Saturday, September 3, 2016

ငြိမ်းချမ်း​ရေးအခွန်​​ဆောင်​ပြီးပလား ❀ ❀ ❀

ငြိမ်းချမ်း​ရေးအခွန်​​ဆောင်​ပြီးပလား
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ညိုမြ​သွေး

မနက်​မိုးလင်းတာနဲ့
အခွန်​အရပ်​ရပ်​က...
အိမ်​​ရှေ့မှာ လာလာရပ်​တယ်​..
အရင်​ အဦးဆုံး ဘရိတ်​ဖတ်​စ်​က
ငါ့အိတ်​ထဲက ​ငွေတ​ထောင်​ကို နှိုက်​တယ်​...
ရေခွန်​ မီးခွန်​ ​မြေခွန်​ အမှိုက်​ခွန်​ ကအစ
ယုတ်​စွအဆုံး ယုံကြည်​ကိုးကွယ်​ရာအခွန်​အထိ
လူမှု​ရေး ကပ်​ကြီးသုံးပါး​ဘေးအထိ....
အုပ်​ချုပ်​တဲ့ အစိုးရ အသုံးမကျပြန်​​တော့လည်း
နိုင်​ငံ​ရေးအခွန်​က ​သွေး​ရော ​ချွေး​ရော အချိန်​​ရော..
တချို့ဆို အသက်​​ရောဘဝပါ အခွန်​​ဆောင်​ခဲ့ကြရ...
ဒီမှာ ..ကျုပ်​တခု​ပြောမယ်​...
ပြည်​သူ​တွေကို ​လေးစားပါ...
အခွန်​​ဆောင်​​ ပြည်​သူ​တွေကို ​လေးစားပါ...
ညိုမြ​သွေး
5:24 PM
Mon,22 Aug 2016
poem#observation#shinlhu

No comments:

Post a Comment