✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မုန်တိုင်းနောက်က
ကိုယ်ယောင်ဖျောက် ရင်း
ခိုးချောင်ခိုးဝှက် အေးသက်ညှင်းညှင်း
မင်းဝင်လာတာ♪
ငါသိပါတယ် မြောက်ပြန်လေ♬ ♬
တိမ်စင်နက်ပြာ အာကာပြိုးပြက်
မလင်းတချက် လင်းတချက်နဲ့
စိန်စက်ကြယ်စင် ခရီးနှင်သလို
ငါ့ကိုလှည်းစား မင်းဝင်သွားပေါ့
မလေးရှားပိတောက်ကိုင်း
ဆိုင်းဆိုင်းတွေကြား ပုန်းကစားရင်း
မင်းပျော်နေလား ပိုးစုန်းငယ်...
ညစောင့်အဖိုးကြီး ရှင်လူ
story#observation#shinlhu
No comments:
Post a Comment