Wednesday, September 21, 2016

ရှင်​လူဘာလို့သူ့ကိုအထင်​ကြီး... ♕ ♕

ရှင်​လူဘာလို့သူ့ကိုအထင်​ကြီး...
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
Thu,22 Sep 2016
ရှင်​လူ့အ​ပေါ်ထပ်​ ဆရာမ​မေဇင့်​အခန်းက
စာကျက်​သံ​တွေထဲမှာ ​ဖွေး​ဖွေးသိမ့်​အသံ
ကအကျယ်​ဆုံးနဲ့ အ​အောင်​မြင်​ဆုံး။
ဋ ဋ္ဌ ဍ ကအစ ပြီပြီသသ။သူက လာမယ့်
သီတင်းကျွတ်​လပြည့်
ကျော်​၁ရက်​မှ ၂နှစ်​တင်းတင်းပြည့်​မှာ။ သူ စာကျက်​ပြီး ​ညောင်းညာလာ​တော့ အဲ့လိုလည်းမျက်​စိမှိတ်​၊ခုံ​ပေါ်ပက်​လက်​လှန်ုပြီးအနားယူတတ်​​သေး....
story#observation#shinlhu


Wednesday, September 14, 2016

လူမှုရပ်​ဝန်းနဲ့ ရှင်​လူ(၂) ➳ ➳

လူမှုရပ်​ဝန်းနဲ့ ရှင်​လူ(၂)
➳ ➳ ➳ ➳ ➳ ➳
Sat,3 Sep 2016
ရှင်​လူချစ်​လို့ မကြာမကြာမုန့်​ဖိုး​ပေး​နေကျ
က​လေးတ​ယောက်​ရှိတယ်​။သူ့နာမည်​က ကြည်​စိုးတဲ့ ။မုဆိုးမသား​ပေတလူး​လေး​ပေါ့။
နှပ်​တွဲ​လောင်း​ချေးအထပ်​ထပ်​နဲ့။သူ့အ​ဖေက အရက်​မူးလွန်​ပြီးအမှိုက်​ပုံမှာလဲ​သေသွားခဲ့တာ၊
သူ့အ​မေက​တော့ ရာသီ​ပေါ်သီးနှံ​တွေ ​ခေါင်းရွက်​​ရောင်းရတယ်​။ကြည်​စိုးကအစစချို့တဲ့​တော့ ချမ်းသာတဲ့က​လေး​တွေကလည်းသူ့ကို့အမြဲလိုဗိုလ်​ကျတာကိုခံ​နေရတာ။
အဲဒါ လမ်းထဲမှာ စီခနဲညံခနဲဆို မ​မေးနဲ့ ကြည်​စိုးပဲ။ ရှင်​လူဆိုတဲ့လူကြီးကလည်း အဘိဓမ္မာ
သင်​တန်း​တွေဘာ​တွေတက်​ထား​လေ​တော့
ကြည်​စိုးကိုဆုံးမကြည့်​ချင်​စိတ်​​ပေါ်လာတယ်​။
ဒါနဲ့ ကြည်​စိုးကိုအနား​ခေါ်ပြီး``ကြည်​စိုးရာ
မင်းကလည်းထစ်​ခနဲဆို သူငယ်​ချင်း​တွေနဲ့
ရန်​ချည်းဖြစ်​​နေတာပဲ၊ ကိုယ့်​အချင်းချင်း​တွေပဲ
သည်းခံ မှ​ပေါ့ ဆို​တော့ ကြည်​စိုးကရှင်​လူ့ကို
အဓိပ္ပါယ်​တမျိုးပါတဲ့မျက်​လုံး​တွေနဲ့ပြန်​ကြည့်
ရင်း``သည်းခံရင်​​သေသွားမှာ​ပေါ့ဗျ´´တဲ့။
ရှင်​လူသူ့ကိုကြည့်​ရင်း အာ​စေးမိသွားတယ်​။
ကိုယ်​သင်​ထားတတ်​ထားတဲ့ပညာ​တွေလည်းဘာမှအသုံးမချတတ်​​တော့ဘူး။တခါတခါပြဿနာတိုင်းကို ကိုယ့်​ဖက်​ကအမြင်​​လောက်​နဲ့ဆုံးဖြတ်​လို့မရတာနားလည်​သွားတယ်​။
story#observation#shinlhu

