Sunday, December 26, 2021
story
           တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း....
           🌍🌎🌏🌍🌎🌏
             ဒီမနက် နယ်ဘက်က FB မိတ်ဆွေလေးတယောက် V call ခေါ်လို့  စကား‌ပြော ဖြစ်ခဲ့တယ်။ 
             သူ့ ခြံလေး ထဲ စိုက်ထားတဲ့ သီးပင်စားပင်လေးတွေ ပုံ ရိုက် ပြတော့ ငြုတ် ချဉ်ပေါင် ဆူးပုတ် ခရမ်း စုံနေတာပဲ။ သူမွေးထားတဲ့ဝက်ကလေးတွေ သူ့အမ မွေးထားတဲ့ နွားဖြူမလေး ကအစ ၊ သူ့စည်းရိုးနား ဖြတ်သွားတဲ့ ကောက်လှိုင်းလှည်း ၊သူ့ အမေ ပဲကောက်/ပဲဆွတ်နေ တဲ့ပုံကအစ မြင်ရတာ ရင်ထဲ အေးသွားတယ် ။
           ခုတလော FB ထဲက စစ်မီးတောက်တွေ မြင်ရတာ နှလုံးသားထဲ နင့်နေတယ်။စစ်ဘေး ကြုံနေရတဲ့ ပြည်သူအားလုံးဟာ သူတို့လို
ပဲ တောလက်ကျေးရွာတွေကအများစုပါ။ သူတို့လိုပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ လယ်ယာဥယျာဉ် ခြံ‌မြေတွေမှာ မိရိုးဖလာ လုပ်ငန်းတွေ လုပ်ကိုင်နေ ကြသူတွေပါ။ 
           ဖြစ်နိုင်ရင် သူတို့ဆီက ငြိမ်းချမ်းမှုမျိုးကိုအရပ် ၈ မျက်နှာလုံး ဖြန့်ဝေပေးချင်တာ ပါ။
           ညည ရေဒီယို တွေ တီဗွီတွေက ဆရာတော် ကြီးတွေရဲ့ မေတ္တာပို့ ကို လွှင့်ထုတ်ပေးနေသလို ကျနော်တို့ အားလုံး ကံသုံးပါးနဲ့ 
လွှင့်ထုတ်နိုင်အောင် ကြိုးစားကြရပါအုံး မယ်
မိတ်ဆွေတို့ ရေ။
story#observation#shinlhu
Friday, December 17, 2021
story
ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်
        ⛄⛄⛄⛄⛄⛄⛄⛄
                     အပိုင်း(၃)
          ခုတလော အိပ်မက်တွေ ခဏခဏ မက် နေတယ်။ 
          အိပ်မက်ထဲမှာ ရွာကို ‌ပြန်ရောက်နေတယ်။ နှစ်ပရိ ‌စ္ဆေဒတွေ ကြာခဲ့လို့ ပဲလား ၊ ရွာလမ်းတွေက မမှတ်မိအောင် ‌ပြောင်းလဲနေတယ်။
"ကိုလှစိန် ရှိသေးလား" မေးတော့ သူတို့ က
"မသိဘူး ၊ဘယ်ကိုလှစိန်လဲ"။"ကိုဖိုးခွေး လို့လဲ
ခေါ်တယ် ၊ သူရှိရင် အသက်၇၀ ကျော်လောက် ရှိ ပြီ"။ မိန်းကလေးတွေက ခေါင်းခါ ပြီး
သူတို့ လုပ်လက်စတွေ ဆက်လုပ်နေတယ်။
နှစ်ပေါင်း ၆၀ လောက်အတွင်း ကွင်းဆက်တွေက ဒီလောက်တောင် ပြတ်သွားရသလား။
ကိုဖိုးခွေး အိမ်နေရာတွေ့ ပြီး ကိုဖိုးခွေးကို သိသူမရှိ။ တကယ်ဆို ဒီနေရာမှာ ကိုဖိုးခွေး သားသမီး ‌မြေးစသူတွေရှိနေရမှာမဟုတ်လား။
ကိုဖိုးခွေး အိမ်ထောင်တွေဘာတွေမကျဘဲ
ရွာက ထွက်သွားခဲ့လေသလား။ ဒီလိုနဲ့  ရွာလယ်က ဘ ကြီးလှိုင်အိမ်ဘက်မှန်း ပြီး လာခဲ့တယ်။ဘ ကြီးလှိုင် အိမ်မှာလည်း ဘ ကြီးလှိုင်ရောအရီး ဒေါ်တင်အေးရော မေးမရ။ ဘ ကြီးလှိုင်သားသမီးတွေ က မိမိနဲ့ မတိမ်းမယိမ်းတွေချည်း။ခုေ တွ့သူတွေက မိမိထက် အတန်ငယ်နေ ကြတဲ့ မျက်နှာသစ်တွေ။ ရွာနားမှာ စက်မှုလက်မှု အထက်တန်းကျောင်း လာဖွင့် လို့  ရောက်လာတဲ့ ဝန်ထမ်း အဆက်အနွယ်တွေလား။ဘ ကြီးဘိုကေ အိမ်ရောက်တော့လည်း ဒီအတိုင်း။ ဖန်ပုလင်း လေးတွေ အစီအရီကို စင်ကလေးနဲ့ တင်ထားတဲ့ အိမ်ဆိုင်ကလေးကို မျက်စိထဲ မြင်ယောင် နေပေမယ့် လက်ရှိ က Restaurant ဆန်ဆန် အခင်းအကျင်းမျိုး မြင်နေရတယ်။ရွာရဲ့ တခုထဲသော အိမ်ဆိုင် ကလေးမှာ မိမိဝယ်စားနေကျ ဖွဲနုမုန့် ပုလင်းကလေးရော ပယ်ပယ်မင်း ဆိုတဲ့ရောင်စုံ သ ကြားလုံး ပုလင်းလေးရော မရှိတော့။ ဆိုင်နောက် ကြမ်းခင်းမှာ ကြုံ့ ကြုံ့ ကလေး ပဆစ်တုပ်ထိုင်နေတတ်တဲ့ မိတင်လှ ကို တွေ့ မလား မေးလိုက်တော့လည်း သိသူမရှိ။ မိမိနဲ့ မီးဝင်မီးထွက် မွေးခဲ့ ပြီး ၇ ရက် ကြီးတဲ့ မိတင်လှ ၊ အသား ဖြူ ဖြူ နှုတ်ခမ်းပါးပါး၊မျက်ခုံးထူထူ ဆံပင် ကောင်းကောင်း နဲ့ လုံး ကြီးပေါက်လှ။မိမိကိုေ တွ့ လိုက်ရင် တရင်းတနှီး နှစ်လိုဖွယ် အ ပြုံးနဲ့  ဆက်ဆံတတ်သူ။အဲတော့ ခုနေ မိတင်လှ ရှိနေသေးရင် မိမိနဲ့ ရွယ်တူ ၆၈ နှစ်အရွယ် အဖွား ကြီးပေါ့။ အဖွားက မိမိနဲ့ မိတင်လှကိုစုံဖက်ပေး ပြီး သုံးဧကခွဲ ရှိတဲ့ ဒူးရင်းခြံ ကြီးကို သွားလေသူ အဖိုး သာဦး ကိုယ်စား လုပ်ကိုင်စေမတဲ့။ အဖွားစီမံကိန်းတွေ မစတင်မီမှာပဲအဖေနဲ့ အမေရဲ့ ရုံးတက်ကွာရှင်းမှု အ ပြီးမှာအဖေ့ ဘက်ပါခဲ့ ရ ပြီး ရွာက ထွက်ခဲ့ရတယ်။သားသမီး လေးဦးလုံး အဖေ့ကိုပေး ပြီး ကွာရှင်းစာချုပ်နဲ့ လဲခဲ့တဲ့ အမေ့ကိုလည်း ဆတ်ဆတ်ခါနာကျည်းမိတော့တယ်။ နှစ်ပေါင်း ငါးဆယ်လုံး လုံး ‌ခြေဦး ပြန်မလှည့် ခဲ့တဲ့ရွာကို ခုအသက် ၆၈ နှစ်ကျော်ကာမှ ပြန်ရောက်နေရ ပြီ။ ဒါတောင် ကိုယ်က ပြန်တာမဟုတ်၊အိပ်မက်က ပြန်တာ။ဘာသဲလွန်စ မှ ရှာမရတဲ့အဆုံးရွာဦးက "မေဓါရာမ ဝိဟာရ"ကျောင်းဘက်‌ခြေဦးလှည့်ခဲ့မိတယ်။ လက်ရှိ ဆရာတော်က အသက် ၃၀ စွန်းစွန်းပါပဲ။ "တပည့်တော်က ဒေါ်မာဘု ရဲ့ ‌မြေးပါ၊ ဒီကျောင်းမှာပဲ မူလ ကျောင်းထိုင်ဆရာတော် ကြီးဆီမှာ ရှင်သာမနေ ပြုခဲ့တာပါ"
ဆိုတော့ "အင်း ဆရာတော် ကြီး ပျံလွန်တော်မူသွားတာတောင် နှစ်ပေါင်း ၄၀ ကျော်ခဲ့ ပြီ"
ကျောင်ထိုင်ဘုန်းကြီးက ဒီလောက်ပဲ ‌ပြောနိုင်တယ်။ ဒေါ်မာဘု လည်းမသိ။ရွာ သမိုင်းလည်းမသိ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တုန်းက အိမ်‌ခြေ ၃၀ လောက်သာရှိခဲ့တဲ့ရွာကလေး ရဲ့
သမိုင်းအစကို သက်တော်၃၀ လောက်သာရှိသေးတဲ့ ကျောင်းထိုင်ဆရာတော်က ဘယ်သိနိုင်မှာလဲ။
          ဒီလိုနဲ့  အမေ့ အိမ်ကို ဘယ်လိုရှာရမလဲ။ ဘယ်သူ့ ကိုမေးရမလဲ။ ခုနေအမေ ရှိသေးရင် ၊အမေက ၁၇ နှစ်သမီးအရွယ်မှာမိမိကိုမွေးခဲ့တာဆိုတော့ ၊လက်ရှိမိမိအသက် ၆၈+၁၇=၈၅ နှစ် အရွယ်ပေါ့ ။မိမိတို့ နဲ့ မွေးချင်း နို့ စို့‌ကောင် (ရုံးတက်ကွာရှင်းစဉ်က
အမေနဲ့ ပါသွားတဲ့ အငယ်ဆုံးညီ)အောင်စိုးအ ပြင် အမေ နောက်အိမ်ထောင်နဲ့ မွေးတဲ့ ကလေးတွေတောင် ခုနေရှိရင် အသက် ၅၀ ဝန်းကျင်တွေနေမှာ။
            ဒါပေမယ့် တရွာလုံးလည်း တစိမ်းတွေချည်းပဲ။
             အမေ....အမေ အမေ့အိမ် ဘယ်မှာလဲ ၊အမေ အဖေ့ကို ရုံးတက်ကွာရှင်းခဲ့တာ မမှားခဲ့ဘူး အမေ။ နောက်အိမ်ထောင် ပြု ပြီး သားသမီးတွေ ပွားစည်းခဲ့တာလည်း မမှားခဲ့ဘူး။ သားက ရုပ်ရှင်တွေ ကြည့် ၊ဝ တ္ထုတွေဖတ် ပြီး သားသမီးတွေ အတွက် ဘဝစတေးခံ ၊ လင်ဆိုးမယား တဖါးဖါး အ ဖြစ်နဲ့ မမျှတတဲ့ လောက ကြီးကို ခေါင်းငုံ့ ခံတဲ့ အမေမျိုး မ ဖြစ်ခဲ့တာကိုအဲ့လို ရုပ်ရှင်အမေ ဝတ္ထုအမေ မ ဖြစ်ရကောင်းလားဆို ပြီး အမေ့ကို ထာဝရ စွန့် ခွာခဲ့တဲ့ သားကသာ မှားခဲ့တာပါ။
                အပိုင်း(၄)ဆက်ရန်
story
ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်
           👻👻👻👻👻👻👻
                     အပိုင်း-၂
 ဘာရယ်မဟုတ်  ဒီနေ့ ဆို မိမိမွေးနေ့  ၆၈ ကြိမ် ‌မြောက်ခဲ့ ပြီ။ မွေးနေ့ တွေမှာ ပျော်သလားဆိုတော့လည်း တကယ်တမ်း ‌အမှန်တိုင်းဝန်ခံရရင် ပျော်လှတယ် ရယ်လို့ မဟုတ်ပြန်။ FB စသုံး ဖြစ်တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလတုန်းက စ ပြီး FB ယဉ်ကျေးမှုတခုအ ဖြစ် မွေးနေ့ ဆုတောင်း  တွေ အ ပြန်အလှန်ပို့  ကြရင်း Happy birthday ပါဆိုတဲ့ အလေ့အထလေး စခဲ့မိပါတယ်။
           ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတော့ မွေးနေ့ ရယ် ဘာရယ်မသိလှပေမယ့်
မိဘရဲ့အရိပ်အောက်မှာ သာသာယာယာ ရှိခဲ့ပါတယ်။ ဘယ်သွားသွား ဘယ်လာလာ ချီပိုးယုယ ခရီးဦး ကြို ပြုသူ့ များလွန်းလို့  လောကဆိုတာ ပျော်စရာ ကစားကွင်း ကြီးတခုအ ဖြစ်ထင်ခဲ့မိတယ်။ ဒါပေမယ့် သိတ်မ ကြာလိုက်ပါဘူး ၊ မိမိ အင်မတန် အားကိုးချစ်ခင် အတုယူအားကျခဲ့ရတဲ့ ဖခင်ဟာ သူ့ ပုခုန်းပေါ်က ရာထူးအမှတ်အသားတွေကို စမူဆာနဲ့ လဲပလိုက်ပါတယ်။ မိမိ နဲ့ တကွ ညီအကို မောင်နှမ အားလုံး ၅ယောက်ထဲမှာ မိမိက အ ကြီးဆုံးပါ။ မိမိအသက် ၁၂ နှစ် ၁၃ နှစ်အရွယ်မှာပဲ မိသားစု အဆောက်အဦ ကြီးဟာ တစစီ ပြိုကွဲ ပျက်စီး ခဲ့ပါတယ်။ ဖခင်ရဲ့ ဖောက်လွဲဖေါက်ပြန်မှု ကို သည်းမခံ နိုင်တဲ့မိခင်က တရားရုံးမှာ ကွာရှင်းခွင့်တောင်းပါတယ်။ဒီအခါ ဖခင်က ကပ်သပ် ပြီး အ ကြပ်ကိုင်ပါတယ်။ ကွာချင်ကွာ သားသမီးအားလုံး သူ့ ကိုပေးရမယ် ဆို ပြီး အညှာကိုင်ပါတယ်။ဒီလိုနဲ့ အ‌ခြေအတင် ငြင်းခုံ ကြ ပြီး မိခင်ကဆုံး ဖြတ်ချက်တခုကို အဆို ပြုပါတယ်။ ကလေး ၅‌ ‌ယောက်မှာ အ ကြီး၎ ယောက်ကို ဖခင်ကယူ၊ နို့စို့ကလေး ကိုတော့ သူနဲ့ ပဲခေါ်သွားမယ် ပေါ့။ နောက်ဆုံး အမေ့ အဆိုနဲ့ ပဲ ကွာရှင်းမှု အထ‌မြောက် သွားပါတယ်။
           မိမိလည်း အဲ့အရွယ်ကစလို့ မိခင်ကိုနာကျည်းစိတ်ဝင်ခဲ့ပါတယ်။ ၁၂ နှစ် ၁၃ နှစ်အရွယ်မှာ လောကသဘာဝတရားတွေ ဘာတွေနားမလည်ခဲ့ပါ။ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲက သားသမီးတွေအပေါ် အနစ်နာခံတဲ့။ အရာရာ စွန့်လွှတ်တဲ့ မိဘကိုပဲ အလိုရှိပါတယ်။ငယ်စဉ်ကတည်းက ဖခင်လက်သပ်မွေးခံရတဲ့သား ကြီးတယောက်အနေနဲ့ ဖခင်ရဲ့ ရုံးအ ပြန်
ချွေးစွန်းနေတဲ့ လက်ကိုင်ပုဝါလေးကို လျှော်မယ့် အဝတ်ပုံထဲက ယူ ယူနမ်း ပြီး ညီလေး ညီမလေးတွေနဲ့ အတူ ဖခင်နောက်ကို ခွေးတကောင်လို လိုက်ခဲ့တယ်။ မင်းအမေ သစ္စာမရှိဘူးဆိုတဲ့ ဖခင်ရဲ့ ဝါဒမှိုင်းတိုက်မှုကို လက်တွေ့ ဖြစ်ရပ်နဲ့ ယှဉ်ထိုး ပြီး မိခင်ကို ထာဝရ ကျောခိုင်း
လိုက်ပါတယ်။
             ဖခင်ဟာ တချိန်ကတော့ ဖက်ဆစ်နဲ့ ကိုလိုနီ ကို တော်လှန်ခဲ့တဲ့ မိမိရဲ့ ဟီးရိုးပါ။
ဖခင်က ပုခုန်းပေါ်ကရာထူးကို စမူဆာနဲ့ လဲ ပြီး
မိခင်နဲ့ ပြတ်စဲ ပြီးတဲ့အထိလည်း မိမိဟာ ဖခင်
ရဲ့ အာဝါသအောက်မှာပဲ နေထိုင်ရင်း ညီလေးညီမလေးတွေနဲ့အတူ ဖခင်ရဲ့ စည်းရုံးသိမ်းသွင်းမှု ကို တသွေမတိမ်း လိုက်နာခဲ့ပါတယ်။
           ‌ပြောင်းလဲတတ်တဲ့ လောကအ‌ကြောင်းကိုလည်း အဲ့ဒီအချိန်မှာ စသိပါတယ်။ နဂိုရ်က ဖက်လှဲတကင်း အ ပြုံးမျက်နှာတွေဟာ
ဖခင်ရဲ့ ပုခုန်းပေါ်ကရာထူးတွေနည်းတူ ပျောက်ဆုံးကုန်ပါတယ်။ 
            ဒါ‌ကြောင့် မွေးနေ့ တွေမှာ ပျော်ရဲ့လားဆိုရင် အထက်က စကားခံခဲ့သလို ပျော်လှတယ်ရယ်လို့ မဟုတ်ဘူး လို့ ပဲ ဆိုရပါမယ်။ ဘာ
လို့လဲဆိုတော့ ၁၂နှစ် ၁၃ နှစ်သားက စတင်တဲ့ဘဝ မုန်တိုင်းဟာ အခု ၆၈ နှစ်တိုင်အောင် အဖျားခတ်နေဆဲ ပါပဲ။
            ဒီ ကြားထဲ ‌နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို ကိုဗစ်ဗီဇ‌ပြောင်း အိုမီခရွန်လှိုင်းသစ်က တမှောင့် မီးပုလင်းပစ်သူတွေကတမှောင့်။
            ကဲ ဒီနေ့  ၂၀၂၁ နိုဝင်္ဘာ၂၉ ရက် ၊၆၈ နှစ်‌မြောက်မွေးနေ့ ၊ မိမိအတွက် FB ထဲက မိတ်ဆွေတချို့ မွေးနေ့ ဆုတောင်း တွေ ပို့ ကြအုံးမယ်။
            မိမိကိုယ်တိုင်ကတော့ အော့နှလုံးနာလွန်းလို့  ၆၈ နှစ်‌မြောက်မွေးနေ့  ကြီးကို သပိတ်မှောက်လိုက်ပါ ပြီ။
               အပိုင်း-၃ ဆက်ရန်
Thursday, December 16, 2021
poem
ဆောင်းရုပ်ကြွင်း
🎵🍡♥♥🍢🎵
ညိုမြသွေး
ထမင်းဟင်းတွေက
အိုးထဲက ထွက်မလာဘဲ
ကျွတ်ကျွတ်အိတ်တွေထဲကထွက်ထွက်လာတယ်
ပိုးဟပ်တွေ ကြွက်တွေနဲ့
ဖုန်မှုန့်တွေက ငါ့ကို မခန့်လေးစား ပြုလို့...
