ပစ်လိုက်ရင် ပပ် ပပ်နဲ့
ကပ်တဲ့ဥစ္စာလေးလေ.....
♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေ့လုပ်ငန်းသုံးပစ္စည်းဝယ်ဖို့ရန်ကုန်မြို့ထဲရောက်ခဲ့တယ်။တောင်ဥက္ကလာကေတုမာလာကွေ့မှတ်တိုင်က အမှတ် ၈၇YBS ဘတ်စ် စီးခဲ့တယ်။ ထွေထွေထူးထူးတော့
မပြောလိုတော့ပါဘူး။တွေးမိတာလေး
ပြောရရင်တော့အစိုးရဆိုတာတချို့ကိစ္စ
တွေကိုလုပ်ချင်လုပ်လို့ရပြီး၊
မလုပ်ချင်လည်း မလုပ်ပဲနေလို့ရတယ်။ဒါကြောင့်
အစိုးရလို့ပြောတာ။ပဋ္ဌာန်းဒေသနာတော်
အရတော့ဣန္ဒြိယပစ္စည်းပေါ့။သူတို့ဘာ
တွေမှာအစိုးရ သလဲဆိုတာ ရှင်လူတို့က
ဘဝနဲ့ရင်းပြီး မြည်းစမ်းရတာကိုး။
မြို့ထဲရောက်တော့ မစားဖြစ်တာကြာပြီ
ဖြစ်တဲ့၃၇လမ်းက``ကျော်ကြီး´´ထမင်း
ပေါင်းဝင်စားလိုက်တယ်။အရသာကတော့အရင်အတိုင်းပါပဲ ဈေးနှုန်းကတော့ တပွဲ
၁၂၀၀ ကျပ်ဖြစ်နေပြီ။ထမင်းစားပြီး တိုလီမိုလီတခု၆၀၀ကျပ်နဲ့ပုံရောင်းနေတဲ့
ပစ္စည်းလေးတွေကြည့်ရင်းလေးနဲ့မြားလေး
တွေတွေ့တော့တလောတုန်းကဖွေးဖွေးသိမ်ပူဆာ့ခဲ့တာသွားသတိရတယ်။``ရှင်ယူရေပစ်လိုက်ရင် ပပ် ပပ်နဲ့ကပ်တဲ့ဟာလေး
ဝယ်ပေး´´ဆိုတာ ။ဘယ်သူကိုင်တာသူ
တွေ့လာမှန်းမသိ။အခေါ်အဝေါ်ဘယ်လို
ခေါ်မှန်းတောင်သူမသိ။ဒါပေမယ့် သူလိုတာကိုပုံဖော်ပြောဆိုတဲ့ပညာတော့သူ့မှာပါလာတယ်။ဒါကြောင့်ပဲ ပစ္စည်းပုံထဲကလေးနဲ့မြားကစားစရာလေးကိုမြင်တော့ ဖွေးပူဆာတာဒါပဲဆိုတာရှင်လူကြီးတန်းမှတ်မိတယ်။တစုံဝယ်ခဲ့တယ်။မြားတံမှာစုပ်ခွက်လေးတွေပါတော့ ပစ်လိုက်ရင် ပပ် ပပ်နဲ့ ကပ်တဲ့ဥစ္စာလေးလေ.....
story#observation#shinlhu
No comments:
Post a Comment