လက်ယားနေတဲ့Sniper
✖ ✖ ✖ ✖ ✖ ✖ ✖ ✖
ညိုမြသွေး➳
သေနတ်က ဖြောင့်သလို
လူလည်း ဖြောင့်ဖို့လိုပါတယ်..
ခေတ်သစ်စစ်ဗျူဟာ အရ
သိတ်ကို အရေးပါတဲ့ Sniper တလက်
သင့်လက်ထဲ ရောက်လာခဲ့ရင်
Geneva convention နဲ့ International
humanitarian ရဲ့ စည်းမျဉ်းတွေ
သင့်ဦးနှောက်ထဲ အဆင်သင့်ရှိနေဖို့က
ပို အရေးကြီးပါတယ်...
လူတယောက်ကို လက်နက်တတ်ဆင်ပြီး
အတွေးအခေါ်တတ်ဆင် မထားရင်
ပြောင်းထဲကကျည်တတောင့်ဟာ
သစ္စာတရားကို ချောင်းမြောင်းလုပ်ကြံတဲ့
အသေသတ်ဖို့ကြိုးစားတဲ့
အဓမ္မဝါဒီ ..
ရိုင်းစိုင်းယုတ်မာတဲ့ ကျည်တတောင့်ပဲဖြစ်တယ်...
ညိုမြသွေး
8:02AM
Thu,11 Aug 2016
poem#observation#shinlhu
No comments:
Post a Comment