အဝတ်ကြိုးတန်းဟာ
တိမ်တိုက်ကြီးတွေနဲ့ ပိုပြီးတူတူလာတယ်
မင်းမရှိတဲ့ဆောင်းဟာ
ဆယ်ခါမကတော့ပြီ
အလွမ်းဆိုတာ မှီခိုချင်တဲ့စိတ်လား
တခါတခါ တွေးမိပါရဲ့
အချစ်လည်း ဖြစ်ချင်ဖြစ်နိုင်တာပဲလေ
ဒီလို  ညင်ညင်သာသာအတွေးတွေနဲ့ပဲ
တဆောင်းပြီးတဆောင်းသစ်ခဲ့
ညိုမြသွေး
poem#observation#shinlhu
Saturday, November 27, 2021
story
ရှင်လူ ကြီး "ဘာရယ်မဟုတ် စာေ ခြာက်ရုပ်"ကို နိဂုံး ပိုင်းကစရေး ပြီး‌နောက်တခါနိဒါန်း တပုဒ် ရယ် ၊ နှစ်ပုဒ်ရေး ပြီး ဆက်မရေး ဖြစ်။
ကျန်းမာရေး မကောင်းတာလည်းပါ ၊ စိတ်မပါတာလည်းပါ သပေါ့။ ဒီနေ့ တော့ စိတ်ခံစားမှုလေး နည်းနည်းလှုံ့ ဆော်လာလို့   အပိုင်း(၁)ကို ရေးပါ့မယ်။ 
         "ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်"
                    အပိုင်း(၁)
            စာ‌ခြောက်ရုပ်ဆိုတာ အကောင်လိုလို
ထင်ရပေမယ့် တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ပင်ကိုယ်က ကိုက ပစ္စည်း အတိုအစ
အဟောင်း အ မြင်း တွေနဲ့  Installation
လုပ် တပ်ဆင်ထားတာမို့  နွေ မိုး ဆောင်း ဥတုရာသီစက်ဝန်းတွေ အဖန်ဖန်လည်တာနဲ့ အမျှ
သူ့ ရဲ့ ကိုယ်ပေါ်က အဝတ်တွေ ၊အဆင်အယင်
တွေကလည်း ကြာလေ ကြာလေ မွဲ ‌ခြောက်စုတ် ပြတ်လေပါပဲ။သူက အကောင်မဟုတ် ၊သူ့မှာ အသက်ဆိုတာမရှိ။ ဒါပေမယ့် သူနေရတဲ့
လယ်ကွင်း သူ့ရဲ့စပါးခင်း ကြီးကတော့ သီးနှံ
မြိုင် မြိုင် တယိုင်ယိုင်နဲ့  ဖြိုးခိုင်ညွှတ်အိနေပါတယ်။ သူက ဘာမှမလုပ်တဲ့တိုင် စာကလေးတွေက သူ့ ကို ‌ကြောက်ပါတယ်၊ ပြီးတော့ ရင်ထဲက
ကြိတ် ပြီး မုန်းချင်တောင် မုန်းနေ ကြမှာပါ။
              ဟုတ်တယ်လေ ‌မြောက် ပြန်လေ
အဝှေ့ခံရလို့  သူ့  လက် သူ့ ‌ခြေ သူ့ ကိုယ်လုံး
ကြီး ယမ်းယမ်းနေတာကိုပဲ ‌တရုတ်ကွန် မြူနစ်ပါတီ ဥက္ကဌ ကြီး မော်စီတုန်းရဲ့ စာကလေးစစ်ဆင်ရေး နောက်ဆက် စာဖမ်းပွဲလို့ များ ထင် ကြလေမလားပဲ။
              ၁၉၅၈ ခုတုန်းကပေါ့ ဥက္ကဌ ကြီး မော် က ဘယ်လိုတွေး လဲဆိုတော့ စာကလေးလို ကောက်ပဲသီးနှံစားတဲ့ အကောင်ပလောင်တွေနဲ့ တော့ ဒီတိုင်းပြည် မဖြစ်ချေဘူးဆိုပြီး ဘယ်ပညာ ရှင်နဲ့မှလည်း မတိုင်ပင် မဆွေးနွေးဘဲ သူ့သဘောနဲ့သူ "စာကလေးသတ် ကင်ပိန်း" ထလုပ်တယ်။ "ခြင်၊ ယင်၊ ကြွက်နဲ့ စာကလေး" လေးမျိုးကို သုတ်သင်ရမယ်ပေါ့။ တကယ်လုပ်ဖြစ်သွားတာက စာကလေးပဲ။ သူတွက်ပုံက ဒီလိုပါ။ စာကလေးတစ်ကောင်ဟာ တစ်နှစ်ကို ကောက်ပဲသီးနှံ ၄.၅ ကီလိုဂရမ် စားတယ်။ စာကလေး အကောင် တစ်သန်းကို သတ်နိုင်ရင် လူ ခြောက်သောင်းစားဖို့ ကျန်မယ်။‌မော်စီတုန်းဟာ အဲ့လိုတွေးပြီး စာကလေးတွေကို လုံးဝမျိုးပြုတ်တဲ့အထိ ပြည်သူတွေကို သတ်ခိုင်းတာပါ။
              အားလုံးသိ ကြတဲ့အတိုင်း မော်စီတုန်းဟာေ ဆးရောင်စုံ ပိုစတာလှလှလေးတွေ သုံးပြီး လူထုကို လှုံ့ဆော်ပါတယ်။ လူထုကြီးဟာ အိုးတွေသံပုံးတွေ တီးပြီး ရပ်ကွက်တွေထဲက ထွက်လာတယ်။ စာကလေးတွေကို ခြောက်ထုတ် ကြတယ်။ စာကလေးတွေဟာ ပျံရလွန်းလို့ မောပြီး ကျသေတဲ့အထိပဲ။ လူနဲ့ စာကလေး တိုက်ပွဲမှာ တစ်ရက်တည်းကို အကောင်ရေ သိန်းချီ သတ်နိုင်ခဲ့တယ်။ 
            ဒီကိစ္စဟာ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကတော့ ထားလိုက်ပါတော့ အဲ့ကိစ္စ‌ကြောင့်ပဲ စာကလေးတွေက ဒီဘာမဟုတ်တဲ့ကောင်ကို ဥက္ကဌ ကြီးထင် ပြီး မကပ်ရဲ ကြတာထင်တာပဲ။ နောက်တခုကတော့ တချို့ နယ်ကလူတွေပေါ့ စာကလေးတွေကို ပိုက်နဲ့ ထောင် ပြီးဖမ်း ကြတယ်။ပြီးတော့ ဘာတဲ့ "စာကလေး ဂျိုး
‌ကြော် ဆီထမင်းရယ် 🎶 ရန်ကုန်မန္တလေးခရီးသွားမယ်"ဆိုလား။ စာကလေးတွေ ဂျိုးတွေကို‌ကြော် ပြီး ဆီထမင်းနဲ့ စားဖို့ တွဲရောင်း ကြတယ်။တချို့အကောင်တွေကိုတော့ာ့ အရှင်အတိုင်းတန်ခိုး ကြီးဘုရားတွေဆီပို့  ကြတယ်။ ခြင်း ကြီးတွေနဲ့ထည့် ပြီး ကောင်းမှုကုသိုလ် ပြုလိုသူယ တြာ ချေလိုသူတွေကို ပြန်ရောင်း ကြတယ်။
             အင်း စာ‌ခြောက်ရုပ်ဟာ သူကဘာမှသာမဟုတ်တာ ဘဝအတွေ့ အ ကြုံတွေကတော့ ‌ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပါပဲ။
              တခါတခါ တော်လှန်ရေးသီချင်းတွေ
                 (အပိုင်း-၂ မျှော်)
story#observation#shinlhu
Friday, November 26, 2021
story
တမဂ်တဖိုလ် ရလိုစိတ်
         🤔😔😔😔😔😔
မနက်၁၁ နာရီ ဖွေးဖွေးသိမ့် တယောက် ကျူရှင်က ပြန်ရောက်လာလာချင်း သူတို့ အိမ်ရှေ့ ခန်းခုံပေါ်မှာ ဖုန်းထိုင်ပွတ်နေပေါ့။
             ရှင်လူ ကြီးက သူ့‌ရှေ့ သွားပြီး ခုံလက်တန်းလေးကိုင် သူ့ မျက်နှာလေးငုံ့ ကြည့်တော့။
              "သွား...လာနဲ့  "ဆို ပြီး ထအော်လေရဲ့
              "ဘာလဲ ၊ငါ နှောင့်ယှက်တာလည်းမဟုတ်ဘူး၊ ချစ်‌လို့ မျက်နှာလေး ကြည့်ချင်လို့ လာတာကို ၊ဒီလောက်တောင် ဖြစ်နေ၊ တော် ပြီ နင့်ကို မချစ်တော့ဘူး ဘဒိတ်မှောက်လိုက် ပြီ"
                 သူငယ်ငယ်ကတည်းက ရှင်လူ‌ပြောတဲ့ သပိတ်မှောက် ဆိုတဲ့စကားကို သူကသူ့ နားထဲ ကြားတဲ့အတိုင်း ဘဒိတ်မှောက်လို့ ‌ပြောလေ့ရှိလို့ သူရောရှင်လူပါ ဘဒိတ်မှောက်ပဲ ‌ပြော‌နေကျပေါ့။ ရှင်လူက ‌ပြော‌ပြောဆို ဆို သူ့အခန်းကလှည့်ထွက်လာတော့ ဖွေးက ရှင်လူ့ ဘက်လှည့် ကြည့်ရင်း "မှားပါတယ် ဆရာရယ်"တဲ့။
             အင်း...ရှင်လူနဲ့ ဖွေးကြားမှာ ကိုယ့်ဘက်ကမှားသွားရင် "မှားပါတယ် ဆရာရယ်"လို့
တောင်းပန်လိုက်ရင်ချက်ချင်း ‌ကြေအေးရတဲ့ ထုံးစံ ရှိသမို့။
             "အေး..ဒါဆိုရင်တော့ ခွင့်လွှတ်လိုက်ပြီ၊ ဘဒိတ်မှောက်တော့ဘူး"
             ရှင်လူလည်း ကိုယ့်အခန်းပြန်လာ ပြီးဖုန်းပွတ်နေလိုက်တာ ဖုန်းဘက်ထီက ၂၀ ‌အောက်ရောက် ပြီးနီလာတာနဲ့ ဖုန်းကို အားသွင်း ကြိုးတပ်ထား ပြီး ဒဂုန် ဦးစန်းငွေ ရဲ့  "နိဗ္ဗာန်စခန်းလက်တကမ်း "စာအုပ် ကောက်ဖတ်နေလိုက်တယ်။ ဒီလိုနဲ့ စာဖတ်ရင်း ဘယ်အချိန် မှေးခနဲ ဖြစ်သွားတယ်မသိ။ ဆိုဖာ ကြီးပေါ် လက်နှစ်ဖက် နောက်မှီပေါ်တင်ရင်း ‌ငိုက်မျဉ်းနေတုန်း
တစုံတယောက် လှန့် လိုက်သလိုမို့  ညာလက်နဲ့အလိုအလျောက်ရိုက်ချလိုက်တာ ဖွေးရဲ့ ငိုသံ ကြားမှ သတိရ လို့  ကြည့်လိုက်တော့ ဖွေးကသူ့မျက်နှာကို လက်နဲ့အုပ် ပြီးအော်ငိုနေလေရဲ့ ။
           "ဖြစ်ရလေ သမီးလေးရယ်၊ ရှင်လူက
 ယောင်တတ်လို့ပါ၊ ဘယ်နာသွားလဲ၊လာစမ်း"
            ဖွေးက သူ့ ညာမျက်စိအောက် နှာခေါင်းနား ကို ပွတ်နေတာ‌ကြောင့် ရှင်လူက တန်းပေါ်က တဘက်ယူ အာငွေ့ မှုတ် ပြီး ကြပ်ထုပ်ထိုးပေးနေမိတယ်။
             "တိတ် တိတ် သမီးလေး ၊ရှင်လူ့ အာငွေ့ က တန်ခိုးရှိတယ်၊ အုံဖွ အုံဖွ ၊သမီးသက်သာသွားမှာ"
              ဖွေးက အငိုမရပ်၊ ရှင်လူ့ ရင်ထဲ အတော်မကောင်း ဖြစ်သွားမိတယ်။ငယ်စဉ်ကတည်းက ခုလို ၇ နှစ်သမီးအရွယ် ဖြစ်လာတဲ့အထိ လက်နဲ့ တောင်မရွယ်ခဲ့တဲ့ ကလေးကိုရိုက်လိုက်မိ ပြီ။
              "တိတ်တိတ် သမီးလေး၊ ရှင်လူ မုန့် ဝယ်‌ကြွေးမယ်၊ အန်တီမတင့် တို့ဆိုင်က သမီးဘာစားမလဲ"
              အတော်နာသွားပုံရတယ်။မုန့် ဝယ်ကျွေးမယ်ဆိုတာတောင် အငိုမတိတ်။ ရုတ်တရက် သူ အ ကြိုက်ဆုံးကို ရှင်လူ စဉ်းစားမိလိုက်တယ်။
            "လာလာ သမီးကြိုက်တဲ့ အာလူး‌ကြော်ဘူး ဝယ်‌ကြွေးမယ်" ဆိုမှ ရုတ်တရက် အငိုရပ်သွားတယ်။ ဖွေးကို လက်ဆွဲထွက်လာတော့ ဖွေးက နောက်က မျက်ရည်သုတ်ရင်းထလိုက်လာတယ်။ Master အာလူး‌ကြော် တဘူး
၁၆၀၀ တဲ့။ လကုန်ခါနီး ငွေ ပြတ်နေပေမယ့်
တတ်နိုင်ဘူး သမီးလေးအငိုတိတ်ဖို့က ဒီချိန်မှာ အရေး ကြီးဆုံး။
            ရှင်လူ ကြီးမှာ မကောင်းတဲ့ အကျင့်က အဲ့လို အိပ်ပျော်ချိန် ယောင်တတ်တာပဲ။
တလောက ကျန်းမာရေးမကောင်းလို့ ကိုယ့်အခန်း ပြန်အိပ်တုန်းကလည်း ဖွေးအမေ ငမိုးရိပ်က‌ပြော ပြီးပြီ "ရှင်လူ ညက အိပ်မက်မက် ပြီး
မ ကြားဝံ့မနာသာတွေ ဆဲ ဆို ပြီး ဝုန်းဒိုင်း ကြဲနေတာပဲ"တဲ့။
             ဒေါသဟေတု ဆိုတာ ‌ကြောက်စိတ်
အကုသိုလ်ပဲ။ရှင်လူ့ မသိစိတ်ထဲမှာ ဒီအကုသိုလ်တွေက ဘယ်လောက်များ ကိန်းအောင်းနေသလဲ မသိ။ ခုပဲ ကလေးကို ယောင် ပြီး ရိုက်မိခဲ့ ပြီ။ ဒါတွေ ပျောက်ကင်းဖို့ ကတော့ တနေ့ က
FB ထဲ နာဖူးတဲ့ တရားတပုဒ်ထဲကလို တမဂ်တဖိုလ် ရမှပဲ ဒေါသကိလေသာတွေ ကို အ ပြီးတိုင်တားနိုင်မှာ။
              ဒီတခါလောက် နိဗ္ဗာန်စခန်းကို တက်လှမ်းလိုတဲ့စိတ်မျိုး တခါမှ မ ဖြစ်ဖူးဘူး။
story#observation#shinlhu
story
"အိုပယ်ဂိမ်း"
                 👺👺👺
   အသက် ကြီးတဲ့လူတွေ စကားများတတ်လာတာ လူတိုင်းလိုလိုသတိထား မိ ကြမှာပါ။ ရှင်လူကတော့ အစော ကြီးကတည်းက အဲ့ဒီကိစ္စ ကို သတိထားမိတယ်။ 
            အမှန်တော့ လူတိုင်းဟာ လူ့ ပတ်ဝန်းကျင်မှာ အရေးပါလိုတဲ့ ဆန္ဒမျိုး ကိုယ်စီရှိ ကြတယ်။ အရွယ်ကောင်းစဉ် တုန်းကတော့ အရာရာ
လုပ်နိုင် ကိုင်နိုင် ဆုံး ဖြတ်နိုင် ကြတာမို့ လူတွေက အ ပြန်အလှန် အားကိုး ပြီး ညှိနှိုင်းကြ တိုင်ပင် ကြ အတူလုပ်ဆောင်ကြပေါ့။အဲ အသက်ကလေး ရလာတော့ ရုပ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေကလည်း တုန်တုန်ချိချိ ဖြစ်လာ ပြီ၊ စိတ်ပိုင်းဆိုင်ရာကလည်း မေ့မေ့ လျော့လျော့ ဖြစ်လာ ပြီဆိုတော့ အများ‌ပြော ကြတဲ့အတိုင်း
(အိုပယ်) ဖြစ်လာ ပြီပေါ့။ ရေ နွေးအိုးကလေးတည်ရင်တောင် "နေစမ်းပါ၊ အပူတွေလောင်ကုန်ပါ့မယ်"ဆို ပြီး အလုပ်မခံ။ဒီအခါ တချို့ သားသမီး ‌မြေးမြစ်တွေက "အသက် ကြီးပြီ၊ တရားပဲ အားထုတ်စမ်းပါ၊ ဒါမှ ဘဝကူးကောင်းမယ်"ဆို ပြီး တွန်းပို့ တတ် ကြတယ်။ ဟို စကားပုံ တခု လို "မကောင်း ကျောင်းပို့ ‌"ပေါ့
တချို့ အိုပယ်တွေကတော့ သားသမီး‌မြေးသားတွေကို စိတ်ချမ်းသာ အောင် အလိုကျ ဖြစ်အောင် ယောဂီတဘက်လေး ပုခုန်းတင် ပြီး ဘုန်းကြီးကျောင်းရိပ် ဘုရားရိပ်ခိုပေါ့။ အမှန်တော့
တရားကတကယ် ရှာချင်တာမဟုတ်။ဘဝစေရာ
အလိုက်သင့် သရုပ်ဆောင်နေ ကြရတာ။ တချို့
တော့လည်း ပါရမီကံလေးကပါတော့ တကယ်တရားထူးနဲ့ တွေ့ သွားသူတွေလည်း ရှိနိုင်ပါရဲ့ ။ ဒါပေမယ့် လက်သဲခွံပေါ်ကသဲမှုန့် အရေအတွက်လောက်ပါ၊ မဟာပထဝီ‌မြေအထုလောက်
အိုပယ်တွေကတော့ ဥပုသ်စောင့်ရင်း ချဲထိုးရင်း
အတင်းပလင်းဖလှယ်ရင်းနဲ့ ပဲ (အိုပယ်ဂိမ်း)ကိုဆော့ နေ ကြရတာ။
           ရှင်လူ ကြီးက ဒါတွေ ကြိုတွေးထားမိလို့ အိုပယ်ဂိမ်းအတွက် ကြိုတင် ပြင်ဆင်ထားခဲ့တယ်။ လူငယ်တွေ ရဲ့ ငြင်းပယ်မခံရအောင်
သူတို့ နဲ့အတူ ဘီယာသောက်တယ်၊ သူတို့ ကိစ္စဝိစ္စ တိုင်းမှာ အတိုင်ပင်ခံ ဖြစ်အောင် လည်း
စဉ်ဆက်မ ပြတ်လေ့လာထားရတယ်။ ပြီးတော့
ဖုန်းတလုံး ရယ် Laptop တလုံးရယ်နဲ့ 
Social network တွေသုံးပြီး အချိန်တွေကုန်အောင် ဖြတ်ကျော်နေရတယ်။ FB ပေါ်က
ကိုတင်မောင် မတင်မေ တို့နည်းတူ Post တွေ ဓပုံတွေလည်း တတိန်တိန်တင်ပေါ့ ။ဒါပေမယ့် ရှင်လူက အထူအပါးနားလည်တတ်တော့
ကွကိုယ် ထိန်းတယ်။အ ပြင်မှာ စကားမပွားရလို့ FB ပေါ်ချည်း တက်ပွားနေလည်း ဘာထူးမှာလည်း (ဒါလည်း အိုပယ်နာ)တမျိုးပဲ။ မိမိစိတ္တဇ တွေ လူသိတာပဲ အဖတ်တင်မှာ။ လူတွေကို ပညာပေးရအောင် ဆိုလည်း မိမိက ပေးနိုင်မယ့် ပညာ(Professional)ကျကျ ဘာမှမရှိ။ဒီတော့ မိမိတင်တဲ့ဓပုံလေးတွေ ၊အပျင်း‌ပြေ
စာကလေးတွေ ၊ခံစားချက် ကဗျာလေးတွေကိုအ မြဲဝင်ကြည့်လေ့ရှိတဲ့ မိတ်ဆွေ အနည်းအငယ်ရှိခဲ့လေတော့ ဒီ FB ခေါ် Metaverse
