Saturday, August 19, 2017

သင်​ရိုးအလွတ်​ကျက်​နိုင်​ငံ​ရေးသမားများ အလိုမရှိ ✏ ✏ ✏

သင်​ရိုးအလွတ်​ကျက်​နိုင်​ငံ​ရေးသမားများ
အလိုမရှိ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
လွှတ်တော်ထဲမှာ​ရှုံးနိမ့်ခဲ့တဲ့H1N1 အဆို နဲ့
ပတ်​သက်​ပြီး မ​ကြေမနပ်​ဖြစ်​​နေတဲ့ အင်​တာဗျူးတခု fb ​ပေါ်ပြန်​တင်​ရာမှာ
NLD လူအားများလို့ မဲအသာနဲ့ တဖက်​ပါတီအ​ပေါ် အနိုင်​ကျင့်​တယ်​ဆိုတဲ့
comment ​တွေလည်း​တွေ့ရပြီး၊ တချို့လည်း
ခပ်​ရိုင်းရိုင်းဝင်​မန့်​တာ​တွေလည်း​တွေ့ရပါတယ်​။ မူရင်းအဗျူးခံရတဲ့ ပါတီ​တခုက
အေ​ထွ​​ထွေအတွင်း​​ရေးမှူးဆိုသူဟာ
ရှင်​လူနဲ့ပုဂ္ဂိုလ်​​ရေးအရရင်းနှီးသူဖြစ်​ပါ
တယ် ။ ရှစ်​​လေးလုံးဒီမိုက​ရေစီအ​ရေး​တော်​ပုံ
ကာလတုန်းက က​လေးအရွယ်​သာရှိ​သေးတဲ့ အဲဒီပုဂ္ဂိုလ်
ဟာ ဒီ​နေ့မှာ​တော့ ပါတီတခုရဲ့ အ​ထွေ​ထွေ
အတွင်း​ရေးမှူးဖြစ်​​နေပါပြီ။ဒါ​တွေဟာရှင်​လူ
တို့​ရှစ်​​လေးလုံးကာလက​မျှော်​မှန်းခဲ့တဲ့အနာဂတ်​ဖြစ်​ပါတယ်။ အ​​ဟောင်း​အ​ဟောင်း
တွေ​နေရာမှာ အသစ်အသစ်​တွနဲ့  အစား
ထိုးရမှာ နိယာမဖြစ်​ပါတယ်​။သူက စာဖတ်​လည်းနာသူဖြစ်​​တော့ သူ့ကို
ရှင်​လူ ထိုက်​သင့်​သ​လောက်​​မျှော်​လင့်​ချက်
ရှိပါတယ်​။သူလုပ်​တာ​ပြောတာ​လေး​တွေ
လည်းကြုံရင်​ကြုံသလိုသတိထားကြည့်​မိပါတယ်။ အရင် သန်းေ​​ခါင်စာရင်းကိစ္စတုန်း
ကလည်း အမျိုးသား​ရေးအမြင်​ရှု​ထောင့်
က​နေပြီး သူမ​ကြေနပ်​​ကြောင်း​ဖော်​ပြတာ
တွေ့ရပါတယ်​။ရှင်​လူဘာမှမ​ပြောပဲ ကြည့်​​နေခဲ့ပါတယ်​။ ခုတခါ H1N1 ကိစ္စပါထပ်​ပြီး မ​ကြေနပ်​သံထွက်​လာ​တော့
ရှင်​လူ့မှာ အမြင်​တခု ရလာပါတယ်​။
သူ့ အင်​တာဗျူး​အောက်​မှာဝင်​​ရေးလိုက်​ရင်
မလိုလားအပ်တဲ့ဇယား​​တွေရှုပ်​လာနိုင်​တာ
တ​ကြောင်း သူ့ကိုလည်း ပုဂ္ဂိုလ်​ ​ရေးအရ
