ဘာနဲ့ တသိန်းခွဲလောက် ပေါ့"တဲ့။
            ခွဲမယ်ဆို ခွဲနိုင်နေ ပြီ။လတ်တလော
ဆေးရုံ ဆေးခန်းတွေလည်း စိတ်ကုန်လွန်းလို့။
သောက်နေကျ လိပ်ခေါင်းဆေး Daflon 500 လည်း သောက်လက်စဆိုတော့ လိပ်ကို
သံယောဇဉ် မ ဖြတ်သေးဘူး။
              ‌သြော်  ဒီစာကိုရေးနေတာ ဒီနေ့ ရွေး လာတဲ့ ညက်မန်နဲ့ ရေးတာ။ မျက်စိက မျက်စဉ်းခပ် မျက်မှန်လဲထားတော့ လတ်တလော
စိတ်ချမ်းသာနေရတယ်။အဲဒါ ညနေက မြင်သာဈေး ဘက် လိုတာလေးထွက်ဝယ်ရင်း
မြင်သာ မီးပွိုင့်နား လှည်းလေးနဲ့ မျက်မှန်ဆိုင်က နေကာ Polarized တခု 5000 နဲ့
ဝယ်လာခဲ့တယ်။ခွဲထားတဲ့ ညာ မျက်စိက အလင်းစူးရင် ဝေတယ်၊ အ ပြင်ဘက် နေ့ အလင်းရောင်ကို သိတ်မခံနိုင်ဘူး။သူ့ နေကာလေးက
ဒီဂရီ မျက်မှန်ပေါ်က ညှပ်ထားလိုက်ရုံပဲ။
           မျက်မှန်သည် ကို"ခင်ဗျား Polarized က ဘာအဓိပ္ပာယ်လဲ "ဆိုတော့ သူ့စင်ပေါ်ကနှင်းတောင် နောက်ခံ ရှုခင်းဓပုံလေးယူပေးတယ်။" ဒီပုံထဲကို ကြည့် ၊ လူပါလား"
"မပါဘူး" "Polarized တပ်ပြီး ကြည့်လိုက်
လူပုံတွေ့ မယ်"
             ဟုတ်ပ ၊အံ့ သြစရာ။
             နည်းပညာတွေက အံ့မခန်းပဲ။ဘာပဲ‌ပြော‌ပြော Polarized တပ် ကြည့်တော့ 
အလင်းပြန်နေတဲ့ ညနေခင်း တိမ်တွေ လှနေတယ်။ လောလောဆည် မျက် Fund မလိုတော့ဘူး။ လိပ်Fund လည်း မောင်ဝင်းဆီမှာ အဆင်သင့် ဖြစ်နေ ပြီ။
             နောက်ထပ် မိတ်ဆွေများ စိတ်အေးနိုင်ပါ ပြီ။ အလှူငွေများ လက်မခံတော့ပါ။


Monday, January 9, 2023

story

အလွဲတရား...
အမှားကြီးကြီး နဲ့ ငါတို့
##########
       မိမိ နာဖူးတဲ့တရား ကြားဖူးနားဝ နဲ့ မိမိကိုယ်မိမိ အမြင့်ကထားပြီး တလောကလုံးကို ပုထုဇဉ် ဥမ္မတကတွေအဖြစ် မြင်ပြီး..
         မိမိ အမှားတစုံတရာလုပ်မိတဲ့အခါကျမှ မိမိကိုယ်မိမိ ပုထုဇဉ်ဟု ဖြေသိမ့်တတ်ကြ။