ကြီးဟာ ရှင်လူ့ ရဲ့  အိုပယ်ဂိမ်းစားကျက် ကြီးပေါ့။ဒါတောင် ခုတလော ကျန်းမာရေးက မကောင်း ၊ခွဲထားတဲ့ညာဘက်မျက်စိကလည်း ဝါးတားတားမို့ ဖုန်းနဲ့ ကွန်ပြူတာကို လျော့သုံးနေရတယ်။ အာရုံ‌ကြောထိမှာစိုးရသလို သွေးတိုးကလည်း ဒုက္ခပေးမှာ ‌ကြောက်နေရတယ်။ တရဆ
ဆရာ ကြီးဦးရန်အောင်ရဲ့ ဟော‌ပြောချက်တခုမှာ ဒီဖုန်းကလည်း သွေးတိုးရတဲ့အ‌ကြောင်းတခု ဖြစ်တယ်ဆိုပဲ။ ဖုန်းကထွက်တဲ့အပူဓါတ် 
ရယ် သတင်းအချက်အလက်တွေကထွက်တဲ့အပူဓါတ်တွေကလည်းသွေးတိုးပါမက နှလုံးရောဂါပါ ရနိုင်တာတွေချည်းပဲ။
             အဲတော့ ရှင်လူ ကြီး အိုပယ်ဂိမ်းကို
‌ပြောင်းပြီး ကစားနေရတယ်။နဂိုရ်က မ ကြိုက်တဲ့ တော်ကီပွား ဂိမ်း ကို ‌ပြောင်းသုံးနေရတယ်။ဒီမနက်တောင် ကွမ်းယာထွက်ဝယ်ရင်း
အရင်ကဆို စကားအပို ‌ပြောလေ့ မရှိတဲ့ ရှင်လူ
စကားစတခု တမင်ဆွဲထုတ် ပြီး ပွားခဲ့သေးတယ်။ ကွမ်းယာသည် လင်မယားတော့ တွေး‌ကြောက်ရင်းကျန် နေ ကြမလားမသိ။ဖတ် ကြည့်ကြအုံး။
    ရှင်လူ။ ။  "ဒီနှစ် ပံ့သုကူ ကောက်ပွဲကတော့
အတော် သရုပ်ပျက်လာတယ်"
ကွမ်းယာသည် မိန်းမ ။ ။ဟုတ်ပ ဦးရယ်
လမ်းထဲကအုပ်စု ဆို ကားတွေကိုဝင် လုတော့မယ့်အတိုင်းပဲ"
ရှင်လူ။ ။ဒါတောင် ဈေးရောင်းတဲ့လူ ကဈေးရောင်းလို့ ရနေသေးတယ်၊ ကားသမားက ကားမောင်းလို့ ဆိုက္ကားသမားက ဆိုက္ကားနင်းလို့ 
လက်လုပ်လက်စားတွေ လုပ်စားလို့ရနေသေးတယ်၊ စစ်ပွဲ ကြီးတွေ ဖြစ်လာလို့  ရေမရ ရိက္ခာတွေ ပြတ် ဖြစ်လာရင် တွေးတောင်မတွေးရဲဘူး"
            အမှန်တော့ တကယ် ဖြစ်လာမယ်
မ ဖြစ်လာဘူး ဆိုတာ ရှင်လူလည်း မခန့်မှန်း
တတ်။အိုပယ်ဂိမ်း အနေနဲ့ စကားအပိုတွေ
‌ပြောခဲ့မိတာပါ။
story#observation#shinlhu
Tuesday, October 26, 2021
AUTOBIOGRAPHY
ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်
     🎃🎃🎃🎃🎃🎃🎃   
     နိဒါန်း🎃    
            နှစ်ပေါင်း ၆၈ နှစ်တိတိ မနားစတမ်း ‌ပြေးလွှား လှုပ်ရှားခဲ့တဲ့ ရှင်လူ တယောက်
ခုခါမှာတော့ သက်တောင့်သက်သာ အနားယူနေ ပါ ပြီ။ ‌မနားလို့လည်း မ ဖြစ်။ တပတ်အတွင်းနှာခေါင်းသွေးတွေ ၅ ခါတိတိ လျှံ ပြီး သွေးပေါင် က ၁၉၀/၁၁၀ ထိ ဖြစ်ခဲ့ တော့လည်း
အရင်လို စိတ်လိုက်ကိုယ်ပါ လုပ်လို့မ ဖြစ်။
အနားယူတယ်ဆိုလို့  အရင်ကကော ဘာတွေ
မနေမနားလုပ်နေခဲ့သလဲ ဆိုတော့ ‌ပြောစရာနည်းနည်းတော့ ရှိတာပေါ့။ ရှင်လူတို့ ဆီမှာ Covid-19 ပထမလှိုင်း စတင်ချိန်ထိ ရှင်လူ့ ရဲ့  အိမ်တွင်းမှု ပန်းထိမ်ကိရိယာ လုပ်ငန်းလေးရှိနေသေးတယ် လေ။ တနေ့ တနေ့  တံစည်းတိုက်၊ လွှတိုက် ဂဟေဆော် ၊ဖြတ်တောက် ထုရိုက် ‌ခြေရောလက်ရော တကိုယ်လုံး မနားရတဲ့လုပ်ငန်းလေးပေါ့။ ညဘက်ရောက်တော့ 
TET  Engineering & Trading Company မှာ လုံ ခြုံရေး။ TET လုံ ခြုံရေး
အလုပ်က ထူးထူးခြားခြား ‌ပြောစရာတခုရှိတယ်။ ကုမ္ပဏီ MD က လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်လောက်က ရှင်လူနဲ့ မဟာသ င်္ကြန် ၁၀
ရက် တရားစခန်းတခုမှာ ရှင်လူနဲ့ အိပ်ယာချင်းကပ် ရက် ဓမ္မ မိတ်ဆွေ ။ သူ့အသက်က  မွေးကင်းစမှာ ပဲ ဆုံးပါးသွားခဲ့တဲ့ ရှင်လူ့သားလေး
မျိုးဟိန်း နဲ့  ရွယ်တူလောက်။ ခုတော့ ၄၆ လောက်ပေါ့။တရားစခန်း ကအ ပြန် ခွဲခွာခဲ့ ကြ
ပြီး နှစ်တွေ ကြာခဲ့တဲ့တိုင် သူသတိရတဲ့အခါ ရှင်လူ့ ဆီ လာလာတွေ့ တတ်တယ်။၃ နှစ်တခါ
ဖြစ်ချင် ဖြစ်မယ်၊ ၅ နှစ်တခါ ဖြစ်ချင် ဖြစ်မယ်။
             သူနဲ့  ရှင်လူက ရှေးလူ ကြီးတွေ
‌ပြောသလို ‌ပြောရရင် ပဌာန်းဆက်ပါပုံရတယ်။
တယောက်အ‌ကြောင်းတယောက် သိတ်မသိ ကြပေမယ့် တဦးအပေါ်တဦး အလိုလို ယုံ ကြည် ကြတယ်။ ရှင်လူက သူ့ကိုတွေ့ တဲ့အခါတိုင်း
စိတ် ကြည်လင်ရတယ်။ တ ခြားတော့မဟုတ်ဘူး သူ့ဥပဓိရုပ် ‌ကြောင့်ထင်ရတာပဲ။သူ့မျက်နှာဟာ စတွေ့ ဖူးတဲ့ နေ့ ကစ နှစ်ပေါင်း အစိတ်ကျော်လာတဲ့ ဒီနေ့ ထိ ကလေးတယောက်ရဲ့ မျက်နှာမျိုးပဲ။
             အဲ့လို မျက်နှာနဲ့ လူက ရှင်လူ့ ဇနီးကွယ်လွန် တဲ့ ၂၀၀၉ -ဇန္နဝါရီလ ၊ရက်လည်ဆွမ်းေ ကြွးကိုလာရင်း ပြန်ခါနီး "အကို ကြီးကို
ဒီတိုင်းထားလို့ မ ဖြစ်ဘူး၊ အင်တာနက်ပေါ်
တင်ပေးအုံးမှပါပဲ"လို့  ‌ပြောခဲ့တယ်။ တကယ်တော့ အဲ့ဒီဓမ္မ မိတ်ဆွေဟာ  အဲ့ချိန်က စ ပြီး ရှင်လူ့ ဘဝ ‌ပြေးလမ်းတလျှောက် လုံး ဖေးမ စောင့်ရှောက် လမ်းပြသူ ဖြစ်လာခဲ့တယ်။
                      (ဆက်ရန်)
Monday, October 25, 2021
story
သမိုင်းထဲက အရှင်လတ်လတ် ဇာတ်ကောင်များ
🕜👺😎😂🤡😈😀😙🤗😭
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရှင်လူတို့ 
Maze Walker Team လမ်းလျှောက်အဖွဲ့ သွေးပူလေ့ ကျင့်ခန်းလုပ်ရာ
ပါရမီ ဂုံးတံတားပေါ်ကို အသက် ၇၅နစ်အရွယ် ခပ်ပိန်ပိန် အသားညိုညို လူတယောက် ရောက်လာခဲ့ပါတယ်။ သူလည်း ရှင်လူတို့ နားမှာ လေ့ကျင့် ခန်းလုပ်ရင်း စကားလေးဘာလေး ‌ပြောနဲ့ သုံးရက်လောက်နေတော့ သူ့အ‌ကြောင်း လေးတွေ သိလာရပါတယ်။သူက စစ်သားဟောင်း တယောက်ပါ။ခုတော့ ဂုံးတံတားနဲ့ မလှမ်းမကမ်း
မဉ္ဇူလမ်းက အိမ်တအိမ်မှာ ဒရိုင်ဘာလုပ်နေပါသတဲ့။မနက်မနက်ဆို ဒီတံတားပေါ်က ဖြတ်ပြီး သူကားမောင်းတဲ့အိမ်ကို
မသွားခင် ရှင်လူတို့ နဲ့ အဖွဲ့ ကျသွားတာပါ။
ရက် ကြာလာတော့ အ ပြန်အလှန် အတွေ့ အ ကြုံချင်း ဖလှယ် ကြရင်း သူ့ စစ်သားဘဝ အ‌ကြောင်း ‌ပြော ပြလာပါတယ်။
"အဲ့ ဒီတုန်းက တည်မြဲ သန့် ရှင်း အ ပြိုင်ကြဲ ကြတဲ့ ရွေးကောက်ပွဲ ပေါ့ဗျာ၊ ကျနော်လည်း စစ်သားဆိုတော့ အထက်ကအမိန့်အတိုင်း လုပ်ခဲ့ ရတယ်။ ဘရင်းဂန်းကို မိုးပေါ်ထောင် ပစ် ပြီး၊ လူတွေလည်း
ထွက်‌ပြေးကုန်ရော သန့်ရှင်းပုံးထဲက မဲတွေကို တည် မြဲ ပုန်းထဲ လောင်းထည့်ခဲ့ရတယ်" သူ့ စကားနားထောင်ရင်း သက်  ကြီးစကား သက်ငယ် ကြား ဆိုသလို
နားကားကားနဲ့  ကြားခဲ့ရပါရဲ့။ အင်း သမိုင်းထဲက ဇာတ်ကောင်တကောင်ကို အရှင်လတ်လတ် တွေ့ လိုက်ရတာပါပဲ။
သတင်းထောက်ညာဉ်သာရှိရင် နာမည်
ဘယ်လို‌ခေါ် လဲ၊ ဘယ်တပ်ကလဲ၊
ဘယ်အရာရှိ အမိန့်ပေးခဲ့သလဲ စသ ဖြင့်
သလဲတွေ ထပ်သွားမှာ ဖြစ်ပါတယ်။
ရှင် လူက ကဗျာသမားညာဉ် ပဲရှိသူမို့
သမိုင်း ဖြစ်စဉ်ကိုသာ ရင်နင့်နင့်နဲ့ ခံစား
မှတ်သားမိပါတယ်။ ပုဂ္ဂလဓိဌာန် ပုဂွိုလ်
ရေး တွေ က နိုင်ငံရေး ဖြစ်စဉ်တွေကို
ပိုမို တောက်‌ပြောင် လာအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်တာလည်းပါတာပေါ့လေ။ ဒီလို သမိုင်းထဲကဇာတ်ကောင်တယောက် မိမိ တောင်ဒဂုံ ၊ဟားခါးလမ်း
Bella ဂိုထောင်မှာ လုံ ခြုံရေး လုပ်ခဲ့တုန်းကတွေ့ ခဲ့ဖူးပါတယ်။၈ လေးလုံးကာလ
စစ်တပ်နဲ့ ကျောင်းသားပြည်သူတွေ ထိပ်တိုက် ကြုံနေရတဲ့ အချိန် တနေရာထဲမှာ မိမိရော သူရော ဆန့်ကျင်ဘက်နေရာက ပါဝင် သရုပ်ဆောင်ခဲ့ရတဲ့ အ‌ကြောင်းလေး ၊ နောင် စိတ်ပါတဲ့အခါ ရေးပါအုံးမယ်။
အခုတွဲတင်တဲ့ပုံထဲမှာတော့ ခုန‌ပြောတဲ့
ရဲဘော် ကြီး မပါဝင်ပါ။ Maze Walker
များ ကိုသာ မြင်သာအောင်တင်ပေးလိုက်တာပါ။
story#observation#shinlhu
Saturday, October 16, 2021
Autobiography
ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်
🤗🤗🤗🤗🤗🤗🤗
                                          ရှင်လူ
တကယ်တော့ ရှင်လူဆိုတာ အမှိုက်စကလေး
‌တွေနဲ့ Installation လုပ်ထားတဲ့ စာ‌ခြောက်ရုပ်ကလေး တခုပါ။
      အခု သူ့လို ကုမ္ပဏီ ညစောင့်အဖိုး ကြီးတယောက်က အတ္ထုပ္ပတ္တိ စာအုပ် ရေး ဦးမတဲ့။
အင်း အတ္ထုပ္ပတ္တိ ဆိုတာထက် အရှုပ်ပတ္တိ ဆို
ပိုမှန်မလားပဲ။
       သူက ခင်ဗျားတို့ ကို တရားရစေချင်လို့ 
ဒါကို ရေးတာမဟုတ်ဘူး။
       ပြည်သူ့ ကျန်းမာရေးပါရဂူ ဆရာဝန်က နားကြပ်ထောက် အသက်ပြင်းပြင်းရှူခိုင်းပြီး သူ့အဆုတ်ကို အကောင်းဘက်ကအမျိုးမဟုတ်တော့ဘူး ဆိုလိုက်တော့ ...
          သေဖို့ ထိုင်စောင့်နေရတာ ပျင်းစရာ ကြီးဗျာ။အဲတော့ သူ ကြုံခဲ့ တွေ့ခဲ့ ရင်ဆိုင်ခဲ့ရတဲ့‌ပေါက်တတ်ကရတွေ ထိုင်ရေးနေရင် အပျင်း‌ပြေမလား လုပ်ကြည့်တာပဲ။ ခင်ဗျားတို့လည်းအပျင်းေ ပြ ဖတ်ချင် ဝင်ဖတ်သွားကြပေါ့။
           ဒီနေ့  တိုက်ဆိုင်လို့ ဇာတ်သိမ်းခန်းလေး ရေးလိုက်တယ်။ နိဒါန်းနဲ့ စာကိုယ်ကတော့
ရှင်လူ - ရှင်လူ ဆက်ဖြစ်နေသေးရင် ဖတ်ရမှာပေါ့။
                         နိဂုံး
                         🍂
           မနက်ခင်း ၈ နာရီ လက်ဖက်ရည်ဆိုင်က ပြန်ရောက်လာတော့ မိုးထဲလေထဲ ပြန်လာတာမို့ ‌ခြေဆေးချင်လာတယ်။ဒါနဲ့ 
ဆိုင်ရှေ့ ခေါင်းရင်းက ရေတိုင်ဆီလာခဲ့တယ်။
အမ်..ရေမီတာ မရှိတော့ပါလား။ ရေမီတာ PVC ပိုက် တတောင်လောက်က ဖြတ်ချိုးယူသွားပြီ။ အင်း ဓါတ်ပုံရိုက် ပြီး MD အမဆီ
Messenger ကပို့လိုက်တယ်။ ရေကိစ္စက
အ မြန် ပြန် ပြုပြင်နိုင်မှလေ။ ကုမ္ပဏီ ဝန်ထမ်းဆယ်ယောက်လောက် သုံးရေ ပြတ်သွားနိုင်တယ်။
             ညနေဘက်ကျတော့ MD အမကဖုန်းဆက်လာတယ်။"ဦးရေ ..ရေမီတာက ‌ခြောက်သောင်း ကျော်လောက် ကျလိမ့်မယ် ၊ အလုပ်သမား လက်ခ ကငါးထောင်လောက်ပေါ့၊ ‌ကြေးတွေကဈေးကောင်းတော့ ကလေးတွေ ဖြုတ်ရောင်းမှာပေါ့လေ"တဲ့။
             ‌ပြောပါ ပြီကော ၊ ရှင်လူဆိုတာ
"ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်" ပါလို့။
အဆုတ်ကမ‌ကောင်း ခါးနာထား ပြီး ခွဲထားတဲ့
ညာမျက်စိကလည်း မှုန်ဝါးဝါးနဲ့ ၆၈ နှစ်အရွယ်အဖိုး ကြီး ၊ဒီ ကြားထဲ ဖုန်းနဲ့ ကွန် ပျူတာက တနေကုန်ပွတ်ရသေး။
                                       ရှင်လူ
Saturday,16
October,2021
story#observation#shinlhu
Monday, October 4, 2021
story
အပါယ်ဘုံသား အခန်းဖော်
🐁🐁🐁🐁🐁🐁🐁
ခုတလော မိမိအိပ်ရေးပျက်နေတာ တပတ်လောက်ရှိသွားပြီ။ မိမိအိပ်ခန်းဟာ အတန်သင့်ကျယ်ဝန်းပေမယ့် ရုံးစာဖိုင်တွဲတွေနဲ့ အချို့ ပစ္စည်း ပစ္စယ တွေ‌ကြောင့် အိပ်ယာနဲ့ စားအိုးစားခွက်တွေပါ ပေါင်းထည့်လိုက်တော့ နေရာလွတ်သိတ်မကျန်။ အဲဒါ ညဘက် အိပ်ချိန် မှေးခနဲ 
ဖြစ်သွားတာနဲ့ ကြွက်တကောင်ရဲ့ တတောက်တောက် တဖောက်ဖောက် ကိုက်သံက ပုံမှန်ပေါ်လာ နေတယ်။ ဒီတော့ ပင်ပန်းနွမ်းလျနေတဲ့ ကြားက ဆက်အိပ်မရတော့ဘဲ ခြင်ထောင်ပြင်ထွက်၊ စက္ကူပုန်းတွေကို တဘုန်းဘုန်းထု ပြီး
ကြွက်မောင်းရတယ်။ စာရွက်စာတမ်းတွေကိုက်သွားမှာလည်း စိုးရ ၊သူ့ အသိုက် ကြီးထွားလာမှာလည်းစိုးရနဲ့ ။ နောက်တခါ အိပ်ပျော်မယ့်ဆဲဆဲ မှေးခနဲ ရှိသေး တဖျောက်ဖျောက် ဖြတ်‌ပြေးသံ‌ကြောင့် မျက်လုံးတွေ ကျယ်လာရ ပြန်တယ်။ ဒီကောင် ဘယ်လိုအကောင်လဲ သိရအောင် အသံ ကြားရာ လက်နှိပ်မီးနဲ့ထိုး ကြည့်လိုက်တော့ ခပ်သေးသေး ကြွက်ဖလောင်းလေးတကောင်။"ဒီလောက်သေးတဲ့ အကောင်က
ဒုက္ခ အ ကြီး ကြီးတွေပေးနေပါလား" ။မိမိ အသက်အရွယ် အရ အိပ်ရေးပျက်တာမကောင်း။ဒီ ကြားထဲ အဲ့ကောင်အပေါ် ဒေါသ ထပ်ဖြစ်ရရင်လည်းတပမ်းရှုံးနေ ပြန်မယ်။ဒီလိုနဲ့  နှစ်ညလောက်နေတော့ တွေးမိတယ်။"မီးထွန်းအိပ်ရင်
ဒီကောင် ငြိမ်သွားမလား"ပေါ့။ အမှန်တော့မိမိက ညအိပ်ယာဝင်ရင် မီးမှိတ်အိပ်လေ့ရှိတယ်။အလင်းရောင်နဲ့ အိပ်လေ့မရှိ။ဒါပေမယ့် ဘာတတ်နိုင်မလဲ၊ ပြဿနာက ‌ဖြေရှင်းရတော့မှာ။
ဖြစ်နိုင်တဲ့ နည်းလမ်းကို အသုံး ပြုရတော့မှာပေါ့။ ဒီလိုနဲ့ပဲ အခန်းမီးကို တိုက်ရိုက်မသုံးပဲ ‌ခြေရင်း Toilet ခန်းထဲက LED မီးလုံးလေးကို ထွန်းထားလိုက်တယ်။ အတွေး မှန်သွားတယ်ဆိုရမယ် ၊မီးရောင်‌ကြောင့် ဒီကောင် ငြိမ်သွားတယ်။
