ဖွေးဖွေးသိမ့် ရဲ့ ငွေစာရင်းရှင်းတမ်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^)
သောကြာနေ့ညကရှင်လူအလုပ်ထဲရောက်နေတုန်း
ဖွေးဖွေးသိမ့်ဆီက ဖုန်းဝင်လာတယ်။``ရှင်ယူ ..ရှင်ယူ့ပိုက်ဆံ တထောင်နဲ့ဒူးရင်းသီး ဝယ်စားတယ်´´
ဗုဒ္ဓေါ...ဖွေးက ဖုန်းထဲက သူ့ထုံးစံအတိုင်း
အသံကုန်အော်ပြောနေလို့မနည်းနားထောင်နေရတယ်။ဒီလ ၉ ရက်ညကစပြီး ရှင်လူကြီးညစောင့်
အလုပ်ဝင်ကတည်းက ရှင်လူ့ အိမ်ကလုပ်ငန်း အရောင်းအဝယ်ကိစ္စကို
ဖွေးတို့သားအမိနဲ့လွှဲထားခဲ့ရတယ်။မလွှဲလို့မဖြစ်။ ရှင်လူ့ အရောင်းသမားက ပုံမှန်လို ည ၁၀နာရီလောက်မှပစ္စည်းအဟောင်းပေး အသစ်ယူငွေစာရင်းရှင်း လုပ်နေကျ။ ရှင်လူ ညပိုင်းအလုပ်ဝင်လုပ်နေတော့သူနဲ့ဘယ်လိုမှဆုံလို့
မဖြစ်တော့။ဒီတော့ဖွေးတို့သားအမိကိုပဲတာဝန်လွှဲခဲ့ရ
ပေါ့။သူတို့သားအမိကိုကော်ဖီဝယ်တိုက်၊မုန့်ဝယ်ကြွေးတနေ့ချင်းရတဲ့ဝင်ငွေပေါ်မူတည်ပြီး ငါးရာ တထောင်မုန့်ဖိုးပေးရတယ်။
အဲဒါစလွှဲလွှဲချင်းဖွေးအမေမလှိုင်ကပစ္စည်းကိစ္စငွေကိစ္စ
မေးရင်အင်းအဲဖြစ်နေတယ်။ဒီအချိန်မှာ ဖွေးကကြားဝင်ပြီးအရောင်းသမားပေးခဲ့တဲ့ပစ္စည်း
ဟောင်းတွေကိုသောက်ရေအိုးစင်
အောက်ကယူပေးတယ်။လုပ်ငန်းကိစ္စမှန်သမျှ ဖွေးကပိုနပ်တယ်။ ဒါနဲ့ နောက်ပိုင်း ရှင်လူ့အရောင်းအဝယ်ကိစ္စဖွေးကိုပဲအပ်တော့တယ်။မနက် ရှင်လူအိမ်ပြန်ရောက်လို့
စာရင်းရှင်းတဲ့ခါနည်းရင်ငါးရာများရင်တထောင်ဖွေးကိုဝန်ဆောင်ခပေးရတယ်။ဖွေးအတွက်ငါးရာတန်အသစ်ကလေးတွေလည်းဖယ်ထားရတယ်။ဒါတောင်ဖွေးက ငါးရာပေးလိုက်ရင်``ထပ်ပေးအုံး´´လုပ်တတ်လို့တရာ
နှစ်ရာစသဖြင့်အဆင်သင့်သလိုထပ်ပေးရသေးတယ်။ခုလည်း``ရှင်ယူ့ပိုက်ဆံတထောင်နဲ့ဒူးရင်းသီးဝယ်စားတယ်´´တဲ့။အဲဒါမနက်ဘက်အလုပ်ကအိမ်ပြန်
ရောက်မှ ဇာတ်ရည်လည်တယ်။ ရှင်လူ့ အရောင်းသမားကရောင်းရငွေခြောက်ထောင် ဖွေးကိုပေးထားခဲတယ်။
အဲ့ဒီအချိန် ဖွေးအဖွားဈေးကပြန်လာတော့
ခြင်းထဲက ဒူးရင်းသီးကို ဖွေးမြင်ရော။
ခွဲခိုင်းပါလေရော။သူ့အဖွားကမခွဲချင်သေးလို့``မမှည့်
သေးဘူး၊အစိမ်းကြီးရှိသေးတယ်´´ဆိုတော့ဖွေးကပိုက်ဆံတထောင်ပေးမယ်ခုခွဲပေးဆိုပြီးပြဿနာလုပ်တယ်။အဲဒါသူ့အဖွားက``အဲဒီပိုက်ဆံက နင့်ပိုက်ဆံမှမဟုတ်ပဲ၊ရှင်လူ့ပိုက်ဆံတွေ´´ဆိုတော့။
``ရှင်ယူက သုံး´´လို့ပြောထားတယ် တဲ့။
ဒီလိုနဲ့ ရှင်လူကြီး စာရင်းရှင်းတော့ဖွေးက
ရှင်လူ့ကိုငါးထောင်တန်တရွက်ပဲလာပေးတယ်။ကဲဗျာ..ဖွေးဖွေးသိမ့်တယောက်
လာမယ့် အောက်တိုဘာမှ သုံးနှစ်ပြည့်မှာ။
ဘောဂဗေဒ ကတော့ အပိုင်ပဲ။
story#observation#shinlhu
Sunday, August 27, 2017
Wednesday, August 23, 2017
နာရီသွားလမ်းပေါ်က အတိတ်လေ တဲ့လား ♥
နာရီသွားလမ်းပေါ်က အတိတ်လေ တဲ့လား
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ မနေ့ညက အလုပ်ထဲရောက်နေတုန်း
ကိုမြင့်မော်(စေတ)ဖုန်းဆက်တယ်။လတ်တလောထွက်တဲ့ သူ့ရဲ့ Memo စာအုပ်
``နာရီသွားလမ်းပေါ်က အတိတ်လေ´´
လက်ဆောင်ပေးဖို့။ သူကလည်း မြေး
အိုဘာမား ကိုမနက်ကျောင်းပို့ရမှာဆိုတော့
၉ နာရီလောက်မှအားလေ့ရှိတယ်၊ ရှင်လူကလည်း မနက် ၇ နာရီ အလုပ်က
စက်ဘီးနဲ့ အိပ်ပြန်လေ့ရှိတော့ အချိန်က
ကြားမှာ gap ဖြစ်နေတယ်။နှစ်ယောက်သား
ညှိရင်း သူကမြေးတာဝန်သမားမို့ သူ့ကိုပဲဦးစားပေးပြီး မနက်၉နာရီ မှာ
သူ့အိမ်နဲ့ ရှင်လူ့အလုပ်ခွင်ရဲ့ကြားက
Mr.မောက်လက်ဖက်ရည်ဆိုင်မှာချိန်းလိုက်တယ်။ အလုပ်ထဲကpartner ဦးစိုးမင်းကို
လည်းတခါတလေ ဧည့်ဝတ်ပြုချင်တာနဲ့
၈နာရီလောက်မှာလက်ဖက်ရည်အတူ
သောက်ရအောင်ဆိုပြီးခေါ်ထုတ်လာခဲ့တယ်။စက်ဘီးတစီးစီနဲ့Mr.မောက်ရှေ့အ
ရောက် ခပ်လှမ်းလှမ်းမှာကျောခိုင်းလျှောက်
နေတဲ့ ကိုမြင့်မော်ကိုတွေ့လို့ သူ့နားအထိစက်ဘီးနဲ့လိုက်သွားပြီးတွေ့လိုက်တော့ဒီနေ့အဆင်ပြေသွားတယ်။သူ့စာအုပ်လက်မှတ်ထိုးပြီး ပေးလိုက်တော့
၉နာရီတိုင်အောင်ထိုင်စောင့်စရာမလိုတော့ဘူး။နှင်းခါးမိုးအတွက်ပါယူထားနိုင်မလားဆိုလို့ယူထားလိုက်တယ်။ ပြီးတော့
partner ဦးစိုးမင်းနဲ့အတူ Mr.မောက်မှာ
Breakfast စား ၊စက်ဘီးတစီးစီနဲ့ သူ့အိမ်
ကိုယ့်အိမ် အသီးသီးပြနိခဲ့ကြ။ ၉နာရီ မတိုင်ခင်လေး အိမ်ပြန်ရောက်တယ်လေ။

