Monday, March 30, 2026

story

ဖွေးဖွေးသိမ့်နားနေရင် တကယ်မငတ်ဘူး။စောစောကရှင်လူဖုန်းပွတ်နေရင်းသူ့ကိုလှမ်းကြည့်လိုက်တော့ခရမ်းချဉ်သီးအစိမ်းတွေလှီးပြီး အစေ့တွေကိုဇွန်းနဲ့ကော်ထုတ်နေတာတွေ့ရတယ်။ခဏနေတော့ ရှင်လူ့ကိုခရမ်းချဉ်သီးတခြမ်းလာပေးတယ်။ခရမ်းချဉ်သီးထဲမှာ လက်ဖက်ချဉ်စပ်ကိုသွပ်ထားတယ်။အကြော်စုံ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူတတက်ပါ ပါတယ်။
              "ဒါ သမီး ဘသူလုပ်တာမြင်လို့ လဲ"
               "လိုင်းပေါ်က..."
                "You Tube ကလား"
                "ဟုတ်တယ်၊ သူကရိုးရိုးလဖက်နဲ့လုပ်တာ ၊အိုင်ကချဉ်စပ်နဲ့"
                 တခါတခါ သူကြော်ကြွေးတဲ့ အာလူးချောင်းကြော်လေးတွေလည်းအရသာရှိတယ်။အာလူးကိုလှီးစိပ်ပြီး ရေခဲသေတ္တာထဲ နှပ်ထားပြီးမှကြော်တာ။
story#observation#shinlhu

Saturday, March 28, 2026

story

ဓပုံလေးတွေ ‌ပြောတဲ့စကား🎶🥸😎🤠🥰
ဒီနေ့ ပြီးခဲ့တဲ့ February လ မော်တင်စွန်းသွားတုန်းကရိုက်ခဲ့တဲ့ ဓပုံလေးတွေပြန်ကြည့်ရင်း ဓပုံလေးတချို့ကရှင်လူ့ကိုစကားပြောနေခဲ့ပါတယ်။ ဒီဓပုံတွေရိုက်တုန်းကတော့ သူတို့နဲ့မလှမ်းမကမ်းမှာမို့ သူတို့ဘာတွေပြောနေခဲ့ကြတယ်ဆိုတာ မကြားနိုင်ပါ။ခုမှ ပုံတွေကြည့်ရင်း စကားသံတွေအလိုလိုကြားလာမိပါတယ်။ပုံတွေတင်မယ်ကြံတိုင်း "တရားစွဲခံရမယ်နော်"ဆိုတဲ့ငမိုးရိပ်အသံကိုကြား‌ယောင်မိပြီး ခပ်လန့်လန့်ရယ်။ဒါပေမယ့် ဓပုံအနုပညာဆိုတာသစ္စာရှိရပါတယ်။လောကရဲ့အလှတရားတွေကို အမှန်တိုင်း မှတ်တမ်းတင်ရတာ အနုပညာသစ္စာပါပဲ။
           အမှန်တော့ မော်တင်စွန်းခရီးဟာ မောင်ဝင်း ပြည်ပထွက် အလုပ်လုပ်ပြီးပြန်ရောက်စ မိသားစုအပန်းဖြေခရီးလို့ဆိုနိုင်ပါတယ်။မောင်ဝင်းဆိုတဲ့ငနဲလေးဟာ သူ့မိန်းမနဲ့ သမီးကိုသိတ်ချစ်ပါတယ်။ပြည်ပရောက်နေတုန်းကလည်း အချိန်အားရတာနဲ့တပြိုင်နက် နေ့တိုင်း ဇနီးနဲ့သမီးကို Messenger ကအလွမ်းသည်လေ့ရှိပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ် သီတင်းကျွတ်လပြည့်နေ့ ဖွေးဖွေးသိမ့်ကိုမွေးဖို့ ငမိုးရိပ်ဘိုက်နာတော့ ကာတိုလိပ်ဆေးရုံပို့ပါတယ်။အဲဒါ တနေ့လုံးတညလုံးမမွေးနိုင်တော့ သက်ဆိုင်ရာဆရာဝန်တွေက ခွဲမွေးဖို့ဆုံးဖြတ်လိုက်ပြီး လူနာရှင်မောင်ဝင်းသဘောတူကြောင်းလက်မှတ်ထိုးခိုင်းပါတယ်။အဲဒီမောင်ဝင်းဆိုတဲ့ကောင် မိန်းမခွဲမွေးဖို့ လက်မှတ်ထိုးရင်းမျက်ရည်ကျပါတယ်။အရမ်း ရိုတဲ့ကောင်ပါ။ခုတော့ သူ့သမီးဖွေးဖွေးသိမ့်တောင်၁၂ နှစ်သမီးဖြစ်နေပါပြီ။ခု တင်ထားတဲ့ဓပုံလေးတွေရိုက်တုန်းက လှမ်းနေလို့ရှင်လူဘာသံမှမကြားပါ။ခု အသေချာပြန်ကြည့်မှ ဓပုံတွေက စကားပြောလာပါတယ်။ငမိုးရိပ် တခုခုစိတ်ကောက်နေပုံရပြီး မောင်ဝင်းက သူ့မိန်းမကို အကြေအလည် ချော့မော့နေတဲ့ပုံပါ။
          နောင်တနေ့မှာ လင်မယားချင်းကတောက်ကဆ ဖြစ်တဲ့အခါ ဒီ ဓပုံလေးတွေပြန်ကြည့်ပြီး နာစရာရှိရင် လွမ်းစရာလေးတွေနဲ့ ဖြေနိုင်အောင်လို့......
story#osvertation#shinlhu

story

စပ်ကူးမတ်ကူးအရွယ်💐🥳
"ရှင်လူ မဝင်လာနဲ့အုံး"
         ရှင်လူ အပေါ့သွားချင်လို့ နောက်ဘေးခန်းကိုအလာ
ဖွေးဖွေးသိမ့်က လှမ်းအော်တာကြောင့် အိမ်ရှေ့ခန်းဘက်ပြန်ထွက်ခဲ့ရတယ်။ခဏနေမှ "ရပြီ လာတော့"ဆိုမှ ရှင်လူ Toilet ဝင်ခွင့်ရတယ်။နောက်ဘေး အုတ်ကန်မှာဖွေးရေချိုးနေတာလေ။သူ့ပုခုန်းပေါ် တဘက်နဲ့အသေအချာ ခြုံပြီးမှ ရှင်လူ့ကိုဖြတ်သန်းခွင့်ပြုတယ်။ရှင်လူ့စိတ်ထဲတော့ ရီချင်ချင်ပေါ့ ၊ဖွေး ပုလုကွေးအရွယ်ကတည်းက ရှင်လူ ဓပုံ‌တွေ အများကြီးရိုက်ပြီး FB တင်ခဲ့တာ။အမှန်တော့ မနှစ်ကအထိ ဖွေး အိမ်ရှေ့ကျောက်ပြားမှာဖင်တုံးလုံးနဲ့ရေချိုးတုန်း။အင်း..ဒီနှစ်တော့ အများကြီးခြားနားသွားပြီ။၁၂ နှစ်သမီးဆိုပေမယ့် သူ့အမေငမိုးရိပ်အရပ်ကိုကျော်နေပြီ။အရပ် ကလန်ကလားက သူ့အဖေမောင်းဝင်းကိုတူတာ။အပျိုကြီးစတိုင် မှန်ရှေ့လည်းခဏခဏရပ်တတ်နေပြီ။ဒါပေမယ့် ကလေးစိတ်ကလည်းမကုန်သေး။အဲဒါ ဒီနေ့ အိမ်ရှေ့မှာ တီဗွီဘူးခွံကတ်ပြားကြီးခင်းပြီး ဘူးတွေခွက်တွေဆေးကျော စီတန်းပြီးဈေးဆိုင်ခင်းနေရဲ့။သစ်ရွက်တွေခူးပြီးကပ်ကြေးနဲ့ ညှပ်ပြီးဟင်းလျာပြင်ဆင်နေတယ်။အရာရာစံနစ်ကျတဲ့ဖွေးက စောစောကတည်းက စာရွက်တရွက်ပေါ် MENU စာရင်း ၁၀ မျိုးလောက်ရေးပြီး တံခါးပေါက်နားမှာ တိပ်နဲ့ကပ်ပြီးသား။
"ရှင်လူ ဒီကိုလာ"
         အင်း..အမြဲတန်း လုပ်နေကျအတိုင်း သူဆိုင်ဖွင့်ရင် ရှင်လူက Customer လုပ်ပေးရတယ်။
         "ဘာစားမလဲ အကို"
         "အင်း..ကန်စွန်းပလိန်းတပွဲ နဲ့ ငါးသံပုရာပေါင်းတပွဲ"
          "ရမယ်အကို ခဏစောင့်ပါ"
           သူလုပ်နေတာစောင့်ရင်း ရှင်လူက ကတ်ကြေးနဲ့ ကဒ်ဘူးခွံကိုညှပ်ပြီး ငါးနှစ်ကောင်နဲ့ ဘဲကင်တကောင်လုပ်ပေးလိုက်တော့ သူသဘောကျသွားတယ်။သူ့ကိုကြည့်နေရင်း ရှင်လူသတိရပြီး အားသွင်းထားတဲ့ဖုန်းထဖြုတ်တော့ 
            "လုပ်ပြီ...ဓပုံရိုက်ပါနဲ့ဆို၊တင်အုံးမယ်"
             ချက်ချက်းမျက်နှာကို လက်နဲ့ကွယ်လိုက်တယ်။ဒါနဲ့ရှင်လူလည်း သူ့ MENU စာရွက်ကိုရိုက်ဖို့ရွယ်လိုက်တော့ လက်ဖဝါးနဲ့လာအုပ်တယ်။
          ဘာရယ်တော့မဟုတ်ပါဘူး ၊ကလေးစိတ်မကုန်သေးတဲ့ အပျိုဖျန်းလေးစပ်ကူးမတ်ကူးသဘာဝကိုချစ်တဲ့စိတ်နဲ့မှတ်တမ်းတင်နေမိတာပါ။
            ဒီနေ့တင်တဲ့တပုံကတော့ ဓပုံရိုက်တာမကြိုက်မှန်းသိလို့ သူ့အမေဖုန်း Gallery ထဲက အလစ်သုတ်ပြီး ရှင်လူ့ Messenger ထဲခိုးပို့ထားတဲ့ပုံပါ။အင်း ..ဒီသားအမိတွေကြောင့် အဒိန္နဒါနာ ကျိုးပြီ။
story#observation#shinlhu

story

Dancing Lady နဲ့ Buddy Phway💐🎶😎👍
ဒီနေ့ အိမ်ရှေ့ အုတ်‌ ရေစည်နားထိုင်ရင်း စည်ပေါ်မှာရေစိမ်ထားတဲ့ပန်းဝါဝါကလေးတွေမြင်တော့ ရှင်လူကြီးစိတ်ဝင်စားမိသွားတယ်။သေချာကြည့်တော့ ပန်းတပွင့်ချင်းစီဟာ Angel လေးတွေကနေသလို အရမ်းလှနေတယ်။
         "ဖွေးဖွေးရေ လာကြည့်စမ်း ၊ပန်းကလေးတွေက Angel လေးတွေကနေသလိုပဲ"ဆိုတော့ သူ့အဖွားနောက်ကပ်ပြီးဖုန်းကြည့်နေတဲ့ဖွေးထွက်လာတယ်။
          "ဟုတ်တယ်လေ၊Dancing Lady "
            "ဟုတ်လို့လား"
            "ဟုတ်တယ်နော် အဖွား"
            "ဟုတ်တယ်" ဖွေးက သူ့အဖွားကိုလှမ်းမေးပြီးအတည်ပြုလိုက်တယ်။အင်း...ဖွေးတောင် အရာရာသိတတ်နေပြီ။ဖွေးလမ်းလျှောက်တတ်စအရွယ်ကတည်းက ကန်စွန်းခင်းဘက်‌"ဘဲကြည့်"ဆိုပြီးခေါ်သွားပြီး ငှက်လေးတွေ ငါးကလေးတွေ သစ်ပင် ပန်းပင်လေးတွေလိုက်ပြခဲ့တာ မှန်သွားပြီ။ဖွေးဟာ ခုဆို သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်နားလည်တတ်တဲ့ ၁၂ နှစ်အရွယ်မိန်းကလေးဖြစ်လာပြီ။
          "ကဲ...သမီး ၊ဒီပန်းလေးတွေကိုင်ထား၊ရှင်လူ ဓပုံရိုက်မယ်"ဆိုတော့
           "လူတော့မရိုက်နဲ့နော်ဆိုပြီး ပန်းခက်ကိုကိုင်ပေးထားတယ်။ပဌမတခါရိုက်ပြီးကြည့်လိုက်တော့ နောက်ခံ ဆံခါခုံးကြီးပါနေတယ်။
           "လာအုံးသမီး နောက်ခံရွေးတာမှားသွားတယ်၊ နေရာရွေးပြီးပြန်ရိုက်မယ်"ဆိုတော့ သူပြန်လာကူတယ်။သူကစားနေတဲ့အပြာရောင်ဘူးခွံလေးနဲ့ပါ အနေအထားအမျိုးမျိုးပြောင်းပြီးရိုက်ခဲ့ကြတာ။တချိန်ကပုလုကွေးလေးက ခုဆိုရှင်လူနဲ့ ဓပုံအနုပညာ ဆက်တင်ဆင်ပြီးကူညီဖော်ရလာတာ အရမ်းပျော်စရာကောင်းပဗျာ။
story#observation#shinlhu

story

သုခ သီတဂူ🤠😎🥸
ရှင်အဇ္ဇဂေါဏ က ဆိတ်မျက်လုံးတဘက် နွားမျက်လုံးတဘက် အစားထိုးကုသပြီး အဇ္ဇ ဂေါဏ တွင်တော့ ရှင်လူ့မျက်လုံးကုသမှုက သုခ သီတဂူခေါ်ရမလားပဲ။လွန်ခဲ့တဲ့၅ နှစ်လောက်က ညီကဗျာဆရာ ပေးတဲ့သတင်းအချက်အလက်နဲ့ ကိုကျော်သူရဲ့ သုခ ကုသိုလ်ဖြစ်မျက်စိဆေးရုံမှာ ဘယ်ဘက်မျက်စိတိမ်ကို အောင်မြင်စွာခွဲနိုင်ခဲ့တယ်။အဲ့ဒီနောက် ၄ နှစ်အကြာ 2025 March 27 ရက်နေ့မှာ ကျန်တဲ့ညာဘက်မျက်စိကို မိတ်ဆွေသင်္ဂဟတွေရဲ့တိုက်တွန်းကူညီမှုနဲ့ပဲ
သီတဂူ စက္ခုဒါန မှာအောင်မြင်စွာခွဲဖြစ်ခဲ့ပါတယ်။မှတ်မှတ်ရရ 2025 March 27 မှာ ရှင်လူမျက်စိခွဲပြီး March 28 မနက်မှာပတ်တီးဖြည်ရပါတယ်။ပတ်တီးဖြည်ပြီးပြန်အရောက် စစ်ကိုင်းငလျင်လှုပ်ပါတယ်။အိမ်ထဲက ထွက်ပြီးအိမ်ရှေ့ လမ်းမထွက်ထိုင်တဲ့ ဖွေးဖွေးသိမ့်တို့သားအမိကိုပတ်တီးဖြည်ပြီးစ ရှင်လူက VD ခိုးရိုက်ပါတယ်။ဖွေးအမေငမိုးရိပ်က ရိပ်မိသွားပြီး
"ကိုယ့်အကြောင်းကိုယ်သိနော်"လို့ မြည်တွန်ရင်း ခြံပြင်ထွက်သွားကြပါတယ်။အမှန်တော့ ရှင်လူကြီးက ကံကောင်းတဲ့အထဲပါ ပါတယ်။2025 March 28 ရက်နေ့ခွဲရမယ့်မျက်စိဝေဒနာသည်အားလုံး စစ်ကိုင်းငလျင်ကြောင့် ခွဲရက် နှစ်ပါတ်နောက်ဆုတ်ကုန်ပါတယ်။ရှင်လူကြီးကပ်လွတ်သွားပါတယ်။ရှင်လူကြီးက ပထမ သုခ ခွဲမျက်စိကော သီတဂူခွဲမျက်စိပါ ပတ်တီးဖြည်ပြီးတာနဲ့ ဖုန်းသုံးပါတယ်။အခါတိုင်းလောက်တနေကုန်မသုံးတာပဲကွာပါတယ်။
ဒီနေ့ဆို ဒုတိယ ညာမျက်လုံးခွဲတာ ၁ နှစ်ပြည့်သွားပါပြီ။ဖုန်းနှစ်လုံးကိုင်ပြီး အသကုန်သုံးပါတယ်။ရှင်အဇ္ဇဂေါဏ မတဲ့ကိန်းပါပဲ သုခသီတဂူ ကုသိုလ်ရှင်အပေါင်းနဲ့ ဆရာဝန်ဆရာမများအားလုံးကိုကျေးဇူးတင်ပါတယ််
story#observation#shinlhu