အဲဒါ တရေးနိုး Toilet ထဲ အပေါ့သွားဖို့ ဝင်သွားတော့ Toilet အပေါ်တန်းက ဒီကောင်က ရှင်လူ့ကို ကြည့်နေတယ်။ဒီကောင် ဘာ ကြံစည်နေသလဲ။ ကိုင်းခွက်ထဲ ရေနည်းနည်းခပ်ပြီး လှမ်းပက်လိုက်တော့ သူ့ကိုထိ ပြီး ပြုတ်ကျလာတယ်။ အမှန်တော့ သူ လန့် ပြီး လေဝင်ပေါက်ကတဆင့် တဖက်ခြံထဲက ဗာဒံပင်ပေါ်တက် ပြီး ထွက်သွားစေချင်တာ။ အောက်ထပ်မှာ ကြွက်ထောင်ချောက် သံညှပ်တွေရှိနေပေမယ့် ရှင်လူက သူ့ကိုမသတ်ချင်။လွတ်ရာကျွတ်ရာကိုသာ ထွက်သွားစေချင်တယ်။ တောင်ဒဂုံက မိတ်ဆွေ ညစောင့် ကြီးကတော့ သူ့ ကိုနှောင့်ယှက်တဲ့ ‌မြေ ကြွက် ကြီးတွေကို သံညှပ်နဲ့
နေ့ တိုင်း ထောင်ဖမ်းတာ ကုန်သလောက်ဖြစ်နေ ပြီတဲ့။ ရန်ကုန်လိုနေရာမှာ ကြွက်သေ လွှင့်ပစ်ဖို့ ကလည်း အခက်အခဲတွေရှိနေတော့ ၊"ခင်ဗျား အဲ့ ကြွက်သေတွေ ဘယ်လိုစွန့်ပစ်လဲ"မေးတော့"လွယ်လွယ်လေး ကျီးကန်းတွေကိုပစ်‌ကြွေးပလိုက်တယ်၊ စားရတော့ ကျီးကန်းတွေက နေ့တိုင်းလာစောင့်နေတယ်"တဲ့။အင်း တခါတခါတော့လည်း ကျေးလက်သားတွေရဲ့ ရိုးရာနည်းတွေက သိတ်မဆိုးဘူးဘဲ။ရှင်လူတို့ တောင်ဥက္ကလာ သံသုမာတဝိုက် ၊လမ်းအ ရှေ့ ခြမ်း
ဇီဇဝါ ဘက်က လူတယောက်ကတော့ ကြွက်အရှင်မိထားတဲ့ ‌ထောင်ချောက် ကို ကားလမ်းကူးယူလာ ပြီး ၅ ရပ်ကွက် အ ခြမ်းမှာ လာလွှတ်လေ့ရှိတယ်။ သူတော်ကောင်း ကြီးနဲ့  တနေ့ 
နေ့ တော့ ပက်ပင်း ကြုံချင်သေးတယ်။ 
ဒီနေ့ မနက်တော့ အိမ်မှုံ စုံဝါးနဲ့ အပေါ့သွားချင်လို့ Toilet ထဲဝင်လာ ပြီး ထိုင်မယ်လုပ်တုန်း
ဘိုထိုင်ထဲမှာ အခန်းဖော်ကိုတွေ့လိုက်ရတယ်။
ရေတွေစိုလို့  ‌ကြွေသားနံရံကို ကပ်နေတယ်။
ချောနေတာရော အဖုံး‌ကြောင့်ပါ သူထွက်လို့ မရ ဖြစ်နေပုံပဲ။ အင်း ..ရှင်လူလည်း ကြမ်းတိုက်တံ ကြီးယူ ပြီး ‌ကြွေခွက်ထဲ ချပေးလိုက်တော့ သူခဏ စဉ်းစား ပြီး ကြမ်းတိုက်တံ ဘားပေါ် တက်လာတယ်။ အသာမ ပြီး အောက်ချပေးလိုက်တော့ ‌ခြေဦးတည့်ရာ ကိုထွက်‌ပြေးရှာတယ်။ အချိန်အတိုင်းအတာ တခုအထိတော့ မင်းနဲ့ ငါ ဒီအခန်းထဲမှာ အတူနေ ကြရအုံးမှာပဲလေ။
story#observation#shinlhu
Saturday, September 18, 2021
story
ဘာသာစကားရွေးချယ်ပါ
🤒☠️🤗😌😎🚷
သက္ကရာဇ် 2000 ခုလောက်တုန်းက စစ်‌ကြောရေး စခန်းတခုရဲ့ သံမံတလင်းပေါ်မှာ
ထိပ်တုန်းခတ်၊ မျက်နှာကို အဝတ်စီး ပြီး စစ်
‌ကြောခံခဲ့ဖူးတယ်။ ကုလားထိုင်ပေါ်ထိုင်နေတဲ့
ဆရာမျိုး(တပ် ကြပ် ကြီး ထင်ပါတယ်)ဆိုသူက
"ခုနေ ခင်ဗျား ရပ်ကွက် လူကြီး ဖြစ်ရင် ဘာလုပ်မလဲ"
"ကျနော် ရပ်ကွက်လူ ကြီး မ ဖြစ်နိုင်ပါဘူး"
"မဟုတ်ဘူးလေ ၊ခင်ဗျားကို ရပ်ကွက်ကလူတွေက လူ ကြီး အ ဖြစ် လုပ်ခိုင်းရင်ပေါ့"
"သူတို့ ခိုင်းလည်း ကျနော် မလုပ်ပါဘူး"
"အတင်း မ ဖြစ်မနေ လုပ်ရမယ်ဆိုရင်ရော"
"မလုပ်ပါဘူး၊ ကျနော့ ဘဝမှာ လူ ကြီးလုပ်ဖို့ 
တခါမှ စဉ်းစားမထားပါဘူး" သူလိုချင်တဲ့ အ‌ဖြေမရတော့ ဆရာမျိုး စိတ်သိတ်မရှည်ချင်တော့။
သူလိုချင်တဲ့ဆီရောက်အောင် သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်ပဲ မေးချလာတယ်။
"ခင်ဗျား လူ ကြီး ဖြစ်ရင်ကော လူတွေကို လွတ်လပ်ခွင့် ၊‌ပြောခွင့် ၊ဆိုခွင့် ပေးမှာလား "
"ဒါလည်း ကျနော်မသိဘူး၊ ကျနော် လူ ကြီး
လုပ်ဖို့ မစဉ်းစားထားတဲ့အတွက် ၊သူတို့ ကိုပေးဖို့ကိစ္စတွေလည်း ကြိုစဉ်းစားထားတာမရှိဘူး"
အဲ့ချိန်က အ ဗြင်းမခံရတာ အင်မတန် ကံ ကြီးတယ်ဆိုရမယ်။ ရှင်လူ့ မှာ အားကိုးစရာ သီလပဲရှိတယ်။ သူတို့ ကို ဘာမှလိမ်ညာမုသားမ‌ပြော။ စိတ်ထဲက ခံယူထားတဲ့အတိုင်း ‌ပြောခဲ့ ခြင်းသာ။ စာရေး ကဗျာရေး ၊အနုပညာမှန်သမျှ ဟိုစပ်စပ် ဒီစပ်စပ် တွေ လုပ်နေပေမယ့် ဘဝမှာ
ရပ်ကွက်လူ ကြီး(အုပ် ကြီး)လုပ်ဖို့ စိတ်ကူးတောင် မယဉ်ခဲ့ (အဲ့ဒါ ခုထိကောင်းတုန်း)။
ဒါပေမယ့်  အရပ်ကခန့် /ဆွဲခန့် လူ ကြီးမ
ဖြစ်ခဲ့ပေမယ့် ဝယဝုဒ္ဓိ ခေါ်ရမလားပဲ အသက်အရွယ် အရတော့ သေခါနီးလေ လူ ကြီးဖြစ်လေပါပဲ။ ခုလို အ‌ခြေအနေမျိုးရောက်မှ "အင်း
တသက်မှာ တခါလောက်တော့ လူ ကြီးစိတ်ကူးဝင် ကြည့်အုံးမှ လို့ တွေးမိပေါ့။ လူ ကြီးလုပ်မှတော့ဗျာ ရပ်ရွာ ဇနပုဒ် အုပ် ကြီးလောက်တော့
မမှန်းတော့ပါဘူး ။ မှန်းချင်းမှန်း သမတ ကြီးလောက်မှန်းတော့မပေါ့။ ကဲ နိုင်ငံတော် သမတ
ကြီး ရှင်လူ က ရဟန်း ရှင်လူ ပြည်သူတွေကို
မိန့် ခွန်း ‌ပြောရတော့မယ် ဆို (သူများရေးမခိုင်းဘူး ၊ကွကိုယ်ရေးမှာ၊တသက်လုံး ကဗျာရေး/စာရေး လုပ်လာတာ ဘဝ မှာ အံတိုနေ ပြီလေ၊ ရေးတတ်ပ)
မိန့်ခွန်းက ကျစ်ကျစ်လျစ်လျစ်နဲ့ လိုရင်းတိုရှင်း၊
တိုင်းပြည်အတွက် အကျိုးစီးပွား ကိုဆောင်ရမယ်။ဒီတော့
"အို ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ခင်ဗျာ၊
စကားလုံးတွေကို ကျည်ဆန် အ ဖြစ် ‌ပြောင်းလဲ
ထုတ်လုပ်မလား၊ ကျည်ဆန်တွေကို စကားလုံးတွေအ ဖြစ် ‌ပြောင်းလဲ ထုတ်လုပ်မလား၊ မိမိတို့ ကိုယ်တိုင် ရွေးချယ် ကြရမှာ ဖြစ်ပါတယ်"။
ပြီးပါ ပြီ။ ။ဒါပဲ။
story#observation#shinlhu
Friday, September 10, 2021
story
ဓါတ်မစင်များအ‌ကြောင်း
🚷🤔😋😕😬🤐
မနက် ၁၀ နာရီကျော် ရှင်လူ ကြီး ကွပ်ပစ်ပေါ်လှဲနေတုန်း "ရှင်လူရေ ..ရှင်လူ" ဆိုတဲ့အသံ‌ကြောင့် အိမ်ရှေ့ ကို လှမ်း ကြည့်လိုက်တော့ ရဲလင်းကျော် ၊စက်ဘီးကို ဒေါက်ထောက်ပြီး သူ့ 
Food Pandar  ပုံးကြီးထဲက တစုံတခုကို
နှိုက်နေတယ်။ အခန်းထဲဝင်လာ ပြီး"ရော့ ငွေအိုး ဆိုင်က ဝက်သားဟင်း ၊ရှင်လူစားဖို့ ဝယ်လာတာ"။ သူလှမ်းပေးတဲ့ ဝက်သားဘူးကိုယူ ပြီး စား‌ပွဲပေါ်တင်ရင်း "ငွေအိုး ဆိုင်က ဘယ်မှာဖွင့်တာလဲ"ဆိုတော့ "သစ္စာလမ်းမ ကြီးမှာ"တဲ့။" ဒါတပွဲ ဘယ်လောက်လဲ" ဆိုတော့
"ဝက်သားက တထောင့်နှစ်ရာ၊ ဘူးဖိုးကတရာ၊
ရှင်လူ ကြိုက်တဲ့ အဆီတွေ ပိုထည့်လာတယ်"
ရဲလင်းကျော်က ‌ပြောရင်းဆိုရင်း သူ့ ဖုန်းကိုဖွင့်ကြည့်နေတယ်။"ပိုက်ဆံကလည်း မဝင်သေးဘူး" "ဘာလုပ်ဖို့လဲ""လက်ဖက်ရည်လေးဘာလေးသောက်ရအောင်"တဲ့။ ဒီကောင်တခါတခါ
အဲ့လိုပဲ ။မနက် ၈ နာရီကမှ လက်ဖက်ရည်ဆိုင်အတူ ထိုင်ခဲ့ ကြသေးတာ။ ခဏနေတော့ သူ့ဖုန်းပွတ်ရင်း" ငွေဝင်လာ ပြီ ၊ရှင်လူထမင်းစားရင်စား၊လက်ဖက်ရည်ဆိုင်သွားရအောင်" ဆိုတော့ "ထမင်းက သူတို့ ကျက်မှ စားရတာ၊ ပြန်လာမှစားတော့မယ်"။
"ဒါဆို ပိုက်ဆံသွားထုတ်မယ်၊ ရှင်လူခဏလိုက်လာခဲ့"ဆိုတာနဲ့ သူပိုက်ဆံထုတ်ရာ စာဂလမ်းထိပ် စတိုးဆိုင်ကို လိုက်လာခဲ့တယ်။ သူငွေနှစ်သောင်းကျော်ထုတ် ပြီးတော့ နန္ဒဝန်ဈေးရှေ့
"ရွှေနဂါး (၅) "လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်
ကြတယ်။ မနက်ကလက်ဖက်ရည်သောက်ထားတာ‌ကြောင့် နွားနို့တခွက်မှာသောက်လိုက်တယ်။ ရဲလင်းကျော်က အ မြဲ အဲ့လိုပါပဲ။အသက်က ၃၄ နှစ်ပေမယ့် သူလုပ်ချင်တာဆို ကလေးတယောက်လို လုပ်လိုက်တာပဲ။ သူတို့
Food Pandar Rider တွေအ‌ကြောင်း
ခုတလောFB မှာ တွေ့ ရတာ စိတ်မကောင်းစရာ။မုန့် တက်ပို့ နေတုန်း စက်ဘီးအခိုးခံရတာနဲ့ ၊ငွေနဲ့ ဖုန်း ရိုက်အလုခံရတာ နဲ့ ၊ အ‌ကြောင်းမဲ့ အရိုက်ခံရတာနဲ့ ။အမှန်တော့ သူ‌ကြွေးတာတွေ
ရှင်လူ မစားရက်။ အပိုကုန်မှာတွေမလုပ်နဲ့ ၊
ငွေကို ချွေတာဖို့ ‌ပြောလည်း ခေါင်းတော့ ညိတ်လိုက်တာပဲ။ ပြီးတော့ သူလုပ်ချင်တာလုပ်တာပဲ။ ခု သူဝယ်လာတဲ့ ဝက်သားဟင်း ရှင်လူ့ အခန်းမှာပဲထားရတယ်၊ ဖွေးဖွေးသိမ့်တို့အခန်းက ဝက်သားယူလို့မရ။ ပြီးတော့ ရှင်လူက ဖွေးတို့အိမ်ကချက်တာစားနေတော့ ဝက်သားဟင်းက အပို ဖြစ်နေတယ်။ဒီဝက်သားစားဖို့ ဖွေးတို့အိမ်ကထမင်းနဲ့ဟင်းတွေ ပန်းကန်နဲ့ ပုံထည့်လာ ပြီးမှ ဒီဘက်မှာ စားရမှာ။ ပြီးတော့ မနက်စာဆို ရှင်လူက တတုံးလောက်ပဲစားတာဆိုတော့ ပိုနေတာနှ‌မျောစရာ။ ဒါနဲ့ ဖွေးအမေ ငမိုးရိပ်ကို"ငမိုးရိပ်ရေ၊ ရဲလင်းကျော် ငွေအိုးက ဝယ်လာတာ စားမလား" ဆိုတော့"ငမိုးရိပ်ကလည်း မဆိုင်းမတွ"စားမယ် ဦးလေး၊ ဘာလဲတော့မသိဘူး "တဲ့။အမှန်တော့ သူတို့အိမ်က ဝက်သား ကို ဝက်သားခေါ်မရ၊ ‌ပြောချင်ရင်
ထောညာလို့ ‌ပြောရတယ်။တော်သေးတာပေါ့ နတ်က ကရင်စကားမတတ်လို့။
ဒီလိုနဲ့ ထမင်းစားတော့ ငမိုးရိပ်က ထမင်းပန်း
ကန်ကိုင် ပြီး ဇွန်းတချောင်းနဲ့ ဝင်လာတယ်။ရှင်လူ့ နားထိုင် ပြီး ထောညာတတုံးခပ်ပြီးထမင်းစားနေတုန်း ဖွေး‌ဖွေးသိမ့်ဝင်လာ ပြီး သူ့အမေလက်ကဇွန်းကို လှမ်းယူ ပြီး"စားမယ်"တဲ့ ။ငမိုးရိပ်က ဇွန်းရော ပန်းကန်ပါ သူ့သမီး လက်ထဲ လွှဲပေးလိုက်တော့ ဖွေးဖွေး သိမ့် တယောက် တဇွန်း ပြီး တဇွန်း ခပ်တီးပလိုက်တာ အဲ့ဒီ မကုန်နိုင်ဘူးထင်ရတဲ့ ဝက်ဆီတုံးတွေ ဘိုက်ထဲမှာ
ဝက်လည်းမဟုတ် ထောညာလည်းမဟုတ်တော့တဲ့ ဓါတ်မစင်တွေ ဖြစ်ကုန်တော့တာပါပဲ
အမရေ။
story#obsevation#shinlhu
Tuesday, September 7, 2021
Story
ရှင်လူနဲ့ တူတူ ဝိုင်းလွမ်းကြပါ
ဝမ်း...........တူး.............သရီး
🚴🚶🏃🤸🏋️🏌️🤾
လွမ်း ‌တော်မူလို့  စာကို စီတယ်
တိမ်နီ တိမ်ဝါ တိမ် ပြာတွေသန်း ပြန်တော့.. ‌သြော် .. လွမ်းတော်မူလို့ စာကိုစီတယ် တိမ်နီ တိမ်ဝါ တိမ်ပြာတွေ
သန်း ပြန်တော့
ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းရမယ် 
ညွှန်း ဆ ရွယ် ကြာ ပင်အိုင် ကြီးအလယ်...
အမှန်တော့ Facebook သုံးတိုင်း အဲ့ဒီသီချင်းစာသားတွေက ခေါင်းထဲ ပေါ်ပေါ်လာတယ်။ ပါတီစုံ ဒီမိုကရေစီ ...တဲ့။လက်ရှိ
သက်တမ်းကုန်လု ပါတီနဲ့ အတိုက်အခံပါတီ တွေကို စိတ်ဝင်တစား လေ့လာမိတိုင်း ဒီသီချင်းက ခေါင်းထဲပေါ်ပေါ်လာတယ်။ အမှန်တော့ နန်းတော်ရှေ့ ဆရာတင်ရေးပြီး မြ‌ခြေကျင်းမငွေ မြိုင် ဆိုခဲ့တဲ့ သီချင်းက သူ့အဓိပ္ပာယ်နဲ့သူ သီးသန့်ရှိခဲ့တာပါ။
ဒါပေမယ့် လူဆိုတာ စပ်မိစပ်ရာ ကိုယ့်အတွေးနဲ့ ကိုယ် စိတ်ပျံ့ လွင့်မိတတ်တော့လည်း မဆီမဆိုင် လက်ပံသားဓါးနဲ့ချိုင်ဆိုသလိုများ ဖြစ်နေမလားပဲ။
အင်း ဒီနေ့  နိုင်ငံရေးကို စိတ်ဝင်စားမိတဲ့အခါတိုင်း လေ့လာမိရင်(အထူးသ ဖြင့်
FB နဲ့ ဂျာနယ်တွေမှာ) စိတ်တွေ လေ သွားမိတယ်ဗျာ။တိုင်းပြည်ရဲ့ ခေတ်ဟောင်းက
ခေတ်သစ်တခုကို ‌ပြောင်းဆဲကာလ
(Transitional period) ကာလတခုဟာ
အချိန်အတန်ကြာ လာလို့ ရင့်ကျက်သင့်တဲ့ အချိန်ကို ရောက်လာပေမယ့် လောက်လောက်လားလား နိုင်ငံရေး သမားနဲ့ နိုင်ငံရေး ပါတီတွေ သိတ်မတွေ့ ရဘဲ အုပ်စုဖွဲ့
ရမ်းကားနေတဲ့ ၊ မလိုတမာ အဘိစ္ဇျာ ဗျာပါဒ တွေကိုသာ ဂါထာမန္တန်ရွတ်သလို
တတွတ်တွတ် ရွတ်နေသူတွေချည်း တွေ့ နေရတော့ နိုင်ငံရေး အခင်းအကျင်းက
သိတ် မလှဘူးပေါ့ဗျာ။အမှန်တော့ ရှင်လူ
မြင်ချင်တာက ဘယ်ပါတီ အစိုးရ ဖြစ်ဖြစ်
အဲဒီအစိုးရရဲ့ပါဝါကို ထိမ်းညှိ(Check and
Balance)လုပ်ပေးနိုင်မယ့် ပါတီမျိုး၊နိုင်ငံရေးသမားမျိုးပါ။ပါတီစုံ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ ဒီအချက်က အလွန်အရေးပါ ပါတယ်။ လိုရင်းတိုရှင်း ‌ပြောရ ရင်တော့
လက်ရှိအစိုးရ ၅၀% တော်ရင် တတ်ရင်
ငါတို့အတိုက်အခံပါတီက ၇၅%တော်‌
‌ကြောင်း တတ်‌ကြောင်း လူထုကို ပြနိုင်ရမယ်။အစိုးရမဖြစ်သေးလို့ မ ပြနိုင်သေးရင်တောင် လူထု ယုံ ကြည် လက္ခံလာအောင်တော့ ၊လေးစားသက်ဝင်လာအောင်တော့
ဟောတတ် ‌ပြောတတ်ရမယ်လေ။ ခုတော့
ပတ်မ ကြီးထိုးဖောက်ဖို့လောက်သာ လက်ပန်းပေါင်း ခတ်ပြနေတဲ့ ပါတီတွေ များနေတော့ ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းရမှန်း ညွှန်းရမှန်းမသိ။အဲတော့ ကိုယ်တွေက
ဒီလောက်ညံ့ ပြနေမှတော့ ပြည်သူ့ဆန္ဒတွေက ရွေးစရာ တခုထဲစု ပြုံ ရောက်သွားကာမှ တပါတီ အာဏာရှင် ဘာညာ ထအော် ကြအုံးမယ် ။အတိုက်အခံကောင်း လုံးဝမရှိဘူးတော့ မ‌ပြောဘူးနော်။လောက်လောက်လားလားမရှိတာဘဲ ‌ပြောတာ။
ကဲ ..လက်ဦးပန်ချင်ရင် အမှန်ပင်လာခဲ့မောင် ခေါ်ချင်တယ် ..ကိုကို‌ခေါ်ချင်ပါတယ်
ကိုယ်ချစ်တယ် ချစ်တဲ့ပျိုလေးရယ်..
