တောင်ဒဂုံ စက်မှုဇုံ (၁)(၂)(၃)ကိုဖြတ်သန်းခြင်း
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
♥ ဒီမနက် ငါးနာရီလောက် အိပ်ယာကနိုးလာတယ်၊ ဂိတ်တဲထဲက
ဘော်ဒါကြီး ဦးစိုးမင်း သူ့ true ဖုန်းလေးနဲ့ ကြာနီကန် ပဋ္ဌာန်းဖွင့်သံက
မနက်ခင်းကိုကြိုလို့။
မျက်နှာသစ်ပြီး ဟိုဟိုဒီဒီငေးလိုက်တော့
ဇုံ ၁ လမ်းမကြီး ရဲ့ဟိုးတဖက်ကမီးရောင်
လက်လက်မြင်ရတာနဲ့ ``ဆရာကြီး ဟိုးကဟာ စက်မှုဇုံ ဘူတာထင်တယ်၊
ကျနော် ဘူတာဘက်သွားကြည့် လိုက်အုံး
မယ်´´ ဆိုတော့ ဘော်ဒါကြီးက``သွားလေ
အကို၊သတိလည်းထားသွားအုံး၊ခွေးတွေကပေါသနဲ့´´။ဦးစိုးမင်းသတိပေးတာမမှား။
လမ်းမကြီး ကူးပြီး လက်ဖက်ရည် ဆိုင်ကလေးကျော်လိုက်တာနဲ့အမှောင်သမ်းဆဲ ကွင်းပြင်ထဲမှာ ခွေးတအုပ်ကအနည်းဆုံး ၁၀ ကောင်လောက်ရှိမယ်။ ဒီနားမှာက ညအိပ်တဲ့ ၁၀ ဘီးကားတစီးနှစ်စီးကလွဲလို့
ဂိုဒေါင်လိုလို အဆောက်အဦ တခုတလေပဲ
ရှိတယ်။ခွေးအုပ်ထဲကခွေးတကောင်နှစ်
ကောင်က ရှင်လူ့ကို အကဲစမ်းသလို တချက်နှစ်ချက်လှမ်းဟောင် လိုက်တယ်။
ကျန်တဲ့ခွေးတွေကြည့်လိုက်တော့ ဘာသိဘာသာ။ အဓိပ္ပါယ်ကတော့
``ဟောင်မနေစမ်းပါနဲ့ကွာ ဘာမှလည်း
မဟုတ်ပဲနဲ့ ၊သူ့ဖာသာသွားပါစေ´´ဆိုတဲ့
သဘောမျိုးမို့ ရှင်လူလည်း အိနြေ္ဒ မပျက်
ခပ်တည်တည်ဆက်လျှောက်လာခဲ့တယ်။
အတော်လှမ်းလှမ်းရောက်တော့ လျှပ်စစ်
ဓာတ်အားခွဲရုံ တခုနဲ့ သူ့အလွန်မှာ
ကွေ.ကွေ.ကောက်ကောက်သစ်သား
တံတားလေးတွေ့တာနဲ့ တံတားပေါ်ဖြတ်
လျှောက်လိုက်တော့ရထားသံလမ်း၊ပြီးတော့
ဘူတာ။ဘူတာကို ဓာတ်ပုံရိုက်လိုက်ပြီး
ဖြတ်ထွက်လျှောက်လာ တွေ့တဲ့လမ်းကို
ဖတ်ကြည့်လိုက်တော့ ချင်းတွင်းလမ်း..တဲ့။
ဒါ စက်မှုဇုံ ၂ ပဲ။ဒီလိုနဲ့ ချင်းတွင်းလမ်းတဆုံး
လျှောက်ပြီးဇုံ၂ကထွက်ဇုံ၃ဘက်လျှောက်လာပြီး ဇုံ ၃ ဆိုင်းဘုတ်ရှေ့ကျ ကွေ့ဝင်ပြီး
မိမိတို့ Bella ဂိုဒေါင် ရှိရာ ဇုံ ၁ ဟားခါးလမ်း
ရှိရာပြန်လျှောက်လာခဲ့တယ်။မိမိအိမ်က
စက်ဘီးနဲ့မလာပဲ ဘတ်စ်ကားစီးမလား
လေ့လာကြည့်တာ သိတ်အဆင်မပြေသေး။
ကိုယ်က ဘတ်စ်ကားလိုင်းတွေအကြောင်း
သိတ်မသိသေး။
story#observation #shinlhu
No comments:
Post a Comment