Sunday, March 22, 2026

story

စပ်ကူးမတ်ကူးအရွယ်💐🥳
"ရှင်လူ မဝင်လာနဲ့အုံး"
         ရှင်လူ အပေါ့သွားချင်လို့ နောက်ဘေးခန်းကိုအလာ
ဖွေးဖွေးသိမ့်က လှမ်းအော်တာကြောင့် အိမ်ရှေ့ခန်းဘက်ပြန်ထွက်ခဲ့ရတယ်။ခဏနေမှ "ရပြီ လာတော့"ဆိုမှ ရှင်လူ Toilet ဝင်ခွင့်ရတယ်။နောက်ဘေး အုတ်ကန်မှာဖွေးရေချိုးနေတာလေ။သူ့ပုခုန်းပေါ် တဘက်နဲ့အသေအချာ ခြုံပြီးမှ ရှင်လူ့ကိုဖြတ်သန်းခွင့်ပြုတယ်။ရှင်လူ့စိတ်ထဲတော့ ရီချင်ချင်ပေါ့ ၊ဖွေး ပုလုကွေးအရွယ်ကတည်းက ရှင်လူ ဓပုံ‌တွေ အများကြီးရိုက်ပြီး FB တင်ခဲ့တာ။အမှန်တော့ မနှစ်ကအထိ ဖွေး အိမ်ရှေ့ကျောက်ပြားမှာဖင်တုံးလုံးနဲ့ရေချိုးတုန်း။အင်း..ဒီနှစ်တော့ အများကြီးခြားနားသွားပြီ။၁၂ နှစ်သမီးဆိုပေမယ့် သူ့အမေငမိုးရိပ်အရပ်ကိုကျော်နေပြီ။အရပ် ကလန်ကလားက သူ့အဖေမောင်းဝင်းကိုတူတာ။အပျိုကြီးစတိုင် မှန်ရှေ့လည်းခဏခဏရပ်တတ်နေပြီ။ဒါပေမယ့် ကလေးစိတ်ကလည်းမကုန်သေး။အဲဒါ ဒီနေ့ အိမ်ရှေ့မှာ တီဗွီဘူးခွံကတ်ပြားကြီးခင်းပြီး ဘူးတွေခွက်တွေဆေးကျော စီတန်းပြီးဈေးဆိုင်ခင်းနေရဲ့။သစ်ရွက်တွေခူးပြီးကပ်ကြေးနဲ့ ညှပ်ပြီးဟင်းလျာပြင်ဆင်နေတယ်။အရာရာစံနစ်ကျတဲ့ဖွေးက စောစောကတည်းက စာရွက်တရွက်ပေါ် MENU စာရင်း ၁၀ မျိုးလောက်ရေးပြီး တံခါးပေါက်နားမှာ တိပ်နဲ့ကပ်ပြီးသား။
"ရှင်လူ ဒီကိုလာ"
         အင်း..အမြဲတန်း လုပ်နေကျအတိုင်း သူဆိုင်ဖွင့်ရင် ရှင်လူက Customer လုပ်ပေးရတယ်။
         "ဘာစားမလဲ အကို"
         "အင်း..ကန်စွန်းပလိန်းတပွဲ နဲ့ ငါးသံပုရာပေါင်းတပွဲ"
          "ရမယ်အကို ခဏစောင့်ပါ"
           သူလုပ်နေတာစောင့်ရင်း ရှင်လူက ကတ်ကြေးနဲ့ ကဒ်ဘူးခွံကိုညှပ်ပြီး ငါးနှစ်ကောင်နဲ့ ဘဲကင်တကောင်လုပ်ပေးလိုက်တော့ သူသဘောကျသွားတယ်။သူ့ကိုကြည့်နေရင်း ရှင်လူသတိရပြီး အားသွင်းထားတဲ့ဖုန်းထဖြုတ်တော့ 
            "လုပ်ပြီ...ဓပုံရိုက်ပါနဲ့ဆို၊တင်အုံးမယ်"
             ချက်ချက်းမျက်နှာကို လက်နဲ့ကွယ်လိုက်တယ်။ဒါနဲ့ရှင်လူလည်း သူ့ MENU စာရွက်ကိုရိုက်ဖို့ရွယ်လိုက်တော့ လက်ဖဝါးနဲ့လာအုပ်တယ်။
          ဘာရယ်တော့မဟုတ်ပါဘူး ၊ကလေးစိတ်မကုန်သေးတဲ့ အပျိုဖျန်းလေးစပ်ကူးမတ်ကူးသဘာဝကိုချစ်တဲ့စိတ်နဲ့မှတ်တမ်းတင်နေမိတာပါ။
            ဒီနေ့တင်တဲ့တပုံကတော့ ဓပုံရိုက်တာမကြိုက်မှန်းသိလို့ သူ့အမေဖုန်း Gallery ထဲက အလစ်သုတ်ပြီး ရှင်လူ့ Messenger ထဲခိုးပို့ထားတဲ့ပုံပါ။အင်း ..ဒီသားအမိတွေကြောင့် အဒိန္နဒါနာ ကျိုးပြီ။
story #observation#shinlhu

Sunday, March 15, 2026

story

 ငြိမ်းချမ်းရေးအနုပညာ

ဒီမနက် ရှင်လူကြီးအလုပ်ကအိမ်ပြန်ရောက်တော့ ဖွေးဖွေသိမ့်တယောက် ကျောင်းမသွား။သူ့မူကြိုဆရာမတွေ ဘုရားဖူးသွားလို့ ကျောင်းပိတ်တယ်တဲ့။ သူ့အဖေမောင်ဝင်းကလည်း အလုပ်နားတော့ အိမ်မှာရှိနေတယ်။ ရှင်လူ သူတို့အခန်းထဲဝင်သွားတော့ ဖွေးက မှောက်ရက်ကြီး 
ဖုန်းနဲ့ ကာတွန်းကားတွေကြည့်နေတယ်။
သူ့အဖေ မောင်ဝင်းက အဝတ်လျှော်ကျောက်ပြားမှာ အဝတ်တွေ တဇလုံကြီးနဲ့ ထိုင်ဖွပ်နေတဲ့ သူ့မိန်းမ ငမိုးရိပ်ကို လှမ်းပြီး မကြေမနပ်ပြောနေတယ်။ "အဝတ်တွေက
ဒီလောက်အများကြီး တနေကုန်လျှော်နေစရာမလိုဘူး၊ တနေ့ နည်းနည်းချင်း ဖွပ်သွားရင်ရနေတာပဲ"။ မောင်ဝင်းပြောနေပေမယ့် ငမိုးရိပ်က မကြားသလိုနဲ့ အဝတ်ဆက်ဖွပ်နေတယ်။ တကယ်တော့ မောင်ဝင်းက Coca Cola မှာ Delivery လုပ်နေတာ၊ Box ကားနဲ့ တမြို့လုံး နှံ့အောင်Coca Cola ပုလင်းတွေလိုက်ပို့ရတာ။ကိုယ်တိုင်လည်းကားမောင်းရသေး၊ တခါတခါ အခန့်မသင့်လို့ ပစ္စည်းကွဲလည်းလျှော်တဲ့အခါလျှော်ရ၊ ထိခိုက်ဒဏ်ရာရတဲ့အခါလည်းရပေါ့။ တကယ်တော့ ခုလို ရှားရှားပါးပါးနားတဲ့နေ့မျိုးမှာ မိန်းမနဲ့ မျက်နှာချင်းဆိုင်ပြီး ကြည်ကြည်နူးနူး စကားတွတ်ထိုး နေချင်စိတ်ကတော့ မလွဲမသွေရှိမှာပဲ။ ရှင်လူလည်း အိမ်ထောင်သည်ဘဝအတွေ့အကြုံရှိခဲ့လေတော့ ယောင်္ကျားချင်းအထာသိတယ်။ဒါကို.. ဟို ဖွေးအမေငမိုးရိပ်က မသိကြိုးကျင်ပြုနေတယ်။
အထူအပါးနားမလည်တာလည်းပါတယ်။
အထူးသဖြင့် ကိုယ့်အိမ်ထောင်ဘက်ရဲ့
နေရာကဝင်ပြီး ခံစားနားလည်တတ်ဖို့က ကိုယ်ချင်းစာတဲ့ အနုပညာတခုပဲလေ။ 
အဲတော့ မောင်ဝင်းက စိတ်ထဲ တင်းနေပုံရတယ်။ ဒီအချိန်မှာ ဖွေးက မှောက်ပြီး ဖုန်းနဲ့မျက်နှာကပ်ကြည့်နေတာတွေ့တော့..
"သမီး...ဖုန်းကိုကပ်မကြည့်နဲ့လေ၊တပေလောက်ခွာကြည့်"ဆိုတော့..ဖွေးဆိုတာကလည်း တရပ်တရွာလုံးက အလိုလိုက်ခံထားရသူမို့လား...မျက်နှာက ချက်ချင်းမဲ့သွားပြီး အောက်ကိုလျှောချလိုက်တာ
လူကိုယ်တိုင် ထမင်းစား စားပွဲအောက်ရောက်မတတ်ပဲ၊ အရွဲ့တိုက်ပုံက။"လူကြီးက
မတော်လို့ ဆုံးမနေတာကို နားမထောင်ချင်ဘူး၊ ငါဖုန်းပါယူပြီးလွှင့်ပစ်လိုက်မယ်"
မောင်ဝင်းက ဒေါသသံနဲ့လည်းငေါက်ကရော ဖွေးက အီကနည်း ငိုသံထွက်လာတယ်။ ဒီတော့ စောစောက မိန်းမအပေါ်မကြေနပ်နေတဲ့ မောင်ဝင်း ဒေါသတွေက ဖွေးအပေါ်ပုံကျသွားတယ်။ ဖွေးလက်ထဲကဖုန်းကို ဆတ်ခနဲ ဆွဲယူပြီးကြမ်း ပေါ်ကိုင်ပေါက်လိုက်တာ ဗြန်းခနဲ...၊ ဖွေးလည်းလန့်ငိုပြီးထပြေးလာတော့ ရှင်လူကြီးက ဆွဲပြီး
ရင်ခွင်ထဲပိုက်ထားလိုက်ရတယ်။ အရိပ်သုံးပါး နားမလည် ချေသူငယ်ကျားစာမိ ဆိုတာ ဒါမျိုးပေါ့။ ဝမ်းနည်းပက်လက်အော်ငိုနေတဲ့ ဖွေးကိုချီပြီး ရှင်လူကြီး အပြင်ထွက်လာခဲ့တယ်။ ဖွေးကိုအရုံပြောင်းဖို့က အန်တီမတင့်ဆိုင်ပဲရှိတာလေ။ ဒါနဲ့
နှစ်ယောက်သား မတင့်ဆိုင်ရောက်တော့
"သမီးလေး ဘာစားမလဲ၊အိုဗာတင်းသောက်မလား"ဆိုတော့ ဖွေးက ခေါင်းခါပြီး
ပလပ်စတစ်မျက်နှာဖုံး ကိုလက်ညိုးထိုးတယ်။ဒီတော့ သူကြိုက်တဲ့ ပါဝါရိန်းဂျားမျက်နှာဖုံးကို တရာနဲ့ဝယ်ပေးလိုက်တယ်၊
ကစားစရာအတန်းမှာ မြွေလှေခါး ကစားတဲ့ကဒ်လေးတွေ့လို့မေးလိုက်တော့လည်းတရာဆိုတာနဲ့ တခုထပ်ဝယ်လိုက်တယ်။
ပြီးတော့ မုန့်စင်ဘက်ခေါ်သွားပြတော့
ဖွေးက နှစ်ရာတန် ပန်းကိတ်တခုယူတယ်။
အိမ်ပြန်ရောက်တော့ သူမကစားဘူးသေးတဲ့ မြွေလှေခါး ကဒ်လေးချ၊ အန်စာတုံးခေါက်ပြီး "ဒီအနီလေးကသမီး၊ ဟောဒီ အစိမ်းက ရှင်လူ ၊ အမှတ်တရာရရင်နိုင်ပြီ၊
နိုင်တဲ့လူက ရှုံးတဲ့လူကို နဖူးတောက်ကြေး"ဆိုတော့ ဖွေးကသဘောတူတယ်။
"ဟော...နံပတ်ငါးဆို သမီးအနီလေးငါးကွက်ရွှေ့ ၊လှေခါးအကွက်ဆို အပေါ်ကျော်တက်သွားပြီ..""အာ..ရှင်လူက ခြောက်၊
တစ် နှစ်သုံး လေးငါးခြောက်..ဗုဒ္ဓေါ...မြွေမျိုပြီ၊ ပြန်ဆင်း"။ ကစားနေရင်းနဲ့ပဲ...
ဖွေးတယောက် စောစောကငိုခဲ့တာတွေမေ့ပြီး ပြုံးပျော်နိုင်လာတယ်။ 
အင်း..မိသားစု တခုထဲမှာ ငြိမ်းချမ်းဖို့က
မလွယ်လှဘူး။တယောက်နဲ့တယောက် ရင်ထဲရှိတာတွေကို အပြန်အလှန်နားလည်ဖို့က အရေးကြီးတယ်။နားမလည်နိုင်လို့
ပြဿနာဖြစ်တော့..ကြားက မြေစာပင်လည်းမသက်သာ။ တောင်ပြိုရာ မြက်ပြတ်သတဲ့။ ရှင်လူတို့ မီယန်မာနိုင်ငံကြီးမှာ
ပြည်တွင်းစစ်က ရှည်လှပြီ။ တိုင်းရင်းသားအချင်းချင်း ခုချိန်ထိ စာနာနားလည်မှုမရနိုင်သေး။ စစ်ပွဲတွေက နေ့စဉ် တဂျိန်းဂျိန်း။
အင်တာနက်ထဲက ပြည်တွင်းစစ် Vedio 
ဖိုင်တွေ ဖွင့်လိုက်မိရင် ကျည်ဆန်တွေကပလူပျံနေတယ်။ တိုက်ပွဲဝင် ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်နေတာ မြင်လို့မကောင်း။ ဒါ  ..သြဠာရိက
အကြမ်းနည်း။ ဒါပေမယ့် တဖက်က 
စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ ကြိုးစားနေကြတာလည်း တံခါးဖွင့်ထားတာတွေ့ရတယ်။
စားပွဲဝိုင်းကတော့ တကယ့် သုခုမပဲ။
ငြိမ်းချမ်းရေး အနုပညာ အားကောင်းပြီး
အကြမ်းပတမ်းစစ်ပွဲတွေကို ကျော်လွှား
နိုင်မှ တိုင်းပြည်ရဲ့ လူသယံဇာတ၊ ရေမြေတောတောင်သယံဇာတတွေ ဖွံ့ဖြိုးတိုးတက်လာမယ်။တဖက်က လေယာဉ် တွေနဲ့တဝုန်းဝုန်းဆော်တော့ တဖက်ကလည်း
ကြွက်မနိုင်ကျီမီးရှို့ဆိုသလို နိုင်ရာဖိထောင်းမယ်။အထင်မှားအမြင်မှားရုံနဲ့ အရပ်သားပြည်သူတွေကိုဖမ်းဆီးနှိပ်စက်မယ်။
တရုပ်စာရေးဆရာကြီးလူးရွှန်းပြောဖူးတဲ့စကားတခွန်းရှိတယ်။
"တော်လှန်ရေးသမားကို တန်ပြန်တော်လှန်ရေးသမားကသတ်တယ်၊ တန်ပြန်တော်လှန်ရေးသမားကို တော်လှန်ရေးသမားကသတ်တယ်၊ မတော်လှန်ရေးသမားကိုတော့ တော်လှန်ရေးသမားကရော
တန်ပြန်တော်လှန်ရေးသမားကရော
နှစ်ဖက်စလုံးကသတ်တယ်" တဲ့။
ငြိမ်းချမ်းရေး အနုပညာ မအောင်မြင်သေးလို့ကတော့ ရှင်လူတို့ အရပ်သားပြည်သူများ အရိပ်သုံးပါးနားမလည် ချေသူငယ်
ကျားစာမိ မဖြစ်ရအောင် ဘေးလွတ်ရာပြေးလွှား ပုန်းအောင်းခိုလှုံကြပါကုန်။
story #observation#shinlhu

Saturday, March 14, 2026

story

ချစ်လို့ ဝိုင်းပင့်ကြတော့လည်း မငြင်းသာ။နည်းပညာခေတ်ကြီးမှာ တူလိုသားလို Soe Nge Tze က Chatgpt AI နဲ့သီချင်းစပ်ပြီး MSG ကပို့ပေးတယ်။အဲဒါကို ရွှေနဂါး(၃) လက်ဖက်ရည်ဝိုင်းကစာရေးဆရာ မင်းမြတ်စံ(ခေါ်)ချစ်ထူးတင်‌(ခေါ်) (---)က Chatgpt နဲ့ပဲ VD ပြန်လုပ်ပေးပြီး ပို့လာပြန်တယ်။ကလောင်နာမည်တွေက ဇိုးတွေလို နာမည်ခပ်များများမို့ရှက်သလိုလိုပေမယ့်၊ သူတို့နည်းပညာသစ်နဲ့မေတ္တာပို့ပုံလေး ချစ်မိတာနဲ့ တင်ပေးလိုက်ပါတယ်။
story #observation#shinlhu