အခါခါကွယ် မှာရှာတယ်...
မောတယ်ဗျာ...ခင်ဗျားတို့ဖာသာပဲ ဆက်ဆိုလိုက် ကြတော့။
story#observation#shinlhu
Saturday, August 14, 2021
story
ရေသန့်​ဗူးမြည်​သံ(သို့မဟုတ်​)
ည​စောင့့််​​ခေါင်းအုံး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^) 
ရှင်​လူ အသက်​ ၂၀ ​ကျော်​အရွယ်​ အိမ်​​ထောင်​မကျခင်
ပထမဆုံးလုပ်​ခဲ့တဲ့အလုပ်က အကျိုး​ဆောင်​ ကုမ္ပဏီ မှာ အ​ထွေ​ထွေ
မန်​​နေဂျာ။ယ္ခု NLD ဗဟိုရ်​ ရုံးရှိရာ အမှတ်
၂၂၉ (-)အ​ရှေ့​ရွှေဂုံတိုင်​မှာ ဖြစ်​ပါတယ်​။အကျိုး​ဆောင်​ကုမ္ပဏီဆိုတာ
အဲဒီ ​ခေတ်​က နိုင်​ငံ​တော်​အလံ၊ သာသနာ့အလံ၊သံရုံးအမျိုးမျိုးရဲ့အလံ​တွေနဲ့ စစ်​တံဆိပ်​၊ရဲတံဆိပ်​ အမျိုးမျိုးကို ရိုက်​နှိပ်
ရောင်းချ​ပေးတဲ့ ​ဆေးဆိုးပန်းရိုက်​ ကုမ္ပဏီ
ကြီးပါ။နိုင်​ငံ​တော်​အလံများကို အ​မြောက်​အမြားရိုက်​နှိပ်​ချုပ်​လုပ်​ပြီး
ကုန်​သွယ်​​ရေးကိုပြန်​သွင်းရတဲ့အထိ 
လုပ်​ငန်း​အောင်​မြင်​ခဲ့တာပါ။အဲ့အချိန်​က
လျှပ်​စစ်​ဋ္ဌာန ဘက်​တံဆိပ်​များကို
ESB က​နေပြီး EPC ​ပြောင်းရာမှာ အလုံလျှပ်
စစ်​ဓာတ်​အား​ကော်​ပို​ရေးရှင်းက အရာရှိကြီး နဲ့​တွေ့ပြီး လုပ်​ငန်းကိစ္စညှိနှိုင်းခဲ့ဖူးပါတယ်​။
ဒါ​ပေမယ့်​ အဲ့အလုပ်​မှာ ရှင်​လူ မ​ပျော်​လို့
သုံး​လေးလနဲ့ ထွက်​ခဲ့ပါတယ်​။ဘာ​ကြောင့်
မ​ပျော်​ရတာလဲ ဆို​တော့ သူ​ဋ္ဌေးက အဆဲ
ပုပ်​လို့ပါပဲ။အမှန်​​တော့ သူ​ဋ္ဌေးက ရှင်​လူ့ကို
သာမာန်​အလုပ်​သမားအဖြစ်​ အလုပ်​ဆင်းပြီး ​လေးရက်​​မြောက်​​နေ့မှာ
အ​ထွေ​ထွေမန်​​နေဂျာခန့်​လိုက်​တာဖြစ်​ပါတယ်​။ ရှင်​လူ့ကို အလွန်​အကျွံ​မြောက်​စား
လိုက်​တာပါ။ည​နေတိုင်း ရှင်​လူ့ကို မုန့်​ဖိုးသပ်​သပ်​​ပေးပြီး ​ရွှေဂုံတိုင်​စာတိုက်​မှာ
ငွေစုစာအုပ်​နဲ့စု​စေပါတယ်​။ အစားအ​သောက်​​ကောင်းဆိုလည်း
ချစ်​တီးထမင်း ဆိတ်​ဦး​နှောက်​ဟင်းနဲ့က
ဘယ်​ဆိုင်​​ကောင်းတယ်​၊ ဆီချက်​​ခေါက်​ဆွဲကအစ ဘယ်​​ဆိုင်​​ကောင်း
တယ်​ဆိုတာ ကိုယ်​တိုင်​သူ့ ​ဘောက်​​ဆော
ကားနက်​​လေးနဲ့လိုက်​ပို့ပြီး​ကြွေးခဲ့တာပါ။
သူ့ကိုရှင်​လူမကြိုက်​တာက အဆဲသန်​တဲ့
ဝသီပါပဲ။ငါနဲ့ကိုင်​တုတ်​တယ်​ခင်​ဗျ။ပြီး​တော့လည်း တဟဲဟဲနဲ့။ဒါမျိုးလာလုပ်​လို့မရ
ဘူး​လေ ၊ ရှင်​လူက ၁၆နှစ်​သားကတည်းက
ကဗျာဆရာလုပ်​လာတာ။ဆတ်​ဆတ်​ထိမခံ
တတ်​တဲ့​ကောင်။လောကကြီးတခုလုံး
တောင်​​ပြောင်းလဲပစ်​မယ်​ဆိုတဲ့​ကောင်​​လေ။
ဘယ်​ရမလဲ သူ့အလုပ်​ကိုဆက်​မလုပ်​နိုင်​​တော့ဘူးဆိုပြီး
အ​ထွေ​ထွေမန်​​နေဂျာရာဘာတံဆိပ်​တုံးကို
သူ့စားပွဲ​ပေါ် ​ဒေါက်​ခနဲ...
ခတ်​တည်​တည်​​ကျောခိုင်းထွက်​လာခဲ့​တော့
သူ​ဋ္ဌေးခင်​ဗျာ 
မျက်​စိသူငယ်​ နားသူငယ်​ဖြစ်​ပြီးကျန်​ခဲ့တာ။
ဟုတ်​တယ်​​လေ သူ သုံး​လေးလ​လောက်​ အပင်​ပန်းခံ သင်​ကြားပြသ​ပေးထားရတဲ့
အ​ထွေ​ထွေမန်​​နေဂျာကထွက်​​တော့မယ်​ဆို​တော့ စီးပွားတွက်​တွက်​ရင်​ သူရှုံးတယ်
လေ။အဲ့ ကုမ္ပဏီကထွက်​ပြီး ​လေဘာလုပ်​၊
ပြီး​တော့ သူငယ်​ချင်းတ​ယောက်​ရဲ့အကူအညီနဲ့ 
စက်​မှုတွင်းထွက်​ကုန်​ကြမ်း​ကော်​ပို​ရေးရှင်း
အမှုန့်​ကြိတ်​စက်​ရုံမှာဝင်​လုပ်​ခဲ့တာ။အဲ့တုန်းက စက်​ရုံမှူးကိုယ်​တိုင်​ ရှင်​လူ့ကို အင်​တာဗျူးပြီး ``မင်း ​ပေါင်​၁၆၀ အိတ်​ထမ်းနိုင်​မလား ´´ဆို​တော့ လူကိုယ်​တိုင်​ ​ပေါင်​၁၀၀မပြည့်​တဲ့​ကောင်​က ခတ်​တည်​တည်နဲ့ ``ထမ်းနိုင်တယ်​´´ဆိုပြီး
ဝင်​လုပ်​ခဲ့တာ။စုစု​ပေါင်းလုပ်​သက်​သုံးနှစ်​။
ပါမင့်​နင့်​ဖြစ်​ပြီ။မိန်းမသွားခိုးဖို့ခွင့်​တင်​​တော့။
ခွင့်​ယူရခြင်းအ​ကြောင်းရင်းမှာ မိန်းမခိုးရန်
ဆိုပီးဖြည့်​လိုက်​တယ်​။စက်​ရုံမှူးက 
မင်္ဂလာ​ဆောင်​ရန်​လို့ ပြင်​​ရေးခိုင်းတယ်​။
ဒါသက်​သက်​အနိုင်​ကျင့်​တာပဲ။မိန်းမခိုးတာနဲ မင်္ဂလာဆောင်​တာမတူဘူး။ မိန်းမခိုးတာက အခန့်​မသင့်​ရင်​ ဓားနဲ့အခုတ်​ခံရနိုင်​တယ်​​လေ။ထား​တော့။မိန်းမကမခိုးလို့မှမဖြစ်​​တော့တာ။
သူ​ပြောသလို မင်္ဂလာ​ဆောင်​ရန်​ပဲ ဖြည့်​လိုက်​ရတယ်​။
အဲဒါ ဟိုမှာ ခိုးဖို့ဝှက်​ဖို့ ​ခြောင်းတာ အဆင်​မ​ပြေနိုင်​တာနဲ့ ခွင့်​ရက်​က သုံးရက်​လွန်​သွားတယ်​။ကိစ္စပြီးလို့
စက်​ရုံပြန်​​ရောက်​​တော့ စက်​ရုံမှူးက ``မင်း
ခွင့်​ရက်​​နောက်​ကျတဲ့အတွက်​ EC အစည်း​ဝေးထိုင်​ရအုံးမယ်​ တဲ့။သြော်
ဟုတ်​လား..​ပေါ့။``ECထိုင်​မ​နေပါနဲ့​တော့ဗျာ၊အလုပ်​ရှုပ်​ပါတယ် ၊ကျုပ်အလုပ်ထွက်တယ်
ဗျာ ´´ဆိုပီးထွက်​လာတာ ၊ပြီး​ရော။
အင်း ရှင်​လူ ၂၄ နှစ်​မပြည့်​ခင်​ကထဲက
ဝန်​ထမ်းအလုပ်​​တွေကထွက်​ခဲ့တာ ခု
အသက်​၆၄နှစ်​ထိ ။ကိုယ်​ပိုင်​ အိမ်​တွင်း
လက်​မှုလုပ်​ငန်း​လေးနဲ့ရှင်​သန်​​နေခဲ့တာ။
၂၀၀၉ ဇန္နဝါရီမှာ ဇနီးသည်​ကွယ်​လွန်​။
သားထောက်​သမီးခံကလည်းမကျန်​။
ဆွေမျိုး​တွေကလည်း ရှင်​လူ့ကို မျိုးချစ်​စိတ်
မရှိတဲ့​ကောင်​လို့မြင်​ကြ​တော့အားလုံးအဆက်​ပြတ်​။
(တ​လောကလုံးကို
ချစ်​တဲ့​ကောင်​ဆိုမျိုးချစ်​​တွေကအထင်​မကြီးတတ်​)
ဒီနှစ်​ပိုင်းရှင်​လူကြီးအိမ်​ကကိုယ်​ပိုင်​အလုပ်​ကသိတ်​မ​ကောင်း။အ​ရောင်းအဝယ်​က
အေး​တော့ အသုံးစားရိပ်​ကမလုံ​လောက်​။
ဒါ​ကြောင့်​တ​နေ့ငါး​ထောင်​စားည​စောင့်​အလုပ်​ဝင်​လုပ်​​နေတာပါ။ခုည​စောင့်​လုပ်​​တော့လည်း ရှင်​လူ့အ​ပေါင်းသင်းထဲက ဝါရင့်
ည​စောင့်​ဆီမှာ အနီးကပ်​သင်​တန်းတက်​ပြီးမှလုပ်​တာပါ။
သူ့ပို့ချချက်​ကကြည့်​ပါဦး။``ည​စောင့်
အလုပ်​က လုပ်​သက်​ သုံးလ​​ကျော်​မှ
အောင်​မြင်​တဲ့ည​စောင့်​ဖြစ်​တာအဘရ၊
တချို့ မခံနိုင်​လို့ထွက်​​ပြေးတယ်​။တချို့
မအိပ်​တတ်​​တော့ဦး​နှောက်​​သွေး​ကြောပြတ်
ေ​သတာချည်းပဲ​။လုပ်​သက်​သုံးလကျော်​တဲ့လူဟာ အိပ်​​ရေးဝလို့...တဲ့။ဗု​ဒ္ဓေါ...ရှင်​လူနားလည်​တာက မိမိတာဝန်​ယူထားတဲ့ အရာ​တွေကို
သတိဝိရိယနဲ့ ​စောင့်​ကြပ်​ဖို့ပဲ၊ အိပ်​​နေရင်
ည​စောင့်​ဘယ်​ဟုတ်​​တော့မလဲ။ရှင်​လူတို့
က​ဆေးရုံမှာလူနာ​စောင့်​လည်းဒီအတိုင်းပဲ။
ဘိုပီ နှလုံး​ရောဂါ​ကြောင့်​​မြောက်​ဥက္ကလာ
နှလုံးအထူးကြပ်​မ ကုသ​ဆောင်​မှာတက်
တော့ရှင်လူသွား​​စောင့်​​ပေးခဲ့ဖူးတယ်​။ဆေးရုံကသန့်​ရှင်းသပ်​ယပ်​ပြီး​ဟော်​တယ်​ကြီးအတိုင်းပဲ။ ခုတင်​လွတ်​​တွေအများချည်းပဲ။
ခုတင်​အသစ်​ ကူရှင်​အသစ်​​တွေဆို​တော့ 
တခြားလူနာ​စောင့်​​တွေတ​ခေါခေါ။ထစားလိုက်​ကြပြန်​အိပ်​လိုက်​ကြနဲ့အဆင်​ကို​ပြေလို့။ရှင်​လူက​တော့သူတို့ကိုအံ့သြ​နေမိတယ်။နှလုံးအထူးကုသမား​တော်​ကြီးက
လူနာနဲ့မှားပြီးခွဲသွားရင်​ဒုက္ခပါပဲလို့​တွေးမိတယ်။မနက်ကျ​​တော့ ဘိုပီက ``အဘညက တ​ရေးမှမအိပ်​ဘူးလား´´တဲ့။
``​အေး​လေ..ငါကလူနာ​စောင့်​​လေ´´ဆို
တော့``သူများ​တွေလည်းအိပ်​​နေတာပါပဲအဘရာ´´တဲ့။တတ်​နိုင်​ဘူး ကိုယ်​မှ
မအိပ်​ချင်​တာ။ ခု ည​စောင့်​အလုပ်​ဝင်​​တော့
ချက်​ချင်းပဲ ည​စောင့်​​ခေါင်းအုံးကို ရှင်​လူ
တီထွင်​လိုက်​တယ်​။အလုပ်​သမား​ကောင်
လေး​တွေပစ်​ထားတဲ့​ရေသန့်​ဗူးခွံတခု
ကောက်ပြီးမိုးကာ​ဘောင်းဘီနဲ့ပတ်​လိုက်​တယ်​။ညောင်းလာရင်​ အဲဒါကို​ခေါင်းအုံးပြီး
အိပ်​ချလိုက်​ ...​ ​ဖောက်​ဖောက်​နဲု့မြည်​တယ်​၊
ဟိုဘက်​ ဒီဘက်​​စောင်းလိုက်​ရင်​လည်း
ဖောက်​က​လောက်​​လောက်​မြည်​တယ်​။
ကဲ မျက်​လုံးဖွင့်​ပြီး အိပ်​ကြည့်​စမ်းပါ အချစ်​ရယ်​​ပေါ့။ဘယ်​အိပ်​​ပျော်​​တော့မလဲ။မ​တော်​လို့
ဦး​နှောက်ေ​သွေး​ကြောပြတ်​ရင်​​တောင်​​ ဘေးလူမသိနိုင်​ဘူး ရေသန့်​ဗူးမြည်​တာပဲလို့ထင်​နိုင်​တယ်​။
story#observation#shinlhu
Monday, August 9, 2021
stoထွက်ခွါခြင်းကျန်ရစ်ခြင်းနဲ့ ဆိုက်က
ထွက်​ခွာခြင်း ကျန်​ရစ်​ခြင်းနဲ့ ဆိုက်​​ရောက်​ခြင်းများ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
 တာရာမင်း​ဝေ ကွယ်​လွန်​ခြင်း ၁၀ နှစ်​ပြည့်​အထိမ်းအမှတ်​မှာ ဆုံကြဖို့ messenger ထဲက​နေပြီး နှင်းခါးမိုးကလှမ်းချိတ်​လာတယ်​။ထုံးစံအ
တိုင်း ​နွေလယ်​​နေလည်းပါမယ်​​ပေါ့။
ဒီလိုနဲ့ August, 5 ရက်​​နေ့​ရောက်​​တော့
သွားမယ့်​အစီအစဉ် ကိုစဉ်းစားရတယ်​။
ရန်ကုန်မြို့ ထဲအ​ရာက်အေ​ပါက်က
နည်း​​ေ​​လ​ေ​တာ့YBS လည်းမစီးတတ်​။
ပါရမီဘူတာကပဲ ရထားစီးသွားဖို့ ဆုံးဖြတ်
ရတယ်​။ ဒီလိုနဲ့ ၁၂ နာရီဝန်းကျင်​ ဘူတာကို​ရောက်​လာပြီး ၁၂:၂၈ ဆိုက်​မယ့်
ရထားကို​​စောင့်​ရတယ်​။ရထားက ၁၂နာရီ
ခွဲပြီးတာ​တောင်​​ရောက်​မလာ။ သွားရမယ့်
BookPlazaကလမ်း​မတော်​သံ​ဈေးမှာဆို
တော့ဘုရားလမ်းဘူတာဆင်းပြီး
လမ်း​လျှောက်​သွားရ​တော့မှာ​ပေါ့။
နေရာတကာ ဘတ်​စ်​ကားလည်းအားမကိုးချင်​။သံ​ဈေးဆိုတာလည်းဇနီးသည်​ရှိစဉ်​ကလုပ်​ငန်းသုံးကုန်​ပစ္စည်းဝယ်​ရင်းမကြာခဏ​ရောက်​​နေကျ။
ခု​တော့လည်းသံ​ဈေးမ​ရောက်​တာ နှစ်​နဲ့ချီ
နေခဲ့ပြီ။ နဂိုရ်​​ဈေး​ရုံကြီး​နေရာမှာအထပ်​မြင့်
အ​ဆောက်​အဦဖြစ်​​နေခဲ့​လေ​တော့အမှတ်​အသား​တွေလည်းမမှတ်​မိ​တော့။ဟိုမေးဒီ
မေးနဲ့ပဲ Book Plaza ​ရှိရာ ၅ ထပ်​ကိုဓာတ်
လှေခါးနဲ့တက်​လာခဲ့တယ်​။ ရှင်​​လူ​ရောက်​​တော့အခမ်းအနားကစ​နေပြီ။နောက်​ကျ​နေ​တော့​ဝေတဲ့စာအုပ်​လည်းမရ​တော့။ နှစ်​ချို့သူငယ်​ချင်းကြီး ကိုစန်းလှိုင်
နဲ့ပန်းချီဆရာ​ကျော်​စွာတို့နှစ်​​ယောက်​စာအုပ် ဆိုင်​တဆိုင်​​ရှေ့မှာထိုင်​​နေတာ​တွေ့လို့
ဝင်​နှုတ်​ဆက်​ရင်း ဗိုက်​ဆာလာတာနဲ့
``ဘာ​ကြွေးလဲ´´​မေးလိုက်​​တော့ ကိုစန်းလှိုင်​က``အိမ်​မှာလုပ်​တုန်းကလို
