➳ ➳ 0
Aသက်ငြိမ်
ဖတ်လက်စ စာအုပ်တွေက
စားပွဲပေါ်မှာ အပုံလိုက်...
ဒီလိုပါပဲလေ...
အဆုံးမသတ်ရသေးတဲ့ လုပ်လက်စ များ..
အပိုင်းပိုင်း အစစ တဒင်္ဂ များ...
အပြီးမသတ်သေးတဲ့ နှလုံးခုံသံများ...
ဘယ်အချိန်မှာ ဘယ်အရာဟာ
ဘယ်လိုပုံစံနဲ့ ရပ်တံ့သွားမယ်ဆိုတာ
ကျနော်ကိုယ်တိုင်လည်း
ရေရေရာရာ မသိနိုင်သေးပါ...
Aသက်ငြိမ်
8:34Pm
Tue,9 Aug 2016
poem#observation#shinlhu
No comments:
Post a Comment