Saturday, August 19, 2017
သင်ရိုးအလွတ်ကျက်နိုင်ငံရေးသမားများ အလိုမရှိ ✏ ✏ ✏
သင်ရိုးအလွတ်ကျက်နိုင်ငံရေးသမားများ
အလိုမရှိ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
လွှတ်တော်ထဲမှာရှုံးနိမ့်ခဲ့တဲ့H1N1 အဆို နဲ့
ပတ်သက်ပြီး မကြေမနပ်ဖြစ်နေတဲ့ အင်တာဗျူးတခု fb ပေါ်ပြန်တင်ရာမှာ
NLD လူအားများလို့ မဲအသာနဲ့ တဖက်ပါတီအပေါ် အနိုင်ကျင့်တယ်ဆိုတဲ့
comment တွေလည်းတွေ့ရပြီး၊ တချို့လည်း
ခပ်ရိုင်းရိုင်းဝင်မန့်တာတွေလည်းတွေ့ရပါတယ်။ မူရင်းအဗျူးခံရတဲ့ ပါတီတခုက
အထွေထွေအတွင်းရေးမှူးဆိုသူဟာ
ရှင်လူနဲ့ပုဂ္ဂိုလ်ရေးအရရင်းနှီးသူဖြစ်ပါ
တယ် ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ
ကာလတုန်းက ကလေးအရွယ်သာရှိသေးတဲ့ အဲဒီပုဂ္ဂိုလ်
ဟာ ဒီနေ့မှာတော့ ပါတီတခုရဲ့ အထွေထွေ
အတွင်းရေးမှူးဖြစ်နေပါပြီ။ဒါတွေဟာရှင်လူ
တို့ရှစ်လေးလုံးကာလကမျှော်မှန်းခဲ့တဲ့အနာဂတ်ဖြစ်ပါတယ်။ အဟောင်းအဟောင်း
တွေနေရာမှာ အသစ်အသစ်တွနဲ့  အစား
ထိုးရမှာ နိယာမဖြစ်ပါတယ်။သူက စာဖတ်လည်းနာသူဖြစ်တော့ သူ့ကို
ရှင်လူ ထိုက်သင့်သလောက်မျှော်လင့်ချက်
ရှိပါတယ်။သူလုပ်တာပြောတာလေးတွေ
လည်းကြုံရင်ကြုံသလိုသတိထားကြည့်မိပါတယ်။ အရင် သန်းခေါင်စာရင်းကိစ္စတုန်း
ကလည်း အမျိုးသားရေးအမြင်ရှုထောင့်
ကနေပြီး သူမကြေနပ်ကြောင်းဖော်ပြတာ
တွေ့ရပါတယ်။ရှင်လူဘာမှမပြောပဲ ကြည့်နေခဲ့ပါတယ်။ ခုတခါ H1N1 ကိစ္စပါထပ်ပြီး မကြေနပ်သံထွက်လာတော့
ရှင်လူ့မှာ အမြင်တခု ရလာပါတယ်။
သူ့ အင်တာဗျူးအောက်မှာဝင်ရေးလိုက်ရင်
မလိုလားအပ်တဲ့ဇယားတွေရှုပ်လာနိုင်တာ
တကြောင်း သူ့ကိုလည်း ပုဂ္ဂိုလ် ရေးအရ
ပုဂ္ဂလဓိဋ္ဌာန်မဝေဖန်ချင်တာ တကြောင်း
ကြောင့် သီးခြား အမြင်စာတမ်းတစောင်
အနေနဲ့သာရေးလိုက်ရပါတယ်။
အမှန်တော့ ဒီနေ့ နိုင်ငံတော်မှာ လုပ်စရာ
ကိုင်စရာ issue တွေကအများကြီးပါ။
ထက်ထက်မြက်မြက် လူငယ်လူရွယ်နိုင်ငံရေးသမားတွေ ကိုင်တွယ်ဖြေရှင်းစရာ သမိုင်းကြွေးတွေ
အများကြီးရှိနေပါတယ်။ပမာအားဖြင့်
နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊လူမှုရေး၊
ငြိမ်းချမ်းရေးဖြစ်စဉ်၊ ခုသူဝင်ပြောတဲ့ ကျန်းမာရေးဖြစ်စဉ်စသဖြင့်ပေါ့ဗျာ။
ခု သူပြောသလို H1N1က ကူးစက်ရောဂါ
ကပ်ဆိုးကြီးတခုသာဖြစ်လာခဲ့ရင် အဆိုရှင်ကို မဲအများစုအသာနဲ့အနိုင်ရလာတဲ့
NLD အားလုံးလွှတ်တော်ထဲက ခြေထောက်နဲ့တောင်ပြန်ထွက်ရမှာမဟုတ်ပါဘူး။ဒီမိုကရေစီဘောင်တခုထဲကနိုင်ငံ
ံရေးသမားဆိုတာမဲပေးတာကအစ ခေါင်းနဲ့ရင်းရတာချည်းပါပဲ။ အခုအင်တာဗျူးတဲ့ပါတီအထွေထွေ
အတွင်းရေးမှူးလေးလည်းသူလုပ်သမျှ ပြောသမျှဟာ ခေါင်းနဲ့ရင်းရတာပါ။အရင်လို
အဖေကြီးတွေ အမေကြီးတွေရင်အုပ်မကွာ
ကွယ်ကာထားလို့ရတာမျိုးမဟုတ်ပါဘူး။
ဒါကြောင့် အတိုက်အခံပဲဖြစ်ဖြစ် ၊ အာဏာရပဲဖြစ်ဖြစ် အရင်လူတွေရေးခဲ့တဲ့
သင်ရိုးဖတ်စာအုပ်ကြီးတွေကို အလွတ်ကျက်ပြီး နိုင်ငံရေးဝင်လုပ်တဲ့အလုပ်မျိုးတွေ ရပ်တံ့
သင့်ပါပြီ။ ရှင်လူတို့မျှော်လင့်ခဲ့တဲ့ အနာဂတ်နိုင်ငံရေးဆိုတာ စာအုပ်ကြီးအတိုင်း ၏ သည်မရွေး အလွတ်ကျက်နိုင်ငံရေးမဟုတ်ကြောင်းအသိပေးပါရစေ။
(မအားမလပ်တဲ့ကြားက မနေနိုင်နိုင်လို့
ဝင်ရေးမိပေမယ့် အမှားပါရင်ခွင့်မလွှတ်ကြပါနဲ့၊ တိုင်းပြည်နာတယ်)

♥ ဒီမနက် ရှင်လူကြီးမြောက်ဒဂုံ
♥ ဒီမနက် ရှင်လူကြီးမြောက်ဒဂုံ ဂိုထောင်စောင့်အလုပ် ၂ရက်မြောက်နေ့
ပြီးလို့အိမ်ပြန်လာတော့ ဖွေးဖွေးသိမ့်တို့အခန်းကိုသွားပြီး ညက
ရှင်လူ့ကောက်အရောင်းသမား ကိုစိုးလှပေးသွားတဲ့ ငွေကိစ္စ ဖွေးအမေ မလှိုင်ကိုမေးရတယ်။ညကတည်းကရှင်လူ
ဂိုထောင်ရောက်နေတုန်းကိုစိုးလှကငွေ
တသောင်းပေးသွားတယ်တဲ့။ဖွေးအမေက
``ဦးလေးကိုပိုက်ဆံပေးရမယ်´´ဆိုတော့
ဖွေးကခပ်တည်တည်ပဲ``ပေးစရာလိုဘူး´´
တဲ့။မလှိုင်ကရှင်လူ့ကိုငါးထောင်တန်နှစ်ရွက်ပေးတော့ ရှင်လူက`` ပစ္စည်း ရော
ပေးသွားသေးလား´´မေးတာ မလှိုင်ကဝါးတားတား ``အဲဒါခိုင်လက်ခံထားတာပဲ´´တဲ့ သူမသိ။