ထမင်း​တော့မ​ကြွေးဘူး၊ လာ ​ကော်​ဖီဆိုင်​သွားကြတာ​ပေါ့´´ဆိုပြီး
ကော်​ဖီဆိုင်​ဆီ​ခေါ်တာနဲ့ လိုက်​သွားပြီး
ညှပ်​​ခေါက်​ဆွဲသုတ်​တပွဲနဲ့​ကော်​ဖီတခွက်​တီးလိုက်​တယ်။စား​သောက်​​နေတုန်း
အောင်​ဒင်​​ရောက်​လာ​တော့ ကိုစန်းလှိုင်
လက်​ညိုးညွှန်​လို့ ​အောင်​ဒင်​ကြီး ရှင်​လူ့ကို
မြင်​သွားတယ်​။ အနားကပ်​လာပြီး ``အကို
ဘာလိုအပ်​လဲ´´ ​မေးလို့ မလိုပါဘူး ဒီမှာစား​နေပြီလို့။စား​သောက်​ပြီးဟိုဟိုဒီဒီ
လျှောက်​ကြည့်​​ရင်းသီချင်း​ရေးတဲ့ KZ(​ဇော်​သန်းထွဋ်​)နဲ့ဆုံ​တော့ KZ က
``အမှတ်​တရစာအုပ်​ထဲမှာ ဆရာနဲ့ ​ရွှေဘုန်း
ကျ​နော့အိမ်​လာခဲ့တဲ့အ​ကြောင်း​လေး
ကျ​နော်​​ရေးထားတယ်​´´​ဆိုပြီးနှုတ်​ဆက်​တယ်​။ နှင်းခါးမိုးနဲ့ ​နွေလယ်​​နေတို့ အခမ်းအနား​နောက်​နားကခုံမှာထိုင်​​နေတာ​တွေ့လိုက်​တယ်​။သူတို့နားဝင်​ထိုင်​မလို့  လုပ်​တုန်းနန်းနွယ်​(Ahla Thit Art Gallery)
နဲ့​တွေ့ တာနဲ့ အပြန်​အလှန်​လက်​ပြွနှုတ်​ဆက်​ကြ​ပေါ့။ခဏ​နေ​တော့သက်​ဦး
ရောက်​လာတယ်။သက်ဦးကေ​တာ့သူ့ပုံစံအတိုင်းစပ်​ဖြဲဖြဲ​နောက်​​နောက်​​ပြောင်​​ပြောင်​​ပေါ့ ။ Stage ​ပေါ်က ကဗျာရွတ်​ကြ အမှတ်​တရ​ပြောကြတာ​တွေ ခဏ နား​ထောင်​ပြီး အ​ပေါ့အပါးသွားဖို့ထလာ
တော့ခရမ်းပြာဝမ်းဆက်​နဲ့အမျိုးသမီးတ
ယောက်​က ``အကို့ကိုအ​စောကြီးကတည်းက
လိုက်​ရှာ​နေတာ ခုမှ​တွေ့တယ်​ ´´တဲ့။ 
ဗု​ဒ္ဓေါ..၊ စာ​ပေအသိုင်​အဝိုင်းထဲမှာ အ​ရောက်​အ​ပေါက်​နည်းလှတဲ့ရှင်​လူ့ကို
အဘယ်​ စာ​ရေးဆရာမကများ သိ​နေသလဲ
ဆိုပြီး​ခေါင်းစားသွားရဲ့။ကို​အောင်​ဒင်​ကို
ရ ​သေးဘူးတဲ့။ အမျိုးသမီး​ဘေးကကပ်​ပါလာတဲ့
အသက်​၃၀ ဝန်းကျင်​က​လေးမ​လေး
ရွှေနန်းဆက်​ကို​တွေ့မှ
ရှင်​လူ့ memo ​တွေအသက်​ပြန်​ဝင်​လာ
တယ်​။ မြ သန်း ရင်...။လွန်ခဲ့တဲ့နှစ်ေ​​​​​ပါင်း
၃၀​ ​ဝန်းကျင်​​ ၈ ​လေးလုံးကာလ တုန်းက
မြသန်းရင်​တ​ယောက်​ ခရမ်းက​နေပြီး
ရန်​ကုန်​တက်​လာရင်း​ဇေယျာမှိုင်း​​နေ
ထိုင်ရာ
တောင်​ဥက္ကလာ၎ရပ်​ကွက်​ကအိမ်​မှာ
သောင်​တင်ခိုက်ေ​​ဇယျာမှိုင်းနဲ့ ​​ရေစက်ဆုံ
ခဲ့ရတယ်​။သူတို့ မင်္ဂလာ​​ဆောင်​​ဖို့ လုပ်​တော့
ေ​ဇယျာမှိုင်းက``ကျ​​နော့ဘက်​ကအမျိုး​တွေ
ကသိတ်​မ​ကြေနပ်​ကြဘူး ၊ဒါ​ကြောင့်​မင်္ဂလာ
ဆောင်​ကိုအကိုအ​ဖော်​လိုက်​ခဲ့​ပေးပါ´´ဆိုတာနဲ့  မြသန်းရင်​တို့ရွာ ၊ ခရမ်းမြို့နယ်​၊
ညောင်​ကုန်း​ကျေးရွာကို ရှင်​လူလိုက်​ပါခဲ့ဖူး
တယ်​။
 ခုမြသန်းရင်​ကို​တွေ့​တော့ ချက်​ချင်း ရှင်​လူ
မမှတ်​မိ။ သူနဲ့ကပ်​ပါလာတဲ့သမီးဖြစ်​သူ
ရွှေနန်းဆက်​​ကြောင့်​သာ သူ့ကိုမြသန်းရင်
မှန်းသိ​တော့တယ်​။မ​တွေ့ရတဲ့နှစ်​​တွေက
ကြာခဲ့ပြီ​လေ။ရွှေနန်းဆက်​ကိုလည်းလသားအရွယ်​​လောက်​ကသာအပြင်​မှာ​တွေ့ဖူးခဲ့တာ။ ကြုံကြိုက်​ချင်​​တော့ နှစ်​နှစ်​နီးပါး​တော့
ရှိ​လောက်​ထင်​ရဲ့ ​ဇေယျာမှိုင်းကွယ်​လွန်​တဲ့
သတင်းကိုအ​တော်​​နောက်​ကျပြီးမှသိရတဲ့အ​ကြောင်း​fbမှာရှင်​လူ​ရေးတင်​လိုက်​တာကို
ရွှေနန်းဆက်​ဆိုတဲ့ acc တခုက like ,share
လုပ်​ပြီး​ဇေယျာမှိုင်းဟာ သူ့ဖခင်​ဖြစ်​​ကြောင်း
ပြန်​​ရေးထားတာ​တွေ့ရတယ်​။ဒီ​တော့မှ 
ရွှေနန်းဆက်​ဟာ ကွယ်​လွန်​သူ ညီကဗျာ
ဆရာ ​ဇေယျာမှိုင်းသမီးဖြစ်​​ကြောင်းသိရတယ်​။
သူ့wall ​ပေါ်က သူ့ဓာတ်​ပုံ​တွေနဲ့လည်း
ရင်းနှီးခဲ့ရတယ်​။အဲ့ဒီအချိန်​ကသူတို့စု​ပေါင်း
ထုတ်​ထားတဲ့ ကဗျာစာအုပ်​အဖုံးပုံက​လေး
ကိုလည်း messenger က​နေ​ရွှေနန်းဆက်
ပို့​ပေးလို့သိရတယ်​။သူ့အ​ဖေကို ကဗျာ​တွေ
ရေးပြီးတမ်းတ​နေတဲ့ ​ကောင်​မ​လေး။
ခု​တော့ဘက​ကျောင်းမှာဆရာမလုပ်​​နေတာ​တောင် ၆ နှစ်ရှိပြီ တဲ့။သူ​ကသူ့အ​ဖေကိုကဗျာနဲ့တမ်းတ​နေတာ
တွေ့ရ​တော့ ရှင်​လူက ​ဇေယျာမှိုင်း​ရေးခဲ့တဲ့
``သမီး​ကောင်း´´ဆိုတဲ့ကဗျာ​လေးကိုသတိရတယ်​။ရွှေနန်းဆက်​​လေး​မွေးခါစ အရွယ်​၊ရှင်​လူ့မိတ်​​ဆွေ (ကွယ်​လွန်​သူ)
အောင်​လင်းလက်​(ဥက္ကလာ)
``ပန်းဝတ်​ရည်​´´က​လေးဂျာနယ်​ထုတ်
တော့ ရှင်​လူက ​ဇေယျာမှိုင်းဆီ ကဗျာတပုဒ်
တောင်းတယ်​။ဇေယျာမှိုင်းက ​ရွှေနန်းဆက်
ဖြစ်​လာမယ့်​သမီးငယ်​​လေးကို ရည်​ရွယ်​ပြီး
``သမီး​ကောင်း´´ဆိုတဲ့ကဗျာ​လေး​ရေး​ပေး
လို့ ပန်းဝတ်​ရည်​ က​လေးဂျာနယ်​မှာထည့်​​ပေးခဲ့ဖူးတယ်​။
ခု ​ရှေး​ဟောင်း​နှောင်းဖြစ်​​တွေ​ပြောရင်း
မြသန်းရင်​တို့သားအမိမျက်​ရည်​ဝဲကြတယ်​။
ရှင်​လူလည်း နှင်းခါးမိုးနဲ့ ​နွေလယ်​​နေကို
ခေါ်ပြီး​ရွှေနန်းဆက်​တို့သားအမိနဲ့မိတ်​ဆက်​​ပေးရတယ်။ သူတို့ကလည်း fb ​ပေါ်မှာ
ရှင်​လူ​ရေးခဲ့တာ​တွေသိပြီးသားမို့ ​ဇေယျာမှိုင်းသမီး ​ရွှေနန်းဆက်​လို့​ပြောလိုက်​တာနဲ့သိတယ်​။
တချိန်​က ​တောင်​ဥက္ကလာ ဇနပုဒ်​မှာ
ဇေယျဝတီ မင်းလွင်​စိုး ဆိုတဲ့ ရှင်​လူရယ်​၊
မောင်​မိုးထွန်းဆိုတဲ့​နွေလယ်​​နေရယ်​၊
အောင်​ဒင်​ဆိုတဲ့ ဒတ္ထရယ်​၊​ဇေယျာမှိုင်း
ရယ်​၊ နှင်းခါးမိုးရယ်​၊​ရွှေဘုန်းလူဆိုတဲ့
တာရာမင်း​ဝေ ရယ်​တို့ဟာ ဗွက်​ထူ  
ရိုင်းကြမ်းတဲ့ ​မြေနီလမ်း​တွေ​ပေါ်မှာ 
ပြန်​ချစ်​လိုက်​၊ ကဗျာနဲ့ အရက်​နဲ့ လက်​ဖက်​ရည်​ကို ​ဖော်​မြူလာအမျိုးမျိုး
နဲ့မြည်းစမ်းခဲ့ကြပြီး ခု​တော့ တချို့ ထွက်​ခွာ၊
တချို့ကျန်​ရစ်​၊တချို့ ဆိုက်​​ရောက်​နဲ့...
အင်း..သမီး​ရွှေနန်းဆက်​က ​တော့ ဆိုက်​​ရောက်​ဆို ရင်​ မှားမထင်​....
story#observation#shinlhu
story
"ညစာ"
🥗🍜
ရှင်လူ ကြီး ထမင်းဟင်းကို ကွကိုယ်ချက်စားရတာ ကြာလာလေ သွားလေသူ မမကို သတိရလွမ်းဆွတ်မိ ‌လေပါပဲ။ မီးဖိုချောင် ပြဿနာက လွယ်မယ်လို့ ထင်ရပေမယ့် တကယ့်တကယ် Pro ကျကျ တတ်ဖို့ ခက်လှပါတယ်။
မမ ရှိစဉ်ကဆို ငါးခူ ငါးကျည်း ချက်တာကအစ
"ဟောဒီ ဇက်အောက်နားက အညှီစေ့ကို ခွဲထုတ် ၊ အရည်ခွံတွေကို စဉ့်တီတုံးနဲ့ ‌ပြောင်အောင်တိုက်ချွတ် ပြီးမှ ‌ကြော်ရ ချက်ရ"သတဲ့ ၊ဒါမှ အညှီနံ့ ကပျောက်သတဲ့။
ငါး‌ပြေမ တို့  ငါးခုံးမ တို့ချက်ရင်လည်း သူ့
လင်တော်မောင် အရိုးနင်မစိုးလို့ ကျောရိုး ဆူးတောင်တွေ ခွဲထုတ် ပြီးမှချက်တော့ ဗိုလ်ရှင်လူတို့ ငါးခုံးမဟင်းကိုတောင် ခပ်ရဲရဲ ဝါးစားခဲ့ရတာ။
ဒန့် ဒလွန်သီးများဆို အခွံမာကို ဓါးနဲ့ခွာ ခြစ်ပြီးမှ ချက်တာဆိုတော့ ဒန့်ဒလွန်သီးဖတ်က ဝါးပြီး မျိုချရုံပဲ။အချဉ်ဟင်းကအစ အရသာတွေချည်းပဲ။ ဇနီးသည် ကွယ်လွန်စ က လမ်းဘေး ထမင်းဆိုင်စားရင်း မျက်ရည်ပါကျခဲ့ရတယ်။ ချဉ်ပေါင်ဟင်းချိုကို ယင်ကောင်ခပ် ချက်ရတာနဲ့ ၊ တခါတခါ ဆံပင်ချည်က ပါသေး။
အဲ့‌ကြောင့် မမဆုံးပြီး မ ကြာခင် ကဗျာလေးတပုဒ်တောင် ရေးဖြစ်ခဲ့သေး။
ညစာ
~~~
ထမင်းနဲ့ဟင်းက အေးစက်...
အသံဗလံတွေလည်း အေးစက်...
နှလုံးသားထိအောင် အေးစက်...
ထွက်ခွာသွားတဲ့ အသံရဲ့နောက်မှာ
နွေထွေးမှု အားလုံး လိုက်ပါသွားခဲ့ပေါ့...
ဒီနေ့ မနက် ထမင်းချက်ဖို့ ဆန်အိတ်ကို ဖွင့်
လိုက်တော့ ဆန်ထဲမှာ ဆန်ပိုး မည်းမည်းလေးတွေ တရွရွနဲ့ တွေ့ ရတယ်။ ဒုက္ခပဲ ။ ဆန်ဆေးရင် သူတို့ကို ရေနှစ်သတ်သလို ဖြစ်မယ်။ ပြီးတော့ဆန် နှစ်ပြည်လောက် ရှိတဲ့အထဲ သူတို့ ဒီလို ပေါက်ပွားနေရင် ဆန်စေ့တွေ အခေါင်းပေါက်ပဲ ကျန်တာ ကိုယ်ချက်စားနေရမှာ။ ဒီတော့
ပလပ်စတစ်ဇလုံ ကြီးထဲ ဆန်တွေသွန်ထည့်၊
သန်း နဲ့တူတဲ့ ဆန်ပိုး မည်းမည်းလေးတွေကို
တကောင်ချင်း ရွေးနေရတယ်။ ရွေး ပြီး လွှင့်ပစ်မယ် ကြံတော့လည်း ရေချိုးခန်းထဲပစ်ရင်
သူတို့ ရေနဲ့ကပ် ပြီးသေကုန်မစိုးလို့ အခန်းထောင့်ကိုပဲ လွှင့် ပစ်နေမိတယ်။
တခါတခါ သူတို့က ရွရွ ရွရွ နဲ့ ‌ခြေသလုံးပေါ် ပြန်တက်လာသေး။ မတတ်နိုင်ဘူး လေးပါးသီလ
ထိမ်းနေတာ ပါဏာတိပါတာရှောင်ထားတဲ့အထဲပါတော့လည်း ဒုက္ခ ခံရတော့တာပေါ့။အင်း 
ရှင်လူ ကြီးရဲ့ အသက်အရွယ်အရ ရှားပါး ပြီး
တန်ဖိုးရှိတဲ့ အချိန်နဲ့ လုပ်အားတွေ ဒီအရေးမပါတဲ့ရွေးကောက်ပွဲ နဲ့ အလဟသ ဖြစ်ရ ပြီ။ထမင်းအိုး တည်ထား ပြီး ဟင်းအတွက် စဉ်းစားတော့ မနေ့က လုံးချန်ထားတဲ့ ပုစွန်ရှိတယ်၊ ရေတိုင်မှာ အိတ်နဲ့ချိတ်ထားတဲ့ ပိန်းဥ သုံးလုံးရှိတယ်။လက်ဆောင်ရထားတဲ့ ရွှေ မြင်း ပုန်းရည် ကြီး တထုပ်ရှိတယ်။ ပင်စိမ်း နှစ်ပင်သုံးပင် ရှိတယ်။ ဒီတော့ ဝယ်ထားတဲ့ ကြက်သွန် အ ဖြူ အနီတွေတောင် တခါတခါ ပုပ်လို့ လွှင့် ပစ်ရတာဆိုတော့ ပုန်းရည် ကြီးလည်း မှိုမတက်အောင်၊
ပိန်းဥလည်း အပင်မပေါက်အောင် ပုစွန် ရယ်
ပိန်းဥရယ် ပုန်းရည် ကြီးရယ် ကို ပင်စိမ်းလေးအုပ် ပြီး ချက်လိုက်တယ်။ ဟင်းချက်ရင်း အပေါ့အငံ မြည်းရင်း စဉ်းစားမိတာက ညက You Tube ထဲက ဗေဒင်ဆရာ ‌ပြောတာ သွားသတိရတယ်။ ဒီ August လထဲ ကြာသာပတေး ဂြိုဟ် ဝဂ္ဂ ဆိုလား ဘာလား။ ကြာသာပတေးနာမ် အရေး ကြီးသတဲ့။ဟုတ်ပ ၊ ရှင်လူချက်ထားတဲ့ ဟင်းက ကြာသာပတေး လေးနာမ်ဟင်းပဲ။ ပုစွန် ပိန်းဥ ပုန်းရည် ပင်စိမ်း။
အင်း ရှင်လူက ဗေဒင် ယ တြာ တွေ လုပ်လေ့တော့ မရှိဘူး။ဒါပေမယ့် ရှင်လူတို့ အမျိုးတွေကတော့ "ထီးရိုးကို မိုး ကြိုးခလိမ့်မည်"တို့။ ၈ လေးလုံး တို့ ၂ လေးလုံးတို့ ကိန်းတွေ တဘောင်တွေ အလေးထား တတ် ကြတာ။
ဘာပဲ‌ပြော‌ပြော ရှင်လူ ရေးပြနေတဲ့ Subject
ကတော့ နေရေး စားရေး ပြဿနာတွေပါပဲ။
မရှင်းရင် အပေါ်က "ညစာ"ကဗျာ ပြန်ဖတ်။
story#observation#shinlhu
Saturday, August 7, 2021
story
ရှင်​လူ သပိတ်​စခန်းဖွင့်​ပြီ၊
ငွေ​ကြေး​ဖောင်းပွ​နေသမျှ ရာသက်​ပန်​သပိတ်​​မှောက်​မည်​ဖြစ်​ပါ
ကြောင်း...