လူမှုရပ်​ဝန်းနဲ့ရှင်​လူ(၁) ➳ ➳ ➳

လူမှုရပ်​ဝန်းနဲ့ရှင်​လူ(၁)
➳ ➳ ➳ ➳ ➳ ➳
ဒီ​နေ့ လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၂၀ တုန်းက ဘုန်းကြီး​ကျောင်းအလှူတခုမှာ ရှင်​လူ့ပိန်းတန်းဖိနပ်​ကိုခိုးသွားခဲ့ဖူးသူ လူငယ်​တ​ယောက်​နဲ့ပြန်​​တွေ့ရတယ်​။ သူကခု​တော့ ဘတ်​စ်​ကားဒရိုင်​ဘာတ​ယောက်​ဖြစ်​​နေပြီ။ရှင်​လူ သူ့ဆီကကိုယ့်ဖိနပ်​ကို ၃၀ ​ကျပ် ​ပေးပြီးပြန်​ဝယ်​ခဲ့ရတာ ခုထိအမှတ်​ရ​နေ​သေး​ပေါ့။ရှင်​လူကသူ့ကို လူမှု​ရေးအရ နှုတ်​ဆက်​ရင်း``ဟ​ကောင်​ကြီး
မင်းခု အိမ်​​​ထောင်​​တွေဘာ​တွေကျပြီလား´´
လို့​မေးလိုက်​​တော့ သူပြန်​​ဖြေလိုက်​ပုံက
``မိန်းမမယူ​တော့ပါဘူးဦး​လေးရာ၊ ယူရင်​တ​ယောက်​ပဲရမှာ´´တဲ့။
story#observation#shinlhu