အဲဒီအချိန်မှာဖွေးက``ကောက်ပေးသွားတယ်´´ဆိုပြီးသောက်ရေအိုးစင်အောက်ကမီးကောက်အဟောင်းနှစ်ချောင်းဆွဲထုတ်ပေးတယ်။ ကဲ အောက်တိုဘာကျမှ ၃ နှစ်ပြည့်မယ့်ဖွေးကရှင်လူ့အလုပ်ကိစ္စ ကူညီဖော်ရနေပြီ။ဒါနဲ့ရှင်လူလည်း ဖွေးကို ငါးရာတန်အသစ်နှစ်ရွက်မုန့်ဖိုးပေးလိုက်
တော့ သူ့ င်္ကျီအိပ်ကပ်ထဲ ခေါက်ထည့်ထားလိုက်တယ်။ရှင်လူလည်း
အဝတ်လျှော် ရေမိုးချိုး၊ တရေးအိပ်အုံးမယ်
ကြံပြီးအိမ်ရှေ့ခန်းကဝါးပက်လက်ကုလားထိုင်ပေါ်မှိန်းနေလိုက်တယ်။အလုပ်စဆင်းတဲ့9 ရက်နေ့ရော 10 ရက်ပါ နှစ်ရက်နှစ်ညလုံး ရှင်လူကျင့်သားမရသေးလို့စုစုပေါင်း
နာရီဝက်တခါနဲ့ ၂နာရီနီးပါးတခါ နှစ်ခါပဲအိပ်ရသေးတယ်။ ခုလည်းရှင်လူလှဲ
နေတာမကြာသေးဘူးဖွေးရောက်လာ
တယ်၊ ``ရှင်ယူ လာ မုန့်သွားစားမယ်´´တဲ့၊
သူ့လက်ထဲ ငါးရာတန်တရွက်ကိုင်လို့။
``ဘယ်မှာသွားစားမလဲ၊ ဒေါ်နုဆိုင်လား´´
ဆိုတော့ ``ဟုတ်ဘူး Orange မှာတဲ့၊ရှင်လူ့
လက်ကိုအတင်းဆွဲခေါ်နေပြီ။ ကဲဘာတတ်နိုင်မလဲ၊ထလိုက်ရတော့တာ
ပေါ့၊ Orange ရောက်တော ဖရီဇာ ဆွဲဖွင့်ပြီး Mix Shakeတဗူးနှိုက်ယူတယ်။ငွေရှင်းတော့ ၆၀၀ ကျတာ၊ ၁၀၀ ပဲထပ်စိုက်ပေးရတယ်။
ဒါတောင် သူ့ကိုဓာတ်ပုံရိုက်မလို့လုပ်တော့
အရိုက်မခံဘူး။``ရိုက်နဲ့´´ဆိုပြီးမျက်နှာလွှဲနေတယ်။ ဘာရမလဲ ပုံကောင်းမရလည်း
ရအောင်တော့ အလုအယက် လျှပ်တပြက်ရိုက်ချက်♥ ♥ ♥

ညစောင့်မွေ့ယာ ♥ ♥ ♥
ညစောင့်မွေ့ယာ
♥ ♥ ♥ ♥♥ ♥
နွေရာသီမှာ မီးသတိပေးတဲ့အော်သံက
``နိုးနိုးကြားကြားအိပ်ကြပါတဲ့´´
ညစောင့်လုပ်သက် ၇ ရက်မြောက်ညမှာ
ရှင်လူကြီး နိုးနိုးကြားကြားအိပ်တတ်ပါပြီ။
မနက်အိပ်ယာကနိုးနိုးခြင်းလင်းကြက်
တွန်သံတွေ စကြားရတယ်ဗျ။
ညစောင့်အိပ်ယာ။ ။ ဂျပ်ဗူးခွံ ၅ ခုကို
ထပ်ခင်းလိုက်တဲ့ခါ စပရိန်မွေ့ယာလို
မယမ်း၊ရေမြှုပ်မွေ့ယာလို မပူပဲ မြန်မာပြည်
ရာသီဥတုနဲ့ အလွန်သင့်တော်တဲ့ မွေ့ယာ
လေးတခု ရရှိနိုင်ပါတယ်ခင်ဗျာ

Monday, August 14, 2017
ရေသန့်ဗူးမြည်သံ(သို့မဟုတ်) ညစောင့်ခေါင်းအုံး ♥ ♥ ♥
ရေသန့်ဗူးမြည်သံ(သို့မဟုတ်)
ညစောင့်ခေါင်းအုံး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^)
ရှင်လူ အသက် ၂၀ ကျော်အရွယ် အိမ်ထောင်မကျခင်
ပထမဆုံးလုပ်ခဲ့တဲ့အလုပ်က အကျိုးဆောင် ကုမ္ပဏီ မှာ အထွေထွေ
မန်နေဂျာ။ယ္ခု NLD ဗဟိုရ် ရုံးရှိရာ အမှတ်
၂၂၉ (-)အရှေ့ရွှေဂုံတိုင်မှာ ဖြစ်ပါတယ်။အကျိုးဆောင်ကုမ္ပဏီဆိုတာ
အဲဒီ ခေတ်က နိုင်ငံတော်အလံ၊ သာသနာ့အလံ၊သံရုံးအမျိုးမျိုးရဲ့အလံတွေနဲ့ စစ်တံဆိပ်၊ရဲတံဆိပ် အမျိုးမျိုးကို ရိုက်နှိပ်
ရောင်းချပေးတဲ့ ဆေးဆိုးပန်းရိုက် ကုမ္ပဏီ
ကြီးပါ။နိုင်ငံတော်အလံများကို အမြောက်အမြားရိုက်နှိပ်ချုပ်လုပ်ပြီး
ကုန်သွယ်ရေးကိုပြန်သွင်းရတဲ့အထိ
လုပ်ငန်းအောင်မြင်ခဲ့တာပါ။အဲ့အချိန်က
လျှပ်စစ်ဋ္ဌာန ဘက်တံဆိပ်များကို
ESB ကနေပြီး EPC ပြောင်းရာမှာ အလုံလျှပ်
စစ်ဓာတ်အားကော်ပိုရေးရှင်းက အရာရှိကြီး နဲ့တွေ့ပြီး လုပ်ငန်းကိစ္စညှိနှိုင်းခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲ့အလုပ်မှာ ရှင်လူ မပျော်လို့
သုံးလေးလနဲ့ ထွက်ခဲ့ပါတယ်။ဘာကြောင့်
မပျော်ရတာလဲ ဆိုတော့ သူဋ္ဌေးက အဆဲ
ပုပ်လို့ပါပဲ။အမှန်တော့ သူဋ္ဌေးက ရှင်လူ့ကို
သာမာန်အလုပ်သမားအဖြစ် အလုပ်ဆင်းပြီး လေးရက်မြောက်နေ့မှာ
အထွေထွေမန်နေဂျာခန့်လိုက်တာဖြစ်ပါတယ်။ ရှင်လူ့ကို အလွန်အကျွံမြောက်စား
လိုက်တာပါ။ညနေတိုင်း ရှင်လူ့ကို မုန့်ဖိုးသပ်သပ်ပေးပြီး ရွှေဂုံတိုင်စာတိုက်မှာ
ငွေစုစာအုပ်နဲ့စုစေပါတယ်။ အစားအသောက်ကောင်းဆိုလည်း
ချစ်တီးထမင်း ဆိတ်ဦးနှောက်ဟင်းနဲ့က
ဘယ်ဆိုင်ကောင်းတယ်၊ ဆီချက်ခေါက်ဆွဲကအစ ဘယ်ဆိုင်ကောင်း
တယ်ဆိုတာ ကိုယ်တိုင်သူ့ ဘောက်ဆော
ကားနက်လေးနဲ့လိုက်ပို့ပြီးကြွေးခဲ့တာပါ။
သူ့ကိုရှင်လူမကြိုက်တာက အဆဲသန်တဲ့
ဝသီပါပဲ။ငါနဲ့ကိုင်တုတ်တယ်ခင်ဗျ။ပြီးတော့လည်း တဟဲဟဲနဲ့။ဒါမျိုးလာလုပ်လို့မရ
ဘူးလေ ၊ ရှင်လူက ၁၆နှစ်သားကတည်းက
ကဗျာဆရာလုပ်လာတာ။ဆတ်ဆတ်ထိမခံ
တတ်တဲ့ကောင်။လောကကြီးတခုလုံး
တောင်ပြောင်းလဲပစ်မယ်ဆိုတဲ့ကောင်လေ။
ဘယ်ရမလဲ သူ့အလုပ်ကိုဆက်မလုပ်နိုင်တော့ဘူးဆိုပြီး
အထွေထွေမန်နေဂျာရာဘာတံဆိပ်တုံးကို
သူ့စားပွဲပေါ် ဒေါက်ခနဲ...
