Wednesday, August 23, 2017

နာရီသွားလမ်း​ပေါ်က အတိတ်​​လေ တဲ့လား ♥

နာရီသွားလမ်း​ပေါ်က အတိတ်​​လေ တဲ့လား
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ မ​နေ့ညက အလုပ်​ထဲ​ရောက်​​နေတုန်း
ကိုမြင့်​​မော်​(​စေတ)ဖုန်းဆက်​တယ်​။လတ်​တ​လောထွက်​တဲ့ သူ့ရဲ့ Memo စာအုပ်
``နာရီသွားလမ်း​ပေါ်က အတိတ်​​လေ´´
လက်​​ဆောင်​​ပေးဖို့။ သူကလည်း ​မြေး
အိုဘာမား ကိုမနက်​​ကျောင်းပို့ရမှာဆို​တော့
၉ နာရီ​လောက်​မှအား​လေ့ရှိတယ်​၊ ရှင်​လူကလည်း မနက်​ ၇ နာရီ အလုပ်​က
စက်​ဘီးနဲ့ အိပ်​ပြန်​​လေ့ရှိ​တော့ အချိန်​က
ကြားမှာ gap ဖြစ်​​နေတယ်​။နှစ်​​ယောက်​သား
ညှိရင်း သူက​မြေးတာဝန်​သမားမို့ သူ့ကိုပဲဦးစား​ပေးပြီး မနက်​၉နာရီ မှာ
သူ့အိမ်​နဲ့ ရှင်​လူ့အလုပ်​ခွင်​ရဲ့ကြားက
Mr.​မောက်​လက်​ဖက်​ရည်​ဆိုင်​မှာချိန်းလိုက်​တယ်။ အလုပ်ထဲကpartner ဦးစိုးမင်းကို
လည်းတခါတ​လေ ဧည့်​ဝတ်​ပြုချင်​တာနဲ့
၈နာရီ​လောက်​မှာလက်​ဖက်​ရည်​အတူ
သောက်​ရ​အောင်​ဆိုပြီး​ခေါ်ထုတ်​လာခဲ့တယ်​။စက်​ဘီးတစီးစီနဲ့Mr.​မောက်​​ရှေ့အ
ရောက် ခပ်လှမ်းလှမ်းမှာေ​ကျာခိုင်းေ​​​လျှာက်
ေ​နတဲ့ ကိုမြင့်​​မော်​ကို​တွေ့လို့ သူ့နားအထိစက်​ဘီးနဲ့လိုက်​သွားပြီး​တွေ့လိုက်​​တော့ဒီ​နေ့အဆင်​​ပြေသွားတယ်​။သူ့စာအုပ်​လက်​မှတ်​ထိုးပြီး ​ပေး​လိုက်​​တော့
၉နာရီတိုင်​​အောင်​ထိုင်​​စောင့်​စရာမလို​တော့ဘူး။နှင်းခါးမိုးအတွက်​ပါယူထားနိုင်​မလားဆိုလို့ယူထားလိုက်​တယ်။ ပြီး​တော့
partner ဦးစိုးမင်းနဲ့အတူ Mr.​မောက်​မှာ
Breakfast စား ၊စက်​ဘီးတစီးစီနဲ့ သူ့အိမ်
ကိုယ့်​အိမ်​ အသီးသီးပြနိခဲ့ကြ။ ၉နာရီ မတိုင်​ခင်​​လေး အိမ်​ပြန်​​ရောက်​တယ်​​လေ။
story#observation#shinlhu

No comments:

Post a Comment