လူကြီးလူမိုက်​ ရှင်​လူ ❆ ❆

လူကြီးလူမိုက်​ ရှင်​လူ
❆ ❆ ❆ ❆ ❆ ❆
မ​နေ့က တူလိုသားလိုသယ်​ရင်း​လေးတ​ယောက်​က message box က​နေပြီးသတိ​ပေးလာတယ်​။ ဘီယာ​သောက်​တဲ့ပုံ​တွေ မတင်​ပါနဲ့ တဲ့ ။လူငယ်တွေအတုယူမှားမှာ
စိုးလို့ပါတဲ့။ ရှင်​လူ ရီလိုက်​မိတယ်​။ဒါမျိုးအတုလိုက်​ယူတဲ့လူငယ်​​တွေက​တော့
ပင်​ကိုယ်​ကကိုညံ့လို့​နေမှာ​ပေါ့။ အမှန်​​တော့ ရှင်​လူ ၆၃ နှစ်​ဆိုတာ သင်္ချိုင်းကိုမျက်​​စောင်းထိုး​နေပြီ၊ခု​နေသားသမီး​မြေး​တွေများရှိ​သေးရင်​ ရှင်​လူ့လုပ်​ပုံကို ရှက်​လို့ ဝိုင်းအပြစ်​တင်​ကြမှာဗျ ..မလွယ်​ဝူး။ရှင်​လူတို့ဆီမှာ
ဗုဒ္ဓဘာသာယဉ်​​ကျေးမှုက အများစုဆို​တော့
လူမှုဘဝ​နေပုံထိုင်​ပုံမှာလည်း ဗုဒ္ဓဘာသာကျင့်​ဝတ်​ကလွှမ်းမိုးတယ်​။ အထူးသဖြင့်​ သက်​ကြီးဝါကြီးဆိုရင်​ လူငယ်​​တွေက ရို​သေကိုင်းရှိုင်းကြဖို့သင်​ကြားထား​လေ​တော့။လူကြီးဟာ
ဟိရိသြတပ္ပတရားရှိကိုရှိရမယ်​။ သီလ​ပေါ့ဗျာ၊
အရက်​ဆိုတာ ကံငါးပါးထဲမှာ တပါးအပါအဝင်​ဆို​တော့ ။အထူးသဖြင့်​ လူကြီးအရက်​မ​သောက်​ရဆိုတာက unwritten law ပဲconventional လက္ခံထားကြတာ။ ​ဆေးဖြစ်​ဝါးဖြစ်​​သောက်​လို့ အနံ့ရရင်​​တောင်​ အကြည်​ညိုပျက်​တဲ့မျက်​လုံး​တွေနဲ့ကြည့်​ကြတာ။
ရှေး​ခေတ်​ကတည်းက ​ယောမင်းကြီးဦးဘိုး
လှိုင်​တ​ယောက်​ ​စေတီ​ဟောင်းတဆူပြုပြင်​ဖို့
ခရီးထွက်​ရင်း ``ဗျစ်​ရည်​ဟာ ဝမ်းမီးကိုညက်​​စေတယ်​၊ခွန်​အားကိုတိုး​စေတယ်​´´လို့မှတ်​ချက်​ပြုတာကို ​ထောက်​လှမ်း​ရေးက ဘဝရှင်​မင်းတြားကြီးကိုပြန်​​လျှောက်​တင်​​တော့``ဘိုး
လှိုင်​ဟာ အရက်​​သောက်​တာအား​ပေးတယ်
သာသနာဖျက်​´´ဆိုပြီး ​ကြေးတိုက်​ထဲချထားဖူးတယ်​။ အင်း​လေ မိဖုရား ၆၀
ကျော်​ယူပြီး သာသနာပြုခဲ့လို့ ဗန်း​မော်​ဆရာ​တော်​ကြီးကလည်း မင်းတုန်းမင်းဘုန်းကြီးဝတ်​ချင်​တယ်​​ပြော​တော့ ``အင်း အသင်​မင်းကြီး
လူကဘုန်းကြီး _ီးကဓားမြ´´လို့​ပြောခဲ့တာ။
ကဲ ရှင်​လူတို့လူ့အဖွဲ့အစည်းက ​ဘုရင်​ မှားမှား
အမတ်​မှားမှား ​ခြေဥကိုချိုး​ဖောက်​တာမဟုတ်​ဘူး​နော်​။ သူတို့အစဉ်​အလာ အရလက္ခံထားတာကိုဆန့်​ကျင်​မိရင်​အမှားပဲ။
အဲဒါ ရှင်​လူက ခုန messagr box ကသတိ​ပေးလာတဲ့ပုဂ္ဂိုလ်​​လေးကို online chatting က​နေပြီးအ​ခြေအတင်​​စောဒကတက်​ကြည့်​​တော့။
အဘိဓမ္မာ​တွေသင်​ထားတာဘာလုပ်​ဖို့လဲတဲ့။
အဘိဓမ္မာသင်​ထားတာ ရုပ်​တရား နာမ်​တရား​တွေအ​ကြောင်းသိဖို့ လို့ဆို​တော့၊အဘိဓမ္မာ
သင်​ထားပြီးသူများကိုအကုသိုလ်​ဖြစ်​​အောင်​မလုပ်​ပါနဲ့ တဲ့။ အဲဒါ ရှင်​လူက အရက်​သမားကြီး သန္တတိအမတ်​ တရားရသွားတဲ့အ​ကြောင်း​ပြော​တော့ အဘရဲ့မာနကို​တွေ့​နေရပြီ
တဲ့၊ ဟုတ်​တယ်​​လေ မာနကိ​လေသာက အနာဂါမ်​အထိရှိ​နေ​သေးတာ အရဟတ္တမဂ်​ကျမှာ ကိ​လေသာ​တွေ အကြွင်းမဲ့ကုန်​တာမဟုတ်​လား။အဘမှာမာနရှိလို့မာနကိ​လေ​သာတွေ့တာဆန်းသလား။ အဲဒါ ရှင်​လူလည်း
သူနဲ့​ဆွေး​နွေးရတာ ​ကောင်းလို့ သူ့ကို​စောဒက​တွေလိုက်​တက်​​နေမိတယ်​။ ဒီယဉ်​​ကျေးမှု​ကြောင့်​ ​ကြောင်​သူ​တော်​ကြီး​တွေ ​ပေါများလာတာလို့။ လူ​ရှေ့တမျိုး ကွယ်​ရာတမျိုး ဆို​တော့။ကြောင်​သူ​တော်​ဘယ်​သူရှိလဲ ​ပြောပြပါတဲ့။ ဗု​ဒ္ဓေါ ...အမှုကကြီးလာ​တော့မယ်​။ အဲဒါ ဒီ​နေ့​တော်​ပြီ ​နောက်​​နေ့မှဆက်​မယ်​ တဲ့။ ဟ လူကြီးကိုပြဿနာ
လာလုပ်​ပြီး ဒီ​နေ့​တော်​ပြီလုပ်​လို့ရမလား လို့။
နောက်​​နေ့လည်း အရက်​အ​ကြောင်း​တော်​ပြီ။
ရည်းစားအ​ကြောင်း ​ဆွေး​နွေးမယ်​လို့ ​ခေါင်းစဉ်​အသစ်​​ပေးလိုက်​တယ်​။ အမှန်​​တော့ အဲဒီလူငယ်​​လေးက ဥာဏ်​​ကောင်းပြီး ထက်​မြက်​တဲ့ သူတ​ယောက်​ပါ ။လူငယ်​ဆို​ပေမယ့်
၃၀ ​တော့အ​တော်​​ကျော်​ပြီ။လူပျိုကြီး​ပေါ့။
မိဘလုပ်​​ကြွေးရင်း ဓမ္မာရုံ ဆွမ်း​လောင်းသင်း​တွေဘာ​တွေမှာလည်း လူမှု​ရေး ဘာသာ​ရေး​တွေ​ဆောင်​ရွက်​​နေတာ။ ရှင်​လူ့လုပ်​ပုံ​တွေအမြင်​မ​တော်​လို့ wall မှာ comment
မ​ရေးပဲ message box က တိုးတိုးတိတ်​တိတ်
သတိ​ပေးတာ။ ဟဲဟဲ ​ပျော်​လိုက်​တာ ရှင်​လူ့သားသမီး​တွေရှိလည်းဒီလိုပဲ ​ပြောကြမှာ။
သူ​ပြောတာလူမသိလို့ ရှင်​လူက လူအများသိ​အောင်​ တကူးတက​ရေးပြီး fb တင်​တာ။
ဒါမှ ရှင်​လူ့ကိုအဘိဓမ္မာသင်​​ပေးတဲ့ဆရာမ
လည်းသိမှာ။ ဆရာမသိမှ ရှင်​လူ့ကို သာသာနဲ့နာနာ​လေး ``အင်း တရား​တော့
ရ​တော့မှာပဲ´´လို့ comment ဝင်​​ပေးရင်
ခင်​ဗျားတို့ လူကြီးလူမိုက်​ရှင်​လူကြီး ပြုံးဖြီးဖြီးနဲ့
အ​ကြေနပ်​ကြီး​ကြေနပ်​​နေမှာ....
story#observation#shinlhu

