Sunday, October 29, 2017

မြောက်​​ပြန်​​လေထဲကသီချင်း ♪ ♬ ❀

မြောက်​​ပြန်​​လေထဲကသီချင်း
♪ ♬ ❀ ♥ ♪ ♡ ♬ ❀ ♥ ♪

မုန်​တိုင်းလိုလို
လာနီညာလိုလို ရာသီက
ကဗျာမဆန်​ ​ပေမယ့်
စိမ့်​တိမ့်​တိမ့်​ ​မြောက်​ပြန်​​လေနဲ့
မီး​ရောင်​​အောက်​ကပိုးစိမ်း​ကောင်​များ
ငါ့လည်​ကုပ်​​ပေါ်​ထောက်​ခုန်​သွားတဲ့
မာ​ကျော​ကျောနှံ​ကောင်​​လေး​ရေ
ဟေမာရဲ့ ​ဆောင်းကတ္တီပါဖွင့်​လွမ်းရမှာလား
ကိုယ့်​ဖာသာကိုယ်​ ဘာလုပ်​ရမှန်းမသိတဲ့
ဂို​ဒေါင်​ည​စောင့်​ကြီးအတွက်​​တော့
သတင်းအချက်​အလက်​​တွေမှန်​မှန်​ရဖို့
လိုသပကွယ်
ညိုမြ​သွေး
10:48pm
Sat,28 Oct 2017
poem#observation#shinlhu

No comments:

Post a Comment