လူမှုရပ်ဝန်းနဲ့ ရှင်လူ(၂)
➳ ➳ ➳ ➳ ➳ ➳
Sat,3 Sep 2016
ရှင်လူချစ်လို့ မကြာမကြာမုန့်ဖိုးပေးနေကျ
ကလေးတယောက်ရှိတယ်။သူ့နာမည်က ကြည်စိုးတဲ့ ။မုဆိုးမသားပေတလူးလေးပေါ့။
နှပ်တွဲလောင်းချေးအထပ်ထပ်နဲ့။သူ့အဖေက အရက်မူးလွန်ပြီးအမှိုက်ပုံမှာလဲသေသွားခဲ့တာ၊
သူ့အမေကတော့ ရာသီပေါ်သီးနှံတွေ ခေါင်းရွက်ရောင်းရတယ်။ကြည်စိုးကအစစချို့တဲ့တော့ ချမ်းသာတဲ့ကလေးတွေကလည်းသူ့ကို့အမြဲလိုဗိုလ်ကျတာကိုခံနေရတာ။
အဲဒါ လမ်းထဲမှာ စီခနဲညံခနဲဆို မမေးနဲ့ ကြည်စိုးပဲ။ ရှင်လူဆိုတဲ့လူကြီးကလည်း အဘိဓမ္မာ
သင်တန်းတွေဘာတွေတက်ထားလေတော့
ကြည်စိုးကိုဆုံးမကြည့်ချင်စိတ်ပေါ်လာတယ်။
ဒါနဲ့ ကြည်စိုးကိုအနားခေါ်ပြီး``ကြည်စိုးရာ
မင်းကလည်းထစ်ခနဲဆို သူငယ်ချင်းတွေနဲ့
ရန်ချည်းဖြစ်နေတာပဲ၊ ကိုယ့်အချင်းချင်းတွေပဲ
သည်းခံ မှပေါ့ ဆိုတော့ ကြည်စိုးကရှင်လူ့ကို
အဓိပ္ပါယ်တမျိုးပါတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်
ရင်း``သည်းခံရင်သေသွားမှာပေါ့ဗျ´´တဲ့။
ရှင်လူသူ့ကိုကြည့်ရင်း အာစေးမိသွားတယ်။
ကိုယ်သင်ထားတတ်ထားတဲ့ပညာတွေလည်းဘာမှအသုံးမချတတ်တော့ဘူး။တခါတခါပြဿနာတိုင်းကို ကိုယ့်ဖက်ကအမြင်လောက်နဲ့ဆုံးဖြတ်လို့မရတာနားလည်သွားတယ်။
story#observation#shinlhu
No comments:
Post a Comment