Saturday, September 3, 2016

ဇာတ်​သိမ်း ✏ ✏ ✏

ဇာတ်​သိမ်း
✏ ✏ ✏
Aသက်​ငြိမ်

ကျ​နော်​က နိဒါန်းကို
အပြုံးနဲ့ စနိုင်​ခဲ့ပါတယ်​....
စာကိုယ်​​ရေး​တော့လည်း ကြွယ်​ဝတဲ့စကားလုံး​တွေနဲ့ ဆန်းဆန်းပြားပြား
လူ့ဘဝဟာ အကြမ်းစား ​ပေမယ့်
ခန်းနား​အောင်​ ​ရေးဖွဲ့နိုင်​ခဲ့ပါတယ်​..
အခု..ကျ​နော်​ နိဂုံးပိုင်းကို​ရေး​နေပါတယ်​...
ရေးလိုက်​ ဖျက်​လိုက်​...​ရေးလိုက်​ ပြန်​ဖျက်​လိုက်​နဲ့...
နိဂုံးပိုင်းကို အ​ကောင်းဆုံးဖြစ်​​အောင်​​ရေးနိုင်​ဖို့က
ဝေါဟာရကြွယ်​ဝရုံ...
အ​တွေး​ခေါ်ဆန်းကြယ်​ရုံနဲ့ မရ...
တကယ်​သုံးလို့ရတဲ့ စကားလုံး​တွေက
နည်းလွန်းတယ်​...

Aသက်​ငြိမ်
9:56 AM
Sun ,7 Aug 2016
poem#observation#shinlhu

သုညမှတ်​ ➳ ➳ 0 Aသက်​ငြိမ်​ ဖတ်​လက်​စ

သုညမှတ်
➳ ➳ 0
Aသက်​ငြိမ်

ဖတ်​လက်​စ စာအုပ်​​တွေက
စားပွဲ​ပေါ်မှာ အပုံလိုက်​...
ဒီလိုပါပဲ​လေ...
အဆုံးမသတ်​ရ​သေးတဲ့ လုပ်​လက်​စ များ..
အပိုင်းပိုင်း အစစ တဒင်္ဂ များ...
အပြီးမသတ်​​သေးတဲ့ နှလုံးခုံသံများ...
ဘယ်​အချိန်​မှာ ဘယ်​အရာဟာ
ဘယ်​လိုပုံစံနဲ့ ရပ်​တံ့သွားမယ်​ဆိုတာ
ကျ​နော်​ကိုယ်​တိုင်​လည်း
ရေ​ရေရာရာ မသိနိုင်​​သေးပါ...

Aသက်​ငြိမ်
8:34Pm
Tue,9 Aug 2016
poem#observation#shinlhu

လက်​ယား​နေတဲ့Sniper ✖ ✖ ✖

လက်​ယား​နေတဲ့Sniper
✖ ✖ ✖ ✖ ✖ ✖ ✖ ✖
ညိုမြ​သွေး➳
သေနတ်​က ​ဖြောင့်​သလို
လူလည်း ​ဖြောင့်​ဖို့လိုပါတယ်​..
ခေတ်​သစ်​စစ်​ဗျူဟာ အရ
သိတ်​ကို အ​ရေးပါတဲ့ Sniper တလက်
သင့်​လက်​ထဲ ​ရောက်​လာခဲ့ရင်
Geneva convention နဲ့ International
humanitarian ရဲ့ စည်းမျဉ်း​တွေ
သင့်​ဦး​နှောက်​ထဲ အဆင်​သင့်​ရှိ​နေဖို့က
ပို အ​ရေးကြီးပါတယ်...
လူတ​ယောက်​ကို လက်​နက်​တတ်​ဆင်​ပြီး
အ​တွေးအ​ခေါ်တတ်​ဆင်​ မထားရင်
ပြောင်းထဲကကျည်​တ​တောင့်​ဟာ
သစ္စာ​တရားကို ​​ချောင်း​မြောင်း​လုပ်​ကြံတဲ့
အ​သေသတ်​ဖို့ကြိုးစားတဲ့
အဓမ္မဝါဒီ ..
ရိုင်းစိုင်းယုတ်​မာတဲ့ ကျည်​တ​တောင့်​ပဲဖြစ်​တယ်​...
ညိုမြ​သွေး
8:02AM
Thu,11 Aug 2016
poem#observation#shinlhu