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ 
ဒီ​နေ့ရှင်​လူကြီး ၈​လေးလုံး ၂၉ နှစ်​​မြောက်
အထိမ်းအမှတ်​​နေ့မှာ ​နေ့စားသပိတ်​​မှောက်​ဖို့ ကုမ္ပဏီတခုနဲ့ ၃ လ
စာချုပ်​ ချုပ်​လိုက်​ပြီ။ဘယ့်​နှယ်​ဗျာ ၊
ကိုယ်​ပိုင်​အိမ်​တွင်းလက်​မှုလုပ်​ငန်း​လေးနဲ့
တသက်​လုံး​နေခဲ့တာ Inflation က တ​နေ့တခြား တက်​​နေတာ အိမ်​လခ​တောင်​ ၃လစာ​လောက်​အ​ကြွေးတင်​​နေပြီ။
ဒီ​တော့ ​မြောက်​ဒဂုံ ပင်​လုံအိမ်​ယာ ၃ ထဲရှိတဲ့ ကုမ္ပဏီ ဂို​ဒေါင်​တခုမှာ တည
၅၀၀၀ ကျပ်​နဲ့ ၃ လ ည​​စောင့်​လုပ်​ဖို့ သ​ဘောတူ
လက်​မှတ်​ထိုးလိုက်​ပြီ။ ​နေ့ဖက်​ ကိုယ့်​လုပ်​ငန်း ပုံမှန်​လုပ်​ ၊ည​နေဖက်
စက်​ဘီး​လေးနဲ့ အလုပ်​ဆင်း၊ တလ
တသိန်းခွဲ ​လောက်​​တော့အပိုဝင်​မှာ​ပေါ့။
အိမ်​လခနဲ့ က​လေး​တွေ မုန်​ဝယ်​​ကြွေးဖို့က​တော့ ၃ လအတွင်း
မပူရ​တော့ဘူး။ ၃ လစာချုပ်​​စေ့ရင်​​တော့
နောက်​တခုထပ်​ရှာရမယ်​။ရှင်​လူကြီး
မ​သေမချင်း ရာသက်​ပန်​​ သပိတ်​စခန်း
ဖွင့်​ဖို့ အစီအစဉ်​ရှိတယ်​။အသက်​ ၆၄ နှစ်​။
သန်​မာဖျတ်​လတ်​တယ်​The Transporter ဇာတ်​ကား ထဲက မင်းသား
Jason Statham လို ထိပ်​​ပြောင်​ပြီး ခိုင်​မာတဲ့
မေးရိုး​တွေရှိတယ်​။ ​အောက်​တိုဘာလကုန်​မှာစာချုပ်​သက်​တမ်းကုန်​မှာဖြစ်​တဲ့အတွက်​ ​နောက်​ထပ်​ငှါးရမ်းလိုတဲ့ ကုမ္ပဏီများ
cb ကတဆင့်​ ဆက်​သွယ်​နိုင်​တယ်​။အရင်​ဆုံးဆက်​သွယ်​လာသူကိုဦးစား​ပေးမယ်​။အနည်းဆုံး ၃လ
စာချုပ်​ချုပ်​ရမှာဖြစ်​ပါတယ်​။
story#observation#shinlhu
Thursday, July 29, 2021
story
ကိုဗစ်နဲ့အတူ နေထိုင် ခြင်း
😷👀👺😕🤗😓🤔
မနက် အိပ်ယာကထတော့ စက်ဘီးနဲ့  စားနေကျ အာလူးပူရီဆိုင်ကလေးဘက်ထွက်ခဲ့တယ်။ ခုလိုချိန်ခါမှာ တပွဲ သုံးရာထဲနဲ့ ခုလို အာဟာရ ပြည့်ဝတဲ့ ပူရီ ပူပူလေးစားရတာလည်း ကုသိုလ်တခုပါပဲ။ ‌ကြော်ထားတဲ့ ပူရီ ဖောင်းဖောင်းလေးကနှစ်ချပ် ၊အာလူးဟင်း အရည်လေးနဲ့ ခရမ်းချဉ်သီးအနှစ်ကတကန့် ပူစီနံနဲ့ငရုတ်သီးစိမ်းကို ပြုတ်ပြီး ကြိတ်ထားတဲ့ ရနံ့ မွှေးမွှေး အနှစ်ကတကန့် ။အခါတိုင်း ပူရီစား ပြီးရင်
မလှမ်းမကမ်း က" ကမ္ဘာကျော်"လက်ဖက်ရည်ဆိုင်ကလေးမှာ လက်ဖက်ရည်တခွက်ဝင်သောက် မြဲ။ကိုဗစ် ပထမလှိုင်း တုန်းကတော့
လက်ဖက်ရည်ဆိုင်ကို ရက်အတန်ကြာပိတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ နားလည်မှုနဲ့
အသာအယာ ပြန်ဖွင့်နေသေးတယ်။ အင်း
တနေ့ ကတော့ ပူရီဆိုင်ကကောင်မလေး‌ပြောလို့  "ကမ္ဘာကျော်"ဆိုင် ပိတ်လိုက်ပြီလို့ ကြားတယ်။ သူ့ ဆိုင်ရှေ့ က"အောင်"ဆေးခန်းလာတဲ့
လူနာတွေ ဝင်အထိုင်များတာ‌ကြောင့်လို့ ‌ပြောတာပဲ။ ဒါပေမယ့် ဒီမနက်သတင်းက "ကမ္ဘာကျော်"ဆိုင်ရှင် ဖြူ ဖြူ ပုပု နဲ့လူ ‌ညက အောက်ဆီဂျင်ကျလို့ ဆုံးသွားပြီ တဲ့။ ရှင်လူ ကြီး အလုပ်ကနေ အိမ်ခန်းရှိရာ ပြန်ရောက်တိုင်းလည်း
နေ့ တိုင်းလိုလို မုန့်ဟင်းခါး ထုပ်တွေက အခန်းထုပ်တန်းသံချိတ်ကနေစောင့် ကြိုနေတတ်တယ်။ ဖွေးတို့ အခန်းဘက်လှမ်းမေးလိုက်တော့
လမ်းထိပ်က မ-- ယောက်ျား ဆုံးလို့လေ ဆိုတာမျိုး သတင်းဆိုးတွေက အ မြဲလို။တကယ်တော့ ကြားသမျှ သတင်းတွေလည်း မတင်ချင်တော့။ မတင်ချင်တဲ့ ကြားကပဲ ဒီမနက် မိုးညိုဆရာတော် ပျံလွန်သွားပြီ။အိပ်နေရင်း သေသွားတာ တဲ့။လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၁၀ ခုနှစ်က
ညီတယောက် ထီပေါက် ပြီး ရဟန်းခံရှင်ပြု အလှူ လုပ်တော့ ရှင်လူပါ ဒုလ္လဘ ၇ ရက်ဝင်ဝတ်ခဲ့တဲ့ကျောင်း။ သတင်းတွေထဲမှာလည်း
သုဿန်တွေ မီးသင်းဂြိုလ် ဖို့ မနိုင်မနင်းဖြစ်နေတာနဲ့ စကစ က မီးသင်းဂြိုလ်စက်တွေ တိုးချဲ့ ဆောက်လုပ်နေတာနဲ့ အားတက်စရာတွေချည်း။
စာရေးဆရာ ပန်းချီဆရာ ကာတွန်းဆရာနဲ့ အမှုထမ်း အရာထမ်း အဆိုတော် မင်းသားတွေ ရဟန်းသံဃာတွေလည်း ကိုဗစ်ကပ်ထဲ တရက်မလပ် တသဲသဲ ‌ကြွေနေ ကြ။ ဒါတွေကို မြင်ပါများတော့ ရှင်လူ တခုတွေးမိလာတယ်။ငါလည်းဘာမို့ လဲ။ ဒီကပ်ဆိုးက လူမရွေးဘူး။ဒီတော့
လုပ်ခွင့်ရတုန်း လုပ်စရာရာရှိတာ လုပ်ထားအုံးမှတွေး ပြီး "ကျန်းမာ ကြပါစေ‌ကြောင်း"ဆိုတဲ့စာတ‌ကြောင်းရေး ၊Copy -Paste လုပ်ပြီး
Messenger ထဲက မိတ်ဆွေတွေဆီ မေတ္တာစာတွေပို့လိုက်တယ်။တယောက် စာ ပြန်လာတယ်"Day -10, သောက်တရုတ်ပိုးကိုနိုင်အောင် တိုက်ခဲ့ ပြီ"တဲ့။ "ယောက်ျားရဲ့ညီမဆုံးသွားပြီ၊ အဖေနဲ့အမေလည်းဖျားနေတယ်" တဲ့။ နောက်တယောက်ကလည်း "မောင်နှမသုံးယောက်လုံး ဖျားနေ ကြတာ တပတ်လောက်ရှိ ပြီ၊ ခုတော့ သက်သာနေပါ ပြီ ရှင်လူ"တဲ့။
ကဲ အဲ့ ကိုဗစ် က ကွကိုယ် Q နေတဲ့လူ ရော။
ဆေးဝါးရိက္ခာ ပညာ ပြည့်စုံသူရော မ ပြည့်စုံသူရော ဝေးနေ နီးနေ မိတ်ဆွေများစွာ သတ္တဝါဟူသမျှကို တဟဲဟဲ ဖြဲ‌ခြောက်နေေ လရဲ့။
ဒီနေ့  နေ့လယ်စာ ကတော့ ဖွေးဖွေးသိမ့်အဖေ
မောင်ဝင်း ကိုယ်တိုင် မီးဖိုချောင်ဝင် ပြီး ထွက်လာတော့ "ရှင်လူရေ ထမင်းစားမယ်"ဆိုတာနဲ့ ဝင်စားပလိုက်တယ်။ ခုချိန် လူတယောက်ကိုထမင်းစားခေါ်ဖို့က လွယ်တာမဟုတ်။မိတ်ရင်းေ ဆွရင်းတွေတောင် တဦဲ့းနဲ့ တဦး သံသယမျက်ဝန်း‌တွေနဲ့ ပိုးသယ်ဆောင်သူလေလား လို့
မသင်္ကာ ကြည့် နေ ကြတာ။ ခုလို ယုံယုံ ကြည်ကြည် ထမင်းခေါ်‌ကြွေး တော့လည်း အားနာပါးနာနဲ့ပဲ ဝင်စားလိုက်ပါရဲ့။ မောင်ဝင်းလက်ရာ ကြက်ကုန်းဘောင်နဲ့ ကဏန်းလက်မဟင်းကလည်း ကောင်းမှကောင်း။ ကျန်းမာရေးအတွက် အစာအိမ်ကို ငဲ့ ပြီး စားကောင်းပေမယ့်
ထမင်းကို တခါခူး တပန်းကန်နဲ့ပဲ ရပ်လိုက်တယ်။ ထမင်းစား ပြီးတော့ ခုတလော ဖြတ်ထားတဲ့ ကွမ်းယာ စားချင်တာနဲ့ လမ်းထိပ်ထွက်ဝယ် ပြီး ပြန်ရောက်တော့ လမ်းဟိုဘက်ထိပ်က ပိုင်ပိုင် ရှင်လူ့ ကိုလာရှာရင်း "နန်းမြိုင်"ကော်ဖီထုပ် ကြီးတထုပ်ပေးသွား တယ် တဲ့။ေ သြာ် ...ကိုယ်ချီပိုးယုယခဲ့တဲ့ ကလေးတွေကလည်း ရှင်လူ့အပေါ် ချစ် ကြသား။ဆက်လက်နေခွင့် ရသေးမယ်ဆိုရင်တော့ နေပျော်စရာ ကမ္ဘာလေးတခုပေါ့ကွယ်။မနေရလည်း လိပဲ။
story#observation#shinlhu
story
ခုတလော ဆိုင်ပိတ်ထားလို့ တ‌ယောက်ထဲ ဆိုင်
ရှေ့ သံတံခါးနောက်မှာ ထိုင်ငေးနေတုန်း ရဟန်းပျိုနှစ်ပါး ကြွလာတယ်။"ဒကာ ကြီး ကျောင်းဝေယျာ ဝစ္စအတွက် "ဆို ပြီး အလှူခံလာလို့ ထိုင်ရက်ကပဲ လက်အုပ်ချီ ပြီး"ကန်တော့ပါသေးရဲ့"
လုပ်လိုက်မိတယ်။ငယ်ငယ်က ဘိုးဘွားတွေ
ဆုံးမ သွန်သင် ခဲ့တဲ့ စကားအရတော့ "ကန်တော့ ဆွမ်းလောင်းတယ်"ဆိုတာ အင်မတန်ယဉ်ကျေး လှပတဲ့ ကုသိုလ်တမျိုးပဲ။ဘာမှ မလှူ ဖြစ်တာတောင် လက်အုပ်ကလေးချီ ပြီး ကာယကံ
ဝစီကံ မနောကံ သုံးပါးနဲ့ ကုသိုလ်ယူလိုက်တာ။
ဒါပေမယ့် အခု ကိစ္စ မှာတော့ ကံသုံးပါးနဲ့ကုသိုလ်ယူတယ်‌ပြောရင် ရှင်လူ မုသား ဖြစ်သွားပြီ။
လက်အုပ်ချီ ၊ကန်တော့ပါသေးရဲ့ လို့ ကာယကံနဲ့ ဝစီကံက ဟုတ်နေပေမယ့် မနောကံ စိတ်ထဲကတော့ "အင်း ...ကပ်ကြီးသုံးပါးဆိုက် ၊လူေ တွ ဒုက္ခရောက်နေချိန်မှာ ကျောင်းဝေယျာဝစ္စက
မ ပြီးနိုင်ဘူး။ ဖေ့စဖုတ်ပေါ်က ဟိုကိုယ်တော်
PPE ဝတ်စုံထဲကထွက်လာမှ ဘုန်း ကြီးမှန်းသိရတာ။ဗော်လံတီယာ လိုက်လုပ် အလောင်းတွေ သယ်၊မီးသင်းဂြိုလ် ရင်းတနေ့ ကကိုဗစ်ကူး
ပျံလွန်တော်မူရှာ ပြီတဲ့ ။ပါရမီဆယ်ပါး အ ပြားသုံးဆယ်ထဲက ပရမ တ္တဒါန ပါရမီ‌မြောက်အောင်
အသက်ပါပေးလှူ ပြီး လောကတ္ထစရိယ ကိုကျင့်သွားတာ။ ဒီကိုယ်တော်တွေ ဒီလိုကျင့်ရမယ်မနှိုင်းချင်ပါဘူး။ကိုယ့်ပါရမီနဲ့ ကိုယ်ပဲ။ဒါပေမယ့်
ဒီလို အချိန်မျိုးမှာ ကျောင်းဝေယျာဝစ္စနဲ့ ရွာလည်နေတာကတော့.......။ တော်ပြီ ဗျာ ဆက်ရေးရင် အကုသိုလ် ဇောတွေ တတိန်တိန် တက်တော့မယ်။ နှစ်ရာ သုံးရာလောက် လှူလိုက်ရင် အေးဆေးနဲ့ နတ် ပြည်ရောက်နိုင်တဲ့ ကိစ္စ ကို။ ကိုယ့်လည်း မရှိတာမဟုတ် ။
အင်း တဘက်ကလှည့်တွေးတော့လည်း အဲ့လို
ကျောင်းဝေယျာဝစ္စ သာသနာ ကြီးတွေထွန်းကားလာ ပြီး ၊ "တိုင်းပြည် ချမ်းသာရင် သာသနာကွယ်မယ်"ဆိုတဲ့ ဆတော်မျိုး။အလှူခံတပ်ပေါင်းစု ကြီးဖွဲ့ ပြီး တဒီးဒီး အလှူခံနေ ကြတဲ့ ဆတော်မျိုးတွေ များလာရင်လည်း ကပ် ကြီးသုံးပါးသံသရာက လည်နေအုံးမှာ......
Wednesday, July 7, 2021
story
ဖွေးဖွေးသိမ့်နဲ့  အသည်းငယ်တဲ့ ယုန်ကလေးတုံတုံ
🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇
ဒီမနက် အစော ကြီးကတည်းက‌ဖွေးဖွေးသိမ့် တယောက် မုံလာဥနီတွေရောသရက်သီးတွေပါ အစိတ် သေးသေးလေးတွေလှီး ပြီး ဖိုင်ဘာပန်းကန်လေးနဲ့ အသင့်ပြင်နေတယ်။
သူ့ဦးငယ်တို့ လင်မယား ဒီနေ့  အိမ်လာလည်မယ်တဲ့လေ။ ဒါပေမယ့် ဖွေး ပြင်နေတဲ့ စားစရာတွေကတော့ သူ့ ဦးငယ်တို့အတွက်မဟုတ်ပါဘူး။
သူ့ဦးငယ်တို့ နဲ့အတူ ပါလာမယ်ဆိုတဲ့ ယုန်ကလေး တုံတုံ အတွက်ပါ။ ယုံကလေးတုံတုံက
သရက်သီး ကြိုက်တယ်ဆိုလို့ ဖွေးက သရက်သီးပါ အသင့် ပြင်ထားပေးတာပါ။
တကယ်တော့ ဒီယုန်ကလေး တုံတုံရဲ့ ဘဝ ဇာတ်‌ကြောင်းကလေးကလည်း ရင်နင့်စရာပါ။
ဆရာတပည့် နှစ်ယောက်နေတဲ့ အိမ်မှာ ဆရာလုပ်သူက အလေ့အကျင့် တခု ရှိတယ် တဲ့။
အဲဒါ ဘာလဲဆိုရင် ယုန်ကလေးတွေကို မွေးထား ပြီး ကြီးလာရင် သတ်ပြီး အရက်နဲ့ မြည်းလေ့ရှိသတဲ့။ ဒီလိုနဲ့ တနေ့ မှာ ယုန်တကောင်ကိုသတ်ပြီး အရက်နဲ့ မြည်းတာကို မြင်လိုက်တဲ့
တုံတုံဟာ အရမ်း ‌ကြောက်သွားပြီး မျက်ရည်တောင်ဝဲနေရှာသတဲ့ ။ အဲဒါကိုသိလိုက်တဲ့ တပည့် ဖြစ်သူဟာ နောက်တနေ့ မှာသူ့ဆရာမသိအောင် တုံတုံ့ ကို ဝှက်ထားလိုက် ပြီး ဖွေးရဲ့ဦးငယ်တို့ လင်မယားဆီပို့ပေးလိုက်တာ။သနားတတ်တဲ့ ဦးငယ်တို့ လင်မယားက သူတို့အိမ်မှာတုံတုံ့ ကိုမွေးစားထားလိုက်တော့တာပါပဲ။
ကံ ကြီးပေလို့ သာပဲပေါ့ တုံတုံရယ်။
story#observation#shinlhu
Tuesday, June 29, 2021
story
ရှင်လူ့ကဗျာကို လေလံတင်ပေး ကြပါ။
Covid-19 အတွက် အကုန်လှူပါမည်။
(မာယာဂေါက်စကီး အသံထွက်မှာ ရုရှား
ဆိုက်ဗေးရီးယားသားများ အသံထွက်အတိုင်း
 ဖြစ်ပါ‌ကြောင်း)။
ဘောင်းဘီဝတ် ဖိုးပိန်
👺🤡😎👽👺
တသက်လုံး ရှူလာတဲ့ လေတောင်
မယုံ ကြည်ရ မှတော့
ချစ်သူ နဲ့ သုံးပေ ခွာခဲ့ရ
ကြားလေသွေးရင် ဝေးတယ် ဆိုတဲ့
ရှေးစကား
အခု မောင်ယုံစား လိုက် ပြီခင်။
မာယာဂေါက်စကီး ရှင်လူ
poem#observation#shinlhu
story
ဒီနေ့
☁️🌞   ☁   ☁
ခုတလော ရှင်လူကြီး နေရထိုင်ရတာ သိတ်အဆင်မပြေ။အလိုလိုနေရင်း မောပန်းနုံးချိနေတယ်။ လမ်းလျှောက်ရတာလည်း ခြေလှမ်းတိုင်းမလှမ်းချင်သလိုလို
ခြေမသယ်ချင်လက်မသယ်ချင် အားအင်ဆုတ်သလိုဖြစ်နေတော့ ကွကိုယ် အားမလိုအားမရ။
နှစ်ပေါင်းများစွာ ဥက္ကလာဂေါက်ကွင်းပတ်ပြေးနေတဲ့ကောင်လေ။Bella မှာလုပ်ခဲ့တုန်းကလည်း Mountain ဘီးလေးနဲ့ အလုပ်သွားအလုပ်ပြန်
တောင်ဥက္ကလာ နဲ့ တောင်ဒဂုံ
စက်မှုဇုံ(၁) နေ့တိုင်း လွန်းထိုးနေတဲ့ကောင်။ကွကိုယ် စပိုင်ဒါမင်းဆိုပြီး မာန်တက်နေတဲ့ကောင်။အဲတော့ သောက်နေကျမဟုတ်ပဲ တနေ့က ဘိုင်အိုဂျက်ဆစ် နှစ်လုံးဝယ်သောက်၊မသက်သာတော့ ပါရာဇီတမော့နဲ့စီဗစ်တွေ နှစ်ရက်လောက်ဆက်သောက်တာတောင် သိတ်မထူးခြား။ညီကဗျာဆရာ နေလအောင်နဲ့တွေ့ခိုက်ကိုယ့်အခြေအနေပြောပြမိတော့ နေလအောင်က"အဘ သွေးတိုးနေအုံးမယ်၊သွေးပေါင်လေးဘာလေး ချိန်ကြည့်အုံး"တဲ့။သူပြောမှသတိရတယ်။သွေးပေါင်မချိန်တာလနဲ့ချီနေပြီ။ဒါနဲ့..ဒီနေ့ ကိုယ်သွားနေကျ ဆေးခန်းဘက်လျှောက် လာတော့လည်း ဆေးခန်းပိတ်ထားတာနဲ့လှည့်ပြန်ခဲ့တယ်။ထမင်းစားချိန်ရောက်တော့ ရူပါချက်ကြွေးတဲ့ဝက်သားအချိုချက်နဲ့ ချဉ်ပေါင်ဟင်း ခွက်တွေ အပေါ်ထပ်ကတက်ယူပြီးစားပေါ့။ကိုဗစ်ကိစ္စပေါ်ကတည်းက အစားကိုတော့ဂရုစိုက်စားတယ်။ ခုလည်းရူပါက ရှင်လူကြိုက်မှန်းသိလို့ ဝက်သား သုံးထပ်သား အဆီဝင်းဝင်းကြီးတွေငါးတုံးထည့်ပေးလိုက်တာ ။ချဉ်ပေါင်နဲ့ မျှစ်အချဉ်ဟင်းကိုရွှဲရွှဲဆမ်းပြီးစားကောင်းကောင်းနဲ့ ဝက်သားကိုမနက်စာနှစ်တုံး၊ညစာသုံးတုံး အပြောင်တီးပလိုက်တယ်။
ဘိုက်ကို တင်းကရော...
