Saturday, September 3, 2016

လက်​ဖက်​ရည်​ ဆိုင်​က​လေး ♪ ♪

လက်​ဖက်​ရည်​ ဆိုင်​က​လေး
♪ ♪ ♪ ♪ ♪ ♪ ♪
Aသက်​ငြိမ်
မိုးနဲ့​လေကဝုန်းဒိုင်းကြဲချလာ​တော့
လက်​ဖက်​ရည်​ ဆိုင်​ အဖီ​လေး​အောက်
အားလုံးဝင်​ရပ်​လိုက်​ကြတယ်​...
စိတ်​ပါဝင်​စားရင်​လည်း
တခွက်​တ​လေ မှာ​သောက်​...
မိုးထဲ​လေထဲအခါများမှာ
စီးကရက်​ဖွာချင်​လည်းဖွာ​ပေါ့
မိုးစဲချိန်​အ​ရောက်​မှာ
တ​ယောက်​ပြီးတ​ယောက်
ကိုယ့်​ထီး​လေး​တွေကိုယ်​စီဆွဲလို့
သွားလိုရာကို
အသီးသီးထွက်​ခွာသွားခဲ့ကြ...
Aသက်​ငြိမ်
10:48 PM
Thu ,18 Aug 2016
poem#observation#shinlhu

No comments:

Post a Comment