အရွဲ့တိုက်တတ်သူ ရှင်လူရဲ့စိတ်ရင်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဒီညခင်းလေးမှာရှင်လူ့စိတ်တွေအေးချမ်းလို့နေပါပြီ။ပြီးခဲ့တဲ့ရက်တွေကအရက်
ပုလင်းတွေကိုင်ပြီးfbပေါ်ပုံတွေတင်ခဲ့တဲ့ရှင်လူ ဟာဒီနေ့ရှင်လူမဟုတ်ပါဘူး။ တကယ်တော့ သံသရာစက်ဝန်းကြီးထဲမှာ
မိမိတို့ဟာအသွင်အမျိုးမျိုးနဲ့သရုပ်ဆောင်ခဲ့
ကြရတဲ့ သရုပ်ဆောင်များပဲဖြစ်ပါတယ်။
လူတယောက်ကို သူဟာ လူကောင်းပဲ
လူဆိုးပဲ ရယ်လို့ သတ်မှတ်နိုင်တာဟာ
သူလက်ရှိဖြစ်တည်နေတဲ့အမှတ်စက်က
လေးပေါ်ကြည့်ပြီးပြောနေကြတာပါ။လူ့ပတ်ဝန်းကျင်ဆိုတာတနေ့တနေ့ကိုယ့်ကိစ္စနဲ့ကိုယ့်ဗာဟိရတွေနဲ့ကိုယ်မို့ လူတယောက်
ချင်းစီရဲ့ အကျိုးအပြစ်တွေကို ၂၄ နာရီ နှလုံးသွင်းနေနိုင်တဲ့လူဒီကမ္ဘာပေါ်မှာတ
ယောက်မှရှိမယ်မထင်ပါဘူး။ဒါပေမယ့်
လူ့ကျင့်ဝတ်တွေ ဥပဒေသတွေအရ ချီးမွမ်း
ထိုက်သူတွေ့ရင်ချီးမွမ်းကဲ့ရဲ့ရှံ့ချသင့်သူ
တွေ့ရင်ကဲ့ရဲ့ရှုံ့ ချရတာလောကကိုဝစီကံနဲ့
စောင့်ရှောက်တယ်လို့ပဲ ရှင်လူမြင်ပါတယ်။
ဒါကြောင့် ချစ်သူတော့သာစေ မုန်းသူတော့
နာစေဆိုတဲ့ စေတနာမျိုးနဲ့မဟုတ်ပဲ ကမ္ဘာ
လောကကြီးကိုဝိုင်းဝန်းစောင့်ရှောက်ပေး
ကြပါလို့ ရှင်လူ့မိတ်ဆွေများကို တောင်းဆို
ပါရစေ။ တကယ်တော့fbဟာဟိုတယောက်
ဘာသာပြန်ထားသလို *မျက်နှာစာအုပ်*
တကယ်တော့ ဟောဒီဂြိုလ်ပြာကြီးရဲ့
မျက်နှာစာအုပ်ပါ။မိမိတို့ရဲ့ကံသုံးပါးနဲ့
ကမ္ဘာ့မျက်နှာကြီးကိုအလှဆင်နိုင်ကြပါစေ။
story#observation#shinlhu
့
ု
No comments:
Post a Comment