Thursday, March 12, 2026

story

မိတ်ဆွေမြို့လေးများဆီသို့တခေါက်🌉🛣️🏡🕍⛪🏯🛕⛱️(ဒီစာကိုရေးတော့ Imfotainment Essay ပုံသဏ္ဍာန်ရေးမယ်စိတ်ကူးခဲ့ပါတယ်။တကယ်ရေးတော့ စာနည်းနည်းရှည်သွားလို့ နှစ်ပိုင်းခွဲတင်ခဲ့ပါတယ်။နောက်ပိုင်းကွကိုယ်ပြန်ဖတ်တော့ အားမလိုအားမရဖြစ်တာနဲ့ တပိုင်းတည်းပေါင်းပြီးပြန်တင်ပါတယ်)။
         🏡🌉  မိမိမှာ မိတ်ဆွေမြို့လေးများစွာရှိပါတယ်။ဘယ့်နှယ် မိတ်ဆွေဆိုလည်းလူမဟုတ်ဘဲ မြို့ရယ်လို့ အတွေးပွားစရာ ဖြစ်နေပြီ။ဒီလိုပါ မိမိ Social Network သုံးနေတာ ဆယ့်ငါးနှစ်မကရှိနေပြီဆိုတော့ Facebook, Instragram,Tiktok စတဲ့ မီဒီယာတွေ ပေါ်မှာ သူငယ်ချင်းတွေအများကြီးရလာခဲ့ပါတယ်။အဲ့ သူငယ်ချင်းတွေ အများစုက လူချင်းတိုက်ရိုက်မဆုံးဖူးပေမယ့် သူတို့နေထိုင်ရာမြို့လေးတွေကိုတော့သိနေရပါတယ်။ဥပမာ ။ ။Orlando Correa ချီလီနိုင်ငံVichuque`n-Maule.
Cholie Casio Tampus ဖိလိပိုင် စီဘူးမြို့။နွေလယ်နေ East Green Bush -အမေရိကား။
Kozaw Lay-ပေါင်းတည်
Soe Nge Tze-ဖားကန့်။စမ်းရေကြည်-ကျောက်ဆည် ။ လင်းလင်း-ဒေးဒရဲစသဖြင့် ဆိုတော့ သူတိုနေထိုင်ရာမြို့လေးတွေဟာ မိမိအတွက် မိတ်ဆွေမြို့ကလေးတွေဖြစ်နေပါတယ်။ခုတလော ပြီးခဲ့တဲ့ Feb 21 မတိုင်ခင် ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက"ရှင်လူရေ ၊ကျနော်တို့ ၂၁ ရက်နေ့မနက် ပုသိမ်မော်တင်စွန်းကိုသွားမယ် ၂၁ ရက် ၂၂ ရက် မော်တင်စွန်းမှာညအိပ်ပြီး ၂၃ ရက်ပြန်ရောက်မယ်၊လိုက်မလား "ဆိုတော့ ရှင်လူကြီး ရုတ်တရက် စဉ်းစားရတော့တယ်။သွေးတိုး ဆီးချိုဆေးတွေသောက်နေရတာအပြင် အရင်လို လန်းလန်းဆန်းဆန်းမဟုတ်တာကတကြောင်း၊တခြား အခြေအနေအရပ်ရပ်ကိုတွေးမိတော့လည်း စိတ်ထဲ သိတ်မပျော်သလိုမို့ခပ်လေးလေး။ဒါပေမယ့် သမီးလေးဖွေးဖွေးသိမ့်တို့မိသားစုဟာ ကိုယ့်မိသားစုလိုမို့ လိုက်ချင်ချင်ရယ်။အရင်ခြောက်နှစ်လောက်တုန်းက သူတို့ကျိုက်ထီးရိုးသွားတုန်းကလည်း မလိုက်ဘဲကျန်ခဲ့တာတွေးမိပြီး ဒီတခါတော့ လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။မော်တင်စွန်းဘုရားပွဲတို့ရွှေမုဌောဘုရားတို့ဆိုတာလည်း ကလေးဘဝကတည်းက"ကျနော့မမပုသိမ်သူ"သီချင်းနဲ့သာရင်းနှီးခဲ့ရတာ ၊တခါမှမရောက်ခဲ့ဘူးတဲ့နေရာတွေ။
              ဒီလိုနဲ့ အလုပ်က MD ဆီဖုန်းဆက်ပြီးခွင့်ယူတော့လည်းအဆင်ပြေတာနဲ့ ပုသိမ်မော်တင်စွန်း ခရီးလိုက်ဖြစ်သွားတယ်။
              ၂၁ ရက်နေ့ မနက် ၅နာရီ ၁၅ လောက်မှာ မောင်ဝင်းတို့ ဝင်ကြိုတဲ့  Hyundai Starex လေးနဲ့ တောင်ဥက္ကလာကစထွက်ခဲ့တယ်။ရှင်လူကြီးလည်း ကားဦးတည်ဖြတ်သန်းရာခရီးတလျောက် ဘေးဘီဝဲယာကိုငေးရင်းလိုက်ပါလာခဲ့တယ်။မရမ်းကုန်းမြို့နယ်ကိုဖြတ် ဘုရင့်နောင်တံတားကိုကျော် လှိုင်သာယာထဲရောက်လာတာသတိထားမိတယ်။လှိုင်သာယာအထွက် စစ်ဆေးရေးဂိတ်တခုရောက်လို့ အစစ်ခံရင်း ကားသမားကိုမေးတော့ ပန်တိုင်ဂိတ်ဆိုလား။ဒီလိုနဲ့ လယ်ကွင်းတွေ ငါးကန်တွေကိုဖြတ်ရင်း "ဗိုလ်မြတ်ထွန်း တံတား"ကိုရောက်လာခဲ့တယ်။ဗိုလ်မြတ်ထွန်းတံတားကတော့ မိမိတသက် တွေ့ဖူးသမျှတံတားတွေထဲမှာ အရှည်ဆုံးတံတားလို့ထင်ရတယ်။ခုချိန်ထိ အရုဏ်အလင်းကမလာသေး
ကားရှေ့မီးအရောင်ကြောင့်သာလမ်းကိုမြင်နေရတယ်။ဗိုလ်မြတ်ထွန်းတံတားအဆုံးမှာ ကားသမားပြောပြလို့ ညောင်တုန်းရောက်ကြောင်းသိရတယ်။ရှင်လူကြီးကတော့ ခရီးမသွားဖြစ်တာနှစ်ပေါင်းအတော်ကြာပြီမို့ ကားလမ်းတလျောက် မြင်မြင်သမျှ ဘုရား၊ဘုန်းကြီးကျောင်း ၊ကားဝပ်ရှော့၊ဟိုတယ် မိုတယ် ၊စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်ကအစ မြင်သမျှ ဆိုင်းဘုတ်စာတန်းတွေကို အငမ်းမရလိုက်ဖတ်ရင်း ရောက်ရာအရပ်ကိုစူးစမ်းနေမိတယ်။ညောင်တုန်းမြို့ကိုအတန်ကြာဖြတ်လာပြီးတော့ မှောင်မည်းရှည်လျားတဲ့လမ်းမကြီးတခုထဲဝင်လာခဲ့တယ်။ဟိုအဝေးမှာ မီးရောင်ပြိုးပြက် ကျိုးတိုးကျဲတဲမြင်ရပေမယ့် အမှောင်ထုကသာကြီးစိုးနေတော့တယ်။ရုတ်တရက် ကားဦးတည်ရာမျက်စိတဆုံးလောက်မှာ 
ဖြူဖွေးလင်းထိန်နေတဲ့ ရုပ်ပွားတော်ကြီးတဆူကိုထင်းခနဲတွေ့လိုက်ရတယ်။အနားရောက်မှသေချာကြည့်လိုက်တော့ ညအမှောင်လေဟာပြင်ထဲမှာ ဗုဒ္ဓဆင်းတုဖြူဖြူကြီးကို ဆလိုက်မီးတွေထိုးပြီးပူဇော်ထားလို့ ဒီလောက်သပ္ပာယ်တင့်တယ်နေတာပဲ။"ဘယ်ရောက်ပြီလဲဗျ""ပန်းတနော်"
"ဪ" ကားသမားကိုမေးပြီး ပန်းတနော်ဆိုတာကြောင့် ရှင်လူ့စိတ်တွေရွှင်လန်းလာမိတယ်။(ခုနမြင်ရတဲ့ဘုရားကြီးဟာ -နောက်မှ Google Map မှာပြန်ရှာကြည့်မှ ပန်းတနော်မြို့ရဲ့ကျက်သရေဆောင်-ပြည်လုံးကပ်ကျော် ရွှေဘုံသာမုနိ ဘုရားကြီးဖြစ်မှန်းသိရ။)ပန်းတနော်ဆိုလို့ ရှင်လူပျော်သွားတာက ဒီမြို့ဟာ ရှင်လူ့ရဲ့မိတ်ဆွေမြို့ကလေးဖြစ်နေလို့ပါပဲ။ဒီမြို့မှာ ရှင်လူ့မိတ်ဆွေ ဆရာမကြီး MKT ရှိနေတယ်။သူက ပန်းတနော်မှာမူပြဆရာမဘဝနဲ့အလုပ်ဝင်ခဲ့တာ မိသားစုမခွဲနိုင် ၊နယ်မပြောင်းနိုင်တာနဲ့ တသက်လုံး မူလတန်းပြဆရာမကြီးဘဝနဲ့ပဲ ကလေးတို့ဆရာမလုပ်နေသူပေါ့။သူ့အမျိုးသားကရဲအရာရှိတယောက်ဖြစ်ပြီး သားကြီးကဆရာဝန်၊ထိုစဉ်က သမီးငယ်ကတက္ကသိုလ်တက်ဆဲ။သူရောရှင်လူပါ FB မှာ စာတွေရေးကြ၊တယောက်စာတယောက်ဖတ်ရင်းခင်မင်ခဲ့ကြတယ်။ရှင်လူ့ရဲ့နာမည်ရင်းကကွယ်လွန်သူ သူ့ဖခင်ရဲ့နာမည်နဲ့တူနေလို့ သူ့ဖခင်ကိုသတိရတိုင်း ဟင်းတွေချက်၊ ပလပ်စတစ်ဘူးတွေနဲ့ထည့်။ပုစွန်တုပ်တွေ၊အမဲကြော်တွေပန်းတနော်ကားနဲ့ပို့ပေးလို့ လသာလမ်းကားဂိတ်မှာသွားသွားယူခဲ့ရတယ်။နောက်ပိုင်းသူပိုင်လုံးချင်းတိုက်လေးတလုံးကိုပန်းတနော်မှာသူဆောက်တော့ အရွယ်ရောက်နေတဲ့တပည့်အင်ဂျင်နီယာတွေဆွဲပေးတဲ့ဒီဇိုင်းအတိုင်းဆောက်ပြီး ဝါသနာအရ ပန်းပင်လေးတွေစိုက်ပျိုးထားသတဲ့။ရှင်လူကြီး ကပန်းတနော်မြို့ကိုတောင်ခုမှဖြတ်သွားဖူးတာဆိုတော့ သမီးဆရာမကြီးအိမ် ဘယ်နားဆီရှိမှန်းမသိ။လမ်းဘေးဝဲယာ ဟိုသည်ငေးရင်း ရော်ရမ်းမှန်းဆရုံအပြင် ဘာမှမတတ်နိုင်။ဆရာမကြီး MKT လိုင်းပေါ်မတွေ့တာကြာပြီ၊ ကျန်းခန့်သာလို့မာပါလေစ။ဒီလိုနဲ့ပဲ ပန်းတနော်မြို့စွန် တံတားတစင်းနားမှာကားဆရာက ခေတ္တရပ်နားပေးလို့ အားလုံးအောက်ဆင်းအပေါ့အပါးသွားရင်းနားကြ။ပန်းတနော်ရဲ့ထူးခြားချက်ကတော့ မြို့စွန်လမ်းတခြမ်းစီ ကွန်ကရစ်လမ်းအထူကြီးတွေခင်းပြီးနေပြီ။ဒီလိုနဲ့ မြင်ကွင်းအားလုံးလည်း လင်းလင်းချင်းချင်းမနက်ခင်းရောက်ခဲ့ပြီ။
 ဖေဖော်ဝါရီလ-၂၁ ရက် မနက် ၆ နာရီမှာပန်းတနော်မြို့ကိုဖြတ်သန်းလာပြီး 
ဝဲယာလမ်းနှစ်ဘက်မှာ ထန်းပင်တွေလည်းအစီအရီ၊
တဖြည်းဖြည်းနဲ့ 
ကျောင်းကုန်းမြို့နယ်ထဲကို ‌ရောက်လာခဲ့ပါတယ်၊နောက် တော့ကန်ကြီးထောင့်ကိုဖြတ်သန်းပြီး မနက်၈နာရီခွဲချိန်မှာပုသိမ်မြို့ကိုစတင်ဆိုက်ရောက်ခဲ့ပါတယ်။ပုသိမ်ကတော့ မိတ်ဆွေမြို့မဟုတ်ပေမယ့် အလုပ်မြို့လို့ပြောရင်ရမယ်ထင်ပါတယ်။ရှင်လူတို့ကားလေးကပုသိမ်တံတားကြီးပေါ်ဖြတ်သန်းလာခိုက်ရှင်လူကြီးက "ပုသိမ် ဆိုင်ခွဲ ဘယ်နားများရှိပါလိမ့်"တွေးရင်း ရော်ရမ်းမှန်းဆနေမိပါတယ်။ရှင်လူကြီးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ TET - THUTA ENGINEERING & TRADING
COMPANY ရဲ့ ပုသိမ်ဆိုင်ခွဲလိပ်စာက No 230 ,Strand Road,Htone Bo Ward,
Pathen , Terminal ဆီဆိုင်ရှေ့..တဲ့။တာမင်နယ်ဆီဆိုင်ဆိုတာဘယ်ဆီမှန်းမသိ ၊ကားအတွက်ဆီဝင်ထည့်တော့လည်း တခြားဆီဆိုင်တခုသာ။ဘုရားဖူးကားဆိုတော့လည်း ကိုယ်သွားလိုရာသွားနိုင်တဲ့အစီအစဉ်မပါ။ဒီလိုနဲ့ပဲ မနက် ၉ နာရီလောက်မှာ ပုသိမ်မြို့ထဲကစတင်ထွက်ခွါလာခဲ့ကြပါတယ်။နောက်ပိုင်းရှင်လူကြီး Google Map ထောက်ကြည့်တော့ မော်တင်စွန်းဟာ ပုသိမ်နဲ့သိတ်မဝေးလှ။အဖြောင့်အတိုင်းဆို ပုသိမ်အနောက်တောင်ဘက်မိုင်၂၀ သာကွာပေမယ့် တောင်စောင်းတွေကိုကွေ့ပတ်ဖောက်ထားတဲ့လမ်းကမြွေလိမ်မြွေကောက် ရိုလာကိုစတာလမ်းတွေမို့ ၉၆ မိုင်ကျော်ရှိနေပါတယ်။(လမ်းဖောက်တုန်းကပါဝင်ခဲ့တဲ့ Accountant မိတ်ဆွေကြီးပြောပြလို့)။
           ရှင်လူကြီးတို့အဖွဲ့ မနက်၉ နာရီကျော်ကျော်အချိန်မှာပဲ ပုသိမ်မြို့ကစတင်ထွက်ခွာလာခဲ့ကြပါတယ်။ပဌမခရီးစဉ် ရန်ကုန်ပုသိမ် ၁၁၃ မိုင်အပြီးမှာ ပုသိမ် မော်တင်စွန်း ၉၆ မိုင်စတင်ခဲ့ပါပြီ။ရိုလာကိုစတာ ဝင်္ကပါလမ်းကတော့ ငှားလာတဲ့ Hyundai Starex လေးကဆိုဖာတွေညက်ညောလို့သာတော်ပါသေးတယ်။ဒါတောင် နောက်တန်းကလူတွေ ပစ္စည်းထုပ်တွေနောက်ပို့ပြီးအလယ်မှာစုထိုင်ကြရပါတယ်။ကားဆောင့်တဲ့ဒဏ် ခုန်တဲ့ဒဏ်သူတို့ဘယ်ခံနိုင်ပါ့မလဲ။ဒီလိုနဲ့ တတောဝင် တတောင်တက် ခရီးဆက်လာရင်း တောင်ကွေ့တနေရာမှာကားရပ်လိုက်ပြီး မြေခင်းပလပ်စတစ်ဖျာ‌တွေခင်းကျင်းကာ
ရန်ကုန်ကအသင့်ချက်ပြုတ်ယူလာတဲ့ ထမင်းဟင်းတွေနဲ့ နေ့လယ်စာစားလိုက်ကြပါတယ်။အမှန်တော့ ဒီလမ်းဟာ ပုသိမ်ခရိုင် ငပုတောမြို့နယ်ထဲမှာမို့ ငပုတောလမ်းလို့ပဲခေါ်ရမယ်ထင်ပါတယ်။မိမိတို့ထမင်းစားနားပြီးဆက်ထွက်လာခဲ့ကြတာ သိတ်မကြာလိုက်ပါဘူး လှတောသားတွေပြောသလိုပြောရရင် ခရီးလမ်းက ခဲလုံးတွေစားလာရင်တောင်အစာကြေလောက်ပါတယ်။နေ့လယ် 12 နာရီကျော်ကျော်မှာပဲ "လမင်းစန္ဒာ,"မြန်မာထမင်းဆိုင်ကိုရောက်ပါတယ်။လိပ်စာက ဂေါ်ရင်ဂျီလမ်းဆုံအနီး-ငရုတ်ကောင်းတောင်-တဲ့။
                     ဒီလမ်းဆုံက အမှတ်အသား ဘုဒ် တခုကိုဓပုံရိုက်ကြည့်လိုက်တော့
ပုသိမ်ခရိုင် ၊ငရုတ်ကောင်းတောင်-ငရုတ်ကောင်းလမ်း၊
ငရုတ်ကောင်းမြို့အစ၊
(မိုင်-၀/၀) တဲ့။လာပါပြီ ငရုတ်ကောင်းဆိုတဲ့မိတ်ဆွေမြို့ကလေး။ဒီဂေါ်ရင်ဂျီလမ်းဆုံနဲ့ ငရုတ်ကောင်းဆိုတာ ပင်လယ်ချစ်သူ မိတ်ဆွေကြီး သန်းတင့်ရဲ့ ရင်ငွေ့မပျယ်သေးတဲ့ဒေသတွေပေါ့။သန်းတင့်ဆိုတာ ခင်ဖုန်းသက်ဝေဂယ်လာရီရဲ့ပိုင်ရှင် ၊ဆိပ်ကမ်းရေဒီယိုရဲ့ပဲ့ကိုင်ရှင် ကဗျာဆရာ စာရေးဆရာ။လွန်ခဲ့တဲ့ငါးနှစ်ခြောက်နှစ်မကလောက်ကတရုတ်တန်း ၁၃လမ်းညနေတခုမှာ နှင်းခါးမိုးရယ်၊နွေလယ်နေရယ်၊သန်းတင့်ရယ်
တခြားတယောက် -ဒတ္ထထင်ရဲ့(အမှတ်တမဲ့ဖြစ်နေ)ရှင်လူရယ် ယမကာဝိုင်းတခုဆုံခဲ့ဖူးကြတယ်၊ နောက်ပိုင်း တောင်ဥက္ကလာထဲမှာတခါထပ်ဆုံဖြစ်မဆုံဖြစ်တော့ ရေးတေးတေးပဲ။မှတ်မှတ်ရရ COVID 19-Home Stay ကာလ ရှင်လူကြီးအိမ်တွင်းအောင်းနေခိုက် တနေ့မှာ မမျှော်လင့်ထားဘဲ နှင်းခါးမိုးရဲ့ဖုန်းဝင်လာတယ်"အကို အိမ်မှာရှိလား၊ကျနော်တို့လမ်းထိပ်မှာရောက်နေတယ် ၊ထွက်လာခဲ့ပါ ပင်လယ်စာတွေလာယူ"တဲ့။ဘယ်မှသွားသွားလာလာမလုပ်ရချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေအသံကြားရတာ ဘယ်လိုပျော်မှန်းမသိ။ဒါနဲ့ ဓမ္မာရုံဘေးကခုံတွေဝါးလုံးတွေနဲ့ပိတ်ကာထားတဲ့အတားအဆီးကိုတိုးထွက်လိုက်တော့ပင်လယ်စာထုပ်တွေကိုင်ထားတဲ့နှင်းခါးမိုးနဲ့အတူ ကိုသန်းတင့်ပါ ပါလာတာတွေ့ရတယ်"ငါးလှေဆိုက်လို့"တဲ့။ကြည့်စမ်း ကိုဗစ်ကပ်ဆိုးကြီးထဲမှာ ဂေါ်ရင်ဂျီကျွန်း ငရုပ်ကောင်းမြို့သား ရေလုပ်ငန်းနဲ့အကျွမ်းဝင်ဆက်စပ်သူ သန်းတင့်။တချိန်ကရုပ်ရှင်မင်းသားစိန်မြင့်လိုပြုံးစစမျက်နှာပေးနဲ့ ရေလုပ်သားကဗျာဆရာ။ခုတော့ ကိုယ့်ဟာကိုယ် ငပုတောလမ်းသမုတ်ခဲ့ပေမယ့် သူ့ဒေသ သူ့အခေါ် "ငရုတ်ကောင်းလမ်း၊ဂေါ်ရင်ဂျီလမ်းဆုံ"တဲ့။ကိုသန်းတင့်ရဲ့နှလုံးသားနဲ့ ခင်းဖြန့်ထားတဲ့လမ်းတွေပေါ် ရှင်လူကြီးရောက်ခဲ့ရပြီ။ကားကလေးကငရုတ်ကောင်းလမ်းကွေ့များအတိုင်း အရှိန်နဲ့ဖြတ်သန်းရင်းမိမိဘေးဘီဝဲယာမြင်ကွင်းတွေကို တမြတ်တနိုး ရသမျှ မှတ်သားနေမိတယ်။ငါးခူချောင်းဖျားတံတား၊ကျောက်ဖျာကျေးရွာ။ရေသောက်အိုင်ရော်ဘာစိုက်ခင်း။မဲဇလီကြိုးဝိုင်းအဆုံး။ငပုတောမြို့နယ်ထင်းချောင်းကျေးရွာ။ငါးပြေမကျေးရွာ။ကညင်ချောင်းကျေးရွာ။ဒီလိုနဲ့ပဲရွာ တွေ တံတားတွေ၊မြေပြင်အမှတ်အသားတွေကိုကျက်မှတ်ရင်းညနေ ၃နရီခွဲ အချိန်မှာမော်တင်စွန်းကိုဆိုက်ရောက်လာခဲ့တယ်။ဘုရားပွဲအချိန်မို့ ရောက်ရောက်ချင်းဟိုတယ်တွေ တည်းခိုခန်းတွေကလူပြည့်နေတော့အခန်းငှားလို့မရ။ဟိုရှာဒီရှာ အားလုံးဒေါင်းတောက်ပြီးမှ ကားသမားလေးလိုက်ပို့လို့ ဘုရားနဲ့မလှမ်းမကမ်းကခြံလေးတခုနဲ့စကားပြောဖြစ်တယ်။ငါးဧကလောက်ကျယ်တဲ့ခြံဝန်းကြီးထဲက သူတို့လက်ရှိနေတဲ့ သုံးပင်အိမ်လေးမှာပေးတည်းတယ်။တည ၁သိန်း၃သောင်း နဲ့နှစ်ညစာ ၂သိန်း၆ သောင်း။ရေချိုးဖို့နဲ့ သန့်စင်ခန်းလည်း မိမိတို့လူဆယ်ယောက်အတွက်အဆင်ပြေသွားတယ်။ဘုရားယင်ပြင်ပေါ်မှာသာအိပ်ရရင်
ရေတခါချိုးနှစ်ထောင်၊ အပေါ့တခါသွားငါးရာ၊ ဒီကြားထဲ တန်းစီရတာကရှိသေး။ခုတော့ ကားလေးနဲ့ဘုရားတက်ဖူးလိုက်ကြ၊ပြန်လာပြီးစားသောက်လိုက်ကြနဲ့ ပင်လယ်လေကိုတဝရှူပြီး ညအိပ်ရတာလည်း နှစ်ပေါင်း ၇၀ လောက်တွင်းမှာ အိပ်ရေးအဝဆုံး ညနှစ်ညလို့ဆိုရမယ်။၂၂ ရက် တနင်္ဂနွေနေ့မှာတော့ မနက်စာဘရိတ်ဖတ်စ်စားသောက်ပြီးပင်လယ်နဲ့ရင်ပေါင်တန်းရင်းသဲသောင်ပြင်ကျယ်တလျောက်ကားလေးကိုတရိပ်ရိပ်ပြေးစေပြီး
ငွေတောင်ကမ်းခြေအရောက်သွားပင်လယ်ရေစိမ်ခဲ့ကြတယ်။ကမ်းခြေအဆင်း ဇီးချိုင်ရွာထဲဖြတ်တော့လည်းမိတ်ဆွေကြီးသန်းတင့်မျက်နှာကိုမြင်ယောင်မိပြန်ရော။ဂေါ်ရင်ဂျီနဲ့ငရုတ်ကောင်းဒေသကို နယ်ချဲ့လာတဲ့ စည်းကမ်းမဲ့ဟိုတယ်မိုတယ်တွေနဲ့ အိပ်မက်မက်တိုင်း ဘုရားထတည်နေတဲ့ဘိုးတော်တွေ ဘုန်းကြီးတွေကိုအစာသိတ်မကြေတဲ့ ငရုတ်ကောင်းချစ်သူ ကဗျာဆရာသန်းတင့်တယောက် တောင်ဥက္ကလာက အညစ်အကြေးတွေ ဂေါ်ရင်ဂျီကမ်းခြေမှာလာသန့်စင်တဲ့ ရှင်လူတို့ အဖွဲ့ကို ခွင့်လွှတ်သည်းခံပေးဖို့တောင်းပန်ရင်း ငရုတ်ကောင်းမြို့ဆိုတဲ့ မိတ်ဆွေမြို့ကလေးကိုလည်းလက်ပြနှုတ်ဆက်ခဲ့ပါတယ်။
story #observation#shinlhu