ခတ်တည်တည်ကျောခိုင်းထွက်လာခဲ့တော့
သူဋ္ဌေးခင်ဗျာ
မျက်စိသူငယ် နားသူငယ်ဖြစ်ပြီးကျန်ခဲ့တာ။
ဟုတ်တယ်လေ သူ သုံးလေးလလောက် အပင်ပန်းခံ သင်ကြားပြသပေးထားရတဲ့
အထွေထွေမန်နေဂျာကထွက်တော့မယ်ဆိုတော့ စီးပွားတွက်တွက်ရင် သူရှုံးတယ်
လေ။အဲ့ ကုမ္ပဏီကထွက်ပြီး လေဘာလုပ်၊
ပြီးတော့ သူငယ်ချင်းတယောက်ရဲ့အကူအညီနဲ့
စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်း
အမှုန့်ကြိတ်စက်ရုံမှာဝင်လုပ်ခဲ့တာ။အဲ့တုန်းက စက်ရုံမှူးကိုယ်တိုင် ရှင်လူ့ကို အင်တာဗျူးပြီး ``မင်း ပေါင်၁၆၀ အိတ်ထမ်းနိုင်မလား ´´ဆိုတော့ လူကိုယ်တိုင် ပေါင်၁၀၀မပြည့်တဲ့ကောင်က ခတ်တည်တည်နဲ့ ``ထမ်းနိုင်တယ်´´ဆိုပြီး
ဝင်လုပ်ခဲ့တာ။စုစုပေါင်းလုပ်သက်သုံးနှစ်။
ပါမင့်နင့်ဖြစ်ပြီ။မိန်းမသွားခိုးဖို့ခွင့်တင်တော့။
ခွင့်ယူရခြင်းအကြောင်းရင်းမှာ မိန်းမခိုးရန်
ဆိုပီးဖြည့်လိုက်တယ်။စက်ရုံမှူးက
မင်္ဂလာဆောင်ရန်လို့ ပြင်ရေးခိုင်းတယ်။
ဒါသက်သက်အနိုင်ကျင့်တာပဲ။မိန်းမခိုးတာနဲ မင်္ဂလာဆောင်တာမတူဘူး။ မိန်းမခိုးတာက အခန့်မသင့်ရင် ဓားနဲ့အခုတ်ခံရနိုင်တယ်လေ။ထားတော့။မိန်းမကမခိုးလို့မှမဖြစ်တော့တာ။
သူပြောသလို မင်္ဂလာဆောင်ရန်ပဲ ဖြည့်လိုက်ရတယ်။
အဲဒါ ဟိုမှာ ခိုးဖို့ဝှက်ဖို့ ခြောင်းတာ အဆင်မပြေနိုင်တာနဲ့ ခွင့်ရက်က သုံးရက်လွန်သွားတယ်။ကိစ္စပြီးလို့
စက်ရုံပြန်ရောက်တော့ စက်ရုံမှူးက ``မင်း
ခွင့်ရက်နောက်ကျတဲ့အတွက် EC အစည်းဝေးထိုင်ရအုံးမယ် တဲ့။သြော်
ဟုတ်လား..ပေါ့။``ECထိုင်မနေပါနဲ့တော့ဗျာ၊အလုပ်ရှုပ်ပါတယ် ၊ကျုပ်အလုပ်ထွက်တယ်
ဗျာ ´´ဆိုပီးထွက်လာတာ ၊ပြီးရော။
အင်း ရှင်လူ ၂၄ နှစ်မပြည့်ခင်ကထဲက
ဝန်ထမ်းအလုပ်တွေကထွက်ခဲ့တာ ခု
အသက်၆၄နှစ်ထိ ။ကိုယ်ပိုင် အိမ်တွင်း
လက်မှုလုပ်ငန်းလေးနဲ့ရှင်သန်နေခဲ့တာ။
၂၀၀၉ ဇန္နဝါရီမှာ ဇနီးသည်ကွယ်လွန်။
သားထောက်သမီးခံကလည်းမကျန်။
ဆွေမျိုးတွေကလည်း ရှင်လူ့ကို မျိုးချစ်စိတ်
မရှိတဲ့ကောင်လို့မြင်ကြတော့အားလုံးအဆက်ပြတ်။
(တလောကလုံးကို
ချစ်တဲ့ကောင်ဆိုမျိုးချစ်တွေကအထင်မကြီးတတ်)
ဒီနှစ်ပိုင်းရှင်လူကြီးအိမ်ကကိုယ်ပိုင်အလုပ်ကသိတ်မကောင်း။အရောင်းအဝယ်က
အေးတော့ အသုံးစားရိပ်ကမလုံလောက်။
ဒါကြောင့်တနေ့ငါးထောင်စားညစောင့်အလုပ်ဝင်လုပ်နေတာပါ။ခုညစောင့်လုပ်တော့လည်း ရှင်လူ့အပေါင်းသင်းထဲက ဝါရင့်
ညစောင့်ဆီမှာ အနီးကပ်သင်တန်းတက်ပြီးမှလုပ်တာပါ။
သူ့ပို့ချချက်ကကြည့်ပါဦး။``ညစောင့်
အလုပ်က လုပ်သက် သုံးနှစ်ကျော်မှ
အောင်မြင်တဲ့ညစောင့်ဖြစ်တာအဘရ၊
တချို့ မခံနိုင်လို့ထွက်ပြေးတယ်။တချို့
မအိပ်တတ်တော့ဦးနှောက်သွေးကြောပြတ်
သေတာချည်းပဲ။လုပ်သက်သုံးနှစ်ကျော်တဲ့လူဟာ အလုပ်ထဲမှာ အိပ်ရေးဝလို့ပဲ...´´
တဲ့။ဗုဒ္ဓေါ...ရှင်လူနားလည်တာက မိမိတာဝန်ယူထားတဲ့ အရာတွေကို
သတိဝိရိယနဲ့ စောင့်ကြပ်ဖို့ပဲ၊ အိပ်နေရင်
ညစောင့်ဘယ်ဟုတ်တော့မလဲ။ရှင်လူတို့
ကဆေးရုံမှာလူနာစောင့်လည်းဒီအတိုင်းပဲ။
ဘိုပီ နှလုံးရောဂါကြောင့်မြောက်ဥက္ကလာ
နှလုံးအထူးကြပ်မ ကုသဆောင်မှာတက်
တော့ရှင်လူသွားစောင့်ပေးခဲ့ဖူးတယ်။ဆေးရုံကသန့်ရှင်းသပ်ယပ်ပြီးဟော်တယ်ကြီးအတိုင်းပဲ။ ခုတင်လွတ်တွေအများချည်းပဲ။
ခုတင်အသစ် ကူရှင်အသစ်တွေဆိုတော့
တခြားလူနာစောင့်တွေတခေါခေါ။ထစားလိုက်ကြပြန်အိပ်လိုက်ကြနဲ့အဆင်ကိုပြေလို့။ရှင်လူကတော့သူတို့ကိုအံ့သြနေမိတယ်။နှလုံးအထူးကုသမားတော်ကြီးက
လူနာနဲ့မှားပြီးခွဲသွားရင်ဒုက္ခပါပဲလို့တွေးမိတယ်။မနက်ကျတော့ ဘိုပီက ``အဘညက တရေးမှမအိပ်ဘူးလား´´တဲ့။
``အေးလေ..ငါကလူနာစောင့်လေ´´ဆို
တော့``သူများတွေလည်းအိပ်နေတာပါပဲအဘရာ´´တဲ့။တတ်နိုင်ဘူး ကိုယ်မှ
မအိပ်ချင်တာ။ ခု ညစောင့်အလုပ်ဝင်တော့
ချက်ခ

Saturday, August 12, 2017
ပစ်လိုက်ရင် ပပ် ပပ်နဲ့ ကပ်တဲ့ဥစ္စာလေးလေ..... ♥
ပစ်လိုက်ရင် ပပ် ပပ်နဲ့
ကပ်တဲ့ဥစ္စာလေးလေ.....
♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေ့လုပ်ငန်းသုံးပစ္စည်းဝယ်ဖို့ရန်ကုန်မြို့ထဲရောက်ခဲ့တယ်။တောင်ဥက္ကလာကေတုမာလာကွေ့မှတ်တိုင်က အမှတ် ၈၇YBS ဘတ်စ် စီးခဲ့တယ်။ ထွေထွေထူးထူးတော့
မပြောလိုတော့ပါဘူး။တွေးမိတာလေး
ပြောရရင်တော့အစိုးရဆိုတာတချို့ကိစ္စ
တွေကိုလုပ်ချင်လုပ်လို့ရပြီး၊
မလုပ်ချင်လည်း မလုပ်ပဲနေလို့ရတယ်။ဒါကြောင့်
အစိုးရလို့ပြောတာ။ပဋ္ဌာန်းဒေသနာတော်
အရတော့ဣန္ဒြိယပစ္စည်းပေါ့။သူတို့ဘာ
တွေမှာအစိုးရ သလဲဆိုတာ ရှင်လူတို့က
ဘဝနဲ့ရင်းပြီး မြည်းစမ်းရတာကိုး။
မြို့ထဲရောက်တော့ မစားဖြစ်တာကြာပြီ
ဖြစ်တဲ့၃၇လမ်းက``ကျော်ကြီး´´ထမင်း
ပေါင်းဝင်စားလိုက်တယ်။အရသာကတော့အရင်အတိုင်းပါပဲ ဈေးနှုန်းကတော့ တပွဲ
၁၂၀၀ ကျပ်ဖြစ်နေပြီ။ထမင်းစားပြီး တိုလီမိုလီတခု၆၀၀ကျပ်နဲ့ပုံရောင်းနေတဲ့
ပစ္စည်းလေးတွေကြည့်ရင်းလေးနဲ့မြားလေး
တွေတွေ့တော့တလောတုန်းကဖွေးဖွေးသိမ်ပူဆာ့ခဲ့တာသွားသတိရတယ်။``ရှင်ယူရေပစ်လိုက်ရင် ပပ် ပပ်နဲ့ကပ်တဲ့ဟာလေး
ဝယ်ပေး´´ဆိုတာ ။ဘယ်သူကိုင်တာသူ
တွေ့လာမှန်းမသိ။အခေါ်အဝေါ်ဘယ်လို
ခေါ်မှန်းတောင်သူမသိ။ဒါပေမယ့် သူလိုတာကိုပုံဖော်ပြောဆိုတဲ့ပညာတော့သူ့မှာပါလာတယ်။ဒါကြောင့်ပဲ ပစ္စည်းပုံထဲကလေးနဲ့မြားကစားစရာလေးကိုမြင်တော့ ဖွေးပူဆာတာဒါပဲဆိုတာရှင်လူကြီးတန်းမှတ်မိတယ်။တစုံဝယ်ခဲ့တယ်။မြားတံမှာစုပ်ခွက်လေးတွေပါတော့ ပစ်လိုက်ရင် ပပ် ပပ်နဲ့ ကပ်တဲ့ဥစ္စာလေးလေ.....

Tuesday, August 8, 2017
ရှင်လူ သပိတ်စခန်းဖွင့်ပြီ၊ ငွေကြေးဖောင်းပွနေသမျှ ရာသက်ပန်သပိတ်မှောက်မည်ဖြစ်ပါ ကြောင်း... ➳
ရှင်လူ သပိတ်စခန်းဖွင့်ပြီ၊
ငွေကြေးဖောင်းပွနေသမျှ ရာသက်ပန်သပိတ်မှောက်မည်ဖြစ်ပါ
ကြောင်း...