ပုဂ္ဂလဓိဋ္ဌာန်​မ​ဝေဖန်​ချင်​တာ တ​ကြောင်း
ကြောင့်​ သီးခြား အမြင်​စာတမ်းတ​စောင်
အ​နေနဲ့သာ​ရေးလိုက်​ရပါတယ်​။
အမှန်​​တော့ ဒီ​နေ့ နိုင်​ငံ​တော်​မှာ လုပ်​စရာ
ကိုင်​စရာ issue ​တွေကအများကြီးပါ။
ထက်​ထက်​မြက်​မြက်​ လူငယ်​လူရွယ်​နိုင်​ငံ​ရေးသမား​တွေ ကိုင်​တွယ်​​ဖြေရှင်းစရာ သမိုင်း​ကြွေး​တွေ
အများကြီးရှိ​နေပါတယ်​။ပမာအားဖြင့်
နိုင်​ငံရဲ့ စီးပွား​ရေး၊ ပညာ​ရေး၊လူမှု​ရေး၊
ငြိမ်းချမ်း​ရေးဖြစ်​စဉ်​၊ ခုသူဝင်​​ပြောတဲ့ ကျန်းမာ​ရေးဖြစ်​စဉ်​စသဖြင့်​​ပေါ့ဗျာ။
ခု သူ​ပြောသလို H1N1က ကူးစက်​​ရောဂါ
ကပ်​ဆိုးကြီးတခုသာဖြစ်​လာခဲ့ရင်​ အဆိုရှင်​ကို မဲအများစုအသာနဲ့အနိုင်​ရလာတဲ့
NLD အားလုံးလွှတ်​​တော်​ထဲက ​ခြေ​ထောက်​နဲ့​တောင်​ပြန်​ထွက်​ရမှာမဟုတ်​ပါဘူး။ဒီမိုက​ရေစီ​ဘောင်​တခုထဲကနိုင်​ငံ
ံ​ရေးသမားဆိုတာမဲ​ပေးတာကအစ ​ခေါင်းနဲ့ရင်းရတာချည်းပါပဲ။ အခုအင်​တာဗျူးတဲ့ပါတီအ​ထွေ​ထွေ
အတွင်း​ရေးမှူး​လေးလည်းသူလုပ်​သမျှ ​ပြောသမျှဟာ ​ခေါင်းနဲ့ရင်းရတာပါ။အရင်​လို
အ​ဖေကြီး​တွေ အ​မေကြီး​တွေရင်​အုပ်​မကွာ
ကွယ်​ကာထားလို့ရတာမျိုးမဟုတ်​ပါဘူး။
ဒါ​ကြောင့်​ အတိုက်​အခံပဲဖြစ်​ဖြစ်​ ၊ အာဏာရပဲဖြစ်​ဖြစ်​ အရင်​လူ​တွေ​ရေးခဲ့တဲ့
သင်​ရိုးဖတ်​စာအုပ်​ကြီး​တွေကို အလွတ်​ကျက်​ပြီး နိုင်​ငံ​ရေးဝင်​လုပ်​တဲ့အလုပ်​မျိုး​တွေ ရပ်​တံ့
သင့်​ပါပြီ။ ရှင်​လူတို့​မျှော်​လင့်​ခဲ့တဲ့ အနာဂတ်​နိုင်​ငံ​ရေးဆိုတာ စာအုပ်​ကြီးအတိုင်း ၏ သည်​မ​ရွေး အလွတ်​ကျက်​နိုင်​ငံ​ရေးမဟုတ်​​ကြောင်းအသိ​ပေးပါရ​စေ။
(မအားမလပ်​တဲ့ကြားက မ​နေနိုင်​နိုင်​လို့
ဝင်​​ရေးမိ​ပေမယ့်​ အမှားပါရင်​ခွင့်​မလွှတ်​ကြပါနဲ့၊ တိုင်းပြည်​နာတယ်​)

story#observation#shinlhu

No comments:

Post a Comment