ညနေဘက် စက်ဘီးလေးနဲ့ အလုပ်ကိုထွက်လာရင်း သုတ၆ လမ်းထိပ်"အောင်"ဆေးခန်းရှေ့အရောက် သွေးပေါင်ချိန်ဖို့ သတိရပြီး ဆေးခန်းရှေ့ရပ်လိုက်တယ်။ဆေးခန်းထဲမှာလည်း ကိုယ့်ရှေ့ လူတယောက်နှစ်ယောက်ပဲရှိတာမို့ စိတ်ရှည်ရှည် ထိုင်စောင့်နေလိုက်တယ်။
ဆရာဝန်လေးက သွေးပေါင်ချိန်ပြီး "အဘ.. သွေးတိုးနေတယ်၊သွေးတိုးရှိလား"တဲ့။"ဟုတ်..ပုံမှန် Lodipin5တနေ့တလုံးသောက်နေရတယ်၊သွေးပေါင်က ဘယ်လောက်လဲ"ဆိုတော့ 80/170 တဲ့။ဒီလိုနဲ့
ဆရာဝန်လေးရဲ့အကြံပေးချက်အရ လတ်တလော သူပေးတဲ့ဆေး သုံးခွက်စာယူပြီး ထွက်လာခဲ့တယ်။နက်ဖြန် သူ့ဆီထပ်လာပြီး သွေးပေါင်ချိန်ဖို့လည်းမှာလိုက်တယ်။
အရင်ရက်တွေက ငါးပိရည်နဲ့
ငါးပိထောင်းတွေအကြောင်းမပြောတော့ပါဘူး။ကွမ်းကလည်းစားနေတုန်းဆိုတော့လျှာကထူနေပြီ။တော်ရုံ ဟင်းတွေဆားပေါ့ရင် မစားတတ်တော့ဘူး အမရေ...
story#observation#shinlhu
story
ဒီတခါလေးတော့ တင်ပါရစေ
🗽🎠🗽🎭🗿🗽🎠
တလောက ရှင်လူတို့သယ်ရင်းတွေ ဘီယာဆိုင်မှာ ထုံးစံအတိုင်း ဆုံဖြစ်ခဲ့ကြတယ်။အဲ့လိုဆုံကြရင်း စကားစပ်မိကြတော့ ရှင်လူကြီး fb ပေါ်မှာ status တွေတင်ရာမှာ selfie တွေဆွဲပီး တွဲတင်တဲ့ကိစ္စရောက်သွားတယ်။ အဲဒါ တခါနှစ်ခါဆုံဖူးတဲ့စာရေးဆရာတယောက်က
ရှင်လူ့မျက်နှာပုံကြီးတွေမြင်ရဖန်များလာတော့
block လုပ်လိုက်တယ်..တဲ့။ fb ပေါ်မှာလည်း တချို့ ဒီကိစ္စမျိုး တယောက်ရေးတာတွေ့ဖူးတယ်" တချို့က ကဗျာတင်တာ မလုံလောက်သေးဘူးထင်လို့လားမသိဘူး၊ကိုယ့်ဓာတ်ပုံပါတွဲတင်တယ်..."တဲ့။
ရှင်လူ သူ့အယူအဆကို like လုပ်လိုက်ပါတယ်။တကယ်တော့ သူတို့အယူအဆတွေကမမှားပါဘူး။ရှင်လူကိုယ်တိုင်လည်း တချို့ညက်နှာကြီးတွေ မြင်ရဖန်များလာရင်
အင်း  ..ဒါလည်းရောဂါတမျိုးပဲ လို့တွေးမိပါတယ်။ ရှင်လူတို့ ကာလသားအရွယ် အငြိမ့်တွေ ခေတ်ကောင်းတုန်းက အငြိမ့်ကြည့်ရင် စင်ရဲ့ ဘယ်(သို့)ညာဘက်ထောင့်က
မတ်တပ်တိုးကြည့်ကြပါတယ်။ ဒါမှ မင်းသမီးကိုအနီးကပ်မြင်ရမှာကိုး။ အဲ...ဥပမာပြောရရင် သင်္ဘောမှောက်ပြီးကွယ်လွန်သွားရှာတဲ့ "ဆောင်းအငြိမ့်" ခေါင်းဆောင်မင်းသမီး ဝင်းဝင်းအေးဆို တောင့်တောင့်ဖြောင့်ဖြောင့် နဲ့ အဆိုကလည်းကောင်း။
သူ့ခေတ်မှာတော့ ဆောင်းမင်းသမီးလေး
ဝင်းဝင်းအေးလို့ခေါ်ခဲ့ကြတယ်။ အဲဒါ
ဆောင်းမင်းသမီးလေးက စင်ပေါ်မှာတင်ကလေးရမ်းရမ်းပြီး "ချမ်းလို့ဖြင့် ခိုက်ခိုက်တုန် စောင်ခြုံလို့ မနွေးပြီ...အိုးဟို့ဟို့
မောင်ကြီးရေ.."လို့စင်ပေါ်ကဆိုလိုက်ရင်
စင်ဘေးဘယ်ညာက ရှင်လူတို့ကာလသားနှစ်သိုက်က"ဟေ...ဟေ.."လို့သံပြိုင်
ထူးလိုက်သံကြီးက အငြိမ့်စင်ပြိုမကျရုံတမည် ဟိန်းထလို့။ဒီကြားထဲ  စင်ဘေးအမှောင်ထဲက ကိုယ့်မျက်နှာကို မင်းသမီးမြင်ရအောင် မီးခြစ်ခြစ်ပြတဲ့လူက ရှိသေး။စင်ပေါ်မှာဆလိုက်မီးတွေလင်းနေပေမယ့် စင်ဘေးကခပ်မှောင်မှောင်မဟုတ်လား။အင်း..ရောဂါတမျိုးပဲပေါ့ဗျာ။ ၂၀၁၈ ခုနှစ်အတွင်း ရှင်လူရေးတင်ခဲ့တဲ့ "စိတ်၏ရုပ်တုများ"ကဗျာ အပိုင်းတွေအတော်များများမှာ ရှင်လူ့မျက်နှာကြီး အမှုမဲ့ အမှတ်မဲ့တွဲတင်ခဲ့မိတာသတိရတယ်။ ခုမှ ပြောသူကပြော block သူကblock မှ ကွကိုယ်ပြန်စဉ်းစားမိတော့ ငိုတောင်ငိုချင်လာတယ်ဗျ။
ရှင်လူ့မှာ ဖအေစုံမအေစုံ မွေးချင်း ၅ ယောက်ရှိတယ်ခင်ဗျ၊ အားလုံးထဲမှာ ရှင်လူကအကြီးဆုံး။ရှင်လူကြီး အသက်၁၆နှစ်အရွယ်မှာပဲ မိခင်နဲ့ဖခင်တို့အိမ်ထောင်ရေး အကွဲအပြဲဖြစ်ခဲ့တယ်။အဲဒါ ကွာရှင်းခွင့် 
လျှောက်တဲ့ ရှင်လူတို့အမေကိုအဖေက ကပ်ဖဲ့လုပ်ပြီးကလေးတွေသူအုပ်ထိမ်းခွင့်ရမှကွာပေးမယ်လုပ်တော့ အမေက နို့စို့အရွယ် ရင်ခွင်ပိုက် အငယ်ဆုံးညီလေးကိုသာယူထားပြီး ကျန်တာတွေကို အဖေ့ဆန္ဒအတိုင်းပေးခဲ့တယ်။အဲ့မှာ ညီအကိုမောင်နှမတွေ တကွဲ စကွဲတာပဲ။အဲ့ညီအငယ်ဆုံးလေးဟာ အရွယ်ရောက်တော့ ထိုင်းဘက်ထွက်သွားတယ်ကြားပြီး ဒီနေ့အထိ ပြန်မတွေ့ရတော့။ ရှင်လူလည်း ကျန်အငယ်တွေကိုဦးဆောင်ပြီး အဖေ့နောက်လိုက်သွားခဲ့ရတာ နောက်ဆုံးတော့ မိထွေး
လက်အောက်မှာ ခွေးစာကျိုတဲ့အိုးနဲ့ တအိုးထဲချက်စားရတဲ့ဘဝကိုရောက်တော့တာပါပဲ။နောက်ဆုံးတော့ ရှင်လူကြီး ညီလေးညီမလေးတွေ လက်ကိုဆွဲပြီး အိမ်ကထွက်ပြေးပေါ့ဗျာ။ အဲ့မှာ အမေ့ထက်တနှစ်ပဲငယ်တဲ့မမနဲ့စတွေ့တာပါပဲ။အဖေ့ဘက်ကအမျိုးလည်းတော်ပါတယ်။ရှင်လူတို့ညီအကိုမောင်နှမတွေကိုဂရုဏာသက်ပြီး တဘဝလုံးပုံပေးခဲ့တဲ့မမပါ။ရှင်လူလည်းမမကိုခြေကုပ်ရကတည်းက အဖေနဲ့အမေကိုသူပုန်ထပြီး ညီလေးညီမလေးတွေနဲ့ တစင်ထောင်ခဲ့တာပါပဲ။ဒီလိုနဲ့ ညီမလေးက၁၀ တန်းအရောက်မှာ မိခင်မေတ္တာငတ်မွတ်လှချည်ရဲ့ ဆိုပြီး စုံကန်ထွက်သွားလိုက်တာ ရှင်လူလည်းစိတ်နာနာနဲ့ နောင်တချိန် မှာယောက်ျားနဲ့ကွဲပြီးကလေးတယောက်ပိုက်ပြန်လာတဲ့ညီမကိုပြန်လက်မခံတော့။သူက နောက်နောင် ဒီအကိုတွေနဲ့မပတ်သက်တော့ပါလို့ လက်မှတ်ထိုးသွားခဲ့တာလေ။ညီတွေကအကိုကြီးနဲ့အမကြီးကိုတော့ချစ်ကြရိုသေကြပါတယ်။ဒါပေမယ့်
အဲ့ဒီခေတ်က ကျော်ကြားတဲ့"အမိမြေမှသားကောင်းများ"ရုပ်ရှင်ကြည့်ပြီးရှေ့ဆင့်နောက်ဆင့်စစ်ထဲဝင်ကုန်ကြပါတယ်။
သူတို့လူပျိုဘဝနဲ့တုန်းကဆို ရှေ့တန်းကပြန်တိုင်းအိမ်ကိုခွင့်နဲ့ပြန်လာကြပါတယ်။အိမ်ထောင်အသီးသီးနဲ့ဖြစ်တော့လည်း အမလေးတွေပါခေါ်လာကြပါတယ်။နောက် အကောင်လေးတွေပေါက်လာကြတော့လည်းသားသမီးသုံးယောက်မွေးပြီးသုံးယောက်လုံးအဖတ်မတင်တဲ့ရှင်လူကြီးအိမ်ကိုခေါ်လာကြပြန်တယ်။ဒီလိုနဲ့ ရှစ်လေးလုံးကာလနောက်ပိုင်း သူတို့ ရာထူးကိစ္စ သင်တန်းကိစ္စတွေအတွက် ထလရကရှင်လူ့ကို အင်တာလာဗျူးတော့ ရှင်လူစဉ်းစားရတယ်။ငါ့ညီတွေက ငါ့ကို ချစ်တယ်၊ယုံတယ်။ငါပြောနေလုပ်နေတာက စစ်အစိုးရကိုဆန့်ကျင်တဲ့အလုပ်။ငါ့စကားတွေနားဝင်သွားရင်ဒီကောင်တွေ မိသားစုအလိုက်ဒုက္ခရောက်ကုန်မယ်။အဲ့တော့
"မင်းတို့ တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်းမလုပ်နဲ့ ၊မဟုတ်မမှန်တာလည်းမလုပ်နဲ့၊ ပြည်သူကိုလည်းမစော်ကားနဲ့"လို့ စကားသုံးခွန်းမှာပြီး "နောက်ဆို ငါ့ဆီလည်းမလာကြနဲ့တော့၊စာအဆက်အသွယ်လည်းမလုပ်ကြနဲ့တော့။ငါတို့ဟာ ယောက်ျားတွေပဲ၊ကိုယ့်အလုပ်ကိုယ်လုပ်ကြ၊ တနေ့ ကံကြုံရင်တော့ ပြန်ဆုံကြမယ်...ဆိုပြီး လမ်းခွဲခဲ့ကြတာ အလတ်ကောင်ကတော့ တပ်ကထွက်ပြီး ဝေါဘက်မှာ ယောက္ခမလယ်ဝင်လုပ်နေရင်း တီဘီရောဂါနဲ ကွယ်လွန်ခဲ့တာ
၁၆ နှစ်ကျော်ခဲ့ပြီ။(ဒါတောင်သူ့မိန်းမက လူကြုံ လွှတ်သတင်းစကားပါးလို့) နောက်တကောင်ကတော့ ဒီနေ့ထိသေလား ရှင်လား ၊ဘယ်ရောက်နေတယ်မသိ။သူတို့ကလေးတွေတောင်အိမ်ထောင်ရက်သား ကျနေကြရောပေါ့။အခုဆို မမကွယ်လွန်သွားတာတောင်၁၀ နှစ်ကျော်ခဲ့ပြီ။
ကိုယ့်အပေါ် ဆွေမျိုးရင်းခြာပမာ မိတ်ဆွေအသိုင်းအဝိုင်းတွေ နဲ့ပဲ တပျော်တပါးနေပါတယ်။ တခုတွေးမိတာကတော့ မမှတ်မိတော့တဲ့ တူတွေ တူမတွေကများ ဒီလူကြီး ငါ့အဖေနဲ့ ရုပ်ချင်းအတော်တူတယ် အမျိုးများ တော်သလားပဲလို့ တွေးမိပြီး messenger က ဆက်သွယ်လာခဲ့သော် ၊
အခု အလုပ်သုံးခုလောက်လုပ်နေတဲ့ ရှင်လူကြီး တူ တူမတွေကို နှုတ်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ စောင်မခွင့်ကလေးများ ရအုံးမလားလို့။ ရှင်လူကတော့ လိုက်မရှာတော့ပါဘူး။အားကိုးရာမဲ့ မှ လာရှာတယ်ထင်မစိုးလို့။တကယ်တော့ ရှင်လူ့ Selfie ပုံကိုဝေဖန်သူများကိုလည်း ကျေးဇူးတင်ပါတယ်။သူတို့ကြောင့် ရှင်လူလည်းကိုယ့်ရောဂါ ကိုယ်သိခွင့်ရတာပါ။တနည်းအားဖြင့်တွေးကြည့်တော့လည်း ရှင်လူ့ပုံနဲ့ သူတို့ပုံတွေက 
ဒီကက်ပရီယို နဲ့ဗေလုဝလို ဆိုတော့လည်း....
(တမျိုးမထင်နဲ့နော်...အလီဘာဘာဒေါ့ကွန်း တည်ထောင်သူ ဂျက်မားနဲ့တူတယ်လို့ပြောတာ)
story#observation#shinlhu
Sunday, June 20, 2021
story
ဒီနေ့  အိမ်ခန်းကို ရှင်းဖြစ်တယ်။
နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကိုယ်ပိုင် အိမ်တွင်းမှု လုပ်ငန်းလေးက ကိုဗစ် ပထမလှိုင်းမှာကတည်းက ရပ်ခဲ့ ပြီ။ ပန်းထိမ် ဆရာတွေကိုယ်တိုင် လုပ်ငန်းတွေရပ်ကုန်တော့ ပန်းထိမ်ကိုအမှီ
ပြု ရပ်တည်ရတဲ့ ပန်းထိမ်မီးဂေါက် ပြု ပြင်ရေး လုပ်ငန်းလည်း ရပ်ခဲ့ရပေါ့။
အလုပ်ရပ်တော့ အလုပ်အတွက် ဝယ်ယူထားရတဲ့ ကုန် ကြမ်းတွေ၊ ဘေးထွက် အမှိုက်သရိုက်တွေနဲ့ လက်နက်ကိရိယာ တွေက အိမ်ခန်းထဲမှာ စုပုံ ရှုပ်ပွနေခဲ့။ ဘဝရဲ့ အချိုးအကွေ့ ရောက်နေမှတော့ လုပ်ငန်းဟောင်း ရဲ့ပုံရိပ်တွေအပေါ် သံယောဇဉ် ဖြတ်သင့်နေ ပြီ။
ညီလိုခင်တဲ့ဓမ္မ မိတ်ဆွေရဲ့ ဖေးမမှု ‌ကြောင့်
ခုလို ကိုဗစ်/ကိုညစ် ကပ်ဆိုး ကြီးအောက်မှာ
ကြံ့ ကြံ့ ခံ ရပ်တည်နေနိုင်ခဲ့ ပြီပဲ။ ဒါနဲ့ အခန်းရှင်းရင်း လက်နက်ကိရိယာတွေ ကို နီးစပ်ရာ
အသုံးတည့်မဲ့သူတွေကို ပေးတန်တာပေး၊ရောင်းတန်တာရောင်း ၊ကျန်တဲ့ အောက်‌ခြေသိမ်း
လက်နက်ကိရိယာ အကောင်းအပျက် အတိုအစ တွေကိုတော့ ဟို ခပ်ပိန်ပိန် ချိချိနဲ့
လှည်းကလေးတွန်း ပြီး တလမ်းဝင်တလမ်းထွက် ပစ္စည်းအဟောင်းတွေဝယ်တဲ့ သူ ကို ခေါ် ပြီး လှည်းတစီးတိုက်စာ အလကားပေးလိုက်တယ်။ သူ့မိသားစု ဝမ်းစာအတွက် အတန်အသင့်တော့ ဖူလုံကောင်းရဲ့။
အခန်းရှင်းလက်စနဲ့ စာအုပ်ပုံဘက်ရောက်တော့
မထင်မှတ်ပဲ ကိုယ်တိုင်မေ့နေတဲ့ စာအုပ်နှစ်အုပ်ကို ပြန်တွေ့ တယ်။ကိုယ့်ကဗျာတွေ၊ ဝတ္ထုတိုတွေပါတဲ့ စာအုပ်အများစုဟာ လက်ထဲမှာ မရှိတတ်။တခါက "စံပါယ်ဖြူ မဂ္ဂဇင်း"မှာ ပါခဲ့တဲ့
"ပြူတင်းပေါက်ကလေးတခု"ဝတ္ထုတိုဆို
ပြန်ဖတ်ချင်လို့ ရှာတဲ့ခါ မဂ္ဂဇင်းထွက်တဲ့ လ‌တွေနှစ်တွေ မှတ်မထားမိတော့ စာ ကြည့်တိုက်တွေ လိုက်ရှာတောင် ဘယ်လိုရှာရမှန်း မသိနိုင်တော့။ ခုနောက်ပိုင်း ရေးဖြစ်တာလေး တွေတော့
shinlhu.blogspot.com နဲ့ Facebook ညို မြသွေး Page မှာ တင်ဖြစ်တော့ လောလောဆည် တော့ မပျောက်မပျက်
ရှိနေ ကြတယ်။ ခု ကိုယ့်ကဗျာတွေ ပြန်‌တွေ့ တဲ့မန်းချောင်းလရောင် စာအုပ်တိုက်က "ခေတ်ပေါ်လား ခေတ် ပြိုင်လား မြန်မာကဗျာရဲ့ထိပ်တန်းလျှို့ဝှက်ချက်"Poetry Life" စာအုပ်နဲ့
၂၀၁၁ ၊မေလ ထုတ် "မဟေသီ " ရုပ်စုံ မဂ္ဂဇင်း နှစ်အုပ်ထဲက အရင်ဆုံး မဟေသီပါ "သမုဒယ၏ဖန်ရှင်များ"ကဗျာကို ပြန်ရိုက်ပြီး
တင်လိုက်ပါတယ်။ခုလို အချိန်မျိုးမှာ မိမိကဗျာကို ‌ကြော်ငြာဝင်နေရင် ပုဂ်္ဂိုလ်ရေးထူထောင်သလို ဖြစ်မှာတော့စိုးမိပါတယ်။စိတ်မအား
လူမအား ဖြစ်နေသူများ စိတ်အနှောင့်အယှက်
 မ ဖြစ်စေလိုပါ။
မိမိအနေနဲ့ တော့ မိမိရဲ့ blog တွေ Page
တွေမှာ ပြန်တင်ပြီး သိမ့်ခဲ့မှာပါ။
တကယ်လို့ ခင်မင်ရင်းစွဲရှိ ပြီး မိတ်ဆွေများ
ရှင်လူ ကြီး ပျောက်နေတယ်၊ ဘာတွေလုပ်နေလဲ သိချင်ရင်တော့ ဒီကဗျာဟောင်းလေးကို
ဝင်ဖတ် သွား ကြပေါ့ဗျာ။
သမုဒယ၏ ‌ဖန်ရှင်များ
🍂🍂🍂🍂🍂
အပေါစားဆံညှပ်ကလေးတချောင်းက
အမှတ်ရစရာ ဖြစ်နေလျှင်
သင်သည်..
တရားမရှိသူတယောက်
(သို့မဟုတ်)
အချစ် ကြီးသူတယောက် ဖြစ်လိမ့်မည်။
ဇီဝိတဒါန ဆေးမှတ်တမ်းက‌လေးတခုက
လွမ်းဆွတ်စရာ ဖြစ်နေလျှင်
သင်သည်..
ပညတ်အစုအပုံနဲ့ 
အဲဒီနေသားတကျ သင်္ခါရများ
မိန်းမအသုံးအဆောင် ပစ္စည်းများနဲ့
ယောဂီထမီ အဟောင်းကလေးကအစ
ရုပ်တရား..နာမ်တရား
ခန္ဓာငါးပါးပဲလေ
အ မြင်‌ပြောင်းလိုက်ရုံနဲ့ 
ဟန်ကျ ပန်ကျ ဖြစ်လာမလား။
အရှင်ဘုရား
ရွေးစရာမရှိတော့လို့
တရားကို ရွေးချယ် လိုက်ရပါတယ်။
သံသရာကို ဒီလို ဖြတ်လို့ရမယ်ဆိုရင်
ဒဏ်ရာ အနာဟူသမျှကိုလည်း
အချစ်နှင့်အတူ
တပါတည်း မြှုပ်နှံ လိုပါ၏။ ။
ဇေယျဝတီ -မင်းလွင်စိုး
အထူးမှတ်ချက်။ ။ဒီနေ့ မှာပဲ မှော်ဘီ ကိုးလုံးကွင်းသုဿန် မှာ ဇနီးသည်ကို ‌မြေချခဲ့ရတဲ့ ညီငယ် ခင်မောင်ကြည် ရေ။မင်းလိုပဲ လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက အကို ကြီး လည်း ကြုံခဲ့ရပါတယ်။ စာနာပါတယ်ကွာ။ ဒီနေ့  ဗာဟိရတွေ‌ကြောင့် အကို ကြီး လိုက်မပို့ နိုင်တာခွင့်လွှတ်ပါကွာ။
story#observation#shinlhu