ဘီယာမူးနေတဲ့ စက်ဘီး
♪ ♬ ♪ ♬ ♪ ♬ ♪ ♬
ဒီနေ့ညနေ3:45pmမှာရှင်လူအလုပ်လုပ်နေတုန်း ဖုန်းဝင်လာတယ်။ ကောက်နားထောင်လိုက်တော့ အိမ်ရှင်
ဒေါ်ကြီးရဲ့ သားသမက် မောင်နီဖြစ်နေ
တယ်။ ``အကို ..အိမ်မှာလား´´
``ဟုတ်တယ်´´
``အကို..ကျနော် အကိုတို့လမ်းထိပ်က
ဆိုင်မှာရောက်နေတယ်၊ ဒါကြောင့်အကို့ကို
လှမ်းခေါ်တာ၊ ထွက်လာခဲ့ပါလား´´
``အေး..အေး..လာခဲ့မယ် ခဏစောင့်´´
``ဟုတ်ကဲ့ အကို ´´
မောင်နီ ရွှေမန်းသူကားဝင်းရှေ့ မျက်စောင်းထိုး ဘီယာဆိုင်ကနေပြီး လှမ်းဆက်လိုက်တာပါ။ သူတို့ မိသားစုက မြောက်ဒဂုံ မဟာမြိုင်မှာနေကြတာပါ။
ဒီလိုပါပဲသူဒီဘက်ရောက်လို့ ဘီယာဆိုင်ထိုင်
ဖြစ်တဲ့ အခါတိုင်းလိုလို ရှင်လူ့ကို လှမ်းခေါ်
တတ်ပါတယ်။သူက ကားအရာင်းအဝယ်
လုပ်နေတာမို့ တောင်ဥက္ကလာမှာ ကားလာပြရင်း ဘီယာဆိုင်ဝင်ထိုင်နေတာ
ပါ။ ရှင်လူရောက်သွားတော့ သူနဲ့အတူ
မိတ်ဆွေတယောက်ပါရှိနေပါတယ်။ ရှင်လူ့ 
ကိုသူ့ မိတ်ဆွေနဲ့ မိတ်ဆက်ပေးရင်း ရှင်လူ့ 
ရှေ့ကဖန်ခွက်ထဲဘီယာငှည့်ထည့်။ရှင်လူလည်းအလုပ်သွားကာနီးနေပြီမို့  စကားစမြည်ပြောရင်း တခွက်တဖလား
လောက်တော့ သောက်သွားမယ် ဆုံးဖြတ်ထားပါတယ်။ ဖြစ်ချင်တော့ စားပွဲ
ပေါ်မှာ မြန်မာဘီယာပုလင်းလေးလုံးရှိနေပြီး
ပုလင်းဖုံး lucky draw က လေးပုလင်း
ပေါက်ထားပါတယ်။ အင်း..ရှင်လူတို့ကုသိုလ်ကံများ။ ကိုယ်က
တခွက်တဖလား မှန်းထားတာ ဒကာက
ကံစမ်းမဲတွေ ဆက်တိုက်ပေါက်ထားလေ
တော့သူငှည့်ပေးသမျှကောက်သောက်လိုက်၊ကန်စွန်းပလိန်းနဲ့ ကြက်အရေခွံကြော်
ကောက်ဝါးလိုက်နဲ့ ၄နာရီ ခွဲကျော်ကာမှ
အလုပ်သွားဖို့အကြောင်းပြ၊သူတို့ကိုနှုတ်ဆက်ပြီးထပြန်ခဲ့ပါတယ်။အိမ်ရောက်တော့
ကမန်းကတမ်း ရေမိုးချိုးအထုပ်အပိုးပြင်ပြီး
စက်ဘီးလေးနဲ့ထွက်ခဲ့။မြန်မာဘီယာသုံးခွက်ကမူးတယ်မဆိုသာပေမယ့်ရီတီတီ။အနားမှာဇနီးမယားသမီးသား
တွေသာရှိနေလို့ကတော့ဒီနေ့အလုပ်မသွားဖို့ဝိုင်း
တားကြမှာပဲ။
ခုတော့မမ မရှိတော့တဲ့၂၀၀၉ဇန်နဝါရီက
စပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဒီမိုကရေစီရနေခဲ့တာ။ ကားတွေကြားမှာ ရှင်လူ့ Mountain
ဘီးကလေး ဘယ်ယိုင်ညာယိမ်း လှစ်ခနဲ
လှစ်ခနဲ။မြောက်ဒဂုံ သင်းဝင်နားကဆိုက္ကား
ဂိတ်ရှေ့ရောက်တော့ ဆိုက္ကားသမားတွေ
ဘုံကထိန်အတွက်အရုပ်ကြီးတွေနဲ့အလှူခံ
နေတာ ။လွန်ခဲ့တဲ့လေးငါးနှစ်ကတော့ ဒီဂိတ်ပဲ အဖြူအစိမ်း ဆရာမရုပ်ကြီးတွေနဲ့တွေ့လို့ ရှင်လူ ဓာတ်ပုံ
ရိုက်ပြီးfb တင်ခဲ့သေးတယ်။ဒီနှစ်တော့
ဒေါ်တင်ထွားစိန်နဲ့ ဦးသူတော်လား ဘာလား။လမ်းဘေးစက်ဘီးဒေါက်ထောက်
ပြီး စိမ်ပြေနပြေ ဓာတ်ပုံရိုက်နေလိုက်တာ
ကားဟွန်းသံ တတီတီ ဆက်တိုက်ကြားလို့ကြည့်လိုက်တော့ တဘက်ခြံဝင်းထဲဝင်မယ့်ကားက ခြံဝပိတ်ရပ်ထားတဲ့ ရှင်လူ့ စက်ဘီးကို
ဖယ်ခိုင်းနေတာ။ အင်းလူမမူးပေမယ့်
စက်ဘီးတော့မူးနေပုံရတယ်ဗျ။
story#observation #shinlhu
No comments:
Post a Comment