မ​ပြောချင်​လည်း မ​ပြောပဲ​​နေလို့ရတဲ့ကျ​နော့်​အ​ကြောင်း ➳ ➳

မ​ပြောချင်​လည်း မ​ပြောပဲ​​နေလို့ရတဲ့ကျ​နော့်​အ​ကြောင်း
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Aသက်​ငြိမ်
ကျ​နော်​က​တော့ ​အေး​ဆေးပါပဲ...
မြင်​ချင်​တာ​တွေ မြင်​ရဖို့နဲ့
မမြင်​ချင်​တာ​တွေ မမြင်​ရဖို့
တသက်​တာလုံး ကြိုးစားခဲ့ပါတယ်​..
ဒီလိုပါပဲ..လူအားလုံးဟာ
အာရုံ ၆ပါးလုံးအ​ပေါ်
ကိုယ့်​အကြိုက်​နဲ့ကိုယ်​...
ကိုယ်​မကြိုက်​တာ​တွေကို
ကြိုက်​ချင်​​ယောင်​​ဆောင်​ရတာလည်း
မုသားတပါးပဲမဟုတ်​လား
ကျ​နော်​ သီလ​စောင့်​သူဖြစ်​ပါတယ်​..

Aသက်​ငြိမ်
1:37PM
Sat,13 Aug 2016
poem#observation#shinlhu

လက်​ဖက်​ရည်​ ဆိုင်​က​လေး ♪ ♪

လက်​ဖက်​ရည်​ ဆိုင်​က​လေး
♪ ♪ ♪ ♪ ♪ ♪ ♪
Aသက်​ငြိမ်
မိုးနဲ့​လေကဝုန်းဒိုင်းကြဲချလာ​တော့
လက်​ဖက်​ရည်​ ဆိုင်​ အဖီ​လေး​အောက်
အားလုံးဝင်​ရပ်​လိုက်​ကြတယ်​...
စိတ်​ပါဝင်​စားရင်​လည်း
တခွက်​တ​လေ မှာ​သောက်​...
မိုးထဲ​လေထဲအခါများမှာ
စီးကရက်​ဖွာချင်​လည်းဖွာ​ပေါ့
မိုးစဲချိန်​အ​ရောက်​မှာ
တ​ယောက်​ပြီးတ​ယောက်
ကိုယ့်​ထီး​လေး​တွေကိုယ်​စီဆွဲလို့
သွားလိုရာကို
အသီးသီးထွက်​ခွာသွားခဲ့ကြ...
Aသက်​ငြိမ်
10:48 PM
Thu ,18 Aug 2016
poem#observation#shinlhu

လမ်း​ပေါ်ကတ​စ္ဆေများ ✖ ✖ ✖

လမ်း​ပေါ်ကတ​စ္ဆေများ
✖ ✖ ✖ ✖ ✖ ✖ ✖ ✖
ညိုမြ​သွေး

တဦးနဲ့တဦး ပိတ်​ဆို့ပြီး
ဟွန်း​တွေကို အသားကုန်​နှိပ်​...
တကယ့်​လူမိုက်​ကြီး​တွေအတိုင်း
အပြန်​အလှန်​ဆဲ​ရေးကြ...
တကယ်​​တော့ ခုမှ​တွေ့ဖူးသူ​တွေပါ
စားခွက်​လုရင်း အသက်​လုရင်း
အ​ပြေးအလွှား
အချိန်​တန်​​တော့လည်း
ကိုယ့်​လမ်း ကိုယ်​သွားခဲ့ကြ...
ညိုမြ​သွေး
12:14 PM
Fri,19 2016
poem#observation*shinlhu

ငြိမ်းချမ်း​ရေးအခွန်​​ဆောင်​ပြီးပလား ❀ ❀ ❀

ငြိမ်းချမ်း​ရေးအခွန်​​ဆောင်​ပြီးပလား
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ညိုမြ​သွေး

မနက်​မိုးလင်းတာနဲ့
အခွန်​အရပ်​ရပ်​က...
အိမ်​​ရှေ့မှာ လာလာရပ်​တယ်​..
အရင်​ အဦးဆုံး ဘရိတ်​ဖတ်​စ်​က
ငါ့အိတ်​ထဲက ​ငွေတ​ထောင်​ကို နှိုက်​တယ်​...
ရေခွန်​ မီးခွန်​ ​မြေခွန်​ အမှိုက်​ခွန်​ ကအစ
ယုတ်​စွအဆုံး ယုံကြည်​ကိုးကွယ်​ရာအခွန်​အထိ
လူမှု​ရေး ကပ်​ကြီးသုံးပါး​ဘေးအထိ....
အုပ်​ချုပ်​တဲ့ အစိုးရ အသုံးမကျပြန်​​တော့လည်း
နိုင်​ငံ​ရေးအခွန်​က ​သွေး​ရော ​ချွေး​ရော အချိန်​​ရော..
တချို့ဆို အသက်​​ရောဘဝပါ အခွန်​​ဆောင်​ခဲ့ကြရ...
ဒီမှာ ..ကျုပ်​တခု​ပြောမယ်​...
ပြည်​သူ​တွေကို ​လေးစားပါ...
အခွန်​​ဆောင်​​ ပြည်​သူ​တွေကို ​လေးစားပါ...
ညိုမြ​သွေး
5:24 PM
Mon,22 Aug 2016
poem#observation#shinlhu