Sunday, January 8, 2023

story

၉ နှစ်​ပြည့်​ အလွမ်း
❀  ♥ ♡ ❀ ♪ ♥ 
fb ​ကောက်​ဖွင့်​လိုက်​လို့memories ​တွေ
ပြန်​​တွေ့မှ သတိရတယ်​။ဒီ Jan ,9 မှာ
ဇနီးသည်​ မမကွယ်​လွန်​ခဲ့တာ ၉ နှစ်​ပြည့်
ခဲ့ပြီ။ အထူးသဖြင့်​က​တော့ ၉ နှစ်​တိတိ
ကိုယ်​တ​ယောက်​တည်း ရှင်​သန်​​နေခဲ့တဲ့
စံချိန်​ကို လည်းအံသြရဲ့။ မမဆုံးခါစတုန်းက​တော့ အသက်​​တောင်
ဘယ်​လိုရှူရမှန်းမသိ​အောင်​ဖြစ်​ခဲ့တယ်​။
အထူးသဖြင့်​မနက်​ခင်းလက်​ဖက်​ရည်​ဆိုင်​ထိုင်​တဲ့အခါနဲ့ည​နေအလုပ်​နားချိန်​​ရောက်​တိုင်းတ​​ယောက်​ထဲ
ယောင်​ချာချာ ။  မိတ်​​ဆွေသူငယ်​ချင်း​တွေအိမ်​သွားလည်
တော့လည်း သူတို့မိသားစု သမီးသား​မြေး
တွေနဲ့ ​ပျော်​ ရွှင်​ဆူညံ​နေတာမြင်​ပြီး ကိုယ်​က
ငိုချင်​လာတယ်​။မနာလိုစိတ်​​တော့မဟုတ်​ဘူး။ သိမ်​ငယ်​စိတ်​နဲ့တူရဲ့။သွေး​ပေါင်​က
တက်​လိုက်​ ကျလိုက်​။ ​နေ့စဉ်​​ဆေးခန်းပြ
နေရ​တော့ ​ဒေါက်​တာတင့်​​ဆွေ​ဆေးခန်းမှာ 
ဆေးစာအုပ်​နှစ်​အုပ်​တွဲသာချုပ်​လိုက်​ရတယ်​လူက
 ၁၁၃ ​ပေါင်​ပဲကျန်​​တော့တယ်​။တချို့
မိတ်​​ဆွေ​တွေ​နောက်​မှ​ပြောပြလို့သိရတာ
``အဲဒီအချိန်​ ရှင်​လူ့ကို လမ်းမှာ​တွေ့ရင်
နှုတ်​မဆက်​ရဲဘူး´´တဲ့။ရှင်​လူ့မျက်​နှာဟာ
တစုံတခုဖြစ်​​တော့မယ့်​မျက်​နှာမျိုး။
ဒီလိုနဲ့ဘုရားပုထိုး​တွေ​လျှောက်​သွား​တော့လည်းမမအရိပ်​​တွေက​ခြောက်​လှန့်​​နေ
တယ်။နှစ်​​ပေါင်း၃၀ ​ကျော်​ တတွဲတွဲ။စာ​ပေနယ်​နဲ့နိုင်​ငံ​​ရေးနယ်​က
မိတ်​​ဆွေ​တွေက​ရော ၊အရပ်​ထဲကပါ ရှင်​လူနဲ့
မမကို အတွဲနဲ့မြင်​ကြတာ။ခုထိ ရပ်​​ဝေးကပြန်​လာတဲ့သိ​ဟောင်းကျွမ်း
ဟောင်း​တွေက``အမကြီး​နေ​ကောင်းလား´´
မေးကြတုန်း။စိတ်​​တွေကျ​နေရတဲ့အထဲ 
တီဘီ​ဆေးက​ခြောက်​လ​သောက်​ရ​သေးတယ်​။ဒီလိုနဲ့ ​ယောင်​ချာချာဖြစ်​ရင်း
ဆရာမ​ဒေါ်​အေး​အေး​အောင်​(စာ​ရေးဆရာမ
မ​ရွှေ​အောင်)ရဲ့အဘိဓမ္မာသင်​တန်း​တွေ
တက်​ဖြစ်​သွားတယ်​။ဓမ္မစကြ်ာ၊ပဋ္ဌာန်း၊
ပဋိစ္စသမုပ္ပါဒ်​စုံ​ရော။နောက်​ဆုံးခုံတန်းမှာ
ထိုင်​ငိုက်​ရင်း ​သွေးတက်​ရင်​ထပြန်​ပြီး
ဆေးခန်း​​ပြေး။တကယ်​​တော့သွားစရာ​နေရာမရှိ​တော့လို့  တရားနဲ့​တွေ့တာ။နောက်​ပိုင်း
ကေတုမာလာ သာသနာ့​ရောင်​ခြည်​ဓမ္မာရုံ
မှာဖွင့်​တဲ့ ဆုထူးပန်​ဆရာဟန်​ရဲ့ အဘိဓမ္မာ
သင်​တန်း​တွေဆက်​တက်​။
ဧဟိပဿိ​ကော အကာလိ​ကော
ပစ္စိတံ​ဝေဒိတ​ဗ္ဗော ဝိညူဟိ ဆိုတဲ့တရား​တော်​ရဲ့ ဂုဏ်​​ကျေးဇူးကိုခံစားလာရတယ်​။
ဘဝ မှာ ဗျဿန တရား​တွေနဲ့ကြုံရချိန်​မှာ
အဘိဓမ္မာတရား​တော်​နဲ့တိုးခဲ့ရတာ
နည်းနည်း​နော​နောကံမဟုတ်​။
မမကွယ်​လွန်​ပြီး ၉ နှစ်​​မြောက်​​နေ့အထိ
ရှင်​ကျန်​​နေ​သေးတဲ့ ရှင်​လူ့ အတွက်​ မမတ​ယောက်​ ​ရောက်​ရာဘုံဘဝက
သာဓု​ခေါ်ပါ​လေ​တော့။နတ်​သမီး​လေးတပါး
ဖြစ်​​နေရင်​​တော့ ကိုယ်​ထင်​ပြ​စေချင်​တယ်​။
ဟဝှါကြီးဆိုရင်​​တော့...တာ့တာ...


Wednesday, January 4, 2023

story

ဖွေး​ဖွေးသိမ့်​ကို လာမစမ်းနဲ့
d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸(╯︵╰,)

ဖွေး​ဖွေးသိမ့်​ က ​အောက်​တိုဘာလမှာ ​မွေးတာဆို​တော့ နိုဝင်္ဘာ ၊ဒီဇင်္ဘာ၊ ခု 
ဇန္နဝါရီဆို ​လေးနှစ်​နဲ့ သုံးလရှိသွားပြီ။
သူ စိတ်​ကျဉ်းကြပ်​မှာ​ရော၊ သူ့ရဲ့ လုံခြုံ
မှု အတွက်​ပါ စဉ်းစားပြီး ရှင်​လူကြီး သူ့
အ​ကြောင်း​တွေ မ​ရေး​တော့ဘူးလို့ စဉ်းစားခဲ့တာလည်း အကြိမ်​ကြိမ်​။ ဒါ​ပေမယ့်​ သူ့ရဲ့ အပြုအမူ၊ အဖြစ်​အပျက်​​လေး​တွေကြုံလာတိုင်း
ရှင်​လူကြီး မ​ရေးရ မ​နေနိုင်​ဖြစ်​ပြီး ​ရေးခဲ့မိတာလည်း အကြိမ်​ကြိမ်​။ အမှန်​​တော့ ​ဖွေးအ​ကြောင်း​တွေ ရပ်​ဖို့က​တော့ အ​သေအခြာ ဆုံးဖြတ်​ပြီးပါပြီ။ ခု​နောက်​ပိုင်း ​ရေးဖြစ်​တာ​တွေက​တော့ အရင်​အရှိန်​မရပ်​ခင်​ ​နောက်​ဆုံး အပိုင်းလို့
ယူဆရင်​ရမလားပဲ။
ဖွေးရဲ့ နားလည်​သိမြင်​တုန့်​ပြန်​ပုံ​တွေက
သူ့အသက်​အရွယ်​နဲ့ မလိုက်​​အောင်​ ထက်​မြက်​လွန်း​နေ​တော့ ရှင်​လူကြီးအဖို့
အံ့အားသင့်​ စရာ​တွေများလွန်း​ပေါ့။
တ​နေ့ည​နေက ​ဖွေးတို့အိမ်​ကို သူ့ဦးငယ်​တို့လင်​မယားလာလည်​ပါတယ်​။
သူ့ဦးငယ်​ရဲ့ ဇနီးက ​ဖွေးကိုစချင်​တာနဲ့၊
``နင့်​ ဦး​လေး ဘိုက်​ကြီး​နေပြီ´´လို့ ​ပြောပါတယ်​။ အသက်​ သုံးဆယ်​​ကျော်​အရွယ်​၊ နည်းနည်းအဆီ
ယစ်​လာတဲ့ ​ယောက်ျားသားများဟာ ဘိုက်​ပူလာတတ်​တာ သဘာဝပါ။
အဲဒါ​ဖွေးက သူ့ဦးငယ်​ကိုကြည့်​ရင်း
``​ယောက်ျား​လေးက ဘိုက်​မကြီးပါဘူး´´တဲ့၊
အဲ​တော့ ဟိုက``ဒီမှာမ​တွေ့ဘူးလား၊ ဘိုက်​ကြီးပူ​နေတာ´´ဆို​တော့။ ​ဖွေးက
``မဟုတ်​ပါဘူး၊​ယောက်ျား​လေးရဲ့နို့က
သေး​သေး​လေး၊ မိန်းက​လေးရဲ့နို့က
အကြီးကြီး၊မိန်းက​လေးမှ ဘိုက်​ကြီးတာ´´
ဆို​တော့ သူ့အ​မေ မလှိုင်​က``နင်​သိလို့လား´´ဆိုပြီး ဝင်​​ထောက်​လိုက်​​တော့ ​ဖွေးက
``သိတာ​ပေါ့၊ ​မေ​မေ ကိုယ့်​ဟာကိုယ်​ပြန်
ကြည့်​လိုက်​´´တဲ့​လေ။ ကဲ....