Wednesday, March 11, 2026

story

မိတ်ဆွေမြို့လေးများဆီသို့တခေါက်🌉🛣️🏡🕍⛪🏯🛕⛱️(ဒုတိယပိုင်း)
           ဖေဖေါ်ဝါရီလ ၂၁ ရက် မနက် ၆ နာရီမှာပန်းတနော်မြို့ကိုဖြတ်သန်းလာပြီး တဖြည်းဖြည်းပန်းတနော်မြို့စွန်တံတားနားရောက်တဲ့အချိန်မှာ အရာရာလင်းလင်းချင်းချင်းဖြစ်နေပါပြီ၊
ဝဲယာလမ်းနှစ်ဘက်မှာ ထန်းပင်တွေလည်းအစီအရီတွေ့ခဲ့ရပြီး

Monday, March 9, 2026

story

မိတ်ဆွေမြို့လေးများဆီသို့တခေါက်🌉🛣️🏡🕍⛪🏯🛕⛱️
           မိမိမှာ မိတ်ဆွေမြို့လေးများစွာရှိပါတယ်။ဘယ့်နှယ် မိတ်ဆွေဆိုလည်းလူမဟုတ်ဘဲ မြို့ရယ်လို့ အတွေးပွားစရာ ဖြစ်နေပြီ။ဒီလိုပါ မိမိ Social Network သုံးနေတာ ဆယ့်ငါးနှစ်မကရှိနေပြီဆိုတော့ Facebook, Instragram,Tiktok စတဲ့ မီဒီယာတွေ ပေါ်မှာ သူငယ်ချင်းတွေအများကြီးရလာခဲ့ပါတယ်။အဲ့ သူငယ်ချင်းတွေ အများစုက လူချင်းတိုက်ရိုက်မဆုံးဖူးပေမယ့် သူတို့နေထိုင်ရာမြို့လေးတွေကိုတော့သိနေရပါတယ်။ဥပမာ ။ ။Orlando Correa 
ချီလီနိုင်ငံ
Vichuque`n-Maule.
Cholie Casio Tampus ဖိလိပိုင်.စီဘူးမြို့။နွေလယ်နေ East Green Bush -အမေရိကား။
Kozaw Lay-ပေါင်းတည်.Soe Nge Tze-ဖားကန့်။စမ်းရေကြည်-ကျောက်ဆည် ။ လင်းလင်း-ဒေးဒရဲ စသဖြင့် ဆိုတော့ သူတိုနေထိုင်ရာမြို့လေးတွေဟာ မိမိအတွက် မိတ်ဆွေမြို့ကလေးတွေဖြစ်နေပါတယ်။ခုတလော ပြီးခဲ့တဲ့ Feb 21 မတိုင်ခင် ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက"ရှင်လူရေ ၊ကျနော်တို့ ၂၁ ရက်နေ့မနက် ပုသိမ်မော်တင်စွန်းကိုသွားမယ် ၂၁ ရက် ၂၂ ရက် မော်တင်စွန်းမှာညအိပ်ပြီး ၂၃ ရက်ပြန်ရောက်မယ်၊လိုက်မလား "ဆိုတော့ ရှင်လူကြီး ရုတ်တရက် စဉ်းစားရတော့တယ်။သွေးတိုး ဆီးချိုဆေးတွေသောက်နေရတာအပြင် အရင်လို လန်းလန်းဆန်းဆန်းမဟုတ်တာကတကြောင်း၊တခြား အခြေအနေအရပ်ရပ်ကိုတွေးမိတော့လည်း စိတ်ထဲ သိတ်မပျော်သလိုမို့ခပ်လေးလေး။ဒါပေမယ့် သမီးလေးဖွေးဖွေးသိမ့်တို့မိသားစုဟာ ကိုယ့်မိသားစုလိုမို့ လိုက်ချင်ချင်ရယ်။အရင်ခြောက်နှစ်လောက်တုန်းက သူတို့ကျိုက်ထီးရိုးသွားတုန်းကလည်း မလိုက်ဘဲကျန်ခဲ့တာတွေးမိပြီး ဒီတခါတော့ လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။မော်တင်စွန်းဘုရားပွဲတို့ရွှေမုဌောဘုရားတို့ဆိုတာလည်း ကလေးဘဝကတည်းက"ကျနော့မမပုသိမ်သူ"သီချင်းနဲ့သာရင်းနှီးခဲ့ရတာ ၊တခါမှမရောက်ခဲ့ဘူးတဲ့နေရာတွေ။
              ဒီလိုနဲ့ အလုပ်က MD ဆီဖုန်းဆက်ပြီးခွင့်ယူတော့လည်းအဆင်ပြေတာနဲ့ ပုသိမ်မော်တင်စွန်း ခရီးလိုက်ဖြစ်သွားတယ်။
              ၂၁ ရက်နေ့ မနက် ၅နာရီ ၁၅ လောက်မှာ မောင်ဝင်းတို့ ဝင်ကြိုတဲ့  Hyundai Starex လေးနဲ့ တောင်ဥက္ကလာကစထွက်ခဲ့တယ်။ရှင်လူကြီးလည်း ကားဦးတည်ဖြတ်သန်းရာခရီးတလျောက် ဘေးဘီဝဲယာကိုငေးရင်းလိုက်ပါလာခဲ့တယ်။မရမ်းကုန်းမြို့နယ်ကိုဖြတ် ဘုရင့်နောင်တံတားကိုကျော် လှိုင်သာယာထဲရောက်လာတာသတိထားမိတယ်။လှိုင်သာယာအထွက် စစ်ဆေးရေးဂိတ်တခုရောက်လို့ အစစ်ခံရင်း ကားသမားကိုမေးတော့ ပန်တိုင်ဂိတ်ဆိုလား။ဒီလိုနဲ့ လယ်ကွင်းတွေ ငါးကန်တွေကိုဖြတ်ရင်း "ဗိုလ်မြတ်ထွန်း တံတား"ကိုရောက်လာခဲ့တယ်။ဗိုလ်မြတ်ထွန်းတံတားကတော့ မိမိတသက် တွေ့ဖူးသမျှတံတားတွေထဲမှာ အရှည်ဆုံးတံတားလို့ထင်ရတယ်။ခုချိန်ထိ အရုဏ်အလင်းကမလာသေး
ကားရှေ့မီးအရောင်ကြောင့်သာလမ်းကိုမြင်နေရတယ်။ဗိုလ်မြတ်ထွန်းတံတားအဆုံးမှာ ကားသမားပြောပြလို့ ညောင်တုန်းရောက်ကြောင်းသိရတယ်။ရှင်လူကြီးကတော့ ခရီးမသွားဖြစ်တာနှစ်ပေါင်းအတော်ကြာပြီမို့ ကားလမ်းတလျောက် မြင်မြင်သမျှ ဘုရား၊ဘုန်းကြီးကျောင်း ၊ကားဝပ်ရှော့၊ဟိုတယ် မိုတယ် ၊စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်ကအစ မြင်သမျှ ဆိုင်းဘုတ်စာတန်းတွေကို အငမ်းမရလိုက်ဖတ်ရင်း ရောက်ရာအရပ်ကိုစူးစမ်းနေမိတယ်။ညောင်တုန်းမြို့ကိုအတန်ကြာဖြတ်လာပြီးတော့ မှောင်မည်းရှည်လျားတဲ့လမ်းမကြီးတခုထဲဝင်လာခဲ့တယ်။ဟိုအဝေးမှာ မီးရောင်ပြိုးပြက် ကျိုးတိုးကျဲတဲမြင်ရပေမယ့် အမှောင်ထုကသာကြီးစိုးနေတော့တယ်။ရုတ်တရက် ကားဦးတည်ရာမျက်စိတဆုံးလောက်မှာ 
ဖြူဖွေးလင်းထိန်နေတဲ့ ရုပ်ပွားတော်ကြီးတဆူကိုထင်းခနဲတွေ့လိုက်ရတယ်။အနားရောက်မှသေချာကြည့်လိုက်တော့ ညအမှောင်လေဟာပြင်ထဲမှာ ဗုဒ္ဓဆင်းတုဖြူဖြူကြီးကို ဆလိုက်မီးတွေထိုးပြီးပူဇော်ထားလို့ ဒီလောက်သပ္ပာယ်တင့်တယ်နေတာပဲ။"ဘယ်ရောက်ပြီလဲဗျ""ပန်းတနော်"
"ဪ" ကားသမားကိုမေးပြီး ပန်းတနော်ဆိုတာကြောင့် ရှင်လူ့စိတ်တွေရွှင်လန်းလာမိတယ်။(ခုနမြင်ရတဲ့ဘုရားကြီးဟာ -နောက်မှ Google Map မှာပြန်ရှာကြည့်မှ ပန်းတနော်မြို့ရဲ့ကျက်သရေဆောင်-ပြည်လုံးကပ်ကျော် ရွှေဘုံသာမုနိ ဘုရားကြီးဖြစ်မှန်းသိရ။)ပန်းတနော်ဆိုလို့ ရှင်လူပျော်သွားတာက ဒီမြို့ဟာ ရှင်လူ့ရဲ့မိတ်ဆွေမြို့ကလေးဖြစ်နေလို့ပါပဲ။ဒီမြို့မှာ ရှင်လူ့မိတ်ဆွေ ဆရာမကြီး MKT ရှိနေတယ်။သူက ပန်းတနော်မှာမူပြဆရာမဘဝနဲ့အလုပ်ဝင်ခဲ့တာ မိသားစုမခွဲနိုင် ၊နယ်မပြောင်းနိုင်တာနဲ့ တသက်လုံး မူလတန်းပြဆရာမကြီးဘဝနဲ့ပဲ ကလေးတို့ဆရာမလုပ်နေသူပေါ့။သူ့အမျိုးသားကရဲအရာရှိတယောက်ဖြစ်ပြီး သားကြီးကဆရာဝန်၊ထိုစဉ်က သမီးငယ်ကတက္ကသိုလ်တက်ဆဲ။သူရောရှင်လူပါ FB မှာ စာတွေရေးကြ၊တယောက်စာတယောက်ဖတ်ရင်းခင်မင်ခဲ့ကြတယ်။ရှင်လူ့ရဲ့နာမည်ရင်းကကွယ်လွန်သူ သူ့ဖခင်ရဲ့နာမည်နဲ့တူနေလို့ သူ့ဖခင်ကိုသတိရတိုင်း ဟင်းတွေချက်၊ ပလပ်စတစ်ဘူးတွေနဲ့ထည့်။ပုစွန်တုပ်တွေ၊အမဲကြော်တွေပန်းတနော်ကားနဲ့ပို့ပေးလို့ လသာလမ်းကားဂိတ်မှာသွားသွားယူခဲ့ရတယ်။နောက်ပိုင်းသူပိုင်လုံးချင်းတိုက်လေးတလုံးကိုပန်းတနော်မှာသူဆောက်တော့ အရွယ်ရောက်နေတဲ့တပည့်အင်ဂျင်နီယာတွေဆွဲပေးတဲ့ဒီဇိုင်းအတိုင်းဆောက်ပြီး ဝါသနာအရ ပန်းပင်လေးတွေစိုက်ပျိုးထားသတဲ့။ရှင်လူကြီး ကပန်းတနော်မြို့ကိုတောင်ခုမှဖြတ်သွားဖူးတာဆိုတော့ သမီးဆရာမကြီးအိမ် ဘယ်နားဆီရှိမှန်းမသိ။လမ်းဘေးဝဲယာ ဟိုသည်ငေးရင်း ရော်ရမ်းမှန်းဆရုံအပြင် ဘာမှမတတ်နိုင်။ဆရာမကြီး MKT လိုင်းပေါ်မတွေ့တာကြာပြီ၊ ကျန်းခန့်သာလို့မာပါလေစ။ဒီလိုနဲ့ပဲ ပန်းတနော်မြို့စွန် တံတားတစင်းနားမှာကားဆရာက ခေတ္တရပ်နားပေးလို့ အားလုံးအောက်ဆင်းအပေါ့အပါးသွားရင်းနားကြ။ပန်းတနော်ရဲ့ထူးခြားချက်ကတော့ မြို့စွန်လမ်းတခြမ်းစီ ကွန်ကရစ်လမ်းအထူကြီးတွေခင်းပြီးနေပြီ။ဒီလိုနဲ့ မြင်ကွင်းအားလုံးလည်း လင်းလင်းချင်းချင်းမနက်ခင်းရောက်ခဲ့ပြီ။
(စိတ်ဝင်စားပါက -မိတ်ဆွေမြို့လေးများဆီသို့တခေါက်-ဒုတိယပိုင်း ဆက်ဖတ်ပေးကြပါ)
story #observatuon#shinlhu