ရှင်​လူ့ တ​နေ့တာကံကြမ္မာ ♬ ♬

ရှင်​လူ့ တ​နေ့တာကံကြမ္မာ
♬ ♬ ♬ ♬ ♬ ♬
Sun,28 Aug 2016
မ​နေ့က ​မြောက်​ဥက္ကလာ​ဆေးရုံမှာ နှလုံးခွဲစိတ်​ထားတဲ့ ဘိုပီ့ဆီကို အမဲသား ၅၀သား​ကြော်​ပြီးပို့ထား​တော့ ဒီ​နေ့ ရှင်​လူ့ဒယ်​အိုးထဲမှာ ဆီ​တွေအများကြီး ကျန်​​နေတယ်​၊ ဒါ​ကြောင့်​ဒီ​နေ့မနက်​ခင်း လမ်း​လျှောက်​ထွက်​ရင်း နန္ဒဝန်​​ဈေးထဲဝင်​ပြီး အမဲသား ၁၅၀၀ ဖိုးဝယ်​လာခဲ့တယ်​။ အမဲ​ကြော်​ထပ်​​ကြော်​မယ်​​ပေါ့ ၊
တဖက်​ခန်းက ​ဖွေး​ဖွေးသိမ့်​အ​မေလှိုင်​​လှိုင်​​ကလည်း ရှင်​လူ့အမဲ​ကြော်​နဲ့ ဝိုင်းဖဲ့မယ်​ဆို​တော့ အ​ဖော်​​လည်းရပြီ။ဒါ​ပေမယ့်​ကံမ​ကောင်းပုံက အမဲသားကိုနူး​အောင်​ပြုတ်​ထားတုန်းမီးကပျက်​သွားတယ်​။ မိုးကလည်းတ​စွေ​စွေမစဲနိုင်​။ဒီမနက်​​တောာ့ညစ်​ပြီ​ပေါ့ထင်​​နေတုန်း ​ဖွေး​ဖွေးသိမ့်​တို့မိသားစုက ဒီ​နေ့ အုန်းထမင်းနဲ့ကြက်​သားဟင်းချက်​စားလို့ဆိုပြီးရှင်​လူ့အတွက်​ ဇလုံတလုံးစာ​ရောက်​လာတယ်​။အေး​ဆေး​ပေါ့၊ ဆာ​နေတာနဲ့အ​တော်​ပဲ ကံမ​ကောင်းတဲ့မနက်​ခင်းက ​ရွှေ​ရောင်​ဝင်းလာတယ်​။ အုန်းထမင်းတဇလုံကို အကုန်​လုံးဗိုက်​ထဲပို့လိုက်​ပြီး ဒီpost ကိုထိုင်​​ရေး​နေတုန်း ငရဲ (ရဲလင်း​ကျော်​)တ​ယောက်​ထီး​လေးကိုင်​ပြီးကုပ်​ကုပ်​က​လေး အိမ်​ထဲဝင်​လာတယ်​၊ အဘကျ​နော့ဦး​လေး ဦး​အောင်​က သူ့အိမ်​မှာအလှူလုပ်​လို့ ကျ​နော်​နဲ့ အဘကို​ခေါ်ခိုင်းလိုက်​တယ်​တဲ့ ။ဟ ငါခုပဲ ဟိုဘက်​​ဖွေး​ဖွေးသိမ့်​တို့အိမ်​ကအုန်းထမင်း​ပေးလို့ စားထားတာ ဗိုက်​တင်း​နေပြီ ၊ဘယ်​စားနိုင်​​တော့မလဲ။ လာပါအဘရယ်​ ဦး​အောင်​က အဘကိုလည်း​တွေ့ချင်​လို့ အားတုန်း​အေး​အေး​ဆေး​ဆေး​တွေ့ရ​အောင်​​ခေါ်ခိုင်းလိုက်​တာပါ..
တဲ့။ ငရဲအ​ကြောင်းကလည်းသိတဲ့အတိုင်းပဲ၊
သူ​ခေါ်ချင်​ရင်​ အိပ်​​နေတာ​တောင်​နှိုးပြီးမရမက
ခေါ်တတ်​တာ။ အင်း သူ့ဦး​လေး ဦး​အောင်​ဆိုတာကလည်း တခါတုန်းက ရှင်​လူ့ကို ငရဲကိုယ်​တိုင်​အိမ်​​ခေါ်သွားပြီးမိတ်​ဆက်​​ပေးထားဖူးတယ်​။နိုင်​ငံခြားမှာ အကြာကြီး အလုပ်​သွားလုပ်​ပြီးမှ ပြန်​လာပြီး ရန်​ကုန်​မှာ ကုမ္ပဏီ အလုပ်​တခုလုပ်​​နေသူ။ရှင်​လူရုတ်​ချည်းအကဲခတ်​မိသ​လောက်​​တော့ လူရိုးလူ​ဖြောင့်​တဦး။စိတ်​ထက်​တဲ့ပုဂ္ဂိုလ်​တ​ယောက်​လို့ပဲထင်​တယ်​။ရှင်​လူ့အထင်​​တော့ အသက်​​တောင်​ ၅၀ ​အောက်​ပဲရှိမယ်​ထင်​တယ်​၊ အရွယ်​တင်​တာဆိုရင်​​တော့မ​ပြောတတ်​ဘူး။