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ဒီနေ့ရှင်လူကြီး ၈လေးလုံး ၂၉ နှစ်မြောက်
အထိမ်းအမှတ်နေ့မှာ နေ့စားသပိတ်မှောက်ဖို့ ကုမ္ပဏီတခုနဲ့ ၃ လ
စာချုပ် ချုပ်လိုက်ပြီ။ဘယ့်နှယ်ဗျာ ၊
ကိုယ်ပိုင်အိမ်တွင်းလက်မှုလုပ်ငန်းလေးနဲ့
တသက်လုံးနေခဲ့တာ Inflation က တနေ့တခြား တက်နေတာ အိမ်လခတောင် ၃လစာလောက်အကြွေးတင်နေပြီ။
ဒီတော့ မြောက်ဒဂုံ ပင်လုံအိမ်ယာ ၃ ထဲရှိတဲ့ ကုမ္ပဏီ ဂိုဒေါင်တခုမှာ တည
၅၀၀၀ ကျပ်နဲ့ ၃ လ ညစောင့်လုပ်ဖို့ သဘောတူ
လက်မှတ်ထိုးလိုက်ပြီ။ နေ့ဖက် ကိုယ့်လုပ်ငန်း ပုံမှန်လုပ် ၊ညနေဖက်
စက်ဘီးလေးနဲ့ အလုပ်ဆင်း၊ တလ
တသိန်းခွဲ လောက်တောအပိုဝင်မှာပေါ့။
အိမ်လခနဲ့ ကလေးတွေ မုန်ဝယ်ကြွေးဖို့ကတော့ ၃ လအတွင်း
မပူရတော့ဘူး။ ၃ လစာချုပ်စေ့ရင်တော့
နောက်တခုထပ်ရှာရမယ်။ရှင်လူကြီး
မသေမချင်း ရာသက်ပန် သပိတ်စခန်း
ဖွင့်ဖို့ အစီအစဉ်ရှိတယ်။အသက် ၆၄ နှစ်။
သန်မာဖျတ်လတ်တယ် Transpotarဇာတ်ကား ထဲက မင်းသား
Jason Statham လို ထိပ်ပြောင်ပြီး ခိုင်မာတဲ့
မေးရိုးတွေရှိတယ်။ အောက်တိုဘာလကုန်မှာစာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက် နောက်ထပ်ငှါးရမ်းလိုတဲ့ ကုမ္ပဏီများ
cb ကတဆင့် ဆက်သွယ်နိုင်တယ်။အရင်ဆုံးဆက်သွယ်လာသူကိုဦးစားပေးမယ်။အနည်းဆုံး ၃လ
စာချုပ်ချုပ်ရမှာဖြစ်ပါတယ်။

ထွက်ခွာခြင်း ကျန်ရစ်ခြင်းနဲ့ ဆိုက်ရောက်ခြင်းများ ♥
ထွက်ခွာခြင်း ကျန်ရစ်ခြင်းနဲ့ ဆိုက်ရောက်ခြင်းများ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်မှာ ဆုံကြဖို့ messenger ထဲကနေပြီး နှင်းခါးမိုးကလှမ်းချိတ်လာတယ်။ထုံးစံအ
တိုင်း နွေလယ်နေလည်းပါမယ်ပေါ့။
ဒီလိုနဲ့ August, 5 ရက်နေ့ရောက်တော့
သွားမယ့်အစီအစဉ် ကိုစဉ်းစားရတယ်။
ရန်ကုန်မြို့ ထဲအရာက်အပေါက်က
နည်းလေတော့YBS လည်းမစီးတတ်။
ပါရမီဘူတာကပဲ ရထားစီးသွားဖို့ ဆုံးဖြတ်
ရတယ်။ ဒီလိုနဲ့ ၁၂ နာရီဝန်းကျင် ဘူတာကိုရောက်လာပြီး ၁၂:၂၈ ဆိုက်မယ့်
ရထားကိုစောင့်ရတယ်။ရထားက ၁၂နာရီ
ခွဲပြီးတာတောင်ရောက်မလာ။ သွားရမယ့်
BookPlazaကလမ်းမတော်သံဈေးမှာဆို
တော့ဘုရားလမ်းဘူတာဆင်းပြီး
လမ်းလျှောက်သွားရတော့မှာပေါ့။
နေရာတကာ ဘတ်စ်ကားလည်းအားမကိုးချင်။သံဈေးဆိုတာလည်းဇနီးသည်ရှိစဉ်ကလုပ်ငန်းသုံးကုန်ပစ္စည်းဝယ်ရင်းမကြာခဏရောက်နေကျ။
ခုတော့လည်းသံဈေးမရောက်တာ နှစ်နဲ့ချီ
နေခဲ့ပြီ။ နဂိုရ်ဈေးရုံကြီးနေရာမှာအထပ်မြင့်
အဆောက်အဦဖြစ်နေခဲ့လေတော့အမှတ်အသားတွေလည်းမမှတ်မိတော့။ဟိုမေးဒီ
မေးနဲ့ပဲ Book Plaza ရှိရာ ၅ ထပ်ကိုဓာတ်
လှေခါးနဲ့တက်လာခဲ့တယ်။ ရှင်လူရောက်တော့အခမ်းအနားကစနေပြီ။နောက်ကျနေတော့ဝေတဲ့စာအုပ်လည်းမရတော့။ နှစ်ချို့သူငယ်ချင်းကြီး ကိုစန်းလှိုင်
နဲ့ပန်းချီဆရာကျော်စွာတို့နှစ်ယောက်စာအုပ် ဆိုင်တဆိုင်ရှေ့မှာထိုင်နေတာတွေ့လို့
ဝင်နှုတ်ဆက်ရင်း ဗိုက်ဆာလာတာနဲ့
``ဘာကြွေးလဲ´´မေးလိုက်တော့ ကိုစန်းလှိုင်က``အိမ်မှာလုပ်တုန်းကလို
ထမင်းတော့မကြွေးဘူး၊ လာ ကော်ဖီဆိုင်သွားကြတာပေါ့´´ဆိုပြီး
ကော်ဖီဆိုင်ဆီခေါ်တာနဲ့ လိုက်သွားပြီး
ညှပ်ခေါက်ဆွဲသုတ်တပွဲနဲ့ကော်ဖီတခွက်တီးလိုက်တယ်။စားသောက်နေတုန်း
အောင်ဒင်ရောက်လာတော့ ကိုစန်းလှိုင်
လက်ညိုးညွှန်လို့ အောင်ဒင်ကြီး ရှင်လူ့ကို
မြင်သွားတယ်။ အနားကပ်လာပြီး ``အကို
ဘာလိုအပ်လဲ´´ မေးလို့ မလိုပါဘူး ဒီမှာစားနေပြီလို့။စားသောက်ပြီးဟိုဟိုဒီဒီ
လျှောက်ကြည့်ရင်းသီချင်းရေးတဲ့ KZ(ဇော်သန်းထွဋ်)နဲ့ဆုံတော့ KZ က
``အမှတ်တရစာအုပ်ထဲမှာ ဆရာနဲ့ ရွှေဘုန်း
ကျနော့အိမ်လာခဲ့တဲ့အကြောင်းလေး
ကျနော်ရေးထားတယ်´´ဆိုပြီးနှုတ်ဆက်တယ်။ နှင်းခါးမိုးနဲ့ နွေလယ်နေတို့ အခမ်းအနားနောက်နားကခုံမှာထိုင်နေတာတွေ့လိုက်တယ်။သူတို့နားဝင်ထိုင်မလို့  လုပ်တုန်းနန်းနွယ်(Ahla Thit Art Gallery)
နဲ့တွေ့ တာနဲ့ အပြန်အလှန်လက်ပြွနှုတ်ဆက်ကြပေါ့။ခဏနေတော့သက်ဦး
ရောက်လာတယ်။သက်ဦးကတော့သူ့ပုံစံအတိုင်းစပ်ဖြဲဖြဲနောက်နောက်ပြောင်ပြောင်ပေါ့ ။ Stage ပေါ်က ကဗျာရွတ်ကြ အမှတ်တရပြောကြတာတွေ ခဏ နားထောင်ပြီး အပေါ့အပါးသွားဖို့ထလာ
တော့ခရမ်းပြာဝမ်းဆက်နဲ့အမျိုးသမီးတ
