Saturday, October 14, 2017

အေး​ဆေးပဲ ရှင်​လူ ♥ ♥

အေး​ဆေးပဲ ရှင်​လူ
♥ ♥ ♥ ♥ ♥ ♥
♥ ဒီည​နေ ၄နာရီ​ကျော်​စကတည်းကရှင်​လူ ​ရေမိုးချိုးပြီးအထုပ်​အပိုးပြင်​ပြီး​နေပြီ။
ဗိုက်​ထဲကနည်းနည်းဆာသလိုလို။ လမ်းကျမှ တခုခုဝယ်​စားလိုက်​မယ်​​တွေးရင်း ၄နာရီမခွဲခင်​ပဲ အိမ်​ကထွက်​လာလိုက်​တယ်​။
သံသုမာမီးပွိုင့်​ကိုဖြတ်​ပြီး​ဘေလီတံတား​ပေါ် နင်းတက်​လာရင်းအရင်​​ရွှေပင်​လုံအဝင်​နားကMr.​မောက်​မှာပဲနံပြားဝင်​စားရင်​​ကောင်းမလား​တွေးမိ​ပေမယ့်​စိတ်​ထဲကပဲနံပြားလည်းစားချင်​စိတ်​မရှိ။
ဒီလိုနဲ့CityMart​ရှေ့လမ်း​ကြောအတိုင်းတရိပ်​ရိပ်​နင်းချလာရင်းပင်​လုံဂုံးတံတားနား​ရောက်​လာခဲ့။တံတားအ​ခြေမှာဆင်းလိုက်​​ပြီးစက်​ဘီးကိုတံတား​ပေါ်တွန်းတက်​လာလို့တံတား​ပေါ်အ​ရောက်​မှာဟိုးခပ်​လှမ်းလှမ်းက​တောင်​ဒဂုံ၂၆ရပ်​ကွက်​ဘက်​လှမ်း​ငေးရင်း ၊ ဟုတ်​ပြီ...၂၆ ရပ်​ကွက်​ထဲမှာတ​လောကမုန့်​ပျားသလက်​သည်​​လေးရှိတယ်​။အဆာ​ပြေမုန့်​ပျားသလက်​စားရရင်​​ကောင်းမှာ။ စက်​ဘီးကိုခွလိုက်​ပြီးမတ်​​စောက်​တဲ့လမ်းအတိုင်းဘရိတ်​ကိုခပ်​ဖွဖွ​လေးထိန်းရင်းအရှိန်​နဲ့ဆင်းလာခဲ့တယ်။၂၆ရပ်ကွက်​​နား​ရောက်
တော့ မိုးစန္ဒာ၁လမ်းထဲချိုးဝင်​ခဲ့ပြီးကွန်​ကရစ်​ လမ်းအတိုင်းညာဘက်​ကိုဆက်​နင်းလာလိုက်​တယ်​။မုန့်​ပျားသလက်​ဆိုင်​​ရှေ့မှာ ရပ်​လိုက်​​တော့မုန့်​လုပ်​​နေတဲ့ က​လေးမက ``အဘ..ဘာယူမလဲ´´တဲ့။``မုန့်​ပျားသလက်
တခု´´ဆို​တော့``အဘ ခဏ​စောင့်​​နော်​၊ဟို
ဘက်​မှာ ထိုင်​ခုံရှိတယ်​´´ဆိုတာနဲ့ ဆိုင်​​ဘေးမှာချထားတဲ့ပလပ်​စတစ်​ခုံမှာ
ဝင်​ထိုင်​​နေလိုက်​တယ်​။မုန့်​သည်​က​လေးမ
လေးကအသက်​သုံးဆယ်​ဝန်းကျင်​​လောက်​ရှိမယ်။သူက သူ့ရဲ့ မုန့်​ပျားသလက်​ဆိုင်​ကို
သစ်​သီးဆိုင်​နဲ့တွဲထားတယ်​။က​လေးတ
ယောက်​ ပျားလိ​မ္မော်​လာဝယ်​​တော့
၂၀သားငါးရာဆိုပြီးချိန်​ခွင်​နဲ့ချိန်​​ပေး​လိုက်​တယ်။သူ့ စိတ်​ကူးကမဆိုးဘူး သစ်​သီး​ရောမုန့်​ပါတွဲ​ရောင်း​တော့ ဝင်​​ငွေပိုရတာ​ပေါ့။မုန့်​ကျက်​​တော့ ကပ်​​ကျေးနဲ့ညှပ်​ အိတ်​​လေးနဲ့ထည့်​ပြီး
အ​ပေါ်ကနှမ်း​ထောင်းဖြူးလိုက်​တယ်​။
သူ့ဆီက မုန့်​ထုပ်​လှမ်းယူလိုက်​ပြီး ခုနကုလားထိုင်​မှာပဲပြန်​ထိုင်​ရင်းစား​နေလိုက်​တယ်​။ ဗိုက်​ဆာဆာနဲ့ မုန့်​ပျားသလက်
ပူပူ​လေးနှမ်း​ထောင်း​မွှေး​မွှေး​လေးနဲ့စားရတာအရသာရှိသား။ပဲပြုတ်​နဲ့ ကြက်​သွန်​မိတ်​လည်းပါ​သေးတယ်​။ရှင်​လူစားပြီးတာမြင်​​တော့ က​လေး မက``အဘ
ရေ​သောက်​အုံးမလား´´``​အေး..​ကောင်းတာ​ပေါ့´´ဆို
တော့ သစ်​သီးဆိုင်​ထဲက ​ရေခဲ​ရေပုလင်းယူ​ပေးတာနဲ့တငုံနှစ်​ငုံ​မော့လိုက်​တယ်​။ အို​ကေ၊အ​မောလည်း​ပြေ အဆာလည်း​ပြေပြီ။ဆိုင်​ရှင်​က​လေးမ​လေးကိုနှုတ်​ဆက်​ ၊စက်​ဘီး​လေးကိုတက်​ခွရင်း
ဟားခါးလမ်း Bella ဂို​ဒေါင်​ရှိရာဘက်ကို
နင်းလာခဲ့တယ်​ ။အေး​ဆေးပဲ၊ ခုမှ ၅နာရီ​တောင်​မခွဲ​သေး....
story#observation#shinlhu

No comments:

Post a Comment