Wednesday, September 14, 2016

လူကြီးလူမိုက်​ ရှင်​လူ ❆ ❆

လူကြီးလူမိုက်​ ရှင်​လူ
❆ ❆ ❆ ❆ ❆ ❆
မ​နေ့က တူလိုသားလိုသယ်​ရင်း​လေးတ​ယောက်​က message box က​နေပြီးသတိ​ပေးလာတယ်​။ ဘီယာ​သောက်​တဲ့ပုံ​တွေ မတင်​ပါနဲ့ တဲ့ ။လူငယ်တွေအတုယူမှားမှာ
စိုးလို့ပါတဲ့။ ရှင်​လူ ရီလိုက်​မိတယ်​။ဒါမျိုးအတုလိုက်​ယူတဲ့လူငယ်​​တွေက​တော့
ပင်​ကိုယ်​ကကိုညံ့လို့​နေမှာ​ပေါ့။ အမှန်​​တော့ ရှင်​လူ ၆၃ နှစ်​ဆိုတာ သင်္ချိုင်းကိုမျက်​​စောင်းထိုး​နေပြီ၊ခု​နေသားသမီး​မြေး​တွေများရှိ​သေးရင်​ ရှင်​လူ့လုပ်​ပုံကို ရှက်​လို့ ဝိုင်းအပြစ်​တင်​ကြမှာဗျ ..မလွယ်​ဝူး။ရှင်​လူတို့ဆီမှာ
ဗုဒ္ဓဘာသာယဉ်​​ကျေးမှုက အများစုဆို​တော့
လူမှုဘဝ​နေပုံထိုင်​ပုံမှာလည်း ဗုဒ္ဓဘာသာကျင့်​ဝတ်​ကလွှမ်းမိုးတယ်​။ အထူးသဖြင့်​ သက်​ကြီးဝါကြီးဆိုရင်​ လူငယ်​​တွေက ရို​သေကိုင်းရှိုင်းကြဖို့သင်​ကြားထား​လေ​တော့။လူကြီးဟာ
ဟိရိသြတပ္ပတရားရှိကိုရှိရမယ်​။ သီလ​ပေါ့ဗျာ၊
အရက်​ဆိုတာ ကံငါးပါးထဲမှာ တပါးအပါအဝင်​ဆို​တော့ ။အထူးသဖြင့်​ လူကြီးအရက်​မ​သောက်​ရဆိုတာက unwritten law ပဲconventional လက္ခံထားကြတာ။ ​ဆေးဖြစ်​ဝါးဖြစ်​​သောက်​လို့ အနံ့ရရင်​​တောင်​ အကြည်​ညိုပျက်​တဲ့မျက်​လုံး​တွေနဲ့ကြည့်​ကြတာ။
ရှေး​ခေတ်​ကတည်းက ​ယောမင်းကြီးဦးဘိုး
လှိုင်​တ​ယောက်​ ​စေတီ​ဟောင်းတဆူပြုပြင်​ဖို့
ခရီးထွက်​ရင်း ``ဗျစ်​ရည်​ဟာ ဝမ်းမီးကိုညက်​​စေတယ်​၊ခွန်​အားကိုတိုး​စေတယ်​´´လို့မှတ်​ချက်​ပြုတာကို ​ထောက်​လှမ်း​ရေးက ဘဝရှင်​မင်းတြားကြီးကိုပြန်​​လျှောက်​တင်​​တော့``ဘိုး
လှိုင်​ဟာ အရက်​​သောက်​တာအား​ပေးတယ်
သာသနာဖျက်​´´ဆိုပြီး ​ကြေးတိုက်​ထဲချထားဖူးတယ်​။ အင်း​လေ မိဖုရား ၆၀
ကျော်​ယူပြီး သာသနာပြုခဲ့လို့ ဗန်း​မော်​ဆရာ​တော်​ကြီးကလည်း မင်းတုန်းမင်းဘုန်းကြီးဝတ်​ချင်​တယ်​​ပြော​တော့ ``အင်း အသင်​မင်းကြီး
လူကဘုန်းကြီး _ီးကဓားမြ´´လို့​ပြောခဲ့တာ။
ကဲ ရှင်​လူတို့လူ့အဖွဲ့အစည်းက ​ဘုရင်​ မှားမှား
အမတ်​မှားမှား ​ခြေဥကိုချိုး​ဖောက်​တာမဟုတ်​ဘူး​နော်​။ သူတို့အစဉ်​အလာ အရလက္ခံထားတာကိုဆန့်​ကျင်​မိရင်​အမှားပဲ။
အဲဒါ ရှင်​လူက ခုန messagr box ကသတိ​ပေးလာတဲ့ပုဂ္ဂိုလ်​​လေးကို online chatting က​နေပြီးအ​ခြေအတင်​​စောဒကတက်​ကြည့်​​တော့။