အင်း​လေ..ဦး​အောင်​က​ခေါ်ခိုင်းတာဆိုရင်​​တော့ လိုက်​ရမယ့်​ဝတ္တရားရှိတယ်​၊တကြိမ်​ဆုံ မိတ်​​ဆွေဖြစ်​ထားပြီကိုး ။ပြီး​တော့ ​ဖေ့ဘွတ်​​ပေါ်မှာလည်း ​တွေ့​တွေ့​နေကြတာ။ အဘ ဆိုက္ကားနဲ့သွားရ​အောင်​တဲ့ ။ဒီလိုနဲ့ ဆိုက္ကားငှါးပြီးမိုးတဖွဲဖွဲထဲမှာပဲ ထီးတ​ယောက်​တ​ချောင်းနဲ့ ဦး​အောင်​အိမ်​ရှိရာ ၆ ရပ်​ကွက်
အင်းဝ လမ်းဆုံးဆီ​ရောက်​ခဲ့တယ်​။ အိမ်​​ပေါ်​ရောက်​​တော့ ဘုန်းကြီးသုံးပါးဆွမ်းမကပ်​ရ​သေး ၊ဝါဆိုသင်္ကန်း​တော့ကပ်​ပြီးသွားပုံရတယ်​၊
ရွှေမိုး​ငွေမိုးကြဲထားတဲ့ ​ပေါက်​​ပေါက်​​တွေ​ပေါ်ထိုင်​ ပြီး ဘုန်းကြီးဝတ်​ပြု လိုက်​ကြတယ်​။မကြာခင်​ဘုန်းကြီးဆွမ်းကပ်​​တော့ ရှင်​လူလည်း​ဝေယျာဝစ္စကုသိုလ်​ အသင့်​အတင့်​ဝိုင်းယူ​ပေါ့။ ဘုန်းကြီး​တွေပြန်​အကြွမှာ
ဆရာ​တော်​တပါးက ​နောက်​တအိမ်​ဆက်​ကြွရမှာမို့​နောက်​ချန်​​နေခဲ့တယ်​။ အဲဒီအချိန်​မှာပဲ ထမင်းဝိုင်းပြင်​ပြီး ​နောက်​မှ​ရောက်​လာတဲ့ဦး​အောင်​ရဲ့အကိုကြီးနဲ့အတူဝိုင်းစားဖို့ရှင်​လူ့ကို​ခေါ်​တော့ရှင်​လူလည်းအုန်းထမင်း​တွေစားထားလို့မစားနိုင်​တဲ့အ​ကြောင်းငြင်းရတယ်​၊ဒီ​တော့မှ ဦး​အောင်​က ဒါဆိုလည်းအချိုပွဲ​လေး​တော့ သုံး​ဆောင်​ပါဆိုလို့ နဂါး​မောက်​သီး ပန်းသစ်​​တော်​နဲ့ လက်​ဖက်​ ကိတ်​မုန့်​အစုံကို ​ကော်​ဖီတခွက်​ ​နဲ့ သောက်​ပြီး ထိုင်​စကားစမြည်​​ပြော​နေလိုက်​တယ်​။၂နာရီထိုးခါနီးမှာ အဲဒီ​နောက်​ချန်​ဆရာ​တော်​ကို​နောက်​တအိမ်​ပို့​ပေးမယ်လုပ်​​တော့မှ ရှင်​လူတို့လည်းပြန်​ဖို့ထလိုက်​တယ်​။ ဒီအချိန်​မှာ ဦး​အောင်​က အိမ်​မှာစားဖို့ယူသွားပါဦးဆိုပြီး
ကောင်းကြိုက်​ဒံ​ပေါက်​ ၂ထုပ်​ ရှင်​လူ့လက်​ထဲထည့်​ရင်း ပလပ်​စတစ်​အိတ်​ဖြူတလုံးပါသီးသန့်​​ပေးပြီး ဒါသူ့ရဲ့လက်​​ဆောင်​ပါတဲ့ ပုဆိုးအသစ်​တထည်​။သူ့​မွေး​နေ့ မှာ သူ့ရင်​ထဲကအလိုလိုဖြစ်​လာတဲ့ သဒ္ဓါတရားမို့ရှင်​လူလည်းသိတ်​ငြင်းမ​နေပဲယူလာလိုက်​တယ်​။ကျ​နော့တူ​လေးကိုဂရုစိုက်​​ပေးလို့ ၊ပြီး​တော့ သူ့အ​ကြောင်း​တွေ ​ဖေ့ဘွတ်​​ပေါ်​ရေးတင်​​ပေးလို့၊ကျ​နော်​ကသူ့အ​ကြောင်း​တွေသိချင်​​နေတာတဲ့။ ရှင်​လူက​ဖေ့ဘွတ်​​ပေါ်မှာ ``ငရဲနဲ့ရှင်​လူ´´(၁)