story

ပါးကွက်​ကြားကာကွယ်​​ရေး ရှင်​လူ
♡ ❀ ♪ ♥ ♡ ❀ ♪ ♥ ♡ ❀ ♪ 
​နေ့ခင်း ရှင်​လူကွမ်းယာဝယ်​ဖို့အထွက်​
``​ဖွေး​ရေ ရှင်​လူကွမ်းယာ သွားဝယ်​မလို့
လိုက်​အုံးမလား´´ဆို​တော့ ​ဖွေး​ဖွေးသိမ့်က
ဖိနပ်​​ကောက်​စီးပြီးလိုက်​လာတယ်​။ခုတ
​လော​ဖွေးတ​ယောက်​ရှင်​လူ့ကို ပိုခင်​တွယ််​လာတယ်​ထင်​ပြီး ရှင်​လူကြီး
မ​နော​ခွေ့​နေ​ပေါ့။ကွမ်းယာဆိုင်​​ရောက်​​တော့
ချိတ်​ထားတဲ့သီး​မွှေးငှက်​​ပျောသီးတွဲကို
​ဖွေး​မော့ကြည့်​နေလို့``စားမလား´´​မေးတာ
​ခေါင်းညိတ်​တာနဲ့တလုံးဖြုတ်​​ပေးလိုက်​
တယ်​။ခဏ​နေ​တော့ငှက်​​ပျောသီးကိုရှင်​လူ့လက်​ထဲလာထည့်ပြီးသူ့အရပ်​လက်​ခုပ်​
တ​ဖောင်​​လောက်​မြင့်တဲ့ကွမ်းယာခုံကို တွဲ​လောင်းခိုတက်​​နေတယ်​။
``ဘာလုပ်​မလို့လဲသမီး´´ဆို​တော့``ကြည့်မယ်​´´တဲ့။ဒါနဲ့ သူ့ကိုမပြီး ကွမ်းယာသည်​ ကွမ်းယာပုံကိုပြရတယ်​။
အိမ်​ပြန်​​ရောက်​ပြီးရှင်​လူအလုပ်​ထိုင်​ ​​နေ​တော့ ​ဖွေးက အိမ်​​ရှေ့တံခါးဝမှာ တ​ယောက်​တည်း​ဆော့​နေတယ်​။
သူ ထသွားလိုက်​ ပြန်​ထိုင်​လိုက်​နဲ့ အလုပ်​ရှုပ်​​နေတာ​တွေ့လို့ ဘာလုပ်​​နေလဲ
ကြည့်လိုက်​​တော့ရှင်​လူ့စက္ကူပန်းပင်​က
အရွက်​​တွေ ထခူး​နေတာကိုး။
``​ဖွေး​ဖွေး ရှင်​လူ့ပန်းပင်​ကို မခူးရဘူး
​ပြောထားတယ်​​လေ´´ဆို​တော့ ``နည်းနည်းပါ ကွယ်းယာမလို့´´တဲ့။
အင်းဒါ​ကြောင့်ကွမ်းယာခုံကိုတွဲ​လောင်းခိုတက်​ခဲ့တာကိုး
ည​နေဘက်​အလုပ်​နားပြီးရှင်​လူကြီး​ဖွေးတို့အိမ်​ဖက်​ကူးသွား​တော့​ဖွေးကကိုယ်​လုံးတီး
နဲ့ ၊သူတို့သားအမိနှစ်​​ယောက်​ပလပ်​စတစ်​ပုံး
ကြီးဖွင့်ပြီးအင်္ကျီရှာ​နေတယ်​။​ဖွေးလက်​ထဲမှာ
အနီစင်းနဲ့ အားကစား​ဘောင်းဘီတိုကို
ကိုင်​ထားပြီးစိတ်​တိုင်းကျအင်္ကျီမရဘူးဖြစ်
​​​နေတယ်။သူ့အ​မေ မလှိုင်​က ``ဒါဝတ်​မလား´´ဆိုလဲ ``ဟင့်အင်း´´ပဲ။
``​အောင်​မယ်​  ငါ့သမီး​လေးက ​ရေချိုးပြီး
သနပ်​ခါးပါးကွက်​ကြား​တွေဘာ​တွေနဲ့ပါ
လား´´ဆို​တော့ မလှိုင်​က``ဟုတ်​တယ်​​လေ
အဲဒါ သူ့ဟာသူ​သွေးလိမ်းထားတာ´´တဲ့။
တယ်​ဟုတ်​ပါလား။``​ဖွေး​ဖွေး..နင်​​နော်​
ငါစိတ်​မရှည်​​တော့ဘူး၊အင်္ကျီဝတ်​တာပဲ၊
ကိုယ့်အ​မေ​ပေးတာဝတ်​​ပေါ့´´​ဖွေးကလက်​ထဲက​ဘောင်းဘီပါပစ်​ချလိုက်​ပြီးနှုတ်​ခမ်းစူ
နေတယ်။အ​ခြေအ​နေက တဖြည်းဖြည်း
တင်းမာလာတယ်​။ဒါ နဲ့ရှင်​လူလည်းထမပြန်​
​သေးပဲ အရိပ်​အ​ခြေကြည့်​နေရတယ်​။
``ငါ့သမီး​လေးကလိမ္မာပါတယ်​ဟာ၊သူ့ပိုင်း
ဖြတ်​မှုနဲ့သူ ဝတ်​ချင်​တာ ရှာ​ပေးလိုက်​ပါ´´
ရှင်​လူကြီး ကြားဝင်​​လေ​ပြေထိုးရတယ်​။
မလှိုင်​စိတ်​ကလည်း လက်​တဆစ်​ရယ်​။
​တော်​ကြာထဗြင်းလို့​ဖွေးသနပ်​ခါး
ပါးကွက်​ကြား​လေးအရည်​​ပျော်​သွားမှဖြင့်။ဒီလိုနဲ့ ပလပ်​စတစ်​ပုံးပြန်​ပိတ်​ ဘီဒိုကြီးဆွဲဖွင့်
လှန်​​လှောရှာမှ သူဝတ်​ချင်​တဲ့အင်္ကျီရတယ်​။
​တော်​​သေးရဲ့။
​ဖွေး​ရေ ခုတကြိမ်​​တော့ နင့်ပါးကွက်​ကြားကို
ရှင်​လူကာကွယ်​​ပေးနိုင်​ခဲ့ပြီ။သမီး​လေး
အပျိုဖြစ်​တဲ့ထိ​တော့ ရှင်​လူကာကွယ်​​ပေးနိုင်​ပါ့မလားကွယ်​။
story #observation#shinlhu

Monday, February 16, 2026

story

ညနေ 5:18 PM မှာ သမီး စန္ဒာ(အိပ်မက်ချစ်သူ)ဆီကဖုန်းဝင်လာတယ်။
"ဦးရေ အလုပ်သွားခါနီး ဝင်ခဲ့ပါအုံး ၊ဦးတူ ခေါက်ဆွဲတွေကြာဆံတွေကြော်ထားတာဝင်ယူအုံး"ဆိုတော့ "ဦးက ခုအလုပ်မှာ ၊သုံးရက်ဆက်တိုက်ဂျူတီဝင်နေရတယ်၊ညစာလည်းစားပြီးသွားပြီ"သမီးအိပ်မက်ချစ်သူကို ဒီအတိုင်းအကြောင်းပြန်ပြီးမှစိတ်ကူးတမျိုးပြောင်းသွားပြီး။အင်းလေ ဘာပဲဖြစ်ဖြစ် ခေါက်ဆွဲကြော် ကြာဆံကြော်က ညဘက်ဆာရင်စားလို့ရတာပဲ၊နောက်ပြီး သူတို့အိမ်ကလည်း ဒီ ၅ ရပ်ကွက် ၆ လမ်းတင်ဆိုတော့ သိတ်မဝေးလှ။
ဒါနဲ့ "ဦး စက်ဘီးနဲ့ ခုလာခဲ့မယ်"ဆိုပြီး ထွက်လာခဲ့တယ်။သူတို့အိမ်ရောက်တော့ သူ့အမေ မလှဝင်းကခုတင်ပေါ်ပက်လက် တက်ဘလက်တလုံးနဲ့သီချင်းနားထောင်နေတယ်။မလှဝင်းကချော်လဲပြီးပေါင်ကျိုးထားလို့ စတီးရိုးထည့်ထားရတာ။ဒါနဲ့ရှင်လူလည်း သူ့တက်ဘလက်ယူ tiktok ဖွင့် shin.lhu
page ရှာပေးလိုက်တယ်။အဲ့မှာ ရှင်လူတကိုယ်တော်ရော စုံတွဲတွေပါဆိုထားတဲ့ ကာရာအိုကေသီချင်းတွေရှိတယ်လေ။လူနာကိုဖျော်ဖြေရေးပါတခါထဲပြီးရော။
           ပြီးတော့ သမီးထည့်လာပေးတဲ့ ခေါက်ဆွဲ/ကြာဆံကြော် အရောဘူးကြီးနဲ့အတူ သမီးအိပ်မက်ချစ်သူအမျိုးသား ကိုအောင်မိုးရဲ့
အန်ပေါင်း လက်ဆောင်အိတ်လေးပါယူပြီး ပြန်ထွက်လာခဲ့တယ်။
        ကိုအောင်မိုးတိုမိသားစု ကျန်းမာချမ်းသာကြပါစေ။
story #observation#shinlhu

Thursday, February 5, 2026

story

ဒချိ 🎶ဒချိ🎶🎵🎵🥸🤠😎
ဇနီးသည်မမ ကွယ်လွန်စကရှင်လူကြီး တွေးခဲ့ဖူးတယ်။ငါ တကိုယ်ရေ တကာယ နဲ့
ရာသက်ပန် သင်္ကန်း
ဆည်းပြီး တောထွက်ကြီးလုပ်ရကောင်းမလားပေါ့။ဒါပေမယ့် ကွကိုယ် သံဝေဂညာဏ်မရှိမှန်းသိလေတော့ ဗန်းမော်ဆရာတော်ကို သီလရှင် မယ်ကင်းစာချိုးခဲ့တာသွားသတိရတယ်။
      အဖျားရယ်ပေ
      အနားခွေမခိုင်ပြတ်ခါမှ
      မြိုင်ရပ်ကိုမှီး
      ယပ်ကြီးကိုထမ်းကိုင်
      ဝတ်သင်းပိုင်မုန်ရည်ကွက်ကယ်နဲ့
       တောထွက်ခင်ကြီး - ဆိုသလိုဖြစ်မစိုးလို့ တောထွက်ခင်ကြီးဘဝမရောက်ခဲ့။အဲဒါ 
ဒီမနက် ရှင်လူတို့ ရွှေနဂါး(၃)
လက်ဖက်ရည်ဝိုင်း လေသိုင်းအဖွဲ့ထဲက ညီမောင် ဗိုလ်ကွန့်က ရှင်လူ့အတွက်GRAND ROYAL (SHERRY CASK )ဝီစကီတပုလင်းနဲ့ အမြည်းထုပ်ကလေးတွေအပါအဝင် လှူတန်းပါတယ်။
အင်း...တောထွက်ခင်ကြီးသာလုပ်မိရင် ဒီလို ကာလဒါနမျိုး အလှူခံလို့ရမှာမဟုတ်။အေးလေ ဘာပဲဖြစ်ဖြစ် ညီမောင်ဗိုလ်ကွန့်တယောက် ဣဒံမေ ပုညံ(အဲလေ) ဒီကောင်းမှုကုသိုလ်အဖို့ဘာဂကြောင့် ကိုကုလားတို့ ကိုမျိုးတို့ မနာလိုဖြစ်လောက်အောင် တာဝတိံသာက နန္ဒဝန်ဥယျာဉ်ထဲမှာ နတ်သမီးတသိုက်နဲ့( ဒချိ ဒချိ )တလွဲမတွေးကြပါနဲ့၊ နဘေရှာမရလို့ ဂျပ်စ်ဘင်နဲ့အဆုံးသတ်လိုက်တာ။
story #observation#shinlhu

