♥ ဒီမနက် ရှင်လူကြီးမြောက်ဒဂုံ ဂိုထောင်စောင့်အလုပ် ၂ရက်မြောက်နေ့
ပြီးလို့အိမ်ပြန်လာတော့ ဖွေးဖွေးသိမ့်တို့အခန်းကိုသွားပြီး ညက
ရှင်လူ့ကောက်အရောင်းသမား ကိုစိုးလှပေးသွားတဲ့ ငွေကိစ္စ ဖွေးအမေ မလှိုင်ကိုမေးရတယ်။ညကတည်းကရှင်လူ
ဂိုထောင်ရောက်နေတုန်းကိုစိုးလှကငွေ
တသောင်းပေးသွားတယ်တဲ့။ဖွေးအမေက
``ဦးလေးကိုပိုက်ဆံပေးရမယ်´´ဆိုတော့
ဖွေးကခပ်တည်တည်ပဲ``ပေးစရာလိုဘူး´´
တဲ့။မလှိုင်ကရှင်လူ့ကိုငါးထောင်တန်နှစ်ရွက်ပေးတော့ ရှင်လူက`` ပစ္စည်း ရော
ပေးသွားသေးလား´´မေးတာ မလှိုင်ကဝါးတားတား ``အဲဒါခိုင်လက်ခံထားတာပဲ´´တဲ့ သူမသိ။
အဲဒီအချိန်မှာဖွေးက``ကောက်ပေးသွားတယ်´´ဆိုပြီးသောက်ရေအိုးစင်အောက်ကမီးကောက်အဟောင်းနှစ်ချောင်းဆွဲထုတ်ပေးတယ်။ ကဲ အောက်တိုဘာကျမှ ၃ နှစ်ပြည့်မယ့်ဖွေးကရှင်လူ့အလုပ်ကိစ္စ ကူညီဖော်ရနေပြီ။ဒါနဲ့ရှင်လူလည်း ဖွေးကို ငါးရာတန်အသစ်နှစ်ရွက်မုန့်ဖိုးပေးလိုက်
တော့ သူ့ င်္ကျီအိပ်ကပ်ထဲ ခေါက်ထည့်ထားလိုက်တယ်။ရှင်လူလည်း
အဝတ်လျှော် ရေမိုးချိုး၊ တရေးအိပ်အုံးမယ်
ကြံပြီးအိမ်ရှေ့ခန်းကဝါးပက်လက်ကုလားထိုင်ပေါ်မှိန်းနေလိုက်တယ်။အလုပ်စဆင်းတဲ့9 ရက်နေ့ရော 10 ရက်ပါ နှစ်ရက်နှစ်ညလုံး ရှင်လူကျင့်သားမရသေးလို့စုစုပေါင်း
နာရီဝက်တခါနဲ့ ၂နာရီနီးပါးတခါ နှစ်ခါပဲအိပ်ရသေးတယ်။ ခုလည်းရှင်လူလှဲ
နေတာမကြာသေးဘူးဖွေးရောက်လာ
တယ်၊ ``ရှင်ယူ လာ မုန့်သွားစားမယ်´´တဲ့၊
သူ့လက်ထဲ ငါးရာတန်တရွက်ကိုင်လို့။
``ဘယ်မှာသွားစားမလဲ၊ ဒေါ်နုဆိုင်လား´´
ဆိုတော့ ``ဟုတ်ဘူး Orange မှာတဲ့၊ရှင်လူ့
လက်ကိုအတင်းဆွဲခေါ်နေပြီ။ ကဲဘာတတ်နိုင်မလဲ၊ထလိုက်ရတော့တာ
ပေါ့၊ Orange ရောက်တော ဖရီဇာ ဆွဲဖွင့်ပြီး Mix Shakeတဗူးနှိုက်ယူတယ်။ငွေရှင်းတော့ ၆၀၀ ကျတာ၊ ၁၀၀ ပဲထပ်စိုက်ပေးရတယ်။
ဒါတောင် သူ့ကိုဓာတ်ပုံရိုက်မလို့လုပ်တော့
အရိုက်မခံဘူး။``ရိုက်နဲ့´´ဆိုပြီးမျက်နှာလွှဲနေတယ်။ ဘာရမလဲ ပုံကောင်းမရလည်း
ရအောင်တော့ အလုအယက် လျှပ်တပြက်ရိုက်ချက်♥ ♥ ♥
story#observation#shinlhu
No comments:
Post a Comment