ဆောင်းခိုငှက်တကောင်ရဲ့ဆင်ဖနီ
♪ ♬ ♪ ♬ ♪ ♬ ♬ ♪ ♪ ♬ ♪
ဆောင်းရေ♪ ♬
ပြက္ခဒိန်တွေ Photo slide ဆွဲသလို
သက္ကရာဇ်တွေလည်း ဇရာထောင်းပေါ့ကွယ်
နှင်းတွေက ဝေနေတာလား ကြွေတာလား
မြက်ဖျားခိုစီး နှင်းသီးတပေါက်ရဲ့ညနေဟာ
ဆည်းဆာတောက်တောက်အဝေးပြေးလမ်းမကြီးပေါ်
အရှိန်နဲ့ဖြတ်သန်းနေကြတဲ့ ကားတွေနောက်က
အချက်ပြမီး ရဲရဲလေးတွေ လက်ပြနှုတ်ဆက်မှုကို အသိမှတ်ပြုရင်း
ကုန်းဆင်းကုန်းတက်နဲ့ အကွေ့အကောက်တွေများတဲ့ခရီး
ဝေးသလား နီးသလားမသိနိုင်ခဲ့
သီချင်းတွေ ဆက်ဆိုချင်ပါသေးတယ်ဆောင်းရယ်
သံစဉ်အက်အက် ရင်ကွဲထွက်အန်
ဖိတ်လျှံသွေးစ နှင်းလွလွကြား
ပန်ချီးကားတချပ် အပြီးသတ်တော့မလား
ဘဝဖော်နဲ့ ပျော်ခဲ့တဲ့ဆောင်း
ဆောင်း ဆောင်း ဆောင်းအဟောင်းတွေ
ကြွေခဲ့ပြီလား ဝေးပြီလားကွယ်
ရာသီနုသစ် ပြူတင်းလှစ်ရင်း
နှင်းငွေ့ဝေဝေ မြောက်ပြန်လေမှာ
မျောပါတဲ့ဆောင်း သစ်တဲ့ ဆောင်းရေ
အကြောင်း မသင့် အခွင့်မသာ
မကြိုပါက ငါ့ကိုပြစ်တင်
မငြိုငြင်ပါနဲ့တော့
သင်နဲ့ ငါ ဟာ အခါလွန်သတင်းစာအဟောင်းတရွက်ရဲ့
အထီးကျန်နေ့တွေမှာ
တစိမ်းပြင်ပြင်တွေပ ကွယ်...
ညိုမြသွေး
6:18 pm
Thu,19 Oct 2017
poem#observation#shinlhu
No comments:
Post a Comment