လူမှုရပ်ဝန်းနဲ့ရှင်လူ(၁)
➳ ➳ ➳ ➳ ➳ ➳
ဒီနေ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက ဘုန်းကြီးကျောင်းအလှူတခုမှာ ရှင်လူ့ပိန်းတန်းဖိနပ်ကိုခိုးသွားခဲ့ဖူးသူ လူငယ်တယောက်နဲ့ပြန်တွေ့ရတယ်။ သူကခုတော့ ဘတ်စ်ကားဒရိုင်ဘာတယောက်ဖြစ်နေပြီ။ရှင်လူ သူ့ဆီကကိုယ့်ဖိနပ်ကို ၃၀ ကျပ် ပေးပြီးပြန်ဝယ်ခဲ့ရတာ ခုထိအမှတ်ရနေသေးပေါ့။ရှင်လူကသူ့ကို လူမှုရေးအရ နှုတ်ဆက်ရင်း``ဟကောင်ကြီး
မင်းခု အိမ်ထောင်တွေဘာတွေကျပြီလား´´
လို့မေးလိုက်တော့ သူပြန်ဖြေလိုက်ပုံက
``မိန်းမမယူတော့ပါဘူးဦးလေးရာ၊ ယူရင်တယောက်ပဲရမှာ´´တဲ့။
story#observation#shinlhu
No comments:
Post a Comment