Saturday, January 31, 2026

story

ပါးကွက်​ကြားကာကွယ်​​ရေး ရှင်​လူ
♡ ❀ ♪ ♥ ♡ ❀ ♪ ♥ ♡ ❀ ♪ 
​နေ့ခင်း ရှင်​လူကွမ်းယာဝယ်​ဖို့အထွက်​
``​ဖွေး​ရေ ရှင်​လူကွမ်းယာ သွားဝယ်​မလို့
လိုက်​အုံးမလား´´ဆို​တော့ ​ဖွေး​ဖွေးသိမ့်က
ဖိနပ်​​ကောက်​စီးပြီးလိုက်​လာတယ်​။ခုတ
​လော​ဖွေးတ​ယောက်​ရှင်​လူ့ကို ပိုခင်​တွယ််​လာတယ်​ထင်​ပြီး ရှင်​လူကြီး
မ​နော​ခွေ့​နေ​ပေါ့။ကွမ်းယာဆိုင်​​ရောက်​​တော့
ချိတ်​ထားတဲ့သီး​မွှေးငှက်​​ပျောသီးတွဲကို
​ဖွေး​မော့ကြည့်​နေလို့``စားမလား´´​မေးတာ
​ခေါင်းညိတ်​တာနဲ့တလုံးဖြုတ်​​ပေးလိုက်​
တယ်​။ခဏ​နေ​တော့ငှက်​​ပျောသီးကိုရှင်​လူ့လက်​ထဲလာထည့်ပြီးသူ့အရပ်​လက်​ခုပ်​
တ​ဖောင်​​လောက်​မြင့်တဲ့ကွမ်းယာခုံကို တွဲ​လောင်းခိုတက်​​နေတယ်​။
``ဘာလုပ်​မလို့လဲသမီး´´ဆို​တော့``ကြည့်မယ်​´´တဲ့။ဒါနဲ့ သူ့ကိုမပြီး ကွမ်းယာသည်​ ကွမ်းယာပုံကိုပြရတယ်​။
အိမ်​ပြန်​​ရောက်​ပြီးရှင်​လူအလုပ်​ထိုင်​ ​​နေ​တော့ ​ဖွေးက အိမ်​​ရှေ့တံခါးဝမှာ တ​ယောက်​တည်း​ဆော့​နေတယ်​။
သူ ထသွားလိုက်​ ပြန်​ထိုင်​လိုက်​နဲ့ အလုပ်​ရှုပ်​​နေတာ​တွေ့လို့ ဘာလုပ်​​နေလဲ
ကြည့်လိုက်​​တော့ရှင်​လူ့စက္ကူပန်းပင်​က
အရွက်​​တွေ ထခူး​နေတာကိုး။
``​ဖွေး​ဖွေး ရှင်​လူ့ပန်းပင်​ကို မခူးရဘူး
​ပြောထားတယ်​​လေ´´ဆို​တော့ ``နည်းနည်းပါ ကွယ်းယာမလို့´´တဲ့။
အင်းဒါ​ကြောင့်ကွမ်းယာခုံကိုတွဲ​လောင်းခိုတက်​ခဲ့တာကိုး
ည​နေဘက်​အလုပ်​နားပြီးရှင်​လူကြီး​ဖွေးတို့အိမ်​ဖက်​ကူးသွား​တော့​ဖွေးကကိုယ်​လုံးတီး
နဲ့ ၊သူတို့သားအမိနှစ်​​ယောက်​ပလပ်​စတစ်​ပုံး
ကြီးဖွင့်ပြီးအင်္ကျီရှာ​နေတယ်​။​ဖွေးလက်​ထဲမှာ
အနီစင်းနဲ့ အားကစား​ဘောင်းဘီတိုကို
ကိုင်​ထားပြီးစိတ်​တိုင်းကျအင်္ကျီမရဘူးဖြစ်
​​​နေတယ်။သူ့အ​မေ မလှိုင်​က ``ဒါဝတ်​မလား´´ဆိုလဲ ``ဟင့်အင်း´´ပဲ။
``​အောင်​မယ်​  ငါ့သမီး​လေးက ​ရေချိုးပြီး
သနပ်​ခါးပါးကွက်​ကြား​တွေဘာ​တွေနဲ့ပါ
လား´´ဆို​တော့ မလှိုင်​က``ဟုတ်​တယ်​​လေ
အဲဒါ သူ့ဟာသူ​သွေးလိမ်းထားတာ´´တဲ့။
တယ်​ဟုတ်​ပါလား။``​ဖွေး​ဖွေး..နင်​​နော်​
ငါစိတ်​မရှည်​​တော့ဘူး၊အင်္ကျီဝတ်​တာပဲ၊
ကိုယ့်အ​မေ​ပေးတာဝတ်​​ပေါ့´´​ဖွေးကလက်​ထဲက​ဘောင်းဘီပါပစ်​ချလိုက်​ပြီးနှုတ်​ခမ်းစူ
နေတယ်။အ​ခြေအ​နေက တဖြည်းဖြည်း
တင်းမာလာတယ်​။ဒါ နဲ့ရှင်​လူလည်းထမပြန်​
​သေးပဲ အရိပ်​အ​ခြေကြည့်​နေရတယ်​။
``ငါ့သမီး​လေးကလိမ္မာပါတယ်​ဟာ၊သူ့ပိုင်း
ဖြတ်​မှုနဲ့သူ ဝတ်​ချင်​တာ ရှာ​ပေးလိုက်​ပါ´´
ရှင်​လူကြီး ကြားဝင်​​လေ​ပြေထိုးရတယ်​။
မလှိုင်​စိတ်​ကလည်း လက်​တဆစ်​ရယ်​။
​တော်​ကြာထဗြင်းလို့​ဖွေးသနပ်​ခါး
ပါးကွက်​ကြား​လေးအရည်​​ပျော်​သွားမှဖြင့်။ဒီလိုနဲ့ ပလပ်​စတစ်​ပုံးပြန်​ပိတ်​ ဘီဒိုကြီးဆွဲဖွင့်
လှန်​​လှောရှာမှ သူဝတ်​ချင်​တဲ့အင်္ကျီရတယ်​။
​တော်​​သေးရဲ့။
​ဖွေး​ရေ ခုတကြိမ်​​တော့ နင့်ပါးကွက်​ကြားကို
ရှင်​လူကာကွယ်​​ပေးနိုင်​ခဲ့ပြီ။သမီး​လေး
အပျိုဖြစ်​တဲ့ထိ​တော့ ရှင်​လူကာကွယ်​​ပေးနိုင်​ပါ့မလားကွယ်​။
story #observation#shinlhu

story

ပါးစပ်ဟတိုင်းကောင်းတယ်မထင်နဲ့🥱🙊🤧🤠🥸😎
ရှင်လူက မနက်ဘက် ရွှေနဂါး-၃ လက်ဖက်ရည်ဝိုင်းကို
"ရွှေနဂါး-၃ လေသိုင်းအဖွဲ့"လို့
တင်စားလေ့ရှိပါတယ်။ဒီအဖွဲ့လေးမှာ အသက်အားဖြင့် ငါးဆယ်ကျော်ကစပြီး ခြောက်ဆယ်ကျော် ခွန်နှစ်ဆယ်ကျော် ရှစ်ဆယ်ကျော်တွေထိပါသလို လူပျိုကြီးတွေ မုဆိုးဖိုတွေနဲ့ လက်ရှိအိမ်ထောင်သည်တွေလည်းပါကြပါတယ်။တခုထူးခြားတာက ဒီအဖွဲ့ဝင်အားလုံးလိုလိုဟာ လွတ်လပ်ပွင့်လင်းကြတဲ့အတွက် Open Society လေးတခု ဆိုရင်မမှားဘူးပေါ့ဗျာ။နေ့စဉ် မနက်၉နာရီလောက်ဆို စက်ဘီးလေးတွေနဲ့ ဖြစ်စေ လမ်းလျောက်ရင်းဖြစ်စေ ရွှေနဂါး -၃ ကိုရောက်လာလေ့ရှိကြပါတယ်။ဘဝတွေကလည်းအမျိုးမျိုးပေါ့ ဝန်ထမ်း အငြိမ်းစားတွေပါသလို တက္ကစီဆရာ ဆိုက်တွဲဆရာကအစ ရွှေဆိုင်ပိုင်ရှင်အထိပါကြပါတယ်။တနေ့တနေ့ ဆွေးနွေးကြတဲ့အကြောင်းအရာတွေကလည်း အမျိုးစုံလှတယ်။နိဗ္ဗာန်ကအစ တောင်ကြာပန်းတို့ မြဟင်္သာတို့အထိ။အသက်အကြီးဆုံး ရှစ်ဆယ်ကျော်ပုဂ္ဂိုလ်က "နိဗ္ဗာန်ဆိုတာ နိဝါန ၊လွတ်မြောက်တာကိုခေါ်တာ"ဆိုတဲ့အပြောမျိုးကလည်း နေ့စဉ် မကြားချင်အဆုံး။သူနိဗ္ဗာန်အကြောင်းပြောနေတုန်း တယောက်က တောင်ကြာပန်းအကြောင်းဝင်ထောက်လိုက်ပြန်တော့လည်း အဲဒီအဘက သူ့မှာ သားသမီး ခွန်နှစ်ယောက်မို့ လုပ်သားမောင်ဖြစ်ကြောင်းဂုဏ်ယူဝင့်ကြွားပြန်တယ်။ရှင်လူကြီးလည်း နဂါး-၃ ဝိုင်းသားပြီပြီ တခါတခါတော့ ဝင်ပြောမိတာပေါ့။အဲဒါ ဒီနေ့တော့ မျက်နှားချင်းဆိုင်ထိုင်နေတဲ့ ကိုမျိုးက "အကို့ ပါးစပ်ကအနံ့ကလည်း ဒီကတောင်နံတယ်"တဲ့။ "ဗုဒ္ဓေါ..."
"ဟုတ်တယ် ၊ကျနော်လည်းပြောမလို့ အားနာလို့"တဲ့။ဘေးချင်းယှဉ်ထိုင်နေတဲ့ ကိုကွန့်က ဝင်ထောက်ခံတယ်။သူတို့ပြောတာမှန်နေတော့လည်း
ရှင်လူကြီးအားနာနာနဲ့ ပါးစပ်ကိုပိတ်ပြီးငြိမ်‌နေလိုက်ရတယ်။       
       တခါက မော်စီတုံးရဲ့ဆရာဝန်လေးကမော်စီတုန်းကို"ဥက္ကဌကြီးခင်ဗျာ ၊ကျန်းမာရေးအတွက်သွားကိုမှန်မှန်တိုက်ဖို့လိုပါတယ်"လို့ပြောတော့ မော်က"ဟ..ကျားတွေကသွားမတိုက်ပေမယ့်သူတို့သွားတွေကချွန်ထက်နေတာပဲ"လို့ပြန်ပြောသတဲ့။
မော်စီတုံးဆိုတာ Lin Biao နဲ့ Confucius ကို ဆန့်ကျင်ခဲ့သလို ဘာသာရေးကိုဘိန်းလို့ဝေဖန်ခဲ့တဲ့ တော်လှန်ရေးသမားပဲ။နည်းနည်းနောနောပုဂ္ဂိုလ်မှမဟုတ်တာ။ရှင်လူဆိုတဲ့ကောင်ကလည်း "ဘဝကို တယုတယဝိုင်ခွက်လိုမုန်းတယ်၊ထန်းတောထဲကဝါးဆစ်ခွက်လိုသောက်ပြီးလွှင့်ပစ်ချင်တယ်"လို့ ကဗျာရေးခဲ့ဖူးတယ်။ဥဒိစ္စဝင်နေတဲ့ကောင်။သွားတိုက်ရမှာပျင်းလို့ မော်စီတုံးလမ်းစဉ်လိုက်ခဲ့တာ။ခုတော့ Open Society (ပွင့်လင်းလူ့ဘောင်)ကလက်မခံဘူး။ကိုမျိုးရဲ့ကန့်ကွက်အဆိုကို ကိုကွန့်ရဲ့ထောက်ခံချက်နဲ့ ရှင်လူကြီးသွားပြန်တိုက်နေရပြီ။အင်းလေ ပါးစပ်ပုပ်ကြီးတွေအတွက်ဆင်ခြင်စရာပေါ့။
story #observation#shinlhu

Friday, January 30, 2026

story

အရိပ်ပြရင် အကောင်ထင်ပြီးသား ဖွေးဖွေးသိမ့်
👩👩👩👩👩👩👩👩👩👩👩
ဒီညနေ ဖွေးဖွေးသိမ့် မူကြိုကပြန်ရောက်တော့ 
ရှင်လူ့အခန်းထဲတန်းဝင်လာပြီး တူတချောင်းယူသွား
တယ်။ ပြီးတော့ ရှင်လူ့အခန်းရှေ့မှာတင်
ဗာဒံသီးတွေထုတော့တာပဲ။ သူ့အမေနဲ့အတူ
ကျောင်းကအပြန်လမ်းမှာ ဗာဒံသီးတွေကောက်ခဲ့ဆိုပဲ။ 
ငမိုးရိပ်ကိုဖွေးက"မေမေကလဲ..မြန်မြန်ကောက်ပါဆို"ပြီး လောဆော်သတဲ့။ ဒီဗာဒံသီးကိုထုခွဲပီး အဆံကိုစားလို့ရတယ်ဆိုတဲ့အသိကလည်း တကယ်တော့ အသက်မွေးမှုနဲ့ဆိုင်တဲ့ပညာပဲ။ တချို့ကလေးတွေဆို ဒါမျိုးမသိပဲကြီးလာကြတာတောင်အများကြီးရှိတယ်။ဒါတွေက ဆရာ
ဆရာမတွေကသင်ပေးတာမဟုတ်ဘူး။အတွေ့အကြုံရှိတဲ့ ကျောင်းသားတွေက ရှေ့ကဦးဆောင်လုပ်ပြတာ အတုခိုးရတာ။ရှင်လူတို့ငယ်ငယ်ကဆို လယ်ထဲ 
ငါးနှိုက်ဖားနှိုက်ကအစ လက်တွေ့သင်လာခဲ့ကြတာ။
ဖွေးတယောက်ဗာဒံသီးထိုင်ထုနေတုန်း သစ်သီးလှည်း
အော်သံကြားတော့"မာလကာသီးစားမယ်"ထအော်တယ်။ဒါနဲ့အသည်ခေါ်လိုက်ဆိုပြီး ရှင်လူကြီးက ပိုက်ဆံ
အိတ်ဝင်ယူရတယ်။ မာလကာသီးအလုံးကြီးတလုံး
ခြောက်ရာတဲ့။ အခွံခွာ လှီးစိတ်ပြီး အချိုအစပ်နယ်ပေးတာဆိုတော့ ဖွေးအတွက်အချို ၊ရှင်လူ့အတွက်အစပ် 
နှစ်ထုပ်ခွဲဝယ်ရတယ်။အဲဒါ ဖွေးက စားနေရင်း အပေါ်
ထပ်က သူ့ဖွားဖွားနွဲ့ခေါ်လို့တက်သွားတော့ မာလကာသီးထုပ် လှေကားမှာချိတ်ခဲ့ပြီးတက်သွားတယ်။သူမရှိတုန်း
ရှေ့အဆောင်က မာမာအေးကနှိုက်စားတာပေါ့။
သူပြန်ဆင်းလာတော့ သူ့မာလကာသီးတွေနည်းနည်းပဲကျန်တော့တယ်ဆိုပြီးပြဿနာလုပ်တယ်။ ဒါနဲ့ ရှင်လူက "သမီးမာလကာသီးကို နာမည်မှာ မ ပါတဲ့သူ
ယူစားတာ"ဆိုတော့ မာမာအေးဆီတန်းသွားတယ်။ မာမာအေးက"မ ပါတာ ငါတယောက်ထဲမဟုတ်ဘူး 
မနွဲ့လည်းရှိသေးတယ်"ဆိုတော့ ဖွေးက ပြန်ပြောတယ်
"ဒေါ်နွဲ့ပါ"တဲ့။ ကဲ ဖွေး တရားခံဖမ်းပုံ မပိုင်လား..
ဟား..ဟား..
story #observation#shinlhu

Sunday, January 25, 2026

story

စာမှုကူညီ​ရေးတပ်​ဖွဲ့

❀ ♡ ♥ ♪ ❀ ♡ ♥ 

``ရှင်​လူ​ရေလာကြည့်စမ်း စာက​လေး​သေး

​သေး​လေး´´အိမ်​​ရှေ့မှာ ဇွဲနဲ့ကစား​နေတဲ့​ ​ဖွေး​ဖွေးသိမ့်အသံစာစာ​ကြောင့်

ရှင်​လူထွက်​ကြည့်လိုက်​တယ်​။ အိမ်​​ရှေ့

​မြောင်းကူးကွန်​ကရစ်​တံတားအစပ်​မှာ

အပျံသင်​စ စာသူငယ်​​လေးတ​ကောင်​။

ဒီတိုင်းဆို လမ်း​ပေါ်​ရောက်​သွားရင်​ စက်​ဘီး​တွေကား​တွေနဲ့ဒုက္ခ​ရောက်​သွားမယ်​။ ​မိငယ်​ဆိုင်​​အောက်​ဝင်​သွားရင်​လည်း

​မြေကြွက်​​တွေအဆွဲခံရမယ်​။ဒါနဲ့ ကိုက်​တံယူပြီးစက်​ဘီး​တွေကြားထဲဝင်​သွားတဲ့စာငယ်​ကို​ကော်​ထုတ်​ပြီး ဖမ်းရတယ်​။

ပြီး​တော့ ရှင်​လူ့စက္ကူပန်းကိုင်း​ပေါ်တင်​​ပေး

လိုက်​တယ်​။စာသူငယ်​ကလည်းအသည်းငယ်​လိုက်​တာ

ပန်းကိုင်းကိုတွယ်​ရင်း​ခေါင်းကိုနံရံ​လေဝင်​​ပေါက်​ထဲဝှက်​ထားတယ်​။

``ဓာတ်​ပုံရိုက်​ ဓာတ်​ပုံရိုက်​´´​ဖွေး​အော်​မှ

ဓာတ်​ပုံရိုက်​ဖို့သတိရတယ်​။ဖုန်းဝင်​ယူပြီး

စာသူငယ်​ကိုတပုံရိုက်​လိုက်​တယ်​။ပြီး​တော့

``စာက​လေးကိုကယ်​တဲ့သူ​တွေလည်းရိုက်​ရမယ်´´ဆို

​တော့​ဖွေးက``လာဒီနားမှာရိုက်​ရမယ်​´´ဆိုပြီးဇွဲကို

ဖက်​ရင်းအသာတကြည်​ အရိုက်​ခံတယ်​။ဓာတ်​ပုံ​တွေ

ရတာနဲ့ fb ​ပေါ်တင်​ဖို့ စာထိုင်​​ရေးရတယ်​။

စာ​ရေး​နေတုန်း ဟင်းအိုးနံ့ရကာမှ ဒယ်​နီထဲမှာဝက်​သားနဲ့ပဲငါးပိလုံး​ရေထည့်ပြီးလုံးထားတာသတိရတယ်​။ကမန်းကတမ်း