ယောက်က ``အကို့ကိုအစောကြီးကတည်းက
လိုက်ရှာနေတာ ခုမှတွေ့တယ် ´´တဲ့။
ဗုဒ္ဓေါ..၊ စာပေအသိုင်အဝိုင်းထဲမှာ အရောက်အပေါက်နည်းလှတဲ့ရှင်လူ့ကို
အဘယ် စာရေးဆရာမကများ သိနေသလဲ
ဆိုပြီးခေါင်းစားသွားရဲ့။ကိုအောင်ဒင်ကို
တောင်စောစောကမေးနေသေးတာ၊ဦးရှင်လူကိုတွေ့ချင်လို့ဆိုတော့သူကလည်းမတွေ့
ရ သေးဘူးတဲ့။ အမျိုးသမီးဘေးကကပ်ပါလာတဲ့
အသက်၃၀ ဝန်းကျင်ကလေးမလေး
ရွှေနန်းဆက်ကိုတွေ့မှ
ရှင်လူ့ memo တွေအသက်ပြန်ဝင်လာ
တယ်။ မြ သန်း ရင်...။လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀ ဝန်းကျင် ၈ လေးလုံးကာလ တုန်းက
မြသန်းရင်တယောက် ခရမ်းကနေပြီး
ရန်ကုန်တက်လာရင်းဇေယျာမှိုင်းနေ
ထိုင်ရာ
တောင်ဥက္ကလာ၎ရပ်ကွက်ကအိမ်မှာ
သောင်တင်ခိုက်ဇေယျာမှိုင်းနဲ့ ရေစက်ဆုံ
ခဲ့ရတယ်။သူတို့ မင်္ဂလာဆောင်ဖို့ လုပ်တော့
ဇေယျာမှိုင်းက``ကျနော့ဘက်ကအမျိုးတွေ
ကသိတ်မကြေနပ်ကြဘူး ၊ဒါကြောင့်မင်္ဂလာ
ဆောင်ကိုအကိုအဖော်လိုက်ခဲ့ပေးပါ´´ဆိုတာနဲ့  မြသန်းရင်တို့ရွာ ၊ ခရမ်းမြို့နယ်၊
ညောင်ကုန်းကျေးရွာကို ရှင်လူလိုက်ပါခဲ့ဖူး
တယ်။
ခုမြသန်းရင်ကိုတွေ့တော့ ချက်ချင်း ရှင်လူ
မမှတ်မိ။ သူနဲ့ကပ်ပါလာတဲ့သမီးဖြစ်သူ
ရွှေနန်းဆက်ကြောင့်သာ သူ့ကိုမြသန်းရင်
မှန်းသိတော့တယ်။မတွေ့ရတဲ့နှစ်တွေက
ကြာခဲ့ပြီလေ။ရွှေနန်းဆက်ကိုလည်းလသားအရွယ်လောက်ကသာအပြင်မှာတွေ့ဖူးခဲ့တာ။ ကြုံကြိုက်ချင်တော့ နှစ်နှစ်နီးပါးတော့
ရှိလောက်ထင်ရဲ့ ဇေယျာမှိုင်းကွယ်လွန်တဲ့
သတင်းကိုအတော်နောက်ကျပြီးမှသိရတဲ့အကြောင်းfbမှာရှင်လူရေးတင်လိုက်တာကို
ရွှေနန်းဆက်ဆိုတဲ့ acc တခုက like ,share
လုပ်ပြီးဇေယျာမှိုင်းဟာ သူ့ဖခင်ဖြစ်ကြောင်း
ပြန်ရေးထားတာတွေ့ရတယ်။ဒီတော့မှ
ရွှေနန်းဆက်ဟာ ကွယ်လွန်သူ ညီကဗျာ
ဆရာ ဇေယျာမှိုင်းသမီးဖြစ်ကြောင်းသိရတယ်။
သူ့wall ပေါ်က သူ့ဓာတ်ပုံတွေနဲ့လည်း
ရင်းနှီးခဲ့ရတယ်။အဲ့ဒီအချိန်ကသူတို့စုပေါင်း
ထုတ်ထားတဲ့ ကဗျာစာအုပ်အဖုံးပုံကလေး
ကိုလည်း messenger ကနေရွှေနန်းဆက်
ပို့ပေးလို့သိရတယ်။သူ့အဖေကို ကဗျာတွေ
ရေးပြီးတမ်းတနေတဲ့ ကောင်မလေး။
ခုတော့ဘကကျောင်းမှာဆရာမလုပ်နေတာတောင် ၆ နှစ်ရှိပြီ တဲ့။သူကသူ့အဖေကိုကဗျာနဲ့တမ်းတနေတာ
တွေ့ရတော့ ရှင်လူက ဇေယျာမှိုင်းရေးခဲ့တဲ့
``သမီးကောင်း´´ဆိုတဲ့ကဗျာလေးကိုသတိရတယ်။ရွှေနန်းဆက်လေးမွေးခါစ အရွယ်၊ရှင်လူ့မိတ်ဆွေ (ကွယ်လွန်သူ)
အောင်လင်းလက်(ဥက္ကလာ)
``ပန်းဝတ်ရည်´´ကလေးဂျာနယ်ထုတ်
တော့ ရှင်လူက ဇေယျာမှိုင်းဆီ ကဗျာတပုဒ်
တောင်းတယ်။ဇေယျာမှိုင်းက ရွှေနန်းဆက်
ဖြစ်လာမယ့်သမီးငယ်လေးကို ရည်ရွယ်ပြီး
``သမီးကောင်း´´ဆိုတဲ့ကဗျာလေးရေးပေး
လို့ ပန်းဝတ်ရည် ကလေးဂျာနယ်မှာထည့်ပေးခဲ့ဖူးတယ်။
ခု ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း
မြသန်းရင်တို့သားအမိမျက်ရည်ဝဲကြတယ်။
ရှင်လူလည်း နှင်းခါးမိုးနဲ့ နွေလယ်နေကို
ခေါ်ပြီးရွှေနန်းဆက်တို့သားအမိနဲ့မိတ်ဆက်ပေးရတယ်။ သူတို့ကလည်း fb ပေါ်မှာ
ရှင်လူရေးခဲ့တာတွေသိပြီးသားမို့ ဇေယျာမှိုင်းသမီး ရွှေနန်းဆက်လို့ပြောလိုက်တာနဲ့သိတယ်။

Sunday, August 6, 2017
ဒီနေ့တာရာမင်းဝေ၁၀နှစ်ပြည့်အမှတ်တရ အခမ်းအနားမှာအမှတ်တရစာရေးဖို့ နေနေသာသာ လက်မှတ်ကလေးတောင်မထိုးခဲ့မိဘူး။ သူများတကာတွေ ကဗျာရွတ်ကြ၊အမှတ်တရတွေပြောနေတာလည်း
ဒီနေ့တာရာမင်းဝေ၁၀နှစ်ပြည့်အမှတ်တရ
အခမ်းအနားမှာအမှတ်တရစာရေးဖို့
နေနေသာသာ လက်မှတ်ကလေးတောင်မထိုးခဲ့မိဘူး။
သူများတကာတွေ ကဗျာရွတ်ကြ၊အမှတ်တရတွေပြောနေတာလည်း ဘာမှ ရေရေရာရာ အာရုံမမိခဲ့။
အဲ တခုတော့ရှိတယ် လွန်ခဲ့တဲ့ ၂ နှစ်
ဒီလိုနေ့မှာအမှတ်တရ ကိုယ်တိုင်ရေးပြီး
fb တင်ခဲ့တဲ့ memo ကဗျာပဲ ရင်ထဲအပ်ကြောင်းထပ်နေတယ်။
ဟုတ်တယ် ပထမပိုင်းအစီအစဉ်ပြီးရုံလေးကို...
မှတ်တေးထားခဲ့တာ....

ပထမပိုင်းအစီအစဉ်ပြီးပါပြီ ။
~~~~~~~~~~~~~~~
ရွှေဘုန်းလူ ရေ...
ချစ်ညီရေ...
အငယ်လေး ရေ...
ငါတို့က စကားလုံး အမြှောက်တွေ ...
စကားလုံး ကျည်ဆန်တွေနဲ့
စကားလုံးလှံစွပ်တွေ ကိုယ်စီတပ်ဆင်ပြီး
ကျားတက်ထိုးခဲ့ကြ ၊
ခု~ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး ဗျူဟာကုန်းကို
စကားလုံးတွေနဲ့ သိမ်းပိုက်..