အဘိဓမ္မာ​တွေသင်​ထားတာဘာလုပ်​ဖို့လဲတဲ့။
အဘိဓမ္မာသင်​ထားတာ ရုပ်​တရား နာမ်​တရား​တွေအ​ကြောင်းသိဖို့ လို့ဆို​တော့၊အဘိဓမ္မာ
သင်​ထားပြီးသူများကိုအကုသိုလ်​ဖြစ်​​အောင်​မလုပ်​ပါနဲ့ တဲ့။ အဲဒါ ရှင်​လူက အရက်​သမားကြီး သန္တတိအမတ်​ တရားရသွားတဲ့အ​ကြောင်း​ပြော​တော့ အဘရဲ့မာနကို​တွေ့​နေရပြီ
တဲ့၊ ဟုတ်​တယ်​​လေ မာနကိ​လေသာက အနာဂါမ်​အထိရှိ​နေ​သေးတာ အရဟတ္တမဂ်​ကျမှာ ကိ​လေသာ​တွေ အကြွင်းမဲ့ကုန်​တာမဟုတ်​လား။အဘမှာမာနရှိလို့မာနကိ​လေ​သာတွေ့တာဆန်းသလား။ အဲဒါ ရှင်​လူလည်း
သူနဲ့​ဆွေး​နွေးရတာ ​ကောင်းလို့ သူ့ကို​စောဒက​တွေလိုက်​တက်​​နေမိတယ်​။ ဒီယဉ်​​ကျေးမှု​ကြောင့်​ ​ကြောင်​သူ​တော်​ကြီး​တွေ ​ပေါများလာတာလို့။ လူ​ရှေ့တမျိုး ကွယ်​ရာတမျိုး ဆို​တော့။ကြောင်​သူ​တော်​ဘယ်​သူရှိလဲ ​ပြောပြပါတဲ့။ ဗု​ဒ္ဓေါ ...အမှုကကြီးလာ​တော့မယ်​။ အဲဒါ ဒီ​နေ့​တော်​ပြီ ​နောက်​​နေ့မှဆက်​မယ်​ တဲ့။ ဟ လူကြီးကိုပြဿနာ
လာလုပ်​ပြီး ဒီ​နေ့​တော်​ပြီလုပ်​လို့ရမလား လို့။
နောက်​​နေ့လည်း အရက်​အ​ကြောင်း​တော်​ပြီ။
ရည်းစားအ​ကြောင်း ​ဆွေး​နွေးမယ်​လို့ ​ခေါင်းစဉ်​အသစ်​​ပေးလိုက်​တယ်​။ အမှန်​​တော့ အဲဒီလူငယ်​​လေးက ဥာဏ်​​ကောင်းပြီး ထက်​မြက်​တဲ့ သူတ​ယောက်​ပါ ။လူငယ်​ဆို​ပေမယ့်
၃၀ ​တော့အ​တော်​​ကျော်​ပြီ။လူပျိုကြီး​ပေါ့။
မိဘလုပ်​​ကြွေးရင်း ဓမ္မာရုံ ဆွမ်း​လောင်းသင်း​တွေဘာ​တွေမှာလည်း လူမှု​ရေး ဘာသာ​ရေး​တွေ​ဆောင်​ရွက်​​နေတာ။ ရှင်​လူ့လုပ်​ပုံ​တွေအမြင်​မ​တော်​လို့ wall မှာ comment
မ​ရေးပဲ message box က တိုးတိုးတိတ်​တိတ်
သတိ​ပေးတာ။ ဟဲဟဲ ​ပျော်​လိုက်​တာ ရှင်​လူ့သားသမီး​တွေရှိလည်းဒီလိုပဲ ​ပြောကြမှာ။
သူ​ပြောတာလူမသိလို့ ရှင်​လူက လူအများသိ​အောင်​ တကူးတက​ရေးပြီး fb တင်​တာ။
ဒါမှ ရှင်​လူ့ကိုအဘိဓမ္မာသင်​​ပေးတဲ့ဆရာမ
လည်းသိမှာ။ ဆရာမသိမှ ရှင်​လူ့ကို သာသာနဲ့နာနာ​လေး ``အင်း တရား​တော့
ရ​တော့မှာပဲ´´လို့ comment ဝင်​​ပေးရင်
ခင်​ဗျားတို့ လူကြီးလူမိုက်​ရှင်​လူကြီး ပြုံးဖြီးဖြီးနဲ့
အ​ကြေနပ်​ကြီး​ကြေနပ်​​နေမှာ....
story#observation#shinlhu

No comments:

Post a Comment