ဖွေးဖွေးသိမ့် ရဲ့ ငွေစာရင်းရှင်းတမ်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^)
သောကြာနေ့ညကရှင်လူအလုပ်ထဲရောက်နေတုန်း
ဖွေးဖွေးသိမ့်ဆီက ဖုန်းဝင်လာတယ်။``ရှင်ယူ ..ရှင်ယူ့ပိုက်ဆံ တထောင်နဲ့ဒူးရင်းသီး ဝယ်စားတယ်´´
ဗုဒ္ဓေါ...ဖွေးက ဖုန်းထဲက သူ့ထုံးစံအတိုင်း
အသံကုန်အော်ပြောနေလို့မနည်းနားထောင်နေရတယ်။ဒီလ ၉ ရက်ညကစပြီး ရှင်လူကြီးညစောင့်
အလုပ်ဝင်ကတည်းက ရှင်လူ့ အိမ်ကလုပ်ငန်း အရောင်းအဝယ်ကိစ္စကို
ဖွေးတို့သားအမိနဲ့လွှဲထားခဲ့ရတယ်။မလွှဲလို့မဖြစ်။ ရှင်လူ့ အရောင်းသမားက ပုံမှန်လို ည ၁၀နာရီလောက်မှပစ္စည်းအဟောင်းပေး အသစ်ယူငွေစာရင်းရှင်း လုပ်နေကျ။ ရှင်လူ ညပိုင်းအလုပ်ဝင်လုပ်နေတော့သူနဲ့ဘယ်လိုမှဆုံလို့
မဖြစ်တော့။ဒီတော့ဖွေးတို့သားအမိကိုပဲတာဝန်လွှဲခဲ့ရ
ပေါ့။သူတို့သားအမိကိုကော်ဖီဝယ်တိုက်၊မုန့်ဝယ်ကြွေးတနေ့ချင်းရတဲ့ဝင်ငွေပေါ်မူတည်ပြီး ငါးရာ တထောင်မုန့်ဖိုးပေးရတယ်။
အဲဒါစလွှဲလွှဲချင်းဖွေးအမေမလှိုင်ကပစ္စည်းကိစ္စငွေကိစ္စ
မေးရင်အင်းအဲဖြစ်နေတယ်။ဒီအချိန်မှာ ဖွေးကကြားဝင်ပြီးအရောင်းသမားပေးခဲ့တဲ့ပစ္စည်း
ဟောင်းတွေကိုသောက်ရေအိုးစင်
အောက်ကယူပေးတယ်။လုပ်ငန်းကိစ္စမှန်သမျှ ဖွေးကပိုနပ်တယ်။ ဒါနဲ့ နောက်ပိုင်း ရှင်လူ့အရောင်းအဝယ်ကိစ္စဖွေးကိုပဲအပ်တော့တယ်။မနက် ရှင်လူအိမ်ပြန်ရောက်လို့
စာရင်းရှင်းတဲ့ခါနည်းရင်ငါးရာများရင်တထောင်ဖွေးကိုဝန်ဆောင်ခပေးရတယ်။ဖွေးအတွက်ငါးရာတန်အသစ်ကလေးတွေလည်းဖယ်ထားရတယ်။ဒါတောင်ဖွေးက ငါးရာပေးလိုက်ရင်``ထပ်ပေးအုံး´´လုပ်တတ်လို့တရာ
နှစ်ရာစသဖြင့်အဆင်သင့်သလိုထပ်ပေးရသေးတယ်။ခုလည်း``ရှင်ယူ့ပိုက်ဆံတထောင်နဲ့ဒူးရင်းသီးဝယ်စားတယ်´´တဲ့။အဲဒါမနက်ဘက်အလုပ်ကအိမ်ပြန်
ရောက်မှ ဇာတ်ရည်လည်တယ်။ ရှင်လူ့ အရောင်းသမားကရောင်းရငွေခြောက်ထောင် ဖွေးကိုပေးထားခဲတယ်။
အဲ့ဒီအချိန် ဖွေးအဖွားဈေးကပြန်လာတော့
ခြင်းထဲက ဒူးရင်းသီးကို ဖွေးမြင်ရော။
ခွဲခိုင်းပါလေရော။သူ့အဖွားကမခွဲချင်သေးလို့``မမှည့်
သေးဘူး၊အစိမ်းကြီးရှိသေးတယ်´´ဆိုတော့ဖွေးကပိုက်ဆံတထောင်ပေးမယ်ခုခွဲပေးဆိုပြီးပြဿနာလုပ်တယ်။အဲဒါသူ့အဖွားက``အဲဒီပိုက်ဆံက နင့်ပိုက်ဆံမှမဟုတ်ပဲ၊ရှင်လူ့ပိုက်ဆံတွေ´´ဆိုတော့။
``ရှင်ယူက သုံး´´လို့ပြောထားတယ် တဲ့။
ဒီလိုနဲ့ ရှင်လူကြီး စာရင်းရှင်းတော့ဖွေးက
ရှင်လူ့ကိုငါးထောင်တန်တရွက်ပဲလာပေးတယ်။ကဲဗျာ..ဖွေးဖွေးသိမ့်တယောက်
လာမယ့် အောက်တိုဘာမှ သုံးနှစ်ပြည့်မှာ။
ဘောဂဗေဒ ကတော့ အပိုင်ပဲ။
story#observation#shinlhu
No comments:
Post a Comment