✏ ✏ ✏
Aသက်ငြိမ်
ကျနော်က နိဒါန်းကို
အပြုံးနဲ့ စနိုင်ခဲ့ပါတယ်....
စာကိုယ်ရေးတော့လည်း ကြွယ်ဝတဲ့စကားလုံးတွေနဲ့ ဆန်းဆန်းပြားပြား
လူ့ဘဝဟာ အကြမ်းစား ပေမယ့်
ခန်းနားအောင် ရေးဖွဲ့နိုင်ခဲ့ပါတယ်..
အခု..ကျနော် နိဂုံးပိုင်းကိုရေးနေပါတယ်...
ရေးလိုက် ဖျက်လိုက်...ရေးလိုက် ပြန်ဖျက်လိုက်နဲ့...
နိဂုံးပိုင်းကို အကောင်းဆုံးဖြစ်အောင်ရေးနိုင်ဖို့က
ဝေါဟာရကြွယ်ဝရုံ...
အတွေးခေါ်ဆန်းကြယ်ရုံနဲ့ မရ...
တကယ်သုံးလို့ရတဲ့ စကားလုံးတွေက
နည်းလွန်းတယ်...
Aသက်ငြိမ်
9:56 AM
Sun ,7 Aug 2016
poem#observation#shinlhu
No comments:
Post a Comment