(၂)(၃)တပ်​ပြီး​ရေးခဲ့တာ​လေး​တွေ​ကြောင့်​ဦး​အောင်​ကသူ့တူ အ​ကြောင်း​တွေ ပိုသိရပုံပါပဲ။
အင်း ..ဦး​အောင်​ကသူ့တူအ​ပေါ် ဘယ်​​လောက်​သံ​ယောဇဉ်​ကြီးသလဲဆိုတာ။သူ့ခမျာ
နိုင်​ငံခြားမှာအကြာကြီး​နေခဲ့ရတဲ့တိုင်​ သူ့တူ့သတင်း​တွေကိုအမြဲနားစွင့်​​နေမယ်​ဆိုတာအထင်​အရှားပါပဲ။ ဆရာ​တော်​နဲ့အတူရှင်​လူတို့ကိုပါ ဦး​အောင်​ကသူ့ကား​လေးနဲ့လိုက်​ပို့ပါတယ်​။ဆရာ​တော်​ကို ၆ရပ်​ကွက်​ မင်း​ခေါင်​ ၈လမ်းပို့ခဲ့ပြီး ရှင်​လူ့ကို ​အိမ်​နားက ​ရွှေမန်းသူကားဂိတ်​အ​ရှေ့ထိ လိုက်​ပို့​ပေးပါတယ်​။အေးဗျာ ​မွေး​နေ့​မွေးရက်​တိုက်​ဆိုင်​ပြီးဝါဆိုသက္ကန်းကပ်​အလှူလုပ်​ခဲ့တဲ့ ဦး​အောင်​အလှူကို ရှင်​လူသာဓု​ခေါ်လိုက်​ပါတယ်​။
အိမ်​ရောက်​​တော့ ​ကောင်းကြိုက်​ဒန်​​ပေါက်​၂ထုပ်​ကို ​ဖွေး​ဖွေးသိမ့်​တို့ ​မြေးအဖွားသားအမိ​တွေဆီ တန်းပို့လိုက်​ပါတယ်​။မနက်ုကသူတို့ရှင်​လူ့ကိုကြွေးတဲ့ အုန်းထမင်းတဇလုံကဒံ​ပေါက်​၂ ထုပ်​ပြန်​ဖြစ်​သွားတာ​ပေါ့ဗျာ။ ဦး​အောင်​​ပေးလိုက်​တဲ့ ပုဆိုးကိုကြည့်​လိုက်​​တော့ ရခိုင်​လုံချည်​အသစ်​တထည်​ အ​ရောင်​က​တော့ ​ရွှေအို​ရောင်​​ခေါ်ရမလားပဲ။
ရှင်​လူလည်းခဏနားပြီး မ​နေ့ကလုပ်​လက်​စ
လက်​ကျန်​အလုပ်​​လေး လက်​စသတ်​​နေတုန်း
ခေါင်းရင်းခန်းက သုန်​သုန်​တို့အ​မေ အထုပ်​​တွေနဲ့လာရပ်​ရင်း (သယ်​ရင်း​နွေလယ်​​နေ စိတ်​မခိုင်​ရင်​ ဒီအပိုင်းကိုဆက်​မဖတ်​နဲ့​နော်​)ဦး တထုပ်​ယူလိုက်​တဲ့။ကြာဆံချက်​ပူပူ​နွေး​နွေး
တထုပ်​နဲ့ အချဉ်​ထုပ်​​လေးတထုပ်​။ ကဲ အလုပ်​ခုံ​ပေါ်ကသံငုတ်​မှာချိတ်​ပြီး ဒီ post ကိုဆက်​​ရေးခိုက်​ မှာပဲ ဒဂုံ​မြောက်​မှာ​နေတဲ့ ​ဘော်​ဒါ​လေးလှထွန်း​အောင်​​ရောက်​လာတယ်​။ အ​တော်​ပဲ လှထွန်း​အောင်​​ရေ ​ရော့ ပန်းကန်​အဲဒီကြာဆံချက်​ ပူပူ​လေး​သောက်​လိုက်​ဆိုပြီးဧည့်​ခံလိုက်​တယ်​။ ဟဲဟဲ ရှင်​လူတို့က အိမ်​ရှင်​မ မရှိ​တော့​ပေမယ့်​ဧည့်​သည်​ကို
ကောင်း​ကောင်းဧည့်​ဝတ်​ပြုနိုင်​ပါ​သေးတယ်​။
ခုမှ ၃နာရီ ၅၂မိနစ်​ပဲရှိ​သေးတယ်​​နော်​... ည​နေပိုင်းကံဇာတာကိုသိနိုင်​​သေးဝူး။ဟော မီးပြန်​လာ​နေပါလား...အမဲသား​ကြော်​လိုက်​ဦးမယ်​...တာ့တာ...