Sunday, August 6, 2017

ဒီ​နေ့တာရာမင်း​ဝေ၁၀နှစ်​ပြည့်​အမှတ်​တရ အခမ်းအနားမှာအမှတ်​တရစာ​ရေးဖို့​ နေ​နေသာသာ လက်​မှတ်​က​လေး​တောင်​မထိုးခဲ့မိဘူး။ သူများတကာ​တွေ ကဗျာရွတ်​ကြ၊​အမှတ်​တရ​တွေ​ပြော​နေတာလည်း

ဒီ​နေ့တာရာမင်း​ဝေ၁၀နှစ်​ပြည့်​အမှတ်​တရ
အခမ်းအနားမှာအမှတ်​တရစာ​ရေးဖို့
နေ​နေသာသာ လက်​မှတ်​က​လေး​တောင်​မထိုးခဲ့မိဘူး။
သူများတကာ​တွေ ကဗျာရွတ်​ကြ၊​အမှတ်​တရ​တွေ​ပြော​နေတာလည်း ဘာမှ ​ရေ​ရေရာရာ အာရုံမမိခဲ့။
အဲ တခု​တော့ရှိတယ်​ လွန်​ခဲ့တဲ့ ၂ နှစ်
ဒီလို​နေ့မှာအမှတ်​တရ ကိုယ်​တိုင်​​ရေးပြီး
fb တင်​ခဲ့တဲ့ memo ကဗျာပဲ ​ရင်​ထဲအပ်​​ကြောင်းထပ်​​နေတယ်​။
ဟုတ်​တယ်​ ပထမပိုင်းအစီအစဉ်​ပြီးရုံ​လေးကို...
မှတ်​​တေးထားခဲ့တာ....

ပထမပိုင်းအစီအစဉ်ပြီးပါပြီ ။
~~~~~~~~~~~~~~~
ရွှေဘုန်းလူ ရေ...
ချစ်ညီရေ...
အငယ်လေး ရေ...
ငါတို့က စကားလုံး အမြှောက်တွေ ...
စကားလုံး ကျည်ဆန်တွေနဲ့
စကားလုံးလှံစွပ်​တွေ ကိုယ်စီတပ်ဆင်ပြီး
ကျားတက်ထိုးခဲ့ကြ ၊
ခု~ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး ဗျူဟာကုန်းကို
စကားလုံးတွေနဲ့ သိမ်းပိုက်..
အဲဒီ စကားလုံးတွေနဲ့ပဲ
ခွပ်ဒေါင်း အလံစိုက် ခဲ့ပြီ ။ ။

ညိုမြသွေး
story#observation#shinlhu

No comments:

Post a Comment