အဲဒီ စကားလုံးတွေနဲ့ပဲ
ခွပ်ဒေါင်း အလံစိုက် ခဲ့ပြီ ။ ။
ညိုမြသွေး
story#observation#shinlhu
Thursday, August 3, 2017
လက်စုပ်ခြင်းအနုပညာ ✌ ✌ ✌
လက်စုပ်ခြင်းအနုပညာ
✌ ✌ ✌ ✌ ✌ ✌ ✌ ✌
သင်ဟာ အစားအစာတခုကိုစားနေပါသလား၊
ခရင်းမ်ပေါင်မုန့် ဖြစ်စေ အခြားသော စားဖွယ်တခုခုကိုဖြစ်စေ စားတဲ့အခါ မှာ သင့်လက်
ချောင်းများမှာ ပေကျံမှုနဲ့ မလွဲမသွေ တွေ့ကြုံရမှာဖြစ်ပါတယ်။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါးသေလောက်ဆီပြန် ၊
ပဲကြီးနှပ် ၊ ဒါမှမဟုတ်ဝက်သားနီချက်နဲ့ တာလပေါဟင်း၊ငါးပိရည် ဖျော် တညင်းသီး
စသဖြင့်ပေါ့လေ၊ သင့် လက်ငါးချောင်းစလုံးနှင့် နယ်ဖတ်စားပြီးသကာလ ၊ သင့်လက်ချောင်းများမှာ ဟင်းအမယ်မယ်တို့မှ ချိုချဉ်ငံစပ် ခါးတို့ ရဲ့ ပဒေသာရသအဖြာဖြာတို့
စီးကပ်ပေကျံနေလိမ့်မယ်။ အဲဒီ နောက်ဆုံး အပြီးသတ်အချိန်လေးမှာ စိတ်ရှည်လက်ရှည်ထားပြီး သင့်လက်ချောင်းကလေးများကို တချောင်းစီ ပြောင်စင်အောင်စုပ်ပါ။ ဘေးလူမြင်ရင်ကဲ့ရဲ့ကောင်းကဲ့ရဲ့ ခံရနိုင်ပေမယ့် ထိုသူကိုယ်တိုင် လူမမြင်ကွယ်ရာများမှာ လက်စုပ်တဲ့အကျင့်ရှိနေနိုင်တာကိုသတိပြုပါ။
ရှင်လူ့သူငယ်ချင်းတွေထဲကဆိုရင် လက်စုပ်ကျွမ်းကျင် အဆင့် ၁ ရှိသူမှာ ကဗျာဆရာနွေလယ်နေဖြစ်ပါတယ်။ နွေလယ်နေတို့ လက်စုပ်ပုံက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကပင် ထင်ရှားပါတယ်။အဲ့တုန်းက လမ်းဘေးအရက်ဆိုင်ကလေးတွေမှာ ထိုင်တိုင်း
လက်ဖက်တပွဲဆိုပြီး မှာလိုက်ရင် ဘုရားဆွမ်းတော်ကပ်တဲ့ ပန်းကန်လောက် ပန်းကန်အသေးစားလေးနဲ့ တန်ဖိုးနည်းလက်ဖက်ဆီစိမ်တပွဲချပေးပါလိမ့်မယ်။ သဘောကောင်းတဲ့ အမြည်းဆိုင်ဆိုရင် ပန်းကန်ဘေးမှာ မြေပဲကြော်လေး ဆယ်လုံး ဆယ့်ငါးလုံးလောက်စီထည့်ထားပေးပါလိမ့်မယ်။ ထားပါတော့ ..
ကြော်ငြာဝင်တာများသွားတယ်။ အဲဒါမျိုးကို
နွေလယ်နေရှေ့ရောက်လာလို့ကတော့ ပန်းကန်လေးကို စားပွဲပုကလေးပေါ်ကသူ့ရှေ့နားတည့်တည့်ရောက်လာအောင် ချိန်သားကိုက်ရွှေ့ယူပါလိမ့်မယ်။ ပြီးရင် မြေပဲတလုံးတလေ ကောက်မြည်းရင်မြည်းပါလိမ့်မယ်၊ အဲ ပြီးရင်တော့ လက်ဖက်ဆီစိမ်ကလေးကိုသူ့ရည်းစားလိုတယုတယ လက်ညိုးလေးနဲ့ တို့တို့ပြီး သူးပါးစပ်ပေါက်ချွန်ချွန်ကလေးနဲ့ ပြွတ်ခနဲ စုပ်ပါလိမ့်မယ်။ ဒါလောက်ပဲလားတဲ့ .မဟုတ်သေးပါ တခါတခါ မှာ လက်ညှိုးကိုအနားပေးပြီး လက်သန်းကလေးနဲ့ပြောင်းတို့ပြီး ရက်သားကလေးငယ်လေး ဘိုချိုစို့သလို စို့ရှာပါတယ်။ ရှင်လူ ဒီအကြောင်းရေးပြနေတာ ခင်ဗျားတို့ကို ဖုန်းဘီလ်အကုန်ခံ၊အချိန်ကုန်ခံပြီး အလကားရေးပြနေတာမဟုတ်ပါ။ရှင်လူတို့နိုင်ငံမှာ ရသစာပေပိတ်သတ်အားနည်းနေတာ လူတိုင်းအသိပါ။ လူတွေခမျာ တနေ့တနေ့ စားဝတ်နေရေးဒုက္ခတွေနဲ့နပမ်းလုံးနေရတာတကြောင်း ရန်သူမျိုးငါးပါးဘေးကလည်းမကြာခဏကြုံကြရတာတကြောင်းစတဲ့အကြောင်းများကြောင့် ရသစာပေဘက်ကိုသိတ်မလှည့်နိုင်ကြတော့ပါ။ဒါကြောင့်ရှင်လူကစေတနာရှေ့ထားပြီး ရသခံစားမှုများပျောက်ဆုံးမသွားရအောင် ဒီ ✌ လက်စုပ်ခြင်းအနုပညာ✌ ကိုတင်ဆက်ပေးလိုက်ရပါတယ်။
အားလုံးဝေမျှခံစားနိုင်ကြပါစေ...
ဗိုလ်စုပ်မူးကြီး ရှင်လူ
6:68PM
Thu,4 Aug 2016

ရှင်လူတြိဂံရဲ့ အနားတဖက် ♥ ♥
ရှင်လူတြိဂံရဲ့ အနားတဖက်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရှင်လူစီးကရက်ဗူးကုန်နေလို့
ထွက်ဝယ်တော့
ဖွေးဖွေးသိမ့်ကသူလည်းလိုက်မယ်တဲ့။
ဦးထုပ်ဆောင်းဖိနပ်စီးပြီး လိုက်လာခဲ့တယ်။ဆိုင်ရောက်လို့
သမီးဘာစားမလဲဆိုတော့ တထောင်တန်
ကိတ်မုန့် ကြီးကောက်ကိုင်ကရော။ ကျန်တဲ့မုန့်အသေးတွေနဲ့ပြန်လဲပေးလို့မရ
တော့ဘူး။ဒါကြီးကိုလက်ကမချတော့။
အိမ်ရောက်တော့ အလုံးလိုက်ကိုက်စားတယ်။သူ့အမေက
လှီးပေးဖို့လုပ်တော့ ငိုကရော။
``ကဲ..သူကြိုက်သလို စားပါစေလေ´´ ရှင်လူလည်း ဗိုက်ကင်း(ပင်လယ်ဓားပြ)
တွေစားပုံမျိုးကို သဘောကျတာ၊ကြက်ဆင်သားပေါင်
အကြီးကြီးကိုတဖက်ကကိုင်ပြီးကိုက်၊
ဘီယာကိုပုံးလိုက်ကိုင်ပြီးရင်ပပ်ပေါ်ဖိတ်ကျလာတဲ့အထိ အားရပါးရသောက်တာ...
သူ့အမေက ``ဦးလေးလုပ်တာ ပျက်စီး
မယ်´´တဲ့။ မပျက်စီးပါဘူး၊သူ့အရွယ်နဲ့သူ
သိလာပါလိမ့်မယ်။ဖွေးကဥာဏ်ကောင်းပါတယ်...

Subscribe to:
Posts (Atom)