​ပြေးပြီးမီးခလုတ်​ပိတ်​အဖုံးဖွင့်ကြည့်လိုက်​

​တော့ ဝက်​သား​တွေကပ်​​နေပြီ။

တတ်​နိုင်​ဘူး အနားမှာအသင့်ရှိတဲ့ခွက်​ထဲက

​ရေ​တွေအများကြီး​လောင်းထည့်ပြီးမနည်းခွာရတယ်​။

ဒါရှင်​လူတို့``စာမှုကူညီ​ရေးတပ်​ဖွဲ့´´ရဲ့မှတ်​တမ်းတခုပါပဲ။

story #observation#shinlhu

Monday, January 12, 2026

story

ပြည်ထောင်စုနေ့ နီးပါပြီ
💻👿💻😖💻👿💻😖

ညနေ ၇နာရီ ကျော်ကျော်လောက် အပြင်က "ဧည့်သည်လာတယ်၊တံခါးဖွင့်ပေးပါအုံး"ဆိုတဲ့အသံကြောင့် ထကြည့်လိုက်တော့ အငယ်လေးဖြစ်နေတယ်။အငယ်လေး သံတွဲမှာ
ဆိုင်ပြန်မဖွင့်ခင်တခေါက်ကတွေ့လိုက်ပြီး လအတန်ကြာမတွေ့ဖြစ်ခဲ့။"ခု..ဘယ်ကလာတာလဲ"ဆိုတော့" ပု သိမ်က တန်းလာတာ"တဲ့။
"ဒါဆို သရုပ်ပြပွဲမှာ ပါခဲ့တာပေါ့ "ဆိုတော့ "ဟုတ်တယ်၊ပုသိမ်မှာရောက်နေတာ တပတ်ကျော်ပြီ"တဲ့။ပြီးခဲ့တဲ့ 8/1/2020
နေ့က ဧရာဝတီ တိုင်း ဒေသကြီး ၊ကန်ကြီးထောင့်မြို့နယ်၊
အုတ်စီကုန်းကျေးရွာမှာ ရှင်လူကြီးတို့ TET ကုမ္ပဏီ ကတောင်သူများ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေရရှိဖို့
နေရောင်ခြည်စွမ်းအင်သုံး
Solar Pump များနဲ့ ရေတင် သရုပ်ပြပွဲကတည်းက ရောက်နေပုံရပါတယ်။
အငယ်လေးက ဆိုင်ထဲဝင်ပြီး
Solar Pump ​​တွေကိုကြည့်ရင်း
"ဒါတွေခန ဝင်ကြည့်တာ"တဲ့။
"ဒီ...Solar Pump တွေက ဘက်ထရီမလိုဘူးနော်"ဆိုတော့။
"ဟုတ်တယ်"
"ဒါဆို တော်တော်အဆင်ပြေတာပဲ၊ဆိုလာပြားနဲ့ ပန့်နဲ့ ဒါရိုက်ရေတင်နိုင်တာပေါ့"
အငယ်လေး Solar Pumpကြည့်အပြီး နှစ်ယောက်သားဆိုင်ရှေ့ထွက် ဆေးလိပ်သောက်ရင်း ခနတဖြုတ်စကားစမြည်ပြောကြတယ်။စကားပြောပြီးကြတော့"ဒီည ပုသိမ်ကိုပဲပြန်တော့မယ်"ဆိုပြီး အငယ်လေးက ဆိုင်ရှေ့ရပ်ထားတဲ့LiteTruck ပေါ်တက်ပြီးထွက်မယ့်ဆဲဆဲ ကားရှေ့ မလှမ်းမကမ်းမအူပင်နားမှာလူတယောက်လမ်းကျောပေးထိုင်နေတာတွေ့ရတယ်။အငယ်လေးက သူ့ကားဟွန်းကိုနှစ်ချက်သုံးချက်လောက်တောက်လိုက်လို့ ရှင်လူက"ဘာလဲ..သေးထိုင်ပေါက်နေတာလား"မေးလိုက်တော့
"မဟုတ်ဘူး၊ကြွက်အရှင်ကို ဟိုဘက်ခြမ်းမှာမလွှတ်ပဲ၊ဒီဘက်လာလွှတ်နေတာ၊အတော်ဆိုးတဲ့လူပဲ"တဲ့။ရှင်လူကအငယ်လေးလောက်အမြင်အာရုံမကောင်းတော့ အသေးစိတ်မမြင်လိုက်ရဘူး။မလှမ်းမကမ်းမှာလည်းအရက်ဆိုင်တွေကရှိနေတော့ အရက်သမား မူးမူးနဲ့သေးထိုင်ပေါက်နေတယ်ထင်တာ။တကယ်တော့ ဇီဇဝါ(၂)အိမ်ယာဘက်ခြမ်း
မြင်သာဘက်က​​နေ
သံသုမာလမ်းမကြီးကိုကူးပြီး
ရှင်လူတို့ (၅)ရပ်ကွက်ခြမ်းမှာ
ကြွက်လာလွှတ်တာ။
အင်း...ဒီလူတွေကိုပြည်ထောင်စုစိတ်ဓါတ်ဘယ်လိုသင်ပေးရပါလိမ့်။
story #observation#shinlhu

story

 ခါး၊နှာ၊လိပ်၊မျက် ဗျာဓိစက်
           😠🤔🤗😕🐽🤧

           ၂၀၂၁ နဲ့ ၂၀၂၂ အကူးကာလမှာ ရှင်လူ ကြီးကို နှိပ်စက်နေတာ အဲ့ဒီ ခါး၊နှာ၊လိပ်၊မျက် ဆိုတဲ့ ဗျာဓိ လေးကောင် ပေါ့ဗျာ။
            ၂၀၂၁ သြဂုတ်လကစ ပြီး ခါး ဆိုတဲ့ကောင် ခါးစနာလိုက်တာ နှစ်လကျော် သုံးလ
နီးပါး ထိုင်မရ ထမရ ကွတတနဲ့Gofan-400 လို အကိုက်အခဲပျောက်ဆေး ခပ်ပြင်းပြင်းတွေ သောက်ရတဲ့အထိပါပဲ။ အဲဒီခါးနာ ပျောက်ခါ ရှိသေး နှာ ဆိုတဲ့ နှာခေါင်း ကမ ကြုံ စဖူး သွေးတွေ ခွန်နှစ် ကြိမ်ရှစ် ကြိမ်ယိုလို့ အချိန်မတော် ကြီးအောင်ရတနာ ရောက်လိုရောက် ၊လက မ္ဘာဆေးခန်းက နားနှာခေါင်းပါရဂူ
ကြီးဆီ ရောက်လိုရောက် နဲ့ Azeptil -500
လို ဈေး ကြီးတဲ့ သွေးပြစ်ဆေးတွေ ဝယ်သောက်ရ ပြန်တယ်။ ဟော အဲဒါလည်း ပြီးရော
လိပ်ဆိုတဲ့ လိပ်ခေါင်းက သွေးယို လို့ တကဒ်
၇၅၀၀ ပေးရတဲ့ လိပ်ခေါင်းဆေး Daflon
500တွေ ဝယ်သောက်ရ ပြန်ကရော။ အခု
လိပ်ခေါင်းက ဆေးပတ်မလည်သေးဘူး မျက်ဆိုတဲ့ ခွဲထားတဲ့ ညာဘက်မျက်စိက ဒုက္ခပေးလာ ပြန်တယ်။ ၂၀၂၀ ၊ဖေ ‌ဖေါ်ဝါရီတုန်းက
သုခ ကိုသိုလ် ဖြစ်ဆေးခန်းမှာ တ ပြားမှမကုန်ပဲ
မျက်စဉ်းကအစ အလကား ခွဲပေးခဲ့တာ။ မျက်စိပါရဂူ ဒေါက်တာ ချိုချိုလှိုင်ကိုယ်တိုင် ဦးဆောင်လို့ပေါ့။ ခု အဲ့ မျက်စိက စာဖတ်ရင်း ဝါးလာတယ် ။အဲဒါ တနှစ် ပြည့်တုန်းကတော့ ကိုဗစ်တွေ CDM တွေနဲ့ ပတ်ချာလိုက်နေတော့ ကုမ္ပဏီနဲ့ နီးတဲ့ သထုံ မျက်မှန် ဆိုင်မှာပဲ တွေ့တဲ့ဆရာဝန်နဲ့ ပြ ပြီး မျက်မှန်လဲ မျက်ရည်တု မျက်စဉ်းခပ်နေခဲ့တာ ခု ဘာ ကြည့် ကြည့် အားမရတော့ ဘူး။စက်ဘီးစီးလာရင်း လမ်းဘေးက
လက်ပြနှုတ်ဆက်တဲ့ မိတ်ဆွေတွေတောင် ဘသူမှန်းမသိလို့ခပ်‌ကြောင်‌ကြောင် ပြန် ကြည့်ခဲ့တာ တချို့က ချေတယ်ထင် ပြီး စိတ်ကောက်ကုန် ပြီ။ ကဲ မထူးဘူး ဝိပါက် ဝဋ်‌ကြွေးဆိုတာ ကုန်အောင်ဆပ်ရမယ်။ ဒီလ ထုတ်ထားတဲ့ လခ အိတ်ထဲနှိုက် ကြည့်တော့ ၁၅၀၀၀ ပဲကျန်တယ်။ ဟိုဟို ဒီဒီ စုံစမ်း ပြီးရှာလိုက်တော့
အရင် မျက်စိခွဲပေးတဲ့ ဒေါက်တာ ချိုချိုလှိုင်
‌မြောက်ဥက္ကလာ ကန်သာယာ က သထုံမျက်မှန်ဆိုင်မှာ ကြာသာပတေးနေ့တနေ့ထဲ ထိုင်သတဲ့။ကဲ ဒီငွေ တသောင်းခွဲနဲ့ ကြံစမ်း။
ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက ရှင်လူ ပိုက်ဆံချေးနေကျ ဘဏ်တခုပဲ။တ က္ကစီသမားဆိုတော့ တနေ့တနေ့ အုံနာ‌ကြေး နဲ့ အိမ်စားရိပ်ရှာ ပြီးရင် မိန်းမမသိအောင် ဒိုင်လျှိုုရှာစုထားတဲ့ ပိုက်ဆံ သပ်သပ် ရှိတယ်။ ကားအက်ဆိဒင့်
ကိစ္စမျိုးကအစ အရေးပေါ် ပြင်ဆင်စရာကိစ္စတွေအထိ ကားသမားဆိုတာ ပြင်ထား မြဲ။။ဒီတော့ "မောင်ဝင်းရေ ၊ငါ့ ပိုက်ဆံချေးအုံး"ဆိုတော့
"ခုမှ လဝက်မကျိုးသေးဘူး၊ ရှင်လူ ဘာတွေ
လျှောက်သုံးနေလဲ"တဲ့။"ဒီလို ပဲကွာ ငါ့မျက်စိကပါရဂူနဲ့ ပြန်ပြမှ ရတော့မယ်"ဆိုတော့ မောင်ဝင်းက သဘောပေါက်တယ်။ရှင်လူ့ကျန်းမာရေးကိစ္စဆို သူမနေနိုင်ဘူး။ဒီမျက်စိခွဲတုန်းကလည်း
ကိုကျော်သူရဲ့ သုခဆေးရုံ ကို သူ့တက္ကစီနဲ့ပဲ ပို့ပေးခဲ့တာ။နှာခေါင်းသွေးယိုတော့လည်း ဆေးရုံကိစ္စတွေ သူ့ကားနဲ့ပို့တာချည်းပဲ။ ခုလည်း
ပါရဂူနဲ့ ပြမယ်ဆိုတော့ "ဘယ်ချိန်လဲ"တဲ့။အဲဒါ
မနက် ၉ နာရီ ဘွတ်ကင် လုပ်ပြီးမှပဲ တိုကင်နံပတ်၁၇ ၊မနက် ၁၁ နာရီလောက် လို့ သူ့ ကိုဖုန်းဆက်‌ပြောတော့ "အိမ်ကစောင့်နေ၊ သူအော်ဒါ ပို့ပြီး ပြန်ခဲ့မယ်"တဲ့။ ဒီလိုနဲ့ သူ့တက္ကစီလေးနဲ့ပဲ ‌မြောက်ဥက္ကလာ "သထုံ"ဆေးခန်း ရောက်လာခဲ့တယ်။ ကိုယ့်အလှည့် စောင့်နေရတော့
သူ့ကိုအားနာလို့ "မင်းသွားစရာရှိသွားလေ၊ ငါ့ဖာသာ ဘတ်စ်ကားနဲ့ ပြန်မယ်"‌ပြောလည်းမရဘူး ပေကပ်နေတယ်။ခဏနေတော့ ကြိုဖုန်းဆက်ထားလို့ သူ့ယောက်ဖ ဖွေးဦးငယ် လည်းဆိုင်ကယ်လေးနဲ့ ရောက်လာတယ်။ ဖွေးဦးငယ်က
ကန်သာယာ ပြီး နောက်တမှတ်တိုင် ဧရာမှာ Co Co နံမည်နဲ့ Bubble tea ဆိုင်ဖွင့်ထားတဲ့ Boss လေ။လိုရမယ်ရ ပိုက်ဆံ ဆောင်လာခဲ့လို့ မှာထား ပြီးသား။
            ဒေါက်တာ ချိုချို လှိုင်နဲ့ တွေ့တော့
၂၀၂၀ တုန်းက သုခမှာ ဒေါက်တာကိုယ်တိုင်ခွဲပေးထားတာဆိုတော့ ဒေါက်တာက သဘောပေါက်တယ်။အသေအချာ စမ်းသပ်စစ်ဆးပြီး မျက်မှန်လဲ၊မျက်စဉ်းခပ်ဖို့အ ကြံပေးတယ်။
ဘယ်ဘက်မှာ တိမ်ရှိနေပေမယ့် မစိုးရိမ်ရသေးဘူး။ ခုညာဘက်ကလည်း ခွဲ ပြီး ထည့်ထားတဲ့မှန်ဘီလူးကချိုးကပ်တဲ့သဘော တဲ့။ လေဆာပစ် ရင်ရပေမယ့် ငွေကုန်မယ်။မျက်မှန်လဲလည်းအဆင်‌ပြေပါတယ် တဲ့။ ခွဲကတည်းက သုခကုသိုလ် ဖြစ်မှာ သူကိုယ်တိုင် ဖရီးခွဲပေးထားတဲ့ လူနာပဲ။ဒီငနဲ ကြီး ရှင်လူ ဆိုတာ အနံ ကြီးကွင်းကျယ် မဟုတ်။ ရှင်လူသာ ဘောစိဆို လေဆာနဲ့တင်မက အနီအောက်ရောင်ခြည်တွေ ခရမ်းလွန်ရောင်ခြည်တွေနဲ့ပါ ပစ်ရ ပစ်ရ ၊ဘာအရေးလဲ။
          ခု ကောင်တာမှာ ငွေရှင်းတော့ မျက်မှန်(ကိုယ့်ကိုင်းဟောင်း)နဲ့၊ မျက်ရည်တု မျက်စဉ်း၊
စမ်းသပ်ခ စုစုပေါင်း သုံးသောင်း လေးထောင့်ငါးရာ။ ဟိုထဲဒီထဲ နှိုက်လို့ မ ပြည့်လည်း ဘာအရေးလည်း အနားမှာ ဘောစိ နှစ်ယောက်ပါတာ။ရှင်လူတို့က ငွေချေးမယ့် လူတောင်
Plan a,b,c အသင့် လုပ်ထားတတ်တာဆိုတော့ သမတ လောက်တော့ တက်လုပ်လို့ရလောက်တယ်။
         အဲ့ဒါ မောင်ဝင်း တက္ကစီပေါ် တက်ခါနီး
ဖွေးဦးငယ် Boss ဆီက"ငွေ တသောင်းလောက်ပေးအုံး"ဆိုတော့ ဟိုက ရုတ်တရက် သွေးတက်သွားတယ်။ "မဟုတ်ဘူးလေ၊ လခထုတ်တော့ ပြန်ပေးမှာပေါ့၊ ညနေ ဆေးခန်း ပြရင် လိပ်ခေါင်းဆေး Daflon တကဒ် ၇၅၀၀ နဲ့ဝယ်ရအုံးမှာ၊ ဆေးကကုန်နေ ပြီ ဆိုမှ တသောင်းတန်တရွက်ထုတ်ပေးတယ်။
        တကယ်တော့ လူတယောက် ကျန်းမာဖို့ အသက်ရှည်ဖို့ ရာ လူလိုမှ နတ်လို ၊နတ်လိုမှ
ဂြိုဟ်မ ဆိုသလို သားသမီးလို အမျိုးအဆွေလို
ကလျာဏ မိတ္တ ကောင်းတွေရှိဖို့လည်း လိုပါတယ်။ ရှင်လူ ကြီးမှာဆို ကုမ္ပဏီ မန်နေဂျာအမ ကအစ ခုတလော လခထုတ်တိုင်း ဆေးဖိုး အပိုဆောင်း ငွေလေးတွေထည့်ထုတ်ပေးနေတာ။
story #observation#shinlhu

Friday, January 2, 2026

story

အာငူးကြော်ကို လွတ်လပ်ရေးပေးလိုက်ပြီ🎃👍☃️🎶🌞👻🥳
           ဒီနေ့လည်ခင်း ဖွေးဖွေးသိမ့်တယောက် အာလူးကြော်မလို့တဲ့၊ အာလူးတွေပြုတ်ထားပြီး ကွန်ပျူတာရှေ့ YouTube ထိုင်ကြည့်နေတယ်။အချိန် အတန်ကြာတော့ သူ့အမေငမိုးရိပ်က
"ဟဲ့...ဖွေးဖွေး နင့်အာလူးတွေ ရနေပြီ ၊ပြုတ်ထားတာကြာလှပြီ" ဆိုတော့ ဖွေးက "ရတယ် နေပစေ၊ချေပြီးကြော်မှာ"ဆိုပြီး ကွန်ပျူတာပဲဆက်သုံးနေတယ်။ရှင်လူကြီးလည်းဘိုက်ထဲဆာသလိုလိုမို့ သူ့အာလူးကြော်ကိုနားစွင့်နေမိတယ်။ခဏနေတော့ ဖွေးကွန်ပျူတာပိတ်ပြီးထသွားတာတွေ့လိုက်တယ်။ငါးမိနစ်‌လောက်အကြာရှင်လူမီးဖိုချောင်ဘက် လိုက်ဝင်သွားတော့ ဖွေးက အာလူးပြုတ်တွေနယ်ဖတ်ပြီး အလုံးကလေးတွေလုံးနေတယ်။
"အဲ...ငါ့သမီးလေး အာလူးကြော်နေတာ ဓပုံရိုက်ချင်တယ်"
"ဟင့်အင်း...ရိုက်နဲ့"
"ဘာဖြစ်လို့လဲ၊ရိုက်ပြီး မောင်ဝင်းဆီပို့ပြီး သူ့သမီးလုပ်တတ်တာသိအောင်ပြရမယ်"
"ရိုက်နဲ့ ဘာဘာသိပြီးသား"
"ရှင်လူကတိပေးပါတယ်၊လိုင်းပေါ်မတင်ပါဘူး၊ရှင်လူမလိမ်တတ်တာသမီးသိရက်သားနဲ့"
"ဟင့်အင်း ယုံဘူး ၊ရိုက်နဲ့"
ဒီလိုနဲ့ပဲ ရှင်လူကြီး အိမ်ရှေ့ခန်းပြန်ထွက်လာခဲ့တယ်။သူ
၁၂ နှစ်သမီးအရွယ်ရောက်နေပြီ။သူမကြိုက်တာ ၊ဆန္ဒမပါတာကို ရှင်လူ ဇွတ်အတင်းလုပ်လို့မဖြစ်တော့ဘူး။ဒီလိုနဲ့အာလူးကြော်တွေကျက်တော့ ဖွေးပန်းကန်နဲ့ထည့်လာပြီးကွန်ပျူတာရှေ့ပြန်ထိုင်တယ်။ပြီးတော့ အာလူးကြော်တလုံးရှင်လူ့ကိုလာကျွေးတယ်။ရှင်လူကိုက်ဝါးလိုက်တော့ အရသာရှိလိုက်တာ။ဒါနဲ့ "ထပ်ပေးအုံးလေ ရှင်လူဘိုက်ဆာနေတာ"ဆိုတော့ သုံးလေးလုံးထပ်ပေးတယ်။ရှင်လူလည်း သူ့လက်ထဲက ဆော့ ပုလင်းယူပြီးဆော့နဲ့တို့စားပေါ့။ကောင်းလိုက်တာ။လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်းအန်တီမတင့်ဆိုင်နဲ့ မီနီစတိုးတွေရောက်ရင်ဖွေးအကြိုက်ဆုံးက အာငူးကြော်နဲ့ ရေခဲမုန့်ပဲ။အများအားဖြင့် Amigo Potato Chip ဘူးလေးတွေသူကြိုက်တတ်တယ်။တဖြည်းဖြည်းဈေးတက်လာတာတောင် ဖွေးအတွက်ဆို ရှင်လူမနှမျော။ခုတော့ ဖွေးတယောက် ကိုယ့်အာငူးကြော် ကိုယ်တိုင်ကြော်စားတတ်နေပြီ။ရှင်လူဖုန်းထိုင်ပွတ်နေတုန်းအနားကိုဖွေးရောက်လာလို့မော့ကြည့်လိုက်တော့ အာငူးကြော်တလုံးချဉ်ရည်နဲ့တို့ပြီးရှင်လူ့ပါးစပ်ထဲခွန့်ကျွေးသွားလေရဲ့။
              နှစ်သစ်နဲ့အတူ လွတ်လပ်ပျော်ရွှင်ပါစေသမီးလေး ဖွေးဖွေးသိမ့်(ခေါ်) ချောစုရတီစံရေ🤩🥳🌞🥰🎈
story #observation#shinlhu

Awesome

Thursday, January 1, 2026

story

2026 အတွက်မင်္ဂလာတပါး😥🌞🎉🎂☃️😄🤣🤕🎃😍😓🎵🎶👍
"မနက်ဖြန် Workshop မှာ new year party လုပ်မှာ မနက်ကနေ ညအထိပါ
Shop 1 မှာ မနက် ၇နာရီ စုရပ်ပါ
အစားအသောက်နဲ့ကံစမ်းမဲအစီအစဉ်တွေ ရှိတာမို့ 
ဦးလဲ လိုက်ခဲ့လို့ရပါတယ်"
         မန်နေဂျာ အမရဲ့ msg ထဲက massageကိုကြည့်ပြီးရှင်လူကြီး ချက်ချင်းဆုံးဖြတ်ချက်ချလိုက်တယ်။
စိတ်အခြေအနေကတော့ခပ်မှိုင်းမှိုင်းပဲ၊ ဒီလိုပါတီပွဲမျိုး မိမိနဲ့သင့်တော်လှတယ်မမြင်။ဒါပေမယ့်"အစား
အသောက်နဲ့ ကံစမ်းမဲ အစီအစဉ်"ဆိုတာတော့ မျက်လုံးကကျယ်သွားတယ်။ကံစမ်းမဲဆိုတာက ခုလို2025 ရဲ့နှစ်ကုန်ရက် December 31 ရက်မှာ လူတိုင်းမျှော်လင့်ချင်ကြတာပဲ။အစားအသောက် ဆိုတော့လည်း အမြဲ ကြုံသလို ဖြစ်သလို စားသောက်နေရတဲ့ တကိုယ်ရေသမားရှင်လူ့အဖို့ မက်လောက်စရာ။ဒါနဲ့ပဲ နှစ်ကူး Staff party ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။အဲ. .party လုပ်မယ့်နေရာ Work Shop ကိုရောက်တော့ မနေ့ညနေထဲကကြိုတင်စီစဉ်နေကြတဲ့ ရှင်လူတို့ ဆိုင်Shop 1 ကမော်ဒယ်တွေက လှီးချွတ် ပြင်ဆင်ချက်ပြုတ်နေကြပြီ။Workshop က ကောင်လေးတွေကလည်း မီးသွေးအိတ်သယ်တဲ့သူကသယ်၊ရေခဲအိတ် ရေခဲပုံးပြင်သူကပြင် ဘီယာကဒ်တွေ အချိုရည်နဲ့ ဝိုင်ပုလင်းတွေ ရေခဲစိမ်သူကစိမ်နဲ့ ပျားပန်းခပ်နေရဲ့။ခဏနေတော့ ကောင်လေးတဖွဲ့ ကစတီးစားပွဲနဲ့ခုံတွေကိုနေရာချ။မယ်တော်တချို့က ပလပ်စတစ်စားပွဲခင်းအသစ်တွေဖောက်ပြီးခင်း၊ပူပေါင်းတွေမှုတ်ပြီးကြိုးတန်းအလှဆင်။မကြာခင်မှာ တယောက်က နန်းကြီးသုပ် ပန်းကန်တွေ စားပွဲပေါ် စီချလာတယ်။ကောင်လေးတယောက်က"စားလို့ရပြီအဘ"လို့ပြောလာတော့ မနက်ကရပ်ကွက်ထဲစားနေကျ ထမင်းကြော်ဆိုင်က ထမင်းကြော်တပွဲစားထားတဲ့တိုင် ဘိုက်ထဲကဟာတာတာမို့ (အင်း ဆီးချိုသမား ခဏခဏဆာတတ်တယ်ဆိုတာအမှန်)စားပွဲမှာဝင်ထိုင်ပြီးဝါးတီးကိုစဖွင့်လိုက်တယ်။Shop1 ကမော်ဒယ်တွေလက်ရာမဆိုး၊ ပဲမှုန့်များများ ချဉ်ငံစပ် အနေတော် ဆိမ့်ဆိမ့်လေးမို့ တပွဲကုန်အောင်တီးလိုက်တယ်။နန်းကြီးသုပ်စားအပြီးမှာ ကောင်လေးတချို့ Tiger ဘီယာဘူးရှည်လေးတွေကစ်နေတာတွေ့လို့ ရှင်လူလည်း တဘူး တောင်းယူပြီး ဖွင့်လိုက်တယ်။တလောတုန်းကပဲ သွေးတိုးအပေါ်သွေး နှစ်ရာတိုးထားလို့ "ကောင်းဆေးခန်း" ရက်ခြားနှစ်ခါသွားလိုက်တာ နှစ်သောင်းခွဲလောက်ကုန်ထားတာ။အဲတော့ တအားကစ်လို့တော့မဖြစ်။တစိမ့်စိမ့်ပဲငုံမှဖြစ်မယ်။
ကိုယ့်သတိသမ္ပဇဉ်နဲ့ကိုယ် ဘီယာတဘူးနဲ့တနေကုန်ဆိုပါတော့။ဒီလိုနဲ့ ကာရာအိုကေ အော်ဆိုနေတဲ့ကလေးတွေက အတင်းလာဆွဲ ပြီးမိုက်ထိုးပေးလို့ အင်တင်တင်နဲ့ပဲ အငဲရဲ့ "မျှော်လင့်ခြင်းကွင်းပြင်" တပုဒ်ဆိုပေးလိုက်ရတယ်။တော်သေးရဲ့ ကိုယ်က ကီးမြင့်မြင့်တွေအော်နိုင်သေးလို့။ဒီလိုနဲ့ Tiger အရှည်နောက်တဘူးနဲ့ ABC အတိုတဘူးထပ်ကုန်သွားတယ်။MD က ဧည့်သည်တွေနဲ့ Black Label ပုလင်းဖွင့်ရင်း "အကိုကြီး အရက်သောက်အုံးမလား"မေးတော့ "မသောက်တော့ပါဘူး"ငြင်းလိုက်တယ်။ဟုတ်တယ်လေ ဘီယာလောက်သောက်ထားပြီပဲ။ဩဝါဒပါတိမောက်မှာ အာဟာရရဲ့အတိုင်းအရှည်ကိုသိရမယ်ဆုံးမထားတာ။ကိုယ့်ကျန်းမာရေး ကိုယ်ချိန်ဆရမပေါ့။ဒီလိုနဲ့ MDတို့စုံတွဲကအစ ပွဲတောင်းသူတွေကတောင်းလို့ ကာရာအိုကေဝင်ဆိုနေကြရတယ်။တဖြည်းဖြည်းအချိန်လင့်လာတော့ အနွေးထည်ပါးပါးလေးသာပါတဲ့ရှင်လူကြီးချမ်းစိမ့်စိမ့်ဖြစ်လာတယ်။မဖြစ်သေးပါဘူး ဝိုင်းထဲ Black ပုလင်းကြီးကိုင်ထားတဲ့ အငယ်လေး(MD ညီငယ်)ကိုတွေ့တာနဲ့ "အငယ်လေး ရှင်လူ့အတွက်နည်းနည်းငှဲ့လိုက်ကွာ ချမ်းလာပြီ ၊မရတော့ဘူး"ဆိုတော့ အငယ်လေးက လက်နှစ်လုံးလောက်ငှည့်ပြီး ရေသန့်နဲ့တခါထဲစပ်ပေးတယ်။အဲဒါ ကွကိုယ်ရေခဲသုံးတုံးလောက်ညှပ်နဲ့ထည့်ခလောက်ပြီးတငုံချင်းငုံရတယ်။ဒီအချိန်မှာပဲ အခန်းအနားအစီအစဉ် စတော့မယ်ဆိုပြီး New year & Staff party ဗီနိုင်းရှေ့မှာခုံတွေစီပြီးစုဝေးကြလေရဲ့။ရှင်လူလည်း လက်ထဲ အရက်ခွက်ကြီးနဲ့မို့ ချိုမီဇင်က "အဘ ရှေ့တန်းလာလေ"ဆိုတာတောင်"ငါ့မှာ ခွက်ကြီးနဲ့မို့ "ဆိုပြီးနောက်မှာပဲထိုင်နေခဲ့တယ်။ဒါပေမယ့် MD က ဝန်ထမ်းတွေကိုနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပေးပါရန် ဆိုတဲ့ Announcer နန္ဒာရဲ့စကားနဲ့အတူ MD က ရှေ့ထွက်လာတယ်။သူဘာစပြောမလဲကြည့်နေတုန်း "ပဌမဆုံး ကိုကြီးရှင်လူက ကလေးတွေကို ၃၈ဖြာ မင်္ဂလာတရားအကြောင်းပြောပြပါလိမ့်မယ်၊ကိုကြီးရှင်လူကြွပါ"တဲ့။
"ဟိုက် ဗုဒ္ဓေါ၊ ဆိုင်းမဆင့်ဗုံမဆင့်၊ဒါမျိုးက စာပေဟောပြောပွဲတွေမှာတောင် အကြောင်းအရာ ခေါင်းစဉ်ရွေးပြီးနုတ်တွေဘာတွေထုတ် ကြိုတင်ပြင်ဆင်လာရတာ။ခုဟာက ဘာမှလဲကြိုတင်ပြောမထား ၊အသိပေးမထားပဲ ၃၈ဖြာမင်္ဂလာ‌ပြောပြ
ပါဆိုတော့ကာ....
ဟယ် ဘာဖြစ်ဖြစ် တစောက်ကန်းရှင်လူ့အကျင့်အတိုင်းပရိတ်သတ်ရှေ့ခပ်တည်တည်နဲ့ထွက်လိုက်တယ်။ကုမ္ပဏီဝန်ထမ်းကလေးတွေကိုရော ဧည့်ပရိတ်သတ်ကိုပါတချက်ဝေ့ကြည့်လိုက်ပြီး ၊ဘာရမလဲ "အဟမ်းအဟမ်း
M D က မင်္ဂလာတရား၃၈ပါးပြောပြပါဆိုလို့သာ ထွက်လာတာ တကယ်တော့ အဲဒါ တွေကို ရှင်လူမရပါဘူး၊ မကျက်ထားပါဘူး" ။ကလေးတွေက ရှင်လူ့စကားကိုဘယ်လိုပါလိမ့်ဆိုတဲ့ အမူအရာနဲ့ နားစွင့်နေပါတယ်။ "အဲ...ဒါပေမယ့် အရေးအကြီးဆုံးမင်္ဂလာတပါးကိုတော့ သေချာကျက်ထားပါတယ်။အဲဒါကတော့ လောကုတ္တရာမင်္ဂလာဖြစ်တဲ့
ဖုဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ အသောကံ ဝိရဇံ ခေမံ ပဲဖြစ်ပါတယ်။၃၈ ဖြာမင်္ဂလာတရားတွေထဲမှာကျန်တာတွေထက် ဒါဟာ အရေးကြီးဆုံးမို့ ဒီတခုပဲ ကျက်ထားပါတယ်၊ကျန်တာတွေမရပါ။ဒါက လောကဓံတရား၈ပါးကို ရင်ဆိုင်ရဲဖို့ပါ။
"အဲဒီ လောကဓံတရား ၈ပါးကိုရှင်းပြပါအုံး"
          ရှင်လူ့စကားကိုMDက ဝင်ထောက်ပြန်တော့
လာဘော  အလာဘော
ယဿော
 အယဿော— နိန္ဒာ ပသန္နာ   သုခံ —ဒုက္ခံ 
၁။ လာဘ (လာဘ်ရခြင်း)
၂။ အလာဘ (လာဘ်မရခြင်း)
၃။ ယသ (အခြံအရံ/ကျော်စောမှုရှိခြင်း)
၄။ အယသ (အခြံအရံ/ကျော်စောမှုမရှိခြင်း)
၅။ နိန္ဒာ (ကဲ့ရဲ့ခံရခြင်း)
၆။ ပသံသာ (ချီးမွမ်းခံရခြင်း)
၇။ သုခ (ချမ်းသာခြင်း)
၈။ ဒုက္ခ (ဆင်းရဲခြင်း)
ဤလောကဓမ္မတရား (၈)ပါးဟာ လောကလူသားတိုင်း ကြုံတွေ့ရမြဲဖြစ်တဲ့ သဘာဝဓမ္မများဖြစ်ပြီး၊ 
ဒီအရာတို့ရဲ့အတက်-အကျကို မတုန်မလှုပ် စိတ်ထားနဲ့ ရင်ဆိုင်ရင်ဆိုင်ကျော်လွှားနိုင်ဖို့‌ ဟောကြားထားတာဖြစ်တယ်။‌ဒီလိုနဲ့ နှစ်သစ်ကူး Happy New Year ကြပြီး အငယ်လေးကားနဲ့ပြန်ပို့လို့ Shop 1ကို 
1st January,2025_ 1:00AM
လောက်ပြန်ရောက်တော့ ကမန်းကတမ်းအိပ်ယာလေးပြင်ပြီးတန်းအိပ်ပါတယ်။မနက် 8:00 AM လောက် အိပ်ယာကနိုးနိုးချင်း Digital 
စက်ကလေးနဲ့သွေးပေါင်ချိန်လိုက်တာ 127/79 ဆိုတော့တော်သေးရဲ့။
အမှန်တော့ညက ရှင်လူကြီး ဆက်ရွှီးမယ်ဆို အသေဝနာစ ဗာလနံကစပြီး ပတိရူပတို့ ညာတကာနဉ္စတို့ တပေါစ တို့ အစဉ်လိုက်မဟုတ်တောင် အင်းအဲနဲ့ပြောစရာတွေအများသား။ဒါပေမယ့် မူးပြီး ဆိုချင် ကချင် ကံစမ်းမဲနှိုက်ချင်နေတဲ့ပရိတ်သတ်အတွက်ကတော့မင်္ဂလာ တပါးနဲ့တင်လုံလောက်ပါတယ်လေ။
  နောက်မှ ရှင်လူကြီး ကွကိုယ်တွေးပြီး ဖုဌဿ လောကဓမ္မေဟိ စိတ္တံ ယဿနကမ္ပတိ ကိုအကျဉ်းရုံးဘာသာပြန်လိုက်တော့ "ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့" လို့ပဲ အဓိပ္ပာယ်ရသဗျ